ခါးသီးသောပြိုင်ဘက်များ - နိဂုံး
Jul 30, 2024•13 min•Season 1Ep. 8
Episode description
အပိုင်း (၁) ကနေ အပိုင်း (၈) အထိ အစအဆုံး နားဆင်ကြည့်ရှုပေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒီ ခါးသီးသောပြိုင်ဘက်များကို နားဆင်ပြီး အနောက်နိုင်ငံတွေ အင်အားကြီးနိုင်ငံတွေဆိုတာ နိုင်ငံတနိုင်ငံမှာ တော်လှန်ရေးဖြစ်ရင် သူပုန်ထရင် ဘာကြောင့် ကူညီပေးကြသလဲ ဘယ်လိုအခြေအနေမှာ ကူညီပေးကြသလဲဆိုတာကို ထင်ထင်ရှားရှား တွေ့ကြမယ် ထင်ပါတယ်။ ဒါ့အပြင် လက်ရှိ နေ့စဉ်သတင်းတွေမှာ မပါမဖြစ် ဟဇ်ဘိုလာ၊ ဟူသီတို့နဲ့ အရှေ့အလယ်ပိုင်းက ဆော်ဒီနောက်ခံပေးထားတဲ့အဖွဲ့၊ အီရန်နောက်ခံပေးထားတဲ့အဖွဲ့တွေကြားက တင်းမားမှုတွေနဲ့ အစ္စရေးနဲ့ အမေရိကန်ကို ဘာကြောင့် မုန်းတီးနေကြသလဲဆိုတဲ့ နောက်ခံသမိုင်းတွေကိုလည်း အတိုင်းအတာတခုထိ နားလည်သဘောပေါက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။
For the best experience, listen in Metacast app for iOS or Android
