The Irrawaddy Newscast - Burmese Edition - podcast cover

The Irrawaddy Newscast - Burmese Edition

The Irrawaddy burma.irrawaddy.com
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ဗုံးတခါကြဲ ၅ သိန်းရနေတဲ့ ပိုင်းလော့တွေ

နိုင်ငံတဝှမ်းဗုံးကြဲနေတဲ့ စစ်ကောင်စီလေတပ်က ပိုင်းလော့တွေဟာ ဗုံးတခါကြဲရင် ကျပ် ၅ သိန်း ရနေတယ်ဆိုတာ အပါအဝင် လူအစုလိုက်အပြုံလိုက်သေဆုံးစေခဲ့တဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ ဘယ်လိုပိုင်းလော့မျိုးတွေက ပါဝင်တိုက်ခိုက်ပေးနေလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Aug 13, 202318 min

Editorial Talk: "မြစ်ဆုံကို ပြန်စရင် ယမ်းအိုးကို မီးထိုးသလိုဖြစ်သွားလိမ့်မယ်"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြစ်ဆုံစီမံကိန်း ပြန်စဖို့ လေသံပစ်နေသလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Aug 13, 202319 min

အိန္ဒိယ လူမျိုးရေးအဓိကရုဏ်းက မြန်မာ ဒုက္ခသည်တွေကြောင့်တဲ့လား

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမ ပြိုကျသွားတဲ့အခါ၊ စစ်တပ်အကူအညီနဲ့ ဝမ်ပေါင်ကုမ္ပဏီ ခြံခတ်နေတယ်နဲ့ အိန္ဒိယ လူမျိုးရေးအဓိကရုဏ်းက မြန်မာ ဒုက္ခသည်တွေကြောင့်တဲ့လား စတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။

Aug 12, 202336 min

တပ်ပျက်နေတဲ့အထဲ ရေတပ်လည်းပါတယ်

အာဏာသိမ်းစစ်ကောင်စီရဲ့ ရေတပ်အတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ အထက်အောက်ဖိနှိပ်မှု၊ အနိုင်ကျင့်မှုတွေ၊ ရေတပ်ရဲ့အခန်းကဏ္ဍနဲ့ လက်ရှိအင်အားအခြေအနေ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Aug 06, 202315 min

Editorial Talk: "စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပက လက်ခံမှာမဟုတ်ဘူး"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အရေးပေါ်ကာလ သက်တမ်း ဘယ်ကိုလှမ်းဖို့ပြင်သလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Aug 06, 202316 min

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အသုံးချလို့ ရမလား

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်တော့ပြန်လွတ်မလဲ၊ စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ အလုပ်ဖြစ်မလားနဲ့ ဒီတကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အသုံးချလို့ မရနိုင် စတဲ့အကြောင်းတွေကို တင်ပြဆွေးနွေးထားပါတယ်။

Aug 05, 202322 min

မြောက်ပိုင်းတိုင်းမှူး ဖမ်းဆီးစစ်ဆေးခံရအပြီး

စစ်ဆေးခံနေရတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးဟောင်းရဲ့ နောက်ဆုံးအခြေအနေ၊ သူ့နေရာမှာ အစားထိုးခန့်လိုက်တဲ့ မပခတိုင်းမှူးအသစ် ဗိုလ်ချုပ်စိုးလှိုင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ၊ ရဲချုပ်တာဝန်ပေးခံရတဲ့အထိ စစ်ခေါင်းဆောင်ရဲ့ယုံကြည်မှုကိုရထားသူ တြိဂံဒေသတိုင်းမှူးဟောင်း ဗိုလ်ချုပ်နီလင်းအောင် စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Jul 30, 202313 min

Editorial Talk: စစ်ဗိုလ်ချုပ်တွေဟာ အာဏာတည်မြဲရေး အတွက် ယတြာကို အစဉ်အဆက်လုပ်ခဲ့တယ်

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဏာရှင်ဘုရား ခရိုနီကောင်းမှု" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Jul 29, 202320 min

