The Irrawaddy Newscast - Burmese Edition - podcast cover

The Irrawaddy Newscast - Burmese Edition

The Irrawaddy burma.irrawaddy.com
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

CDM Soldiers Talk: စုံလုံးကန်းထောက်ခံနေမယ့်အစား ကိုယ့်အသက်ကိုယ် ရှာကြံမွေးဖို့ အကြံပေးချင်တယ်

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက မီးမောင်းထိုးပြလိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်ခြေမြန်တပ်တွေရဲ့ တိုက်စွမ်းရည်ကျဆင်းနေမှု၊ မကြာသေးခင်ကမှ ဘက်ကူးပြောင်းလာတဲ့ စစ်သားတွေပြောပြတဲ့ ရှေ့တန်းထွက်အခြေအနေနဲ့ စစ်တပ်ရဲ့ အနှိမ်ခံအသုံးချခံဘဝကနေ ရုန်းထွက်ကြပါဆိုတဲ့ CDM ဗိုလ်တကြီးရဲ့ တိုက်တွန်းချက် စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Nov 05, 202316 min

CDM Soldiers Talk: အပြုတ်တိုက်မယ်ကြားရင် ကြက်ပေါင်းခွက်လေးကိုင်ထားတဲ့ မင်းအောင်လှိုင်ကိုပဲ ပြေးမြင်မိတယ်

တိုက်တိုင်းရှုံးနေတဲ့ စစ်ကောင်စီတပ်မှာ မုဆိုးမတွေ များလာနေသလို အင်အားပြဖို့အတွက် အသက်အရွယ်ကြီးရင့်တဲ့ စစ်သားတွေကိုပါ ရှေ့တန်းလိုက်ခိုင်းနေတဲ့အကြောင်း၊ KIA ရဲ့ မဟာမိတ်တွေအပေါ် ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောဆိုမှုဟာ ဘာသဘောဆောင်နေပါသလဲ၊ ရေးဘက်က ဒေါနစစ်ကြောင်းနဲ့မဟာမိတ်တွေရဲ့ အောင်မြင်မှု စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Oct 29, 202314 min

Editorial Talk: "ငြိမ်းချမ်းရေးက ပိုပြီးတော့ အလှမ်းဝေးသွားတာကို တွေ့ရတယ်"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တိုက်နေတဲ့ အဖွဲ့တွေ မတက်တဲ့ အပစ်ရပ် နှစ်ပတ်လည်ပွဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Oct 22, 202318 min

CDM Soldiers Talk: သူတို့ရတဲ့နောင်တတွေဟာ အချိန်လွန်သွားပြီ

တပ်တွင်းက အာဏာအလွဲသုံးစားလုပ် အပြစ်ပေးအရေးယူမှုတွေ၊ တသက်တကျွန်းချမှတ်ခံရတဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းတို့အမှုနောက်ကွယ်မှာ ဘာတွေရှိနေလဲ၊ အောင်ဂျာတပ်စခန်းတိုက်ပွဲမှာ စစ်ကူမပေးဘဲ ဖောက်ထွက်ခိုင်းတာကနေ အသက်ပါပေးလိုက်ရတဲ့ တပ်ရင်းမှူး၊ ဖိအားဒဏ်မခံနိုင်လို့ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ဆေးဗိုလ်ကြီး စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Oct 22, 202322 min

Editorial Talk: "ကချင်ကိုဘာလို့ ဦးတည်ပြီး တိုက်နေသလဲ"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အကြမ်းဖက်စစ်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးရမှာမဟုတ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Oct 15, 202317 min

CDM Soldiers Talk: KIA ကို သူတို့ အပြုတ်မဖြုတ်နိုင်ဘူး

ကလေးငယ်တွေ အပါအဝင် လူအစုလိုက်အပြုံလိုက် သေဆုံးစေခဲ့တဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု ဘာလက်နက်တွေအသုံးပြုခဲ့လဲ၊ စစ်တပ်က KIA ကို စစ်ရေးအရ ဘာကြောင့် ဖိအားပေးလာနေသလဲ စတဲ့ ဆွေးနွေးသုံးသပ်ချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Oct 15, 202313 min

