Mratt Podcast - podcast cover

Mratt Podcast

Mratt Kyaw Thumrattkthu.com
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about my own experiences, love, and society. If you would like to support my journalistic work, please consider contributing here: https://buymeacoffee.com/mratt. Thank you for your support!
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ဥရောပက မဘသ

လက်ရှိ ဥရောပ နိုင်ငံ ၂၇ နိုင်ငံထဲမှာ မဘသ ပါတီက အာဏာရထားပြီး အစိုးရအဖွဲ့ထဲမှာ မဘသပါတီတွေ ရှိနေတဲ့နိုင်ငံ ၆ နိုင်ငံရှိပါတယ်။ အဲ့ဒါတွေက အီတလီ၊ ဟန်ဂေရီ၊ ဖင်လန်၊ ဆလိုဗေးကီးယား၊ ခရိုအေးရှားနဲ့ မြန်မာတွေ ရင်းနှီးတဲ့ ချက်သမ္မတ နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ မဘသ ပါတီတွေ အင်အားကြီး ခေါင်းထောင်လာတာက သိပ်မဝေးတော့တဲ့ အနာဂါတ်မှာ ဥရောပရဲ့ နိုင်ငံရေး အခြေအနေတွေကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။

Jul 02, 202411 min

ဂျူလီယန် အက်ဆန်း

ဂျူလီယန် အက်ဆန်းဟာ ကမ္ဘာမှာ ဘယ်သူမှ မတို့မထိရဲတဲ့ အမေရိကန် ကာကွယ်ရေးနဲ့ပတ်သက်ပြီး တကယ့်ထိပ်တန်းလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။ ဂျူလီယန်အက်ဆန်းရဲ့ ထုတ်ဖော်မှုတွေဟာ အမေရိကန်သမိုင်းမှာ ထိပ်တန်းလျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ပတ်သက်လို့ အကြီးဆုံးအပေးအယူလုပ်ခဲ့ရတဲ့ဖြစ်ရပ်လို့ အမေရိကန် တရားရေးဌာနက ကြေညာပါတယ်။

Jun 30, 202413 min

ချင်း တော်လှန်ရေး ဘယ်အထိ ခရီးရောက်ပြီလဲ

နွေဦးလက်နက်ကိုင် တော်လှန်ရေး အစကတည်းက အင်တိုက်အားတိုက်ရှိခဲ့တဲ့ ချင်းပြည်တော်လှန်ရေးဟာ နှောင်းပိုင်းအချိန်တွေမှာ အသံတွေ ငြိမ်သွားခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ ချင်းတော်လှန်ရေးအဖွဲ့တွေကြား အကွဲအပြဲတွေနဲ့ အသစ်ပေါ်လာတဲ့ ချင်းညီနောင်အဖွဲ့တို့ရဲ့ ရပ်တည်ချက်တွေက ဘာတွေလဲ။ ချင်းတော်လှန်ရေး ခု ၂၀၂၄ မှာ ဘယ်အထိ ခရီးရောက်နေပြီလဲ။ ဒီအကြောင်းအရာတွေကို ချင်းအမျိုးသားကောင်စီ (မင်းတပ်) ရဲ့ အဖွဲ့ဝင်လည်းဖြစ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး (၁)၊ မင်းတပ် ပ.အ ဖ ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းယောမန်...

Jun 16, 20241 hr 1 min

ရိုဟင်ဂျာတွေ ဘယ်သူ့နောက် လိုက်ကြမလဲ

ရိုဟင်ဂျာတွေအတွက် ကိုယ်စားပြုပေးနိုင်သူက ဘယ်သူလဲ။ ရိုဟင်ဂျာမွတ်ဆလင်တွေက ခုလောလောဆယ် ဘယ်သူ့ဦးဆောင်မှုနောက် လိုက်နေကြသလဲ၊ ဘယ်သူ့/ဘယ်အဖွဲ့ရဲ့ စကားကို လိုက်နာကြသလဲ။ လုပ်ရပ်အမှားတွေကိုရော ဘယ်သူက တာဝန်ခံ/တာဝန်ယူရဲမလဲ။ ဒါမေးရမယ့်မေးခွန်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေဟာ နောင်တချိန် စားပွဲပေါ်ဆွေးနွေးကြရင် ဘယ်သူက ကိုယ်စားပြုနိုင်သူ ခေါင်းဆောင်ဖြစ်သလဲဆိုတာ အဓိက အရေးကြီးလာတော့မှာ ဖြစ်ပါတယ်။

