ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ် စတဲ့ ဒေသတွေ မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်မှာပဲ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းဖို့ စစ်မှုထမ်းအပတ်စဉ် ၄ ထပ်မံခေါ်ယူလိုက်တဲ့အကြောင်းနဲ့ စစ်ကောင်စီက လေယာဉ်ဆီရအောင် ဘယ်လိုတွေ စုဆောင်းနေလဲ စတဲ့ အကြောင်းအရာတွေကို “ပြည်သူ့စစ်သား ရင်တွင်းစကား အစီအစဉ်”မှာ နားဆင်နိုင်ပါပြီ။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.
Aug 04, 2024•14 min
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောတဲ့ သမဝါယမ စီးပွားရေး ဘာလဲ ဘယ်လဲနဲ့ ရာသီဥတု ဘေးအန္တရာယ်ကို ဘယ်လိုတုန့်ပြန်ကြမလဲ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Aug 03, 2024•25 min
ဧရာဝတီ ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ "ယာယီသမ္မတနဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။ This podcast is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.
Jul 29, 2024•18 min
စစ်ကောင်စီရဲ့ ရမခ တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်လိုက်ပြီလို့ ကြေညာပြီးတဲ့နောက်နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတရာထူးလွှဲယူလိုက်ပြီးတဲ့နောက် တပ်တွင်းမှာ ဘယ်လောက်ထိ တပ်ပျက်နေလဲ ဆိုတာ ဒီတပတ် “ပြည်သူ့စစ်သား ရင်တွင်းစကားအစီအစဉ်”မှာ နားဆင်နိုင်ပါပြီ။
Jul 28, 2024•14 min
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ လားရှိုး ရမခ စစ်တိုင်း ကျသွားချိန်မှာ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ကို မယုံသင်္ကာ ဖြစ်လာတဲ့အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်သူပတ်လည် ဝိုင်းနေတဲ့အကြောင်းနဲ့ ကွယ်လွန်သူ ကိုဖြိုးဇေယျာသော်ရဲ့ ဘဝလက်တွဲဖော် မသဇင်ညွန့်အောင်နဲ့ စကားစမြည်ပြောထားတွေကို နားဆင်နိုင်ကြပါတယ်။
Jul 27, 2024•26 min
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ လူထုကို လှုပ်ခတ်စေခဲ့တဲ့ နိုင်ငံရေးလုပ်ကြံမှုတွေ အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
Jul 22, 2024•18 min
စစ်တပ်က အရူးမီးဝိုင်းသလို ဖြစ်နေပြီ ဒီတပတ်မှာ စစ်ကောင်စီ ရုံးချုပ်အခြေစိုက် နေပြည်တော် အေလာလေတပ် စခန်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ဘာကြောင့် ခဏခဏ ခံနေရတာလဲ၊ အာဏာသိမ်း စစ်တပ်နဲ့ အပေါင်းအပါ ခရိုနီကြီးတွေရဲ့ အကျိုးစီးပွားတွေ ရှိနေတဲ့ သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ဖို့ ပြင်ဆင်နေတာ၊ ရှမ်းမြောက်က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက မန္တလေး မြို့နားအထိ ရောက်လာပြီး စစ်တပ်ရဲ့ အာဏာကို စိန်ခေါ်နေပြီ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Jul 21, 2024•16 min
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ အသံတွေကြားနေရတယ် … ၆ လသက်တမ်းတိုးရင် တရုတ်လက်ခံပါ့မလား ဆိုတဲ့ အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
Jul 16, 2024•17 min
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်နဲ့ အရှိန်မြင့်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
Jul 08, 2024•19 min
ဒီတပတ်မှာတော့ ရမခဆိုတဲ့ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်ကြီး ဘယ်လိုခုခံစစ်မျိုးတွေသုံးပြီး ခုခံနေရလဲ နဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်မှာ ရှိတဲ့ စစ်ကောင်စီတပ်က တပ်သားတွေ ထွက်ပြေးကုန်ပြီ စတဲ့ တပ်တွင်းက အကြောင်းတွေကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.
