ထိုင်းဝန်ကြီးချုပ်ကတော့ နုတ်မထွက်ဘူးလို့ ကြေညာထားပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီယားကြားက နယ်စပ်အရေး အရှုပ်အထွေး၊ ဟွန်ဆန်ဆိုတာ ဘယ်လိုလူလဲ၊ အသံဖိုင်ပေါက်ကြားမှု နောက်ကွယ်က မကြေနပ်ချက်တွေနဲ့ နောက်ဆုံးရ ထိုင်းနိုင်ငံရေး အခြေအနေတွေကို လေ့လာကြည့်ရအောင်ပါ။
Jun 23, 2025•16 min
အမေရိကန်ပါဝင်လာချိန်မှာ အစ္စရေး-အီရန် စစ်ပွဲက ဘယ်လိုပုံစံမျိုး ဖြစ်သွားနိုင်သလဲဆိုတာကို စစ်ရေးလေ့လာသူတွေ သုံးသပ်နေကြပြီးတော့ အခြေအနေ ၄ မျိုး ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ အမေရိကန် ပါဝင်မှု နောက်ဆုံးရ အချက်အလက်တွေနဲ့ ဖြစ်နိုင်ခြေအလားအလာတွေကို လေ့လာကြည့်ကြရမှာပါ။
Jun 22, 2025•11 min
ဒီနေ့တော့ အစ္စရေး-အီရန် နောက်ဆုံးရ သတင်းအချက်အလက်တွေနဲ့ ဇွန် ၁၃ ရက်နေ့ကတည်းက အမေရိကန် စစ်တပ်တွေရဲ့ လှုပ်ရှားမှု၊ အစ္စရေးက ဘာကြောင့် အမေရိကန်ကို အကူအညီလိုရသလဲ၊ ဒီစစ်ပွဲမှာ အမေရိကန် ပါဝင်လာနိုင်ချေရှိသလားဆိုတာတွေကို လေ့လာကြည့်ရအောင်ပါ။
Jun 20, 2025•14 min
အစောပိုင်းမှာတော့ အစ္စရေးဟာ အီရန်အနေနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်လာမှာကို ဟန့်တားလိုတာကြောင့် တိုက်ခိုက်မှုကို လုပ်ရတာလို့ ဆိုထားပေမဲ့ ခုတော့ လေသံပြောင်းလာတာ တွေ့ရပါတယ်။ အဲ့ဒါကတော့ အီရန်အစိုးရ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ ပြောလာတာပါ။ ဒါ ဖြစ်နိုင်ပါ့မလား။ အစ္စရေး အီရန် စစ်ပွဲ နောက်ဆုံးအခြေအနေနဲ့ အလီ ခါမေနီအကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။
Jun 17, 2025•15 min
အကြောင်းရင်းကတော့ One Big Beautiful Bill လို့ နာမည်ပေးထားတဲ့ ဒေါ်နယ်ထရမ့်ရဲ့ အခွန်ဆိုင်ရာ ဥပဒေမူကြမ်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းအပြင် နောက်ထပ် စိတ်ဝင်စားစရာ နောက်ကွယ်က ဇာတ်လမ်းတွေလည်း ရှိပါသေးတယ်။ ဒီနေ့တော့ ကမ္ဘာ့အချမ်းသာဆုံးလူနဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ ခေါင်းဆောင်ကြားက အကွဲအပြဲဇာတ်လမ်းကို ဖြစ်လာစေခဲ့တဲ့အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်ပါ။
Jun 15, 2025•17 min
အမေရိကန်အနေနဲ့ ဒီစစ်ပွဲမှာ မပါဘူးလို့ ငြင်းထားပေမဲ့ ဒေါ်နယ်ထရမ့်ကတော့ အီရန်အနေနဲ့ သဘောတူညီမှုလုပ်ဖို့အတွက် “အရမ်းကြီး နောက်မကျသေးပါဘူး” ဆိုပြီး ပြောထားပါတယ်။ လက်ရှိ ဒေါ်နယ်ထရမ့်ရဲ့ နျူကလီးယားသဘောတူညီမှုကို အီရန်အနေနဲ့ လက်ခံလိုက်ရင်တော့ အစ္စရေး-အီရန် စစ်ပွဲရဲ့ အခြေအနေက တမျိုးပြောင်းသွားနိုင်မလား။
Jun 14, 2025•12 min