May 27, 20247 min

တောင်ကိုရီးယားက ဒီဂျေဘုန်းကြီး

သူ့ ဇာတ်နာမည်ကတော့ NewJeansNim ဖြစ်ပြီး နာမည်ရင်းက ယွန်ဆန်းဟိုပါ။ ဗုဒ္ဓတရားတော်တွေကို EDM ပွဲတွေမှာ ဒီဂျေနဲ့ ပေါင်းစပ် ဖျော်ဖြေလို့ လောလောဆယ် အရှေ့တောင်အာရှက ဂျန်ဇီး လူငယ်အများစုကြားထဲမှာ ရေပန်းစားနေပါတယ်။ တောင်ကိုရီးယားမှာ အကြီးအကျယ် နာမည်ကြီးခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူက နိုက်ကလပ်တခုမှာ ပွဲလုပ်ခဲ့ပါသေးတယ်။

May 24, 20248 min

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ဗျူဟာသစ်

ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရွာလုံးကျွတ်ဗုံးကြဲ မီးရှို့သတ်ဖြတ်နေတဲ့ စစ်ကောင်စီ စစ်သားတွေကို ကျနော်တို့ နေ့စဉ် မြင်နေကျပုံစံတွေနဲ့ လှည့်စားပြဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒီအကြောင်းကို ဒီ Link မှာ စာနဲ့လည်း ဖတ်ရှုနိုင်ပါတယ် - https://bit.ly/4dJaYnE...

May 21, 202410 min

စင်ကာပူ ဝန်ကြီးချုပ်သစ် လောရင့်စ် ဝေါင်

ဝန်ကြီးချုပ်သစ်ဟာ သူ့ကိုယ်သူတော့ ရွှေဘုံနန်းပေါ်က နိုင်ငံရေးသမား မဟုတ်တဲ့အကြောင်း ခဏခဏ ပြောလေ့ရှိပြီး အများနည်းတူ သူလိုငါလို လူတယောက်ပဲဖြစ်တဲ့အကြောင်း အမြဲပုံဖော်ပြလေ့ရှိပါတယ်။ လီကွယ်ယူး မိသားစုလို အီလစ်အသိုင်းအဝိုင်းက မဟုတ်ဘဲ အစိုးရအိမ်ယာမှာ ကြီးပြင်းခဲ့တဲ့ သူလိုငါလို မိသားစုထဲက ဖြစ်ပါတယ်။​။ လီကွမ်ယူးမိသားစု တက်ခဲ့ဖူးတဲ့ ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ တက်ခဲ့သူလည်း မဟုတ်ပါဘူး။

May 18, 202410 min

ရခိုင်အရေး - မစားရတဲ့အမဲ သဲနဲ့ပက်မဲ့ စစ်ကောင်စီ

ရခိုင်ပြည်နယ်ကို အေအေ လက်ထဲ လုံးလုံးလွှတ်ပေးလိုက်ရတာထက် ဘယ်သူ့လက်ထဲမှ မရောက်ဘဲ တအုံနွေးနွေးနဲ့ ပြဿနာတွေ တောက်လျှေက်တက်ပြီး လူတကာ ဝင်စွက်ဖက်လို့ရတဲ့ အခြေအနေမျိုးကို စစ်ကောင်စီက ဖန်တီးနေတယ်လို့မြင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ဦးတည်ဖန်တီးနေတာက ရခိုင်တွေနဲ့ မွတ်ဆလင်တွေကြား လူမျိုးရေး အဓိကရုဏ်း အကြီးကြီးတခုပါ။