Hyperinflation ငွေအကြီးအကျယ်ဖောင်းပွလာနိုင်တယ်

ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ ငွေစက္ကူသစ် ကျပ် ၂ သောင်းတန် ထုတ်ဝေမယ့် သတင်းကြောင့် ငွေဖောင်းပွလာမှာ စိုးရိမ်ပြီး ဈေးကွက်ထဲ ဝရုန်းသုန်းကားဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က မစိုးရိမ်ဖို့ ထွက်ပြောပေမယ့် Hyperinflation ငွေအကြီးအကျယ်ဖောင်းပွမှုဆီ ဦးတည်နေတယ်လို့ စီးပွားရေးပညာရှင် ဒေါ်မင်းမင်းသော်နဲ့ အင်တာဗျူးအပြင် ဒီတပတ် စနေသတင်းစကားဝိုင်းမှာ တယ်လီဂရမ် ဆိုရှယ်မီ

Jul 29, 202342 min

မွတ်ဆလင်ဖြစ်လို့ သူများတွေထက် ပိုအနှိမ်ခံရတယ်

အာဏာသိမ်းစစ်တပ်ထဲမှာ အိမ်ထောင်ကျပြီးကတည်းက လိုက်နေခဲ့ရတဲ့အတောအတွင်း ဘာသာခြားဖြစ်လို့ တခြားသူတွေထက် ပိုပြီးခွဲခြားဆက်ဆံခံရ၊ ဖိနှိပ်ခံခဲ့ရတဲ့အကြောင်း အစ္စလာမ်ဘာသာဝင်ဇနီးသည်တဦးရဲ့ ရင်ဖွင့်သံကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Jul 23, 202341 min

Editorial Talk: ဖိထာဝန်ကြီးချုပ်မဖြစ်တဲ့အတွက် တော်တော်စိတ်ပျက်သွားကြတယ်

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဖိထာဝန်ကြီးချုပ် မဖြစ်ရင် ဘယ်သူဖြစ်မှာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Jul 23, 202319 min

NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ဘာလဲ ဘယ်လဲ

ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ ထိုင်းနိုင်ငံက နိုင်ငံမဲ့ကလေးတွေကို ဖမ်းဆီးတဲ့အခါ၊ NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ဘာလဲ ဘယ်လဲနဲ့ ဒိုင်နိုဆောစစ်တပ်ရဲ့ ခေတ်ကုန်သွားတဲ့ ဝါဒဖြန့်ချိရေး စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Jul 22, 202330 min

Editorial Talk: "စစ်ကောင်စီက ဘေးကျပ်နံကျပ်ဖြစ်နေပြီ"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့်ပေးတွေ့ခဲ့သလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Jul 16, 202321 min

အထက်ကအမိန့်ပေးရင် ဘာမဆို လုပ်နေကြတာ

ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နိုင်ငံတဝှမ်းကြုံတွေ့နေရတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ တန်ပြန်တိုက်ခိုက်နိုင်မလဲ၊ ဘောလခဲမြို့နယ်အတွင်းမှာ စစ်ကောင်စီလေယာဉ်ကို ကရင်နီပူးပေါင်းတပ်တွေ တကယ်ပဲပစ်ချနိုင်ခဲ့သလား စတဲ့ အကြောင်းအရာတွေကို နားဆင်နိုင်ပါပြီ။

Jul 16, 202316 min

ဖိထာ ထိုင်းဝန်ကြီးချုပ် ဖြစ်မလာနိုင်တော့တဲ့နောက်

ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ ကလေးတွေမှာ အဖြစ်များနေတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ထောင်ပြောင်းမယ်ဆိုပြီး သတ်ဖြတ်ခံလာနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖိထာ ထိုင်းဝန်ကြီးချုပ် ဖြစ်မလာနိုင်တော့တဲ့နောက် စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Jul 15, 202325 min

Editorial Talk: "ကရင်နီပြည်ဟာ နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့ နေရာဖြစ်တယ်"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ရေးအရှိန်မြင့်နေတဲ့ ကရင်နီစစ်မြေပြင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Jul 09, 202315 min

