The Irrawaddy Newscast - Burmese Edition - podcast cover

The Irrawaddy Newscast - Burmese Edition

The Irrawaddy burma.irrawaddy.com
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

CDM Soldiers Talk: မြဝတီ မဆုံးရှုံးစေဖို့ စစ်ကောင်စီ နည်းမျိုးစုံကြိုးစားနေ

ဒီတပတ်ရဲ့ ပြည်သူ့စစ်သားရင်တွင်းစကား အစီစဉ်မှာ ပြည်သူတွေကြား လှုပ်လှုပ်ခတ်ခတ်နဲ့ စိုးရိမ်ပူပန်မှု၊ ဝေဖန်မှုတွေ ဖြစ်နေတဲ့ မြဝတီအခြေအနေ၊ အပတ်စဉ် ၂ စစ်သင်တန်းအတွက် အတင်းအဓမ္မ စုဆောင်းမှုတွေ လုပ်လာတဲ့အကြောင်း၊ စစ်မှုမထမ်းချင်တဲ့သူတွေ အနေနဲ့ ဘာတွေ သိထားသင့်လဲ စတဲ့ ဆွေးနွေးချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Apr 28, 202413 min

Saturday Roundtable: ကရင်အချင်းချင်းပြန်ပစ်မှာလား

ဒီတပတ် စနေစကားဝိုင်းမှာ စောချစ်သူ ပဲ ဆက်လုပ်မယ်ဆိုတာ ကရင်အချင်းချင်းပြန်ပစ်ဖို့လားနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရော သတင်းလွတ်လပ်ခွင့် အာမခံမှာလား စတဲ့ အကြောင်းတွေ ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။

Apr 27, 202428 min

CDM Soldiers Talk: အရှုံးပေါ်အရှုံးဆင့်နေတဲ့ စစ်ခေါင်းဆောင်

စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင်တို့ကြားက ပိုမိုပြင်းထန်လာတဲ့ အကွဲအပြဲ၊ အာဏာလုဖို့ ကြံစည်လို့ ဖမ်းဆီးခံလိုက်ရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ခေါင်းဆောင်တွေ သွားလေရာ ဘေးထိနေပြီလား၊ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်း မြဝတီကို ရောက်နိုင်မလား စတဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပြီ။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.

Apr 21, 202416 min

Saturday Roundtable: မြဝတီက အဆုံးအဖြတ် တိုက်ပွဲ

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပြောင်းအရွှေ့သတင်းမှားကို စစ်ကောင်စီ ဘာကြောင့်ထုတ်လာသလဲနဲ့ တနိုင်ငံလုံးရဲ့ စစ်ပွဲချိန်ခွင်လျှာကို မြဝတီတိုက်ပွဲက ပြောင်းပစ်နိုင်တယ် စတဲ့အကြောင်းတွေ ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။

Apr 20, 202418 min

Editorial Talk: စစ်ခေါင်းဆောင်တွေ ကောင်းကင်မော့ကြည့်ပြီး သင်္ကြန်ရေကစားရမယ့် အခြေအနေမျိုးပါ

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြဝတီ ဘယ်လောက် အရေးပါလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Apr 14, 202417 min

CDM Soldiers Talk: မတိုက်ဖို့ ညှိနှိုင်းတဲ့အဆင့်ထိ ဖြစ်နေပြီ

နေပြည်တော် အေလာ လေဆိပ်တိုက်ခိုက်ခံရမှု အပါအဝင် ယောယုံ၊ စိန်လုံတို့လို စခန်းကြီးတွေကို သိမ်းပိုက်လိုက်နိုင်ခြင်းက KIA အတွက် စစ်ရေးအရ ဘယ်လိုအားသာချက်တွေ ရှိလာနိုင်မလဲ၊ ပြည်သူလူထုရဲ့ အိုးအိမ်တွေကို တွေ့ကရာ တံဆိပ်ကပ် စွပ်စွဲပြီး မတရားချိတ်ပိတ်ခဲ့တဲ့သူတွေ လွယ်ဂျယ်မှာ ဝဋ်လည်နေပြီ စတဲ့ CDM ဗိုလ်ကြီး ထက်မြတ်ရဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဥ်မှာ နားဆင်နိုင်ပါပြီ။

