CDM ဗိုလ်မှူး ညွန့်နိုင်ရဲ့ ဇနီးဖြစ်သူ မသူဇာပြောပြတဲ့ တပ်တွင်းက ကြီးနိုင်ငယ်ညှဉ်းဖိနှိပ်မှုတွေ၊ CDM လုပ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ လက်ရှိဘဝဖြတ်သန်းမှု အခြေအနေတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
May 28, 2023•21 min
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ မိုခါမုန်တိုင်းဒဏ်သင့် ချင်းပြည်နယ်မှာ ဘာဖြစ်နေသလဲ၊ မုန်တိုင်းဘေး ကူညီကယ်ဆယ်သူတွေကို စစ်ကောင်စီက ခြိမ်းခြောက်တားဆီးနေလားနဲ့ စိန်ခေါ်မှု တပုံတပင်က KNU ခေါင်းဆောင်သစ်တွေကို စောင့်နေတယ် စတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
May 27, 2023•26 min
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတုန်းက ပြည်သူလူထုအပေါ် စေတနာမထားတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေ၊ ပြည်ပကလှူတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ၊ မိုခါ ဆိုင်ကလုန်းမုန်တိုင်းမှာရော စစ်တပ်က နာမည်ကောင်းဝင်ယူရုံလုပ်နေတာလား စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။
May 21, 2023•18 min
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "Move Forward Party အစိုးရဖွဲ့နိုင်မလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာ ဖြစ်ပါတယ်။
May 20, 2023•14 min
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေအနီးကို ဗဟိုပြုတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါရဲ့ နောက်ဆက်တွဲ အသေအပျောက် အပျက်အဆီးနဲ့ လူသားချင်းစာနာမှု အကူအညီတွေအကြောင်း အထူးအစီအစဉ်အနေနဲ့ ဆွေးနွေးတင်ပြထားပါတယ်။
May 20, 2023•28 min
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာ့အပြောင်းအလဲအတွက် အရေးပါတဲ့ ထိုင်းရွေးကောက်ပွဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
May 14, 2023•18 min
တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ တွေ့ဆုံခဲ့မှုဟာ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိန်းကြောင်းနိုင်ဖို့ ဖိအားပေးမှုတခုလား၊ တရုတ်ရဲ့ ခပ်စိတ်စိတ်ဖြစ်လာနေတဲ့ ခြေလှမ်းတွေက ဘယ်ကိုဦးတည်နေလဲ၊ တော်လှန်ရေးခေါင်းဆောင်တွေဘက်ကရော ဘာတွေပြင်ဆင်ထားသင့်လဲ စသဖြင့် မစ္စတာချင်ကန်းရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ CDM ဗိုလ်ကြီးတဦးရဲ့ အမြင်သုံးသပ်ချက်တွေကို အခုတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
May 14, 2023•18 min
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ ကျဆုံးစစ်သားတွေရဲ့ အသက်အာမခံကြေးတွေ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတယ်၊ စစ်ကောင်စီလက်ထက် သဘာဝဘေးက ပိုအန္တရာယ်များတယ်နဲ့ ဘယ်အချိန်မှာ စစ်တပ်က ဆွေးနွေးဝိုင်း စကား စပြောမလဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
May 13, 2023•26 min
ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက ယောယုံစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် CDM ဗိုလ်ကြီးတဦး ကြုံတွေ့ခဲ့ရတဲ့ နွားမှောင်ခို၊ သစ်မှောင်ခိုသမားတွေအကြောင်း၊ ဂိတ်တွေမှာ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာတွေရဲ့ ပါဝင်ပတ်သက်နေပုံတွေ၊ မှောင်ခိုသမားတွေအပေါ် စစ်သားတွေရဲ့ ခြိမ်းခြောက်ငွေညှစ်မှုတွေ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
May 07, 2023•20 min
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်က ဦးသန်းရွှေကို ပွဲထုတ်နေသလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီရဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
May 06, 2023•27 min