အမေရိကန် ကာကွယ်ရေးဝန်ကြီးပြောသွားခဲ့တဲ့ အရှေ့တောင်အာရှက နိုင်ငံတွေ စစ်ရေးပြင်ဆင်သင့်တဲ့အကြောင်း၊ ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ တင်းမာမှု နောက်ဆုံးအခြေအနေတို့ကို လေ့လာကြရမှာပဲ ဖြစ်ပါတယ်။
Jun 05, 2025•15 min
မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က မြန်မာ့အရေးမှာ တိုးတက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အာဆီယံဟာ သူတို့အပေါ် ဖိအားပေးအကြပ်ကိုင်တာမျိုး ရှိနေတယ်လို့လည်း ဆိုလာပြန်ပါတယ်။ ဒီတကြိမ်တော့ စပိန်နိုင်ငံ မာဒရိမြို့ကို ရောက်နေတဲ့ မြန်မာ-အာဆီယံ ရေးရာ ကျွမ်းကျင်သူ ကိုဝင်းမင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
May 31, 2025•37 min
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ခေါင်းဆောင် ဝါကာ အူဇ် ဇာမန်တို့ကြားက စစ်အေးတိုက်ပွဲ၊ စစ်တပ်ခေါင်းဆောင် စိတ်ပူတဲ့ ရခိုင်ပြည်အရေး၊ ဝါကာ အူဇ် ဇာမန်ရဲ့ နောက်ကြောင်း ရာဇဝင်၊ ဘင်္ဂလားဒေ့ရှ်မှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်လာနိုင်သလား ဆိုတာတွေကို လေ့လာကြည့်ကြည့်ရအောင်ပါ။
May 28, 2025•27 min
အမြဲတမ်းပြောနေရတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအရေး၊ ခွဲခြားဆက်ဆံမှုတွေ မြင်တက်လာတာ၊ အမျိုးဘာသာ သာသနာ အရေးလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အတူ ကမ္ဘာ့နိုင်ငံရေးမှာ လက်ယာစွန်းတွေ အားကောင်းလာတာဟာ ငြင်းမရနိုင်ပါဘူး။ ဒါက ဘယ်ဆီ ဦးတည်နေသလဲ။ မြန်မာနိုင်ငံမှာရော လက်ဝဲ လက်ယာ ဘယ်အယူအဆတွေ အားကောင်းသလဲ။
May 23, 2025•1 hr 3 min
မွတ်ဆလင်တွေရဲ့ ဗလီထဲ တခါမှ မဝင်ဖူးတဲ့ ထရမ့်၊ အရင်က အမေရိကန်သမ္မတတွေက ဒီလိုမျိုး ဗလီကို ဝင်ရောက်လည်ပတ်ဖူးသလား၊ ပြီးတော့ ဆီးရီးယားခေါင်းဆောင် မိုဟာမက် အာ ရှားရားနဲ့ တွေ့ဆုံမှု၊ ကာတာ၊ ဆော်ဒီနဲ့ ယူအေအီတို့က အာရပ်စော်ဘွားတွေနဲ့ ထရမ့်တို့ ဘယ်လို ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေ လုပ်ခဲ့ကြသလဲဆိုတာအပြင် ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်တလျှောက် ဘာတွေထူးခြားမှုရှိသလဲဆိုတာတွေကို လေ့လာကြရမှာပဲ ဖြစ်ပါတယ်။
May 21, 2025•32 min
စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေချိန်မှာ တဖက်မှာ ဝါဒဖြန့်ချိရေးကို စနစ်တကျ လုပ်နေတာလည်း တွေ့ရပါတယ်။ လူတွေရဲ့ စိတ်ကို ဝေဝါးစေအောင်၊ သံသယဝင်စေအောင် စနစ်တကျ သတင်းမှားတွေ ဖြန့်နေတာလည်း တွေ့ရပါတယ်။ ဒီ Podcast မှာတော့ ဒီအကြောင်းကို သုံးသပ်ထားပါတယ်။
May 17, 2025•20 min