Jul 07, 2024•17 min
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို တရုတ်ဝင်တားဦးမလားနဲ့ ဘဏ် ၇ ဘဏ်ကို စစ်ကောင်စီက အရေးယူမယ်ဆိုတဲ့အပေါ် စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။
Jul 06, 2024•27 min
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေး အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
Jul 01, 2024•18 min
ဒီတပတ်မှာတော့ တရုတ်ရဲ့ ကြားဝင်မှုကြောင့် ယာယီအပစ်ရပ်စဲမှုပျက်သွားပြီး ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးရဲ့ အပိုင်း ၂ အနေနဲ့ တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေတာ၊ စစ်တပ်အထင်သေးခဲ့တဲ့ PDF တွေ ရှေ့ထွက်လာတာတွေကြောင့် တိုင်းမှူးတယောက်ပြုတ်တော့မယ့် အကြောင်းကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။
Jun 30, 2024•15 min
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ မြန်မာပြည်က မာဇီးဒီးစီးတဲ့ ဘုန်းကြီးတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
Jun 24, 2024•22 min
အခုတပတ်မှာတော့ ပြည်သူတွေကြား အထိတ်တလန့် တုန်လှုပ်မှုဖြစ်ခဲ့ရတဲ့ ပဲခူးဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီး ပြည်သူကို လိမ်လည်ခဲ့တာ ပေါ်ခဲ့ပေမယ့် အမှားကို ဝန်မခံပဲ ထပ်လိမ်ဖို့ ကြိုးစားနေတဲ့အကြောင်းတွေကို ကိုယ်တိုင်လည်း စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို ကြုံတွေ့ခဲ့ရဖူးတဲ့ စီဒီအမ် စစ်ဗိုလ်တဦးက ပြောပြတာကို “ပြည်သူ့စစ်သားရင်တွင်းစကား အစီစဉ်”မှာ နားဆင်နိုင်ပါပြီ။
Jun 24, 2024•14 min
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ပဲခူး ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးချက်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲနဲ့ တရုတ်သဘောထားအပေါ် သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။
Jun 22, 2024•26 min
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ပျက်နိုင်သလား ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။ -~~~~~- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Jun 16, 2024•18 min
နေ့စဉ်နဲ့အမျှ တိုက်ခိုက်ရေး အင်အားနည်းလာတဲ့ စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို မက်လုံးပေးစည်းရုံးကာ စစ်တပ်ထဲ ပြန်ခေါ်နေသလို အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့ စာရင်း စတင်ကောက်ယူတာတွေ လုပ်နေတဲ့ စစ်တပ်ရဲ့ စစ်အင်အား ဖြည့်တင်းနေတဲ့ အကြောင်းအရာတွေကို ဒီတပတ် ပြည်သူ့စစ်သား ရင်တွင်းစကား အစီအစဉ်မှာ နားဆင်ရမှာပါ။
Jun 16, 2024•14 min
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ရုရှ နျူကလီးယားဓာတ်အားပေးစက်ရုံက တကယ်ဆောက်ဖြစ်မှာလားဆိုတဲ့ ဆွေးနွေးချက်နဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ထဲ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မြန်မာနိုင်ငံ အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးနဲ့ ဆက်သွယ်မေးမြန်းချက်တွေကို နားဆင်နိုင်ပါတယ်။
Jun 15, 2024•35 min
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ စစ်ကောင်စီဟာ လိုင်စင်ရလူသတ်သမားလို ဖြစ်နေပြီ ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။ -~~~~~- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Jun 09, 2024•17 min
ဒီတပတ်ရဲ့ ပြည်သူ့စစ်သား ရင်တွင်းစကား အစီစဉ်မှာတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ကနေ လက်နက်နဲ့ အတူ CDM ပြုလုပ်ခဲ့တဲ့ တပ်သားတဦးက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တပ်တွင်းက အခြေအနေတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.