May 16, 202412 min

မုံရွာ ပလဖ နဲ့ ပကဖ ကြားက ရန်ပွဲ

ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မုံရွာမြို့နဲ့ မြင်းမူမြို့နယ်အစပ်က ရွာတရွာမှာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ (ပအဖ)၊​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ကြား ပြဿနာဖြစ်ပွားခဲ့တာမှာ အဲ့ဒီရွာမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ခဲ့တာလဲဆိုတာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

Apr 30, 202418 min

ရိုဟင်ဂျာအရေး NUG ဒုဝန်ကြီးနှင့် မေးမြန်းမှု

မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးပွဲပုံစံမျိုး အရင်က မရှိခဲ့ဖူးဘဲ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ထိုင်းနိုင်ငံလွှတ်တော်အနေနဲ့ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတ...

Apr 09, 202452 min

ထိုင်းလွှတ်တော်ထဲက မြန်မာ့အရေးဆွေးနွေးပွဲ

မတ်လ ၂ ရက်နေ့က ထိုင်းလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက်...

Mar 09, 202440 min

အလက်ဆီ နာဗားနီ

ပူတင်ကို ဆန့်ကျင်လို့ နာမည်ကြီးလာသူ၊ အတိုက်အခံ ပါတီ ခေါင်းဆောင် နာဗားနီကို ကမ္ဘာ့မီဒီယာကြီးတွေ ပုံဖော်နေသလို ဒီမိုကရေစီ အိုင်ကွန်၊ လွတ်လပ်မှုအတွက် အသက်ပေးသွားတဲ့ အာဇာနည် သူရဲကောင်းတယောက်ဖြစ်သလား ဆိုတာကိုတော့ တချို့က မေးခွန်းထုတ်ကြပါတယ်။

Mar 05, 202411 min

ရခိုင်ပြည်ပိတ်ဆို့ခံရမှု ရက် ၁၀၀

စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးမှာ ကုန်လမ်းခရီးသွားလာခွင့်၊ ကုန်စည်သယ်ယူခွင့်၊ စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားတာ ရက်ပေါင်း ၁၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။

Feb 25, 202412 min

ခါးသီးသောပြိုင်ဘက်များ (မိတ်ဆက်)

ဒီ ပေါ့ကတ်စ် ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ လက်ရှိ အရှေ့အလယ်ပိုင်း အရေးကို နားလည်ချင်သူတွေအတွက် သင့်လျော်သလို နိုင်ငံတနိုင်ငံရဲ့ ‘တော်လှန်ရေး’ အပေါ် အနောက်နိုင်ငံတွေက ဘယ်လို ရှုမြင်ကြသလဲဆိုတာကို နားလည်နိုင်ဖို့ အထောက်အပံ့ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ “အီရန်နှင့်ဆော်ဒီ သို့မဟုတ် ခါးသီးသောပြိုင်ဘက်များ” အကြောင်း အပိုင်းလိုက်ခွဲပြီး တင်ဆက်ပါမယ်။ စောင့်မျှော်နားဆင်ကြပါ မိတ်ဆွေများခင်ဗျာ။

Feb 23, 20243 min

စစ်မှုမထမ်း မနေရ ဥပဒေ ရှင်းလင်းချက်

ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ စစ်မှုမထမ်း မနေရဥပဒေအပေါ် အတိုချုပ်ရှင်းလင်းချက်။ စာဖြင့်ဖတ်လိုသူများအတွက် ဒီ Link မှာဖတ်နိုင်ပါတယ် - https://bit.ly/48c7feu...