Apr 07, 202417 min

Saturday Roundtable: တရုတ်ကြောင့် ရခိုင်နဲ့ ကချင်က စစ်ပွဲတွေ ရပ်သွားမလား

ဒီတပတ် စနေသတင်းစကားဝိုင်းက နယ်စပ်မှာ စစ်ရေးလေ့ကျင့်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် အသစ်ရော အဟောင်းရောတွေနဲ့ပါ သွားတွေ့ခဲ့တဲ့ တရုတ်နိုင်ငံဟာ မြန်မာပြည်က စစ်ပွဲတွေ ရပ်ဖို့ ဖိအားပေးနေတာကြောင့် လတ်တလော ရခိုင်နဲ့ ကချင်က စစ်ဆင်ရေးတွေ ရပ်သွားမလား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဂွင်ပျက်လို့ အသစ်ပြန်ဖွဲ့တဲ့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ရဲ့ ခြေလှမ်းတွေ ဘာလဲ ဘယ်လဲ စတဲ့အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားပါတယ်။

Apr 06, 202414 min

CDM Soldiers Talk : မဟူရာသချိုင်း၊ ပြည်သူ့ကျိန်စာနဲ့ မင်းအောင်လှိုင်စစ်တပ်

စစ်တပ်ရဲ့ ဖွဲ့စည်းပုံ ပျက်နေတာ ပြသလိုက်တဲ့ တပ်မတော်နေ့ အခမ်းအနား၊ မဟူရာသချိုင်းမှာ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်နဲ့ လေတပ်ထဲက ယတြာတွေ စတဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Mar 31, 202416 min

Saturday Roundtable: မိသားစုအတွင်းရေးထက် ကျော်လွန်နေတဲ့ ခြံအမှတ် ၅၄

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ဗေဒင်ယတြာများကြားက တပ်မတော်နေ့ စစ်ရေးပြပွဲနဲ့ မိသားစုအတွင်းရေးထက် ကျော်လွန်နေတဲ့ ခြံအမှတ် ၅၄ အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားတာ နားဆင်နိုင်ပါတယ်။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

Mar 30, 202417 min

CDM Soldiers Talk: စစ်မှုထမ်းဥပဒေဆိုတာ အတင်းအဓမ္မ လူသစ်စုဆောင်းတာပါ

စစ်မှုထမ်းဥပဒေကို အသုံးချပြီး အတင်းအကျပ် စစ်သားသစ် စုဆောင်းလာနေတဲ့ စစ်ကောင်စီ၊ လူငယ်တွေ တကယ်ပဲ စစ်မှုထမ်းရတော့မလား၊ စစ်တပ်ရဲ့ လေ့ကျင့်ရေးတပ်တွေအကြောင်းနဲ့ အဲဒီကျောင်းတွေမှာ လူငယ်တွေအနေနဲ့ ဘာတွေကြုံရနိုင်မလဲ စတဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Mar 24, 202416 min

Editorial Taik: စစ်တပ်က မြေပြင်မှာ စစ်ရှုံးနေပြီ

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်းအစီအစဉ်မှာတော့ "စစ်တပ်ကို အပြတ်ချေမှုန်းမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခနဲ့ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားပါတယ်။

Mar 17, 202413 min

CDM Soldiers Talk: မခံတမ်း ဆုတ်စစ်ဖြစ်သွားတဲ့ ဖလူးစခန်း

ကရင်နဲ့ ကချင်ဘက်က စစ်ရေးအခြေအနေတွေ အပါအဝင် ၅ မိနစ်နဲ့ KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ကရင်ပြည်နယ်က ဖလူး မဆုတ်တမ်းခံစစ်စခန်းဆိုတာ ဘယ်လိုစခန်းမျိုးလဲ၊ ဘယ်လောက်ထိအရေးပါလဲ စသဖြင့် CDM ဗိုလ်ကြီး ထက်မြတ်ရဲ့ ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Mar 17, 202417 min