Editorial Talk: "ပွဲလုပ်ရုံနဲ့ ငြိမ်းချမ်းရေးမရဘူး"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ကောင်စီရဲ့ NCA နှစ်ပတ်လည်ပွဲ ဘယ်သူတွေ တက်မလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Oct 08, 202318 min

CDM Soldiers Talk: ပြည်သူ့စစ်ဆိုတာ အချင်းချင်းရန်တိုက်ပေးနေတာ

အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့စစ်ဖွဲ့စည်းမှု ဘာကိုဦးတည်နေသလဲ၊ ပြည်သူ့စစ်တွေ ပိုမိုစုဆောင်းလာနိုင်တဲ့အခါ၊ လိုသလောက် အင်အားတွေရလာတဲ့အခါ တော်လှန်ရေးအင်အားစုတွေအတွက် သတိထားစရာ၊ စိုးရိမ်စရာတွေက ဘာတွေဖြစ်မလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Oct 08, 202316 min

Editorial Talk: "အာဏာသိမ်းတာက မအောင်မြင်ဘူး။ စစ်ကောင်စီက ပိုပြီးအထီးကျန်ဆန်လာတယ်"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ခေါင်းဆောင်တွေကြား အားပြိုင်မှုတွေရှိနေသလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Oct 01, 202315 min

CDM Soldiers Talk: လွတ်လပ်ချင်ရင် ရုန်းထွက်ရဲဖို့လိုတယ်

CDM လုပ်တာ ၂ နှစ်ခွဲကျော်ရှိလာပြီဖြစ်တဲ့ တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းရဲ့ စစ်တပ်အသိုင်းအဝိုင်းထဲကနေ ခက်ခက်ခဲခဲ စွန့်ခွာနိုင်ခဲ့ပုံ၊ CDM လုပ်ပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခမျိုးစုံကို ကျော်ဖြတ်ပြီးသကာလ လက်ရှိဘဝကို အဆင်ပြေစွာနဲ့ ဘယ်လိုဖြတ်သန်းနေပြီလဲ စတဲ့ ကိုယ်တွေ့ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Oct 01, 202321 min

Saturday Roundtable: တိုင်းပြည်စီးပွား ပြိုကွဲပျက်စီးသွားနေတာ စစ်ကောင်စီ အဖတ်ပြန်မဆယ်နိုင်

ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ လိုက်လို့မမီတော့တဲ့ ကုန်ဈေးနှုန်းတွေ၊ တရုတ်မှာလည်း မြန်မာတွေ အလုပ်ထွက်ရှာကုန်ပြီနဲ့ တိုင်းပြည်စီးပွား ပြိုကွဲပျက်စီးသွားနေတာ စစ်ကောင်စီ အဖတ်ပြန်မဆယ်နိုင် စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Sep 30, 202327 min

CDM Soldiers Talk: ဦးပိုင်ဆိုတာ စစ်ခေါင်းဆောင်တွေ ကိုယ်ကျိုးစီးပွားရှာတဲ့ ကုမ္ပဏီတခုပဲ

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်လူတစုရဲ့ အကျိုးအမြတ်အတွက် တည်ထောင်ထားတာဆိုတဲ့ ဦးပိုင်လီမိတက်မှာ အောက်ခြေ စစ်သည်၊ အရာရှိတွေအနေနဲ့ မဖြစ်မနေ လစာထဲကနေ ထည့်ဝင်နေကြရပေမယ့် အမြတ်ငွေနဲ့ အတိုးနှုန်းတွေ ခေါင်းပုံဖြတ်ခံရနေတဲ့ အခြေအနေ ကိုယ်တွေ့ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Sep 24, 202316 min

Saturday Roundtable: ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအလှည့်ပြီးရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လား

