DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

DVB Newsbreak ( ဇူလိုင် ၂၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ TNLA နဲ့ ပူးပေါင်းတပ်တွေက မိုးကုတ်တမြို့လုံးကို သိမ်းပိုက်လိုက်တဲ့သတင်း တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးများပြီးရေကြီးနိုင်လို့ ကြိုတင်ပြင်ဆင်ဖို့ မိုးလေဝသပညာရှင် သတိပေးလိုက်တဲ့သတင်းနဲ့ အာဆီယံဆွေးနွေးပွဲမှာ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အရေး လွှမ်းမိုးနေတဲ့ သတင်းတွေ နားဆင်ရမှာပါ...

Jul 25, 20246 min

DVB Newsbreak ( ဇူလိုင် ၂၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အာဆီယံခေါင်းဆောင်တွေက သုံးပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ မြန်မာ့အရေးအဖြေရှာဖို့ မျှော်လင့် နေတဲ့သတင်း -မြန်မာ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ မလေးရှားဒုဝန်ကြီးဟောင်း ပါဝင်ပတ်သက်နေတဲ့ သတင်းနဲ့ -KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာတဲ့သတင်းတွေ နားဆင်ရမှာပါ

Jul 24, 20246 min

DVB Newsbreak ( ဇူလိုင် ၂၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ခေါင်းဆောင်က ယာယီသမ္မတဦးမြင့်ဆွေရဲ့ တာဝန် လွှဲပြောင်းရယူလိုက်တဲ့သတင်း -ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှု ၂ နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုသတင်းတွေနဲ့ -ဘဏ်ငွေစက္ကူအသစ် ဂယက်ကြောင့် အိမ်ခြံမြေဈေးတွေ ထပ်မံမြင့်တက်လာတဲ့သတင်းတွေ နားဆင်ရမှာပါ

Jul 23, 20246 min

တရုတ်က အပစ်ရပ်ဖို့ ဖိအားပေးနေပေမယ့် ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်ရှိနေ

တရုတ်က အပစ်ရပ်ဖို့ ဖိအားပေးနေပေမယ့် ရှမ်းမြောက်မှာ တိုက်ပွဲတွေကတော့ ဆက်ရှိနေတယ်လို့ TNLA ဘက်က ပြောပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။

Jul 23, 20242 min

DVB Newsbreak ( ဇူလိုင် ၂၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ရှိနေတဲ့သတင်း -၃ နှစ်ကျော်အတွင်း မြန်မာပြည်တွင်းရှိ တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေ အကြိမ် ၁၇၀ ကျော် တိုက်ခိုက်ခံရတဲ့သတင်းနဲ့ -မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှု ရပ်ဆိုင်းဖို့ တောင်အာဖရိက တရားရုံးက အမိန့်ချမှတ် လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jul 22, 20245 min

စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် သုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီးရမိထား

စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှာသုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီးရမိထားပြီး မြို့ကို ပြန်လက်မလွှတ်ရအောင် ပြင်ဆင် ဆောင်ရွက်နေတယ်လို့ မန္တလေး PDF တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကိုသုတချမ်းသာ ပေးပို့ထားပါတယ်။

Jul 22, 20243 min

ထရမ့်ပ်လုပ်ကြံခံရမှုနှင့် အမေရိကန်နိုင်ငံရေး၊ (WeeklyNewsDigest 21072024)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ထရမ့်ပ်လုပ်ကြံပစ်ခတ်ခံရမှုနှင့် အမေရိကန်နိုင်ငံရေး၊ မန္တလေးကို ချဉ်းကပ်လာနေတဲ့ မန္တလေး PDF၊ ၃၂ နှစ်သားDVB စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Jul 21, 202430 min

နိုင်ငံရေးပါတီ ၄ ပါတီကို တရုတ်ကွန်မြူနစ်က ရွေးဖိတ်ခေါ်တာ ဘာကြောင့်လဲ

နိုင်ငံရေးပါတီ ၄ ပါတီရဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး တရုတ်အစိုးရက ဖိတ်ခေါ်တဲ့ ခရီးစဉ်ဟာ မြန်မာပြည်နဲ့ပတ်သက်တဲ့ သဘောထားကို ရှင်းပြဖို့ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အတွက်ဆိုပြီး စစ်ကောင်စီထံမှာ မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၄ ခု ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားထားတာပါ။ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားတဲ့ နိုင်ငံရေးပါတီ ၅၀ နီးပါးထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ...