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အသက်အန္တရာယ်ကြားမှာ စွန့်စားပြီး အလုပ်ဆက်လုပ်နေကြဆဲ သတင်းသမားတွေ၊ နိုင်ငံခြားအရံငွေ နည်းလာပေမယ့် စစ်ကောင်စီက စစ်အသုံးစရိတ် ကြမ်းနေတယ်နဲ့ တရုတ်စကား နားမထောင်ရင် မင်းအောင်လှိုင် ဘာဖြစ်မလဲ စတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
May 06, 2023•26 min
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မစ္စတာ ဘန်ကီမွန်းခရီးစဉ်မှာ အောင်မြင်မှု လမ်းစ မတွေ့ဘူး"ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Apr 30, 2023•19 min
ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ စစ်သားတဦးရဲ့ဇနီး ပြောပြတဲ့ အာဏာသိမ်းဖြစ်စဉ် အတွေ့အကြုံ၊ CDM လုပ်ဖို့ ဘာကြောင့် ကြန့်ကြာနေခဲ့ရလဲ၊ ဘက်ကူးပြောင်းလာပြီးနောက်ပိုင်း မိသားစုဘဝကို ဘယ်လိုရှင်သန်ရပ်တည်နေလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Apr 30, 2023•17 min
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီကို ခြိမ်းခြောက်လာတဲ့ မန္တလေး ပီဒီအက်ဖ်၊ ပညာရေးနဲ့ ကျန်းမာရေးကို စစ်ကောင်စီ ပစ်မှတ် ပိုထားလာတယ်နဲ့ စစ်ကောင်စီဟာ သံတမန်ရေးမှာ ဗြဟ္မာကြီးဦးခေါင်း ဖြစ်လာနေပြီ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Apr 29, 2023•29 min
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တိုက်ပွဲတွေ ပြင်းထန်လာဦးမယ့်နှစ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Apr 23, 2023•16 min
ပျက်ယွင်းလာနေတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေးကို စစ်ခေါင်းဆောင်တွေ ဘယ်လိုထိန်းနေရလဲ၊ တပ်ထဲမှာ အသုံးပြုခိုင်းနေတဲ့ "စွန့်လွှတ်စွန့်စားပြည်ချစ်သား" ဆိုတဲ့ အက်ပလီကေးရှင်းဆိုတာဘာလဲ၊ စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့“ပြည်သူ့စစ်သားရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Apr 23, 2023•17 min
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အခြေအနေ ပိုဆိုးလာနေတဲ့ လျှပ်စစ်မီး၊ စစ်မြေပြင်ကို အပြောင်းအလဲ ဖြစ်စေတဲ့ ဒရုန်းတွေနဲ့ ပဇီကြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီ ဖုံးဖိဖျောက်ဖျက်ဖို့ ကြိုးစားနေတယ် စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Apr 22, 2023•29 min
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာ့ရိုးရာအတာသင်္ကြန် ခြောက်သွေ့သွားမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
Apr 12, 2023•19 min
ကရင်ဘက်ကတိုက်ပွဲတွေမှာ အလဲလဲအကွဲကွဲကြုံနေရတဲ့ အာဏာသိမ်းစစ်တပ်၊ 'မင်းမလုပ်နိုင်ရင်ဖယ် တခြားလုပ်နိုင်မယ့်ကောင်နဲ့ အစားထိုးမယ်' ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ဗျူဟာ တကယ်ပဲအလုပ်ဖြစ်မလား၊ မတရားသဖြင့် အမိန့်ပေးစေခိုင်းမှုတွေကြောင့် ခပ်စိတ်စိတ်ဖြစ်လာနေတဲ့ တပ်တွင်းက အာဏာဖီဆန်မှု၊ အမိန့်မနာခံမှုအခြေအနေတွေ စတဲ့အကြောင်းအရာတွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား" အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Apr 09, 2023•20 min
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေစကားဝိုင်းကို အတာသင်္ကြန် အထူးအစီအစဉ်အဖြစ် ပျော်စရာကင်းမဲ့သွားတဲ့ သင်္ကြန်၊ ရခိုင်နဲ့ မွန် တိုင်းရင်းသားတွေရဲ့ သင်္ကြန်၊ စစ်တပ်က ကြောက်တဲ့ သင်္ကြန်သံချပ်တွေအကြောင်း တင်ပြဆွေးနွေးထားပါတယ်။
Apr 08, 2023•37 min
တန်ဖိုးကြီးသစ်မျိုးစုံကို ဆယ်ဘီး၊ ဆယ့်နှစ်ဘီးလိုကားကြီးတွေကစလို့ အိမ်စီးကားတွေအဆုံး ပုံစံမျိုးစုံနဲ့ မှောင်ခိုသယ်ယူမှုတွေ၊ ဒီလိုသစ်မှောင်ခိုကားတွေကို စစ်ဆေးတဲ့ စစ်တပ်ဂိတ်တွေရဲ့လုပ်ပုံလုပ်နည်းတွေ စသဖြင့် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက စစ်တပ်ဂိတ်တခုမှာ တာဝန်ယူခဲ့ဖူးတဲ့ CDM ဗိုလ်ကြီးတဦး ပြောပြတဲ့ အတွေ့အကြုံတွေကို အခုတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား" အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Apr 02, 2023•18 min
