Saturday Roundtable: AA က အနိုင်ယူလာတဲ့ ရခိုင်စစ်မျက်နှာ
ဒီတပတ် စနေစကားဝိုင်းမှာ တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေ၊ ဆိုရှယ်မီဒီယာမှာ တိတ်ဆိတ်နေတဲ့ အကယ်ဒမီ ဆုပေးပွဲနဲ့ AA က အနိုင်ယူလာတဲ့ ရခိုင်စစ်မျက်နှာ အကြောင်းတွေကို နားဆင်နိုင်ကြပါတယ်။

ဒီတပတ် စနေစကားဝိုင်းမှာ တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေ၊ ဆိုရှယ်မီဒီယာမှာ တိတ်ဆိတ်နေတဲ့ အကယ်ဒမီ ဆုပေးပွဲနဲ့ AA က အနိုင်ယူလာတဲ့ ရခိုင်စစ်မျက်နှာ အကြောင်းတွေကို နားဆင်နိုင်ကြပါတယ်။
ဧရာဝတီက အပတ်စဉ်တင်ဆက်နေတဲ့ အယ်ဒီတာစကားဝိုင်းရဲ့ ဒီတပတ်အစီအစဉ်မှာတော့ "၆ လသက်တမ်းတိုးတော့ သာမန်အခြေအနေပြန်ရောက်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ ရဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မင်းအောင်လှိုင် နိုင်ငံတော်ကို သစ္စာဖောက်တာ ၃ နှစ်ရှိပြီ၊ တရုတ်ကို ကြောက်နေရတဲ့ နေပြည်တော်စစ်ကောင်စီနဲ့ ဂေးသင်္ဘောကြီးပေါ်က ဥက္ကာမင်းမောင် အင်တာဗျူးတွေကို နားဆင်နိုင်ပါတယ်။
လေတပ် တစီးပြီးတစီး ပစ်ချခံနေရတဲ့ အခြေအနေ၊ လေတပ်က ဗုံးခိုကျင်းတူးနေရတဲ့အဖြစ်၊ လေတပ်က စစ်သားတွေ ဘက်ကူးပြောင်းဖို့ ဆက်သွယ်လာနေပြီ ဆိုတဲ့ အခြေအနေတွေကို ဒီတပတ် နားဆင်နိုင်ပါပြီ။
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ကရင်နယ်ခြားစောင့်တပ်တွေကို စောချစ်သူ ဘာကြောင့် ပြန်ဆုတ်ခိုင်းတာလဲ၊ ဒေါ်လာဈေးတွေ တက်လာပြန်ပြီနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရှေ့ရေး ဘာလဲ ဘယ်လဲ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်ရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ကြပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ မြို့တွေနဲ့စခန်းပေါင်းများစွာ လက်လွှတ်ဆုံးရှုံးရပြီး စစ်ရေးအရ အရေးနိမ့်နေချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးကနေ နုတ်ထွက်ဖို့၊ တပ်ချုပ်ရာထူးကို ဒုတပ်ချုပ်ထံအပ်ဖို့ စစ်တပ်ထောက်ခံသူတွေနဲ့ မသဘသတွေကိုယ်တိုင်က တောင်းဆိုလာနေမှု တပ်တွင်းမှာ ပုန်ကန်မှုတွေ ဖြစ်လာတော့မလား၊ ဖြစ်သမျှအရာအားလုံး စစ်ခေါင်းဆောင်အပေါ် ထိုးချဖို့ ကြံနေကြတာလား စတဲ့ CDM ဗိုလ်ကြီး ထက်မြက်ရဲ့ ဆွေးနွေးချက်၊ KIA က ထပ်ပစ်ချလိုက်တဲ့ တိုက်လေယာဉ်နဲ့ ဖရဲသီးတွေဆီကနေသိရတဲ့ ပြင်ဦးလွင် အ...