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင်သမီးရဲ့ တကျော့ပြန် ဖျော်ဖြေရေးလုပ်ငန်း၊ မြန်မာဘီယာတောင် သေနတ်ပြရောင်းနေရပြီနဲ့ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအလှည့်ပြီးရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လား စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Sep 23, 202327 min

CDM Soldiers Talk : စစ်တပ်က လာဖမ်းတဲ့အချိန် နိုင်ငံ့ခေါင်းဆောင်တွေ ဘယ်လိုတုံ့ပြန်ခဲ့လဲ

ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေရဲ့ လုံခြုံရေးသီးသန့်ဆောင်ရွက်ရတဲ့ နေပြည်တော်က တပ်ရင်းနှစ်ရင်းအကြောင်းနဲ့ အာဏာသိမ်းတဲ့နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးတဲ့အချိန် ပါဝင်ခဲ့တဲ့ CDM တပ်ကြပ်တဦးရဲ့ အတွေ့အကြုံ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ နားဆင်ပါပြီ။

Sep 17, 202314 min

Saturday Roundtable: အပုပ်နံ့တွေလှိုင်နေတဲ့ နေပြည်တော် လူဖမ်းပွဲ

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ဆန်စပါးကို နယ်ကျော်သယ်ယူရောင်းချခွင့်ကို စစ်ကောင်စီ ကန့်သတ်မယ်၊ ပြည်ပရောက်အလုပ်သမားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း စစ်ကောင်စီကို ပေးရမယ်နဲ့ အပုပ်နံ့တွေလှိုင်နေတဲ့ နေပြည်တော်က အဂတိလိုက်စားမှု အဖမ်းအဆီး အကြောင်းတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။

Sep 16, 202328 min

CDM Soldiers Talk: တနေ့တခြား မရှူနိုင်မကယ်နိုင် ဖြစ်လာနေတဲ့ မင်းအောင်လှိုင်

ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့်ချိန် စစ်ရေးပိုင်းမှာ ဘာတွေသိသာပြောင်းလဲလာသလဲ၊ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြားက လက်ရှိအခြေအနေတွေ စတဲ့ သုံးသပ်ချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Sep 10, 202314 min

Editorial Talk: "ဒေါ်အောင်ဆန်းစုကြည်သဘောထားနဲ့ အာစီယံထိပ်သီးအစည်းအဝေး"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဒေါ်အောင်ဆန်းစုကြည်သဘောထားနဲ့ အာစီယံထိပ်သီးအစည်းအဝေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Sep 10, 202316 min

Saturday Roundtable: စစ်ကောင်စီ အရေးတကြီး ပြင်ဆင်လာတဲ့ ၂၀၂၅ ရွေးကောက်ပွဲ

ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီ အရေးတကြီး ပြင်ဆင်လာတဲ့ ၂၀၂၅ ရွေးကောက်ပွဲ၊ ဆန်နဲ့ ဆီ တန်းစီ တိုးစားရတဲ့ခေတ် ပြန်ရောက်ပြီ၊ ပြီးသွားတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ မြန်မာ့အရေး စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Sep 09, 202324 min

CDM Soldiers Talk: နည်းပညာကျောင်းဆင်းပြီး တပ်ရောက်တော့ စိုက်ခင်းစိုက်နေရတယ်

တပ်မတော်သိပ္ပံနဲ့ နည်းပညာသုတေသနဌာနကနေ CDM လုပ်လာတဲ့ တပ်ကြပ်ကြီး ကိုဟိန်းတယောက် တပ်ထဲဘယ်လိုဝင်ဖြစ်ခဲ့လဲ၊ ကျည်ကာဦးထုပ်၊ ကျည်ကာအကျႌစတာတွေ ထုတ်လုပ်တဲ့ဓာတုဌာနမှာ တာဝန်ထမ်းဆောင်စဉ် ဘာတွေကြုံခဲ့ရလဲ စတဲ့ ကိုယ်တွေ့ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Sep 03, 202317 min