ကက်ရှ်မီးယား နယ်မြေအငြင်းပွားမှုနဲ့ ဒီနယ်မြေကြားက ပဋိပက္ခတွေကြောင့် ဖြစ်ခဲ့တဲ့ စစ်ပွဲတွေအကြောင်းနဲ့ မေ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ နှစ်နိုင်ငံစလုံးက သုံးခဲ့တဲ့ လက်နက်တွေ တိုက်လေယာဉ်တွေနဲ့ စစ်မြေပြင်မဟုတ်ဘဲ သံတမန်ရေးနဲ့ နိုင်ငံတကာမှာပါ အိန္ဒိယက ပါကစ္စတန်ကို ဘယ်လိုတိုက်ခဲ့သလဲဆိုတာတွေကို လေ့လာကြည့်ကြရအောင်ပါ။
May 12, 2025•30 min
ဆီးရီးယားမှာ အာဏာရှင် အာဆတ်ထွက်ပြေးသွားပြီး အိမ်စောင့်အစိုးရထိန်းချုပ်ထားတာ ခုဆို ၅ လကျော်ရှိသွားပါပြီ။ ဒီကြားထဲမှာ လူပေါင်း ၆ ထောင်ကျော် သေကြေခဲ့ပါတယ်။ အရင် အာဏာရှင်ထောက်ခံသူတွေနဲ့ နောက်ထပ်တက်လာတဲ့အစိုးရထောက်သူတွေကြား၊ ဘာသူလူမျိုး မတူ၊ ဂိုဏ်းကွဲတွေကြားက ပဋိပက္ခတွေဟာ ကြီးမားလာပါတယ်။ ဒီနေ့တော့ ဆီးရီးယားမှာ လက်ရှိပြဿနာတက်နေတဲ့ ဒရုဇ်လူမျိုးစု၊ သူတို့ရဲ့ အရေးပါပုံ၊ အာ့လာဝိုက်တွေရဲ့ အခန်းကဏ္ဍ၊ ပြီးတော့ အစ္စရေးရဲ့ ဆီးရီးယားအပေါ် ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ အာဆတ်ထောက်ခံသူ အုပ...
May 09, 2025•14 min
အပိုင်း (၁) ကနေ အပိုင်း (၈) အထိ အစအဆုံး နားဆင်ကြည့်ရှုပေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒီ ခါးသီးသောပြိုင်ဘက်များကို နားဆင်ပြီး အနောက်နိုင်ငံတွေ အင်အားကြီးနိုင်ငံတွေဆိုတာ နိုင်ငံတနိုင်ငံမှာ တော်လှန်ရေးဖြစ်ရင် သူပုန်ထရင် ဘာကြောင့် ကူညီပေးကြသလဲ ဘယ်လိုအခြေအနေမှာ ကူညီပေးကြသလဲဆိုတာကို ထင်ထင်ရှားရှား တွေ့ကြမယ် ထင်ပါတယ်။ ဒါ့အပြင် လက်ရှိ နေ့စဉ်သတင်းတွေမှာ မပါမဖြစ် ဟဇ်ဘိုလာ၊ ဟူသီတို့နဲ့ အရှေ့အလယ်ပိုင်းက ဆော်ဒီနောက်ခံပေးထားတဲ့အဖွဲ့၊ အီရန်နောက်ခံပေးထားတဲ့အဖွဲ့တွေကြားက တင်းမားမှုတွေနဲ့ အစ္စရေးနဲ့ အမေရိကန...
Jul 30, 2024•13 min•Season 1Ep. 8
ဒီအပိုင်းမှာတော့ ဆော်ဒီနဲ့အီရန်တို့ရဲ့ ပေါ်တင်တိုက်ကြတဲ့ ဆီးရီးယားက ပြည်တွင်းစစ်အကြောင်းနဲ့ အိုင်းဆစ်ပါဝင်လာမှု နောက်ဆုံး ရုရှားက ပူတင်ပါ ပါဝင်လာတဲ့အထိ အပြည့်အစုံ နားဆင်ရမှာ ဖြစ်ပါတယ်။
Jul 29, 2024•16 min•Season 1Ep. 7
ဒီအပိုင်းမှာတော့ ဆက်ဒမ်ဟူစိန်ရဲ့ ကူဝိတ်ကျူးကျော်မှုနဲ့ သူ့နောက်ပိုင်းမှာ ဖြစ်လာခဲ့တဲ့ 9/11 တိုက်ခိုက်မှုအပါအဝင် အီရတ်မှာ ဆွန္နီ-ရှိယိုက်စစ်ပွဲတွေ ဘယ်လိုစခဲ့သလဲဆိုတာတွေကို အပြည့်အစုံ နားဆင်ရမှာ ဖြစ်ပါတယ်။
Jul 28, 2024•16 min•Season 1Ep. 6
ဒီအပိုင်းမှာတော့ အီရန်-အီရတ်စစ်ပွဲမှာ ဆော်ဒီရဲ့ အခန်းကဏ္ဍက ဘယ်နေရာကနေ ပါဝင်ခဲ့သလဲ၊ ဆက်ဒမ်ဟူစိန်ရဲ့ ဓာတုဗုံးအသုံးပြုမှုတွေနဲ့ အမေရိကန်ရဲ့ ပါဝင်မှုတို့ကို နားဆင်ရမှာ ဖြစ်ပါတယ်။
Jul 28, 2024•10 min•Season 1Ep. 5