Jul 20, 20244 min

DVB Newsbreak ( ဇူလိုင် ၁၉ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အာဇာနည်နေ့ကို ရန်ကုန်မှာ လုံခြုံရေး အထူးတင်းကျပ်ပြီး ကျင်းပတဲ့သတင်း -သိန္နီဈေးကို လေယာဉ်နဲ့ ဗုံးကြဲသွားလို့ SNLD ပါတီ မြို့နယ်အတွင်းရေးမှူးအပါအဝင် ၇ ဦးသေဆုံးသွားတဲ့ သတင်းနဲ့ -ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားနေလို့ ဆေးခွင့်ယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jul 19, 20246 min

DVB Newsbreak ( ဇူလိုင် ၁၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာပြည်အခြေအနေဟာ စကားလုံးနဲ့ ဖော်ပြလို့မရအောင် ဆိုးရွားနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောကြားလိုက်တဲ့သတင်း -ဝါရင့် ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်သွားတဲ့သတင်းနဲ့ -စစ်အာဏာသိမ်းပြီးနောက် တီဘီရောဂါဖြစ်နှုန်း ပိုများလာတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jul 18, 20246 min

DVB Newsbreak ( ဇူလိုင် ၁၇ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့စီးပွားရေးဘဏ်နဲ့ MOGE တို့ကို ပိတ်ဆို့ဒဏ်ခတ်ဖို့ NGO အဖွဲ့ ၂၄၀ က တောင်းဆို လိုက်တဲ့သတင်း -နယ်စပ်ဖြတ်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်က လက်မခံဘဲ ပြန်လွှတ်လိုက်တဲ့သတင်းနဲ့ -ရဟတ်ယာဉ်၊ လေယာဉ်တွေနဲ့ အလင်းဝင်လာရင် ဆုငွေ ကျပ်သိန်း ၁၀,၀၀၀ ချီးမြှင့်မယ်လို့ MNDAA က ကြေညာလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ...

Jul 17, 20245 min

DVB Newsbreak ( ဇူလိုင် ၁၆ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -လူ့အခွင့်အရေး လေးစားလိုက်နာဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံက တောင်းဆိုလိုက်တဲ့သတင်း -ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာ မြစ်ရေပြီးပြီး ပြည်သူထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း ကျောင်းတွေ ပိတ်ထားရတဲ့သတင်းနဲ့ -ထိုင်းမှာ စီမံချက်ကာလ ၁ လကျော်အတွင်း မြန်မာလုပ်သား ၈၀,၀၀၀ ကျော် ဖမ်းဆီးခံရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ...

Jul 16, 20245 min

DVB Newsbreak ( ဇူလိုင် ၁၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ကိုးကန့်ဒေသလောက်ကိုင်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း -မတ္တရာမြို့နယ်ရှိ စခန်း ၆ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပြိုင်တည်းစွန့်ခွာထွက်ပြေးသွားတဲ့ သတင်းနဲ့ -မြန်မာဘက် တင်ပို့မယ့် မူးယစ်ဆေးကုန်ကြမ်း ဓာတုပစ္စည်း တန်ချိန် ၉၀ ထိုင်းဆိပ်ကမ်းမှာ ဖမ်းဆီးရမိတဲ့သတင်းတွေ နားဆင်ကြရမှာပါ။

Jul 15, 20245 min

မြန်မာ့ဘဏ်ပြဿနာ၊ စစ်အုပ်စု၏တရုတ်ခရီးစဉ် (WeeklyNewsDigest 14072024)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဘဏ်တွေမှာ ငွေထုတ်မရတဲ့ပြဿနာ၊ ရှမ်းမန်းစစ်ဆင်ရေးနှင့် စစ်အုပ်စု၏တရုတ်ခရီးစဉ် ၊ သံဃာတွေပိုမိုပါဝင်လာတဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်၊ NATO ထိပ်သီးညီလာခံ- စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Jul 14, 202430 min

မတ္တရာနှင့် စဉ့်ကူးမြို့နယ်အစပ်ကို စစ်တပ်က လက်နက်ကြီးပစ်ခတ်၊ လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ် ၅၀ ကျော် ပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့ မတ္တရာ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။ မန္တလေးတိုင်းနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို TNLA နဲ့ PDF တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၁၀ ရက်မှာ အပြီးသတ်သိမ်းယူခဲ့သလို စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို တိုက်ခိုက် ပြီးနောက် အခုလို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်နေတာပါ...