Editorial Talk: "ဒေဝဒတ်မှာ နောက်လိုက်တွေရှိသလို မင်းအောင်လှိုင်မှာလည်း ရှိတယ်"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင် တိုင်းပြည်ကို အုပ်ချုပ်နိုင်မှာမဟုတ်ဘူး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Sep 02, 202314 min

Saturday Roundtable: တရုတ်ရာဇဝတ်ဂိုဏ်းတွေ စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား

ဒီတပတ် စနေစကားဝိုင်းမှာ မိုးယံဇွန်လို အမျိုးသမီးတွေကို မရိုက်ပါနဲ့၊ ကမ္ဘာကျော် H&M မြန်မာပြည်က ပြန်ထွက်တဲ့အခါနဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား စတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။

Sep 02, 202330 min

CDM Soldiers Talk: စီနီယာ ဂျူနီယာ စနစ်အောက်ကနေ အကြောက်တရားတွေ

ဆယ်တန်းအောင်ပြီးနောက်ပိုင်း လူငယ်လူရွယ်တွေကို အဓိကထားစုဆောင်းနေတဲ့ စစ်တပ်ရဲ့ စစ်ကျောင်းတွေအကြောင်းနဲ့ အဲဒီစစ်ကျောင်းတွေမှာ စီနီယာ၊ ဂျူနီယာ အနိုင်ကျင့်ဗိုလ်ကျမှုတွေ၊ အရာရှိတွေရဲ့ အမြတ်ထုတ်ခေါင်းပုံဖြတ်မှုတွေအေကြာင်း ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Aug 27, 202315 min

Editorial Talk: "အသက်မရှုနိုင်တော့ဘူးလို့ စစ်ကောင်စီက ထိုင်းကိုပြောတာရှိတယ်"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ပြည်တော်ပြန်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Aug 27, 202315 min

Saturday Roundtable: ဈေးတွေ ကမောက်ကမဖြစ်တာ ဝိသမလောဘ စီးပွားရေးသမားတွေကြောင့်တဲ့လား

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မန္တလေးက ပုဂ္ဂလိကကျောင်းနဲ့ ဆေးရုံတွေ စစ်ကောင်စီ ပိတ်သိမ်းနေ၊ လေယာဉ်ဆီ တင်သွင်းမှုကို အမေရိကန်က ဆန်ရှင်ချမှတ်တဲ့အခါနဲ့ ဈေးတွေ ကမောက်ကမဖြစ်တာ ဝိသမလောဘ စီးပွားရေးသမားတွေကြောင့်တဲ့လား စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Aug 26, 202332 min

Editorial Talk: အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာယူမှာလား

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာယူမှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Aug 22, 202312 min

CDM Soldier's Talk: လက်နက်အင်အား သာလွန်နေလို့သာ သက်ဆိုးရှည်နေကြတာ

စစ်ကောင်စီတပ်က အသည်းအသန်ပြန်ရဖို့ ကြိုးစားနေတဲ့ လက်ခတ်တောင်တိုက်ပွဲ၊ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ထဲက ဘို့မသံတောင်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရမှု အပါအဝင် အာဏာသိမ်းစစ်တပ်ရဲ့ လက်ရှိအခြေအနေ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Aug 20, 202316 min

စစ်ကောင်စီဒေါ်လာအကျပ်အတည်းဖြစ်နေပြီ

ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ ကမ္ဘာပေါ်မှာ လူအများဆုံး သေနေတဲ့ ဖားကန့်ကျောက်စိမ်းမိုင်းတွင်းတွေက ကျောက်တူးသမားတွေအကြောင်းနဲ့ ဒေါ်လာကို လက်နက်အနေနဲ့ သုံးနေတယ်လို့တောင် ပြောလာရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ဒေါ်လာအကျပ်အတည်းဆိုက်လာနေတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Aug 19, 202316 min
Hosted on Buzzsprout
For the best experience, listen in Metacast app for iOS or Android