Feb 12, 202414 min

စစ်ကောင်စီဆီက သိမ်းမိတဲ့ လက်နက်ကြီးတွေကို ပြန်သုံးလို့ရသလား

စစ်ကောင်စီဆီက မြောက်ပိုင်းတပ်ဖွဲ့တွေ သိမ်းမိထားတဲ့ လက်နက်ကြီးတွေ၊ Carl Gustaf နဲ့ ရိုင်ဖယ်တွေကို ပြန်သုံးလို့ရနိုင်သလား၊ စနိုက်ပါတွေအကြောင်းနဲ့ လေယာဉ်ပစ်လက်နက်တွေအကြောင်း။

Dec 07, 202328 min

မြောက်ပိုင်းမှလာသော မေးခွန်းများ

၁၀၂၇ စစ်ဆင်ရေး တိုးတက်ဖြစ်ပေါ်ပုံ အဆင့်ဆင့်၊ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များနှင့် နွေဦးတော်လှန်ရေးကြား ချိတ်ဆက်ပုံ သုံးသပ်ချက်။ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် ကျော်ဇောခိုင်နှင့် မေးမြန်းထားသည်။

Nov 21, 202340 min

အာဏာသိမ်းပြီး ဘုန်းကြီးလောက အပြောင်းအလဲ

စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်နဲ့ လူထုအကြား ဘာသာရေးခေါင်းဆောင်တွေ ဘယ်လိုရပ်တည်နေလဲ၊ ဘာသာရေးက အသုံးချခံဖြစ်နေလား၊ ဘာသာရေးလောကမှာ ဘာတွေဖြစ်နေလဲ ဘာတွေလွဲနေလဲ...

Jun 24, 202339 min

ဒေါ်မီမီဝင်းဘတ်နှင့် တွေ့ဆုံခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးစုစည်းနိုင်မှုအားအပေါ် အမြင်၊ တရုတ်နိုင်ငံရဲ့ ခြေလှမ်းနဲ့ အမေရိကန်အစိုးရရဲ့ သဘောထားတို့ကို အသေးစိတ်မေးမြန်းချက်။

Jun 01, 202328 min

မုန်တိုင်းသင့် ချင်းပြည်နယ် နောက်ဆုံးအခြေအနေ

ရခိုင်ပြည်နယ်မြောက်ပိုင်းကို အများဆုံးဖျက်ဆီးသွားခဲ့တဲ့ မိုခါမုန်တိုင်းဟာ ချင်းပြည်နယ်ကို ရောက်တော့ အရှိန်လျော့သွားတယ်။ ဒါပေမဲ့ နဂိုကမှ စစ်ပွဲဒဏ်ကို နှစ်ချီပြီး ခါးစီးခံနေခဲ့ရတဲ့ ချင်းလူထုဟာ မုန်တိုင်းဒဏ်ကိုပါ ထပ်ခံရတာဖြစ်လို့ ဒုက္ခပေါ် ဒုက္ခထပ်ဆင့်တယ်လို့ ဆိုရတော့မှာပါ။ လက်ရှိအချိန်ထိ မုန်တိုင်းဒဏ်ခံရတဲ့ နေရာအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို သိထားရပြီလို့ ဆိုပါတယ်။ ဒီအကြောင်းအရာတွေကို မုန်တိုင်းဒဏ်ခံ ချင်းပြည်နယ်မှာ ရှိနေတဲ့ ဆရာ ဆလိုင်းအိုက်ဇက်ခင်နဲ့ မေးမြန်းထားပါတယ်။

May 18, 202316 min

မိုခါအပြီး မွတ်ဆလင်ဒုက္ခသည်စခန်းတွေ အခြေအနေ

မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်း - မုန်တိုင်းမလာမီ၊ မုန်တိုင်းလာပြီး အခြေအနေတွေနဲ့ နောက်ဆက်တွဲ ကယ်ဆယ်ရေးကိစ္စတွေကို စစ်တွေ၊ သက္ကေပြင် မွတ်ဆလင် ဒုက္ခသည်စခန်းက ဒေသခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