Saturday Roundtable: ဒီနှစ်အတွင်း ကချင်ပြည်ကို ကေအိုင်အေ သိမ်းမလား

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖမ်းနေတယ်နဲ့ ဒီနှစ်အတွင်း ကချင်ပြည်ကို ကေအိုင်အေ သိမ်းမလား အကြောင်းတွေ ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

Mar 16, 202422 min

Editorial Talk: မင်းအောင်လှိုင်အလွန် ကာလကို ကြည့်နေပြီလား

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာစကားဝိုင်းအစီအစဉ်မှာတော့ "ထိုင်းပါလီမန်မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ" နဲ့ပတ်သက်ပြီး ဧရာဝတီ မြန်မာပိုင်း တာဝန်ခံ အယ်ဒီတာ ရဲနည်နဲ့ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားကြပါတယ်။

Mar 10, 202414 min

CDM Soldiers Talk: ဖိုဝါဒကြီးစိုးတဲ့ တပ်တွင်းက အမျိုးသမီးတွေရဲ့ ဘဝ

ဖိုဝါဒကြီးစိုးတဲ့ စစ်တပ်တွင်းက အမျိုးသမီးတွေရဲ့ဘဝ၊ အမျိုးသမီးတွေအပေါ် စစ်တပ်ရဲ့ ပစ်မှတ်ထား ခြိမ်းခြောက် တိုက်ခိုက်မှုတွေအကြောင်း တော်လှန်အမျိုးသမီးတဦးဖြစ်သူ မစုသစ်ရဲ့ ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Mar 10, 202424 min

Saturday Roundtable: ဘာလဲဟဲ့ အမျိုးသမီးများနေ့

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အမျိုးသမီး အယ်ဒီတာတွေ ဆွေးနွေးထားတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်းနဲ့ ထိုင်းပါလီမန်ရဲ့ ပထမဆုံး မြန်မာ့အရေး ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတွေနဲ့ စကားဝိုင်း ၂ ဝိုင်း နားဆင်နိုင်ပါတယ်။

Mar 09, 202441 min

Editorial Talk: ချိနဲ့နေတဲ့ စစ်ကောင်စီကို အားဆေးသွားတိုက်ရင် ပြည်သူ့ဒေါသသင့်လိမ့်မယ်

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်ရဲ့ကြားဝင်မှုက တော်လှန်ရေးအပေါ် ဘယ်လောက်ရိုက်ခတ်လဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Mar 03, 202416 min

CDM Soldiers Talk: ယိုယွင်းလာတဲ့ စကစ လေတပ်

ဖေဖော်ဝါရီ ၂၉ ရက်တုန်းက ပျက်ကျခဲ့တဲ့ MiG29 လေယာဉ်အကြောင်း အပါအဝင် လေတပ်စခန်းဌာနချုပ်တွေနဲ့ ဘယ်လေတပ်စခန်းက ဘယ်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်နေလဲ၊ စက်ချို့ယွင်းမှုဖြစ်ပြီး ပျက်ကျမှုတွေ မကြာခဏ ဘာကြောင့်ဖြစ်နေလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.

Mar 03, 202415 min

Saturday Roundtable: ယာကူဇာနဲ့ ယူရေနီယမ် မှောင်ခိုမှုက ပေးတဲ့အတွေးများ

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တဒေါ်လာ ၃၉၀၀ ကျပ်ဆီ ပြန်ရောက်နိုင်လား၊ ယာကူဇာနဲ့ ယူရေနီယမ် မှောင်ခိုမှုက ပေးတဲ့အတွေးများအကြောင်းတွေ သုံးသပ်ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။

Mar 02, 202420 min

Editorial Talk: နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ လူတန်းစား အသစ်တရပ်ပေါ်လာပြီ

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာ "မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီရဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Feb 25, 202421 min