Jun 09, 2024•10 min
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အဖမ်းအဆီးတွေကြောင့် ထိုင်းကွန်ဒိုတွေ အဝယ်ရပ်သွားမလားနဲ့ တရုတ်လို အင်တာနက်အလုံးစုံထိန်းချုပ်ရေး စစ်ကောင်စီ တည်ဆောက်နိုင်မလား စတဲ့အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားပါတယ်။
Jun 08, 2024•24 min
စစ်ဗိုလ်ချုပ်တွေ ဘယ်လို ထွက်ပေါက် ရှာနေသလဲ
Jun 02, 2024•14 min
ဒီတပတ်စနေစကားဝိုင်းမှာ လတ်တလော ကျပ်ငွေတန်ဘိုး တဟုန်ထိုး ကျဆင်းနေရတဲ့အကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ သုံးသပ်ချက်နဲ့ ဉာဏ်ပညာကြီးကြီး တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်းရမယ့် ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခအကြောင်းတွေကို နားဆင်နိုင်ပါတယ်။
Jun 01, 2024•31 min
ဒီတပတ်ရဲ့ ပြည်သူ့စစ်သား ရင်တွင်းစကား အစီစဉ်မှာတော့ စစ်ကောင်စီက သူရဲ့ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ် မကျဖို့ နဲ့ ရခိုင်စစ်မြေပြင်မှာ ဘယ်လို တန်ပြန်တိုက်ခိုက်မှုတွေ လုပ်လာမလဲ၊ ရှေ့တန်းသွားရမယ်ဆိုတဲ့ အသံကြားတာနဲ့ သွေးပျက်နေတဲ့ စစ်ကောင်စီ တပ်သားတွေ စတဲ့ အကြောင်းအရာတွေကို နာဆင်နိုင်ပါပြီ။
May 26, 2024•19 min
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေ အပါအဝင် အညာဒေသမှာ လေကြောင်းနဲ့ ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်ခတ်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ပြုလုပ်လာတဲ့အကြောင်း၊ စစ်ကောင်စီက လေယာဉ်ဆီရဖို့အတွက် ဘယ်လိုလမ်းကြောင်းတွေက သယ်ယူလာနိုင်လဲ စတဲ့ အကြောင်းအရာတွေကို အခုတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား အစီစဥ်" မှာ နားဆင်ရမှာဖြစ်ပါတယ်။
May 19, 2024•20 min
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ကရင် BGF ထိန်းချုပ်နယ်မြေထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တကယ်နှိမ်နင်းမှာလား၊ ကွယ်လွန်သူ ဒူကဘာ ဂွ ခေါ် ဒုဗိုလ်ချုပ်ကြီး အာရ်ခေါင်လွမ်း အမှတ်တရ အဆိုတော် မွန်းအောင်ရဲ့ အလွမ်းတွေကို နားဆင်နိုင်ကြပါတယ်။
May 18, 2024•25 min
သက်ဆင်နဲ့ ဟွန်ဆန်ရဲ့ မြန်မာ့အရေးကြားဝင်မှု အလုပ်ဖြစ်မှာမဟုတ်
May 12, 2024•16 min
စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကြီးတွေကို KIA က ထပ်မံသိမ်းပိုက်လိုက်မှု၊ စစ်ကောင်စီအတွက် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေ မလုံလောက်တော့ဘူးလား၊ စစ်မှုထမ်းဟောင်းတွေပါ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်နေရပြီ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.
May 12, 2024•16 min
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မြန်မာ့အရေး ချဉ်းကပ်လာတဲ့ ဟွန်ဆန်နဲ့ သက်ဆင်တို့ရဲ့ ခြေလှမ်းများ၊ အရှိန်မြင့်လာနေတဲ့ စစ်ကောင်စီဆန့်ကျင်ရေး စစ်ပွဲအပေါ် ဒေါ်မီမီဝင်းဘတ်ရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။
May 11, 2024•26 min