May 16, 202320 min

လူထုက ဘယ်သူ့နောက် လိုက်ရမှာလဲ

အကွဲအပြဲသတင်းများ၊ တော်လှန်ရေးအဖွဲ့တချို့၏ လုပ်မှားကိုင်မှားများနှင့် အလွန်များပြားလှသည့် သတင်းများကြား ပြည်သူများ ဗျာများကြသည်။ တဖွဲ့က တမျိုးပြောလျှင် နောက်တစ်ဖွဲ့ထံက တသံထွက်လာတတ်သည်။ ရာသီဥတုဒဏ်၊ နေ့စဉ်စားဝတ်နေရေး အခက်အခဲကြား စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို ဆန့်ကျင်လိုကြသည့် ပြည်သူများမှာ တောင်ပြေး မြောက်လိုက် ဆိုသလို ဦးတည်ရာပန်းတိုင် လမ်းလွဲမသွားစေရေး ကြိုးစားနေရပြန်သည်။ ထိုအချိန်မျိုးတွင် ဦးဆောင်မှု တောင့်တနေသည့် ပြည်သူလူထုက ဘယ်သူ့စကားသံ နားထောင်ရမှန်းမသိ ဖြစ်လာတော့သည်။

Apr 26, 20231 hr 10 minSeason 1Ep. 1

အငူမော်က မောင်ထွန်းရွှေ

လှေဆိပ်အဝင်မှာ မောင်ကိုလေးဆိုတဲ့ လက်ဖက်ရည်ဆိုင် ရှိတယ်။ မောင်ကိုလေးလား၊ ကိုမောင်လေးလား နာမည်ခဏတိုင်း လွဲတယ်။ စစ်တွေကနေ မောင်တောသွားတိုင်း သူ့ဆိုင်မှာ ခဏနားပြီး ကားစောင့်ရ၊ တစ်ထောက်နားရပေါ့။ သတင်းကိစ္စလည်း မေးရလေ့ရှိတယ်။

Nov 08, 202212 min

စီီဒီအမ်တွေ နိုင်ငံခြားထွက်ဖို့ လွယ်သလား

စီဒီအမ်တွေကို လေဆိပ်မှာ ဖမ်းနေတယ်ဆိုတဲ့ ကောလာဟလတွေ၊ စီဒီအမ်တွေ နိုင်ငံခြားသွားရင် နိုင်ငံခြားက လက်ခံတာမြန်တယ်၊ ဆိုတဲ့ ပြောစကားတွေ၊ နိုင်ငံခြားမှာ ဒုက္ခသည်ဖြစ်ဖို့ ငွေပေးရတယ် ဆိုတဲ့ ယုံတမ်းစကားတွေ၊ ခိုလှုံခွင့်ရသွားရင် သို့မဟုတ် ဒုက္ခသည်ဖြစ်ရင် အဆင်ပြေပြီဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားကြသူ 'စီဒီအမ်သမားတွေအတွက်' ပြောပါ့မယ်။

Sep 18, 202223 min

အိတုထ နေ့ရက်များ

ဇွန် ၁၄ ရက် ကော်သူးလေနေ့အတွက် ရည်ရွယ်ပြီး ဒီ ပေါ့ဒ်ကတ်စ်ကို သွင်းထားတာပါ။

Jun 27, 202121 min

စစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု လုပ်ခဲ့သလား

ဖမ်းဆီးခံသူ အမျိုးသမီးငယ်တွေ မုဒိမ်းကျင့်ခံရတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ အတည်မပြုနိုင်ခဲ့ပါ။ ဒါကတော့ ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီးငယ်တဦးကို မေးမြန်းထားတာ ဖြစ်ပါတယ်။

Mar 04, 20214 min

အတိတ်က တောင်တန်းတွေဆီ

အချိန်တခုခုရဲ့ နောက်ဆုံးဆိုတာ မသိခဲ့ခင် တချိန်တုန်းက သွားခဲ့ဖူးတဲ့ ခရီးစဉ်တခုအကြောင်း။

Apr 28, 202016 min

တောင်စောင်းက မောင်ဒေါင်း

ကျနော့်စိတ်ထဲ အိပ်မက်တွေထဲ ဖျောက်ဖျက်မရတဲ့ ဇာတ်ကြောင်း။ ပြီးတော့ ဒီနေ့ထိ ကျနော်တို့နယ်မှာ ပြောစမှတ်ပြုနေရဆဲ ဆိုးရွားတဲ့ အတွေ့အကြုံတခု။

Mar 27, 202019 min
For the best experience, listen in Metacast app for iOS or Android