ဒီအပိုင်းမှာတော့ ဟဇ်ဘိုလာ ဘယ်လိုပေါ်လာသလဲ၊ လက်ဘနွန်မှာ အီရန်ရဲ့ အခန်းကဏ္ဍနဲ့ အစ္စရေးနဲ့ လက်ဘနွန်ရဲ့ အတိတ်က မကြေပွဲတွေအပြင် အသေခံဗုံးဖောက်ခွဲမှုတွေ ဘယ်လို စတင်ခဲ့သလဲဆိုတာကို နားဆင်ရမှာဖြစ်ပါတယ်။
Jul 27, 2024•11 min•Season 1Ep. 4
ဒီအပိုင်းမှာတော့ အာဖဂန်ကို ဆိုဗီယက်ကျူးကျော်မှုကနေ ဆော်ဒီကဘယ်လိုမျိုး ဝင်ပါခဲ့သလဲ၊ အာခိုက်ဒါရဲ့အစနဲ့ အမေရိကန်နဲ့ ဆိုဗီယက်ရဲ့ အားပြိုင်မှုတွေကို အပြည့်အစုံ နားဆင်ရမှာ ဖြစ်ပါတယ်။
Jul 26, 2024•11 min•Season 1Ep. 3
ခိုမေနီ တန်ခိုးထွားလာတာကို ဆော်ဒီက ဘာကြောင့် မကြိုက်တာလဲလို့ မေးနိုင်သလို ခိုမေနီနဲ့အတူ ရှီယိုက်အစ္စလာမ် အားကောင်းလာတာကို ဝါဟာဘီဆွန်နီ အစ္စလာမ်ဖြစ်တဲ့ ဆော်ဒီက ဘာကြောင့် မကြိုက်တာလဲလို့လဲ မေးခွန်းပြောင်းမေးနိုင်ပါတယ်။ အစ္စလာမ် ဘာသာမှာ ရှိယိုက်နဲ့ ဆွန်နီ ဘယ်လိုကွာသလဲ။ ဘာကြောင့် ဒီလို ဂိုဏ်းကွဲတွေ ပေါ်လာရသလဲဆိုတာကိုလည်း ဒီအပိုင်းမှာ အပြည့်အစုံ နားဆင်ရဖို့ရှိပါတယ်။
Jul 25, 2024•14 min•Season 1Ep. 2
အရှေ့အလယ်ပိုင်း စစ်ပွဲတွေရဲ့ အစ၊ ခိုမေနီ တန်ခိုးထွားလာပုံနဲ့ ဆွန်နီရှိယိုက် ခေတ်သစ်အကွဲအပြဲဇာတ်လမ်းတွေ ဘာကြောင့် ဖြစ်လာရတာလဲ။
Jul 24, 2024•12 min•Season 1Ep. 1
ဒီလို အိုင်တီချို့ယွင်းမှုဟာ အွန်လိုင်းပေါ်က လူလိမ်တွေအတွက် အခွင့်အရေး အကြီးကြီးဖြစ်တာကြောင့် Microsoft Windows အသုံးပြုသူတွေအပါအဝင် အွန်လိုင်းကို မှီတည်ပြီး အလုပ်လုပ်သူတွေအနေနဲ့ အွန်လိုင်းပေါ်က အလိမ်အညာတွေကို သတိထားကြဖို့ ဆိုက်ဘာလုံခြုံရေးလုပ်တဲ့ ကုမ္ပဏီတွေက သတိပေးနေကြပါတယ်။
Jul 23, 2024•6 min
စစ်ကောင်စီတပ်ဖွဲ့ဝင် ဒီလိုမျိုးဝင်ရောက်လာတာကို မြန်မာနိုင်ငံကို ပြန်ပို့ပေးနေတာဟာ မလုပ်သင့်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီစစ်သားတွေကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမား အချို့က ပြောဆိုနေကြပါတယ်။
Jul 17, 2024•8 min
မြေပြင်သတင်းပေးပို့ချက်တွေအရ တန့်ယန်းမြို့ထဲမှာ ဝ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းရပြီး တချို့တပ်ဖွဲ့ဝင်တွေကတော့ လားရှိူးဘက်ကို ထွက်သွားတာကို မြင်တွေ့ရတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ တန့်ယန်းမြို့ကို ဝ တပ်တွေ ထိန်းချုပ်ထားတဲ့ သဘောလို့ ယူဆရပါတယ်။
Jul 12, 2024•4 min
အနောက်ဘက်နဲ့ အနောက်တောင်ဘက်မှာ လက်ရှိ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က ထိုးစစ်ဆင်နေတဲ့ မတ္တရာမြို့နဲ့ စဉ့်ကူးမြို့ တို့ ရှိပါတယ်။ ဒါကြောင့် နောင်ချိုကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ထိန်းချုပ်လိုက်နိုင်တာဟာ စစ်ကောင်စီရဲ့ အလယ်ပိုင်းကနေ အရှေ့မြောက်ဆီကို သွားမယ့် ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်လိုက်နိုင်တာလည်း ဖြစ်ပြန်ပါတယ်။