ပိုင်းလော့အများစုက ဘယ်နေရာကို ဗုံးကြဲရမယ်ဆိုတာ ကြိုမသိကြဘူး

ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ အာဏာသိမ်းစစ်ကောင်စီလေတပ်ဖွဲ့စည်းပုံအကြောင်း အပါအဝင် နိုင်ငံတဝှမ်းဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ လေယာဉ်တွေနဲ့ ဗုံးအမျိုးအစားတွေ၊ ဗုံးအမျိုးအစားလိုက် ပြင်းအားနဲ့ထိခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုကို ဘယ်သူက တိုက်ရိုက်အမိန့်ပေးနေလဲ စတဲ့ အကြောင်းအရာတွေကို နားဆင်နိုင်ပါပြီ။

Jul 09, 202326 min

မိုးကြိုးပစ်တာ ထန်းလက်နဲ့ ကာနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အသက်အန္တရာယ်ကြားက ကလေးလုပ်သားတွေ၊ စစ်ခေါင်းဆောင်က အမျိုးသမီးတွေကို ချီးကျူးဂုဏ်ပြုသတဲ့လားနဲ့ နိုင်ငံ့စီးပွားပြိုကျတာ သူ့အပြစ်မဟုတ်ဘူးလို့ မိုးကြိုးပစ်တာ ထန်းလက်နဲ့ ကာနေတဲ့ မင်းအောင်လှိုင် စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Jul 08, 202326 min

တိုက်ပွဲဖြစ်တာနဲ့ ထွက်ပြေးဖို့ပဲ ချောင်းနေတဲ့ စစ်သားတွေ

အရှိန်မြင့်နေတဲ့ ကရင်နီဒေသစစ်ရေးအခြေအနေ၊ စိတ်ဓာတ်တွေအောက်တန်းကျပြီး ယိုယွင်းပျက်စီးလာနေတဲ့ အာဏာသိမ်းစစ်တပ်မှာ ခိုင်းတဲ့အတိုင်းမဖြစ်လာရင် ရာထူးကစလို့ အသက်အန္တရာယ်အဆုံး ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေတွေ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Jul 02, 202316 min

နွေဦးတော်လှန်ရေးမှာ ကရင်နီ စံပြဖြစ်လာပြီ

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ လိင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ နှုတ်ဆိတ်နေရချိန်၊ အလုပ်သမား လစာတိုးတောင်းတာ နိုင်ငံတော်အကြည်ညိုပျက်စေသတဲ့လားနဲ့ နွေဦးတော်လှန်ရေးမှာ ကရင်နီ စံပြဖြစ်လာပြီ စတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။

Jul 01, 202330 min

စစ်တပ်ဟာ မရှုံးဖို့ ကြိုးစားနေရပြီ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်က ဘာကိုဖော်ပြနေလဲ၊ အရှိန်မြင့်လာတဲ့ တော်လှန်ရေးကာလ စစ်တပ်ရဲ့ခြေလှမ်းတွေ၊ လက်ရှိအခြေအနေအရ စစ်တပ်ဟာ မရှုံးဖို့ကြိုးစားနေရပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အနိုင်ယူဖို့ကြိုးစားနေတယ် စတဲ့ သုံးသပ်ချက်တွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။

Jun 25, 202315 min

စစ်ကောင်စီ ဒေဝါလီခံရနိုင်တယ်

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ပန်းပန်တာ ရာဇဝတ်မှုတဲ့လား၊ ဘဏ် ၂ ဘဏ် ဆန်ရှင်ထိပြီးနောက်နဲ့ စစ်ကောင်စီ ဒေဝါလီခံရနိုင်တယ် စတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။

Jun 24, 202323 min

Editorial Talk: "အကွဲအပြဲဖြစ်အောင်ဖန်တီးတတ်တဲ့ သဘောသဘာဝ စစ်ကောင်စီမှာရှိတယ်"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာ့အရေး အာဆီယံ ၂ ခြမ်းကွဲနေပြီလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီရဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Jun 24, 202316 min