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မြန်မာ့အရေး ထိုင်းအစိုးရရဲ့ မူဝါဒသစ်၊ စစ်တွေက နေ့လားညလားဖြစ်နေပြီနဲ့ ရှမ်းမြောက်စစ်ပွဲအပေါ် ရှမ်းလူထုသဘောထားတို့ကို ဆွေးနွေးတင်ပြထားပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်ဖိအားနဲ့ ၁၀၂၇ စစ်ဆင်ရေး ရပ်သွားမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အလံဖြူထောင်တဲ့ စစ်တပ်ဖြစ်သွားပြီ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒကစ လောက်ကိုင် လက်နက်ချအညံ့ခံမှု စစ်ခေါင်းဆောင်အတွက် ဘယ်လောက်ထိ အကျပ်ရိုက်နေပြီလဲ၊ အောက်ခြေစစ်သားတွေ အချင်းချင်းကြားက သွေးကွဲမှုနဲ့ ဖရိုဖရဲအခြေအနေတွေ၊ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းလို အဆင့်မြင့်အရာကြီးတယောက် တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ အရှင်လတ်လတ် ရောက်လာမှုဟာ စစ်ခေါင်းဆောင်ရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကို ပြသနေတယ် စသဖြင့် CDM ဗိုလ်ကြီး ထက်မြက်ရဲ့ သုံးသပ်ပြောဆိုချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
ဧရာဝတီ ပြန်လည်ထုတ်လွှင့်လိုက်တဲ့ ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ တရုတ်က ဖိအားပေး အပစ်ရပ်ခိုင်းတဲ့ ရှမ်းမြောက်စစ်ပွဲ၊ စစ်ရှုံးနေတဲ့ စစ်ကောင်စီက ဘာသာရေးကို ခုတုံးလုပ်နေတယ်နဲ့ ကွယ်လွန်သူ အဆိုတော်ကြီး ဒေါ်မာမာအေး အမှတ်တရ အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းတွေ ကြုံတွေ့ရဦးမယ့် ၂၀၂၄ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း KIA က သုံးစီးမြောက် ပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ်၊ သံဘိုစခန်း တိုက်ခိုက်သိမ်းပိုက်ခံရမှုမှာတွေ့ရတဲ့ ဘတ်တံဆိပ်ပေါင်းစုံနဲ့ ယူနီဖောင်းတွေ၊ အမြဲတမ်းစာသင်နေရတဲ့သူကို ရှေ့တန်းထွက် စစ်တိုက်ခိုင်းနေရမှုတွေဟာ ဘာကိုဖော်ပြနေသလဲ၊ သံဘိုစခန်း သိမ်းပိုက်ခံရအပြီး မန်းလေးတိုင်းမှူးကိုယ်တိုင် ပြင်ဦးလွင်ဆင်း ကိုင်တွယ်နေတယ် စသဖြင့် CDM ဗိုလ်ကြီး ထက်မြက်ရဲ့ ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "၂၀၂၄ မှာ အပြောင်းအလဲတွေမြင်ရမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်စွမ်းရည် စစ်ဗျူဟာ ကောင်းလာမှု၊ ရှမ်းမြောက်မှာ စစ်ကောင်စီ တပ်မမှူးတွေ၊ ဗျူဟာမှူးတွေအဆင့်ထိ ခြေဦးတည့်ရာ ထွက်ပြေးနေရတဲ့အပြင် ထွက်ပြေးလည်းမလွတ်တဲ့ အခြေအနေ၊ နေပြည်တော်နဲ့ ၁ နာရီလောက်သာဝေးတဲ့ လမ်းပိုင်းထိ PDF တွေ ရောက်လာမှု၊ စကခ ၆ က ခေါင်းဆောင်တွေ အထုအထောင်းခံနေရပြီလား စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။ ------------- စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေ...
တော်လှန်ရေးအဆိုတော် မွန်းအောင်နဲ့ ဇနီး မဆွေဆွေညွန့်တို့က ဒီအပိုင်းမှာ ၈၈ နဲ့ ၂၁ အရေးတော်ပုံတွေ ဆင်တူချက်နဲ့ ကွာခြားချက်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စကားလက်ဆောင်တို့ကို ပြောပြထားကြပါတယ်။
လိုင်ဇာကနေ ချင်းမိုင်ဆီ ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်ထွက်ခဲ့ရာမှာ ကြုံခဲ့ရတဲ့ အမှတ်တရတွေအကြောင်း တော်လှန်ရေးအဆိုတော် မွန်းအောင်နဲ့ ဇနီး မဆွေဆွေညွန့်တို့က ဒီအပိုင်းမှာ ပြောပြထားကြပါတယ်။