Jul 11, 2024•6 min
လက်ရှိအချိန်မှာ ကျနော်တို့ဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်နားလည်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဘာတွေ ခံစားနေရသလဲ၊ ကျနော်တို့ ခံစားနေရတာတွေဟာ ဘယ်ဆီ ဦးတည်နေသလဲကို သိဖို့ အရေးကြီးလာသလို ကျနော်တို့ ခံစားချက်တွေဟာ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် အန္တရယ်ရှိလာနေသလားဆိုတာသိဖို့လည်း လိုအပ်လာပါတယ်။ ဒီ အင်တာဗျူးမှာတော့ ဒီကာလမှာ လူတွေ ခံစားနေရတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေ၊ လက္ခဏာရပ်တွေ၊ ပြီးတော့ ဒါတွေကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ စိတ်ကျန်းမာရေး ပညာရှင် ဆရာမ ဂျူးဂျူးမင်းသူနဲ့ မေးမ...
Jul 11, 2024•32 min
သံတွဲက တိုက်ပွဲတွေထဲမှာ စစ်ကောင်စီ စစ်သားအလောင်းပေါင်း ၄၀၀ ကျော်တောင် ရှိတယ်လို့ သိရပါတယ်။ ဒါဟာ သံတွဲနယ်တဝိုက်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးကို အေအေက ကြေညာတာဖြစ်ပြီး မောင်တောဘက်မှာဆိုရင် နယ်ခြားစောင့် စခန်းတခုမှာတော့ စစ်ကောင်စီဘက်က အလောင်းပေါင်း ၃၅၀ ကျော်တောင်ရှိတယ်လို့ ဆိုပါတယ်။
Jul 08, 2024•8 min
အညာတော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ လေကြောင်းတိုက်ခိုက်ခံရမှု အခံရဆုံးဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့ပေါင်းစုံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဟိုးအစောပိုင်းက အုပ်ချုပ်ရေးကြေညာခဲ့တဲ့ နယ်တွေဟာလည်း အညာမှာပဲ ရှိပါတယ်။ ဒါပေမဲ့လည်း အညာဟာ ခုချိန်ထိ ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။ ကျေးရွာတွေ မီးရှို့ခံနေရဆဲ၊ သတ်ဖြတ်ခံနေရဆဲဖြစ်ပြီး စစ်ကောင်စီကို စုပေါင်းတိုက်ခိုက်ဖို့ထက် အဖွဲ့အချင်းချင်း စည်းလုံးဖို့ကိုတောင် အရင်ဆုံးကြိုးစားရဦးမယ်လို့ မြင်နေကြသူတွေလည်း ရှိပါတယ်။ ဒီအင်တာဗျူးမှာတော့ အညာသားလ...
Jul 07, 2024•24 min
သားက တော်လှန်ရေးလုပ်လို့ မိဘနှစ်ပါးလုံးကို စစ်ကောင်စီလက်ပါးစေတွေ သတ်ဖြတ်ပစ်တဲ့သတင်းကို ကြားတော့ အမေရေ… ကျနော်ရေးနေတဲ့စာတွေကို ချုံ့ပစ်မိတယ်၊ ကြုံ့ပစ်မိတယ်။ ကျနော်က စာပဲ ရေးတဲ့အကြောင်း အမေ့ကို နားချရသေးတယ်။ အမေ့သားဟာ လက်နက်မကိုင်နိုင်ဘူး။ လက်နက် မကိုင်ရဲဘူး အမေ။ စာပဲ ရေးတတ်တဲ့သူ၊ သတင်းပဲ ရေးတတ်တဲ့သူပါ။
Jul 06, 2024•11 min