Editorial Talk: "အကြမ်းဖက်စစ်ဆင်ရေးတွေက အဖြေထွက်မယ်လို့ စစ်ကောင်စီ မျှော်လင့်နေသလား"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အကြမ်းဖက်စစ်ဆင်ရေးတွေက အဖြေထွက်မယ်လို့ စစ်ကောင်စီ မျှော်လင့်နေသလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Jun 18, 202317 min

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက ဖယ်ထုတ်လို့ မရ

ဒီတပတ် ဧရာဝတီရဲ့saturday Roundtable စနေသတင်းစကားဝိုင်းမှာ ယွမ်ငွေသုံးလို့ စစ်ကောင်စီရဲ့ စီးပွားရေးကောင်းလာမလား၊ မိုခါမုန်တိုင်းတိုက်တာ တလကျော်ပေမယ့် နိုင်ငံတကာအကူအညီ ခွင့်မပြု၊ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက ဖယ်ရှားလို့ မရ စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Jun 17, 202329 min

တက်ညီလက်ညီနဲ့ကို ကလိမ်ကကျစ်လုပ်ကြတာ

CDM ဗိုလ်ကြီးတဦး ပြောပြတဲ့ ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက စိန်လုံဆိုတဲ့စုပေါင်းစစ်ဆေးရေးဂိတ်ကနေ နေ့စဉ် ဖြတ်သန်းနေတဲ့ တရားမဝင်လုပ်ငန်းမျိုးစုံအကြောင်း၊ အဲဒီဂိတ်မှာ တာဝန်ကျတဲ့ စစ်တပ်၊ ရဲ အပါအဝင် ဌာနဆိုင်ရာတွေရဲ့ ပါဝင်ပတ်သက်ပုံ၊ ရလာတဲ့ဝေစုကို ဘယ်လိုခွဲဝေယူကြလဲ စတဲ့အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Jun 11, 202317 min

Editorial Talk: "မြန်မာပြည်သူ အများစုက လက်ရှိစစ်တပ်ကို သူတို့စစ်တပ်လို့ မသတ်မှတ်တော့ဘူး"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်စီစဉ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလုပ်ဖြစ်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာ ဖြစ်ပါတယ်။

Jun 10, 202314 min

လီလီနိုင်ကျော် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ အတောမသတ်နိုင်မယ့် သံသရာ

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေစကားဝိုင်းမှာ အဆိုတော် လီလီနိုင်ကျော် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ အတောမသတ်နိုင်မယ့် သံသရာ၊ အာဏာသိမ်း စစ်ကောင်စီအတွက် စစ်မတိုက်ပေးချင်တော့တဲ့ CDM စစ်သားတွေ၊ တရုတ်ရဲ့ မြန်မာပေါ်လစီ အလုပ်ဖြစ်ရဲ့လား စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Jun 10, 202332 min

Editorial Talk: "စစ်တပ် အင်အားချိနဲ့လာပြီလား"

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ် အင်အားချိနဲ့လာပြီလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာ ဖြစ်ပါတယ်။

Jun 04, 202321 min

ရွှေကုက္ကိုလ်နဲ့ တရုတ်မြို့သစ်တွေ ထိုင်းက မီးဖြတ်တဲ့အခါ

ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ တဒေါ်လာ ၃၀၀၀ ကျပ်ဖြစ်လာရခြင်းနောက်ကွယ်၊ လိုင်ဇာမှာ အဖမ်းခံထားရတဲ့ CDM ဗိုလ်ကြီး ဆိုင်ဂုံနဲ့ သူ့ရဲဘော်တွေ၊ အဆိုတော်ဗျူဟာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရွှေကုက္ကိုလ်နဲ့ တရုတ်မြို့သစ်တွေ ထိုင်းက မီးဖြတ်ပြီ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Jun 03, 202331 min
Hosted on Buzzsprout
For the best experience, listen in Metacast app for iOS or Android