ဗိုလ်လုနေဆဲ အညာအတွက် မျှော်လင့်ချက်
Jul 07, 2024•24 min
Episode description
အညာတော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ လေကြောင်းတိုက်ခိုက်ခံရမှု အခံရဆုံးဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့ပေါင်းစုံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဟိုးအစောပိုင်းက အုပ်ချုပ်ရေးကြေညာခဲ့တဲ့ နယ်တွေဟာလည်း အညာမှာပဲ ရှိပါတယ်။ ဒါပေမဲ့လည်း အညာဟာ ခုချိန်ထိ ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။ ကျေးရွာတွေ မီးရှို့ခံနေရဆဲ၊ သတ်ဖြတ်ခံနေရဆဲဖြစ်ပြီး စစ်ကောင်စီကို စုပေါင်းတိုက်ခိုက်ဖို့ထက် အဖွဲ့အချင်းချင်း စည်းလုံးဖို့ကိုတောင် အရင်ဆုံးကြိုးစားရဦးမယ်လို့ မြင်နေကြသူတွေလည်း ရှိပါတယ်။ ဒီအင်တာဗျူးမှာတော့ အညာသားလည်းဖြစ် အညာရဲ့ အရေးပေါ်ကာလ ပညာရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူ ကိုဗညားတိုးနဲ့ မေးမြန်းထားပါတယ်။
For the best experience, listen in Metacast app for iOS or Android