Jul 13, 20243 min

DVB Newsbreak ( ဇူလိုင် ၁၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ထိန်းချုပ်မရတော့သည့် တိုင်းပြည်ကို မြန်မာစစ်တပ်က ဖျက်ဆီးနေဟု ကုလကိုယ်စားလှယ်က ပြောကြားလိုက်တဲ့သတင်း -ဧရာဝတီတိုင်းမှာ မြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် နေအိမ် ၁၅၀ ထက်မနည်း ရွှေ့ပြောင်းခဲ့ရတဲ့သတင်းနဲ့ -ဘဏ်တွေမှာ ငွေထုတ်ရခက်ခဲပြီး ၃ ရာခိုင်နှုန်းအထိ ပေးကာ ငွေထုတ်နေရတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jul 12, 20245 min

DVB Newsbreak ( ဇူလိုင် ၁၁ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ ၃၅၀ ကျော်ရှိလာတဲ့သတင်း -ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ခြမ်းတခုလုံးကို တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက် ထိန်းချုပ်ထားတဲ့သတင်းနဲ့ -K-Pay နဲ့ Wave ငွေသားထုတ်ယူသူတွေများပြားနေလို့ ကိုယ်စားလှယ်တွေ အခက်ကြုံနေတဲ့ သတင်းတွေ နားဆင်ရမှာပါ

Jul 11, 20245 min

DVB Newsbreak ( ဇူလိုင် ၁၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဗီယက်နမ်၊ တရုတ်နဲ့ ယူအေအီးနိုင်ငံတွေက မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ပံ့ပိုးပေးနေတယ်လို့ AI ထုတ်ပြန် ပြောကြားလိုက်တဲ့သတင်း -ရန်ကုန်မြစ်အတွင်း သမ္ဗန် မှောက်ပြီး လူ ၈ ဦးလောက် ပျောက်ဆုံးနေတဲ့သတင်းနဲ့ -ဝိုင်းမော်မြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေမှာ ဝမ်းရောဂါတွေဖြစ်ပွားနေတဲ့ သတင်းတွေ နားဆင်ရမှာပါ

Jul 10, 20245 min

DVB Newsbreak ( ဇူလိုင် ၉ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -လာမယ့် သီတင်း ၂ ပတ်အတွင်း မိုးများပြီး မြစ်ချောင်းတွေမှာ ရေကြီးရေလျှံနိုင်တယ်လို့ မိုးဇလက သတိပေးထားတဲ့သတင်း -တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် စစ်ကောင်စီက သတ်မှတ်ကြေညာ လိုက်တဲ့သတင်းနဲ့ -မြန်မာရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး ဖမ်းဆီးအရေးယူခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jul 09, 20245 min

စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီး အရေးယူတာဟာ ရှင်းဖို့နည်းလမ်းမဟုတ်

စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီး အရေးယူတာက စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေကြောင်း ပြသဖို့ဖြစ်ပြီး ဖြေရှင်းဖို့နည်းလမ်းမဟုတ်ဘူးလို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်၊ ဝေဝေ သတင်းပေးပို့ထားပါတယ်။

Jul 09, 20243 min

DVB Newsbreak ( ဇူလိုင် ၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရန်ကုန်မှာ ပြင်းထန်တဲ့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားနေတဲ့သတင်း -တိုက်ပွဲတွေကြောင့် လားရှိုးမြို့အထွက်လမ်းမှာ စစ်ရှောင်ကား ထောင်ချီ ပိတ်မိနေတဲ့သတင်းနဲ့ - သေဆုံးစစ်သည်တွေရဲ့ လစာတွေကို ထုတ်စားနေတဲ့ စစ်ကောင်စီတပ် အရာရှိတွေ ဖမ်းဆီးခံရ တဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။

Jul 08, 20245 min

ရေဘေးသင့်ကချင်၊ လားရှိုးတိုက်ပွဲ (WeeklyNewsDigest 07072024)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ရေဘေးသင့်ကချင်၊ လားရှိုးတိုက်ပွဲနဲ့ ရှမ်းမြောက်စစ်ရေး ၊ ဘိုင်ဒင်-ထရမ့်ပ် Debate ဂယက် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Jul 07, 202430 min

