ထိုင်းလွှတ်တော်ထဲက မြန်မာ့အရေးဆွေးနွေးပွဲ
Mar 09, 2024•40 min
Episode description
မတ်လ ၂ ရက်နေ့က ထိုင်းလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
For the best experience, listen in Metacast app for iOS or Android