CDM Soldiers Talk: စကစ ဆက်သွယ်ရေးတပ်က ဘယ်လောက် အရေးပါလဲ

ဆက်သွယ်ရေးတပ်ကနေ CDM လုပ်လာတဲ့ ဗိုလ်ကြီးတဦးပြောပြတဲ့ ဆက်သွယ်ရေးတပ်၊ ရှေ့တန်းနဲ့ နောက်တန်း ဆက်သွယ်မှုကွန်ရက်နဲ့ ကြားဖြတ်ဖမ်းယူမှုတွေကို ဘယ်လိုရှောင်ရှားနိုင်မလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Feb 25, 202422 min

Saturday Roundtable: မြန်မာတွေ အကုန်လုံး ပြည်ပထွက်တော့မယ်

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီက ကမူးရှူးထိုးနဲ့ အတင်းအဓမ္မ ပြဌာန်းလာတဲ့ စစ်မှုမထမ်းမနေရ ဥပဒေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေအကြောင်း အထူးပြုဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

Feb 24, 202425 min

Editorial Talk: မိဘတွေက သူတို့ရဲ့ သားသမီးတွေကို သတ်ကွင်းပို့မှာ စိုးရိမ်နေကြတယ်

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့စကားဝိုင်း အစီအစဉ်မှာ "စစ်မှုထမ်းဥပဒေကို ဘယ်လိုတုန့်ပြန်ကြမလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ၊ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားပါတယ်။

Feb 18, 202414 min

CDM Soldiers Talk: စကစ ရှုံးနေပါပြီလို့ ဝန်ခံလိုက်တာပဲ

စစ်မှုထမ်းဥပဒေ အသက်ငင်နေတဲ့ စစ်တပ်အတွက် တကယ် အသုံးဝင်နိုင်မလား၊ တော်လှန်ရေးအင်အားစုတွေဘက်ကိုရော ဘယ်လိုရိုက်ခတ်မှုတွေ ရှိလာနိုင်လဲ စတဲ့ CDM ဗိုလ်ကြီး ထက်မြက်ရဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Feb 18, 202415 min

Saturday Roundtable: စစ်ကောင်စီ သွေးရူးသွေးတန်း ဖြစ်နေပြီ

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီ သွေးရူးသွေးတန်းနဲ့ စစ်သားစုဆောင်းနေတယ်၊ စစ်အာဏာရှင်စနစ်အလွန် ပြည်ထောင်စုသစ် ဘာလဲ ဘယ်လဲ၊ ဖယ်ဒရယ်နဲ့မပြီး ဒီမိုကရေစီပါ လိုတယ်ဆိုတဲ့ SNLD တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့် အင်တာဗျူးတွေကို နားဆင်နိုင်ကြပါတယ်။

Feb 17, 202432 min

Editorial Talk: စစ်ကောင်စီ အနေနဲ့ သူ့ရဲ့သေတွင်း သူတူးနေတယ်လို့ သုံးသပ်လို့ရပါတယ်

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်းအစီအစဉ်မှာတော့ "ပြည်သူတွေ စိုးရိမ်နေတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခနဲ့ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားပါတယ်။

Feb 14, 202413 min

Editorial Talk: စစ်တပ်ကို အရေးယူဖို့ ကိစ္စမှာ နိုင်ငံတကာကတော့ သွားမပါတဲ့ ကျားဖြစ်နေတာပေါ့

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်းအစီအစဉ်မှာတော့ "စစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဘယ်သူက အရေးယူမှာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခနဲ့ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားပါတယ်။

Feb 11, 202416 min

CDM Soldiers Talk: ရဲဘက်စခန်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ CDM ဗိုလ်ကြီး

အာဏာသိမ်းပြီးခါစ CDM မလုပ်ခင် ဝါဒဖြန့်ချိရေး တာဝန်တွေ ထမ်းဆောင်ခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့တဲ့ ဆက်သွယ်ရေးတပ်က ဗိုလ်ကြီး ဘုဏ်းသိုက်ရဲ့ စွန့်စားခန်းတွေအကြောင်း ကိုယ်တွေ့ပြောပြတာ ဒီတပတ် နားဆင်နိုင်ပါတယ်။

Feb 11, 202427 min
Hosted on Buzzsprout
For the best experience, listen in Metacast app for iOS or Android