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "NLD ပါတီကို ဖျက်သိမ်းတာ ပဋိပက္ခ ပိုကြီးထွားလာနိုင်သလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Apr 01, 2023•15 min
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ အညာမီးလောင်ပြင်ထဲက ဒုက္ခသည်တွေကို ကူညီပါ၊ မြန်မာပြည်ကို အမှောင်ထဲမှာ LNG သင်္ဘောကြီး ချန်ထားခဲ့ပြီနဲ့ လူထုထောက်ခံမှု အများဆုံး နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာ ဒီမိုကရေစီကို ဖျက်သိမ်းတာ စတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
Apr 01, 2023•22 min
ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက စိန်လုံ ဆိုတဲ့ စုပေါင်းစစ်ဆေးရေးဂိတ်ကနေ နေ့စဉ်ဖြတ်သန်းနေတဲ့ သစ်၊ ကျောက်စိမ်း၊ မူးယစ်ဆေး စတဲ့ မှောင်ခိုလုပ်ငန်းတွေမှာ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာတွေ ဘယ်လို ပါဝင်ပတ်သက်နေလဲ၊ ဖမ်းမိတဲ့မှောင်ခိုပစ္စည်းတွေ ဘာဆက်ဖြစ်သွားလဲ၊ နိုင်ငံ့သယံဇာတွေကို ဘယ်သူတွေက ခေါင်းပုံဖြတ်အမြတ်ထုတ်နေလဲ စတာတွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား" အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Mar 26, 2023•19 min
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ “တပ်မတော်က တည်ဆောက်ခဲ့တာမဟုတ်ဘူး။ ဖျက်ဆီးခဲ့တာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Mar 25, 2023•16 min
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ စစ်အာဏာသိမ်းအပြီး လူကုန်ကူးမှု အခြေအနေ ဘာလဲ ဘယ်လဲ၊ သဘာဝဓာတ်ငွေ့က စစ်ကောင်စီရတဲ့ ဝင်ငွေ အကျပ်ရိုက်နေပြီနဲ့ မြန်မာ့တပ်မတော်မှသည် လူဆိုးဂိုဏ်းဆီသို့ စတဲ့အကြောင်းအရာတွေ ဆွေးနွေးတင်ပြထားပါတယ်။
Mar 25, 2023•30 min
စစ်ခေါင်းဆောင်တွေဟာ အာဏာအတွက်၊ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဗေဒင်ယတြာ၊ အဆောင်လက်ဖွဲ့တွေလို လောကီပညာ အစီအမံတွေကို အားကိုးအားထား ပြုတတ်သလို ဒီလိုပညာရပ်မျိုး တတ်ကျွမ်းသူတွေကိုလည်း ဘုရားတဆူဂူတလုံးလို ကိုးကွယ်ကြတဲ့အကြောင်း၊ စစ်ဗိုလ်ချုပ်တွေရဲ့ လက်စွဲတော် ကြောင်တရာကျော်နိုင်ဆိုတာ ဘယ်သူလဲ စတဲ့အကြောင်းအရာတွေကို ဒီတပတ် "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။
Mar 19, 2023•17 min
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ရှမ်းပြည်တောင်ပိုင်း နမ်းနိန်းရွာ အပါအဝင် စစ်တပ်က ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ ထိခိုက်ကျဆုံးမှုများနေတဲ့ ကရင်နီပြည် စစ်ဆင်ရေးနဲ့ တရုတ်အထူးသံရဲ့ ငြိမ်းချမ်းရေးက စစ်ရာဇဝတ်တွေ ပိုများလာစေမလား စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Mar 18, 2023•27 min
ဒီတပတ်မှာတော့ CDM စစ်သည် ဇနီးတယောက်ရဲ့ တွေ့ကြုံဖြတ်သန်းမှုတွေ၊ စစ်သားတွေ CDM လုပ်ဖို့ ဇနီးသည်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါသလဲ၊ စစ်ကျွန်ဘဝက ရုန်းထွက်ဖို့ ဘာကြောင့် တွန့်ဆုတ်နေကြတာလဲ စတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
Mar 12, 2023•21 min
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်း အစီအစဉ်မှာ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှာ စစ်တပ်က ကျူးလွန်တဲ့ မုဒိန်းကျင့်သတ်ဖြတ်မှုတွေ၊ တာတိုင်ကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဘယ်သူတွေမှာ တာဝန်ရှိလဲနဲ့ NLD မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်က အဓိကကျနေဆဲ စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Mar 11, 2023•26 min