လက်ရုံးတပ်ကအင်အားတွေကို ရှေ့တန်းပို့၊ Non-CDM တွေကို စစ်မြေပြင်ပို့ဖို့ ကြံစည်မှုတွေအပြင် ခုနောက်ဆုံးမှာတော့ ခွင့်မဲ့စစ်ပြေးတွေကိုပါ တာဝန်ထမ်းဆောင်ခွင့်ပေးမယ် ဆိုတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြံကုန်ဂဠုန်ဆားချက်နေရတဲ့အကြောင်း၊ ရုပ်အလောင်း ပြန်ပေးတာတောင် မယူဘူးဆိုတဲ့ စစ်ဗိုလ် စိတ်ဓာတ်၊ စစ်ဗိုလ် မာနတွေအကြောင်းတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
KIA ဌာနချုပ် လိုင်ဇာမြို့မှာ နှစ်ချီအောင် နေထိုင်ခဲ့ကြတဲ့ တော်လှန်ရေးအဆိုတော် မွန်းအောင်နဲ့ ဇနီး မဆွေဆွေညွန့်တို့က ဧရာဝတီရဲ့ စတူဒီယိုထဲ လာပြီး Saturday Roundtable စနေစကားဝိုင်းအစီအစဉ်မှာ ကချင်တွေရဲ့ နွေဦးတော်လှန်ရေးအပေါ် သဘောထား၊ တရုတ်တွေနဲ့ ကချင်တွေနဲ့ကြား ဆက်ဆံရေး၊ လိုင်ဇာမြို့က အမှတ်ရစရာတွေအကြောင်း ဒီတပတ် ပြောပြထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး မန္တလေး လူထုဆန္ဒပြပွဲမှာ "အရေးကြီးပြီ" သီချင်းကို လူထုနဲ့အတူ သံပြိုင်သီဆိုခဲ့ပုံတွေ၊ လွိုင်ကော်ကနေ မြို့ခံတွေနဲ့အတူ စစ်ရှောင်ခဲ့ရပုံတွေ၊ KIA ဌာနချုပ် လိုင်ဇာမြို့မှာ နေထိုင်ကြုံတွေ့ခဲ့ရတာတွေ၊ ချင်းမိုင်ဆီ ရှမ်းပြည်မြောက်ပိုင်းကို ရက် ၂၀ တောထဲတောင်ထဲ ဖြတ်ကျော်လာခဲ့ရပုံတွေကို တော်လှန်ရေးအဆိုတော် မွန်းအောင်နဲ့ ဇနီး မဆွေဆွေညွန့်တို့က ဧရာဝတီရဲ့ စတူဒီယိုထဲ လာပြီး Saturday Roundtable စနေစကားဝိုင်းအစီအစဉ်မှာ ဖောက်သည်ချပြောပြထားကြပါတယ်။
လွတ်မြောက်နယ်မြေမှာ ပုန်းရှောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့ရတဲ့ မနွေဦးတယောက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဘယ်လိုပြန်လည်ရုန်းထခဲ့လဲ၊ အိမ်ပြန်လို့ရမယ့်နည်းလမ်းက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားဖို့ပဲ ဖြစ်တယ်၊ နီးရာဓားလည်းကြောက်ရ၊ ပြည်သူတွေရဲ့အမုန်းကိုလည်း ခံနေရတဲ့ တပ်တွင်းမိသားစုတွေကို အမြန်ဆုံး ရုန်းထွက်စေချင်တယ်ဆိုတဲ့ CDM တပ်ကြပ်တဦးရဲ့ ဇနီးဖြစ်သူ မနွေဦးရဲ့ ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။
မွန်းကျပ်ပြီး ထွက်ပေါက်မရှိဖြစ်နေတဲ့၊ နီးရာဓားလည်း ကြောက်ရ၊ ပြည်သူတွေရဲ့ အမုန်းကိုလည်းခံရသလို ကိုယ့်ယောကျာ်းရှေ့တန်းမှာ အဖမ်းခံရ၊ အသတ်ခံလိုက်ရရင်တောင် သိခွင့်မရအောင် လိမ်ညာဖုံးဖိထားခံနေရတဲ့ တပ်တွင်းက မိသားစုဝင်တွေရဲ့ အခြေအနေတွေ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
ဖမ်းမိထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးဆီကနေ ဘယ်လိုတန်ဖိုးရှိတဲ့အချက်အလက်တွေ ရယူနိုင်မလဲ၊ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ဖမ်းမိတဲ့အခါ ဘယ်လိုကိုင်တွယ်စီမံသင့်သလဲ၊ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး အလုပ်ဖြစ်သေးရဲ့လား စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ်ပြိုသွားနိုင်သလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ရှမ်းမြောက် အပါအဝင် နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ထဲ ဘယ်လောက်ထိဂယက်ထနေလဲဆိုတဲ့ တပ်တွင်းသတင်းတွေနဲ့အတူ ပန်လုံဗျူဟာကုန်းတိုက်ပွဲမှာ သေဆုံးသွားခဲ့တဲ့ ၉၉ တပ်မမှူး ဗိုလ်မှူးကြီး အောင်ကျော်လွင်အကြောင်းနဲ့ ယတြာတွေ၊ အဆောင်လက်ဖွဲ့တွေက တကယ်ပဲ အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာလား စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။