လပခ တိုင်းမှူးသစ် အလံဖြူထောင်လက်နက်ချရန် မန္တလေး PDF တိုက်တွန်း

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူးအသစ် ဗိုလ်ချုပ်အောင်ခိုင်ဝင်း အနေနဲ့ အလံဖြူထောင် လက်နက်ချတာအကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဆွေးနွေးညှိနှိုင်းဖို့ဆို တာမဖြစ်နိုင်တော့ဘူးလို့ မန္တလေးဒေသခံ PDF က တိုက်တွန်းလိုက်ပါတယ်။ ဇွန်လကုန်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်ကို စစ်ခေါင်းဆောင်က ရာထူးကနေဖယ်ရှားပြီး တြိဂံတိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို လပခ တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့တာပါ။ မန္တလေးတိုင်း တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ ပဲခူးမြို့၊ ဝင်းနိမ္မ...

Jul 06, 20244 min

DVB Newsbreak ( ဇူလိုင် ၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဧရာဝတီမြစ်ရေကြီးပြီး ဗန်းမော်နဲ့ ရွှေကူရှိ လူဦးရေ ၂ သောင်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရတဲ့သတင်း -စစ်ခေါင်းဆောင်နဲ့ တရုတ်သံအမတ်တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးကိစ္စ ဆွေးနွေးခဲ့တဲ့သတင်းနဲ့ -ရွှေပေါက်ကံမှာ ကျပ် ၁၀,၀၀၀ တန်ငွေစက္ကူအတုတွေ ဖမ်းဆီးရမိတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jul 05, 20246 min

DVB Newsbreak ( ဇူလိုင် ၄ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -လားရှိုးမြို့ပေါ်မှာ လက်နက်ကြီးကျပြီး ပြည်သူအနည်းဆုံး ၁၀ ဦး သေဆုံးသွားတဲ့သတင်း -Eleven အယ်ဒီတာချုပ်ဟောင်း ဦးဆောင်တဲ့ မူးယစ်ဆေးဝါးဂိုဏ်းကို နေပြည်တော်မှာ ဖမ်းမိတဲ့ သတင်းနဲ့ -ဖမ်းဆီးထားတဲ့ ဆန်ကုန်သည် ၁၅ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jul 04, 20245 min

တနိုင်ငံလုံးနီးပါးမှာတိုက်ပွဲတွေကြောင့် စစ်ခေါင်းဆောင်က ပြုလုပ်မယ့် ၂၀၂၅ရွေးကောက်ပွဲ မအောင်မြင်နိုင်

စစ်ကောင်စီခေါင်းဆောင်က ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေပေမဲ့ တနိုင်ငံလုံးနီးပါး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အာဏာသိမ်းစစ်တပ်ကလုပ်မဲ့ ရွေးကောက်ပွဲဟာ မအောင်မြင်နိုင်ဘူးလို့ လွှတ်တော်အမတ် တွေနဲ့ ပြည်သူတွေက ပြောလိုက်ကြပါတယ်။

Jul 04, 20244 min

DVB Newsbreak ( ဇူလိုင် ၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - အမေရိကန်ရောက် သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ကြတဲ့သတင်း -ကချင်ပြည်နယ်မှာ မိုးဆက်များနိုင်ပြီး မြစ်အောင်ပိုင်းနဲ့ မှော်ကန်အနီးနေထိုင်သူတွေကို သတိပေးထားသတင်းနဲ့ -တိုက်ပွဲတွေပြင်းထန်လာကြောင့် လားရှိုးလေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Jul 03, 20245 min

DVB Newsbreak ( ဇူလိုင် ၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ မြို့နယ် ၁၄ ခုထိ ပါဝင်လာတဲ့သတင်း -ဗဟိုဘဏ်သတ်မှတ်ချက်ကို ကျော်လွန်ပြီး အိမ်ရာချေးငွေ ထုတ်ချေးတဲ့ ဘဏ် ၇ ဘဏ်ကို စစ်ကောင်စီက အရေးယူလိုက်တဲ့သတင်း -ရခိုင်အမျိုးသားပါတီ မှတ်ပုံတင်လျှောက်ထားမှု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တဲ့သတင်း

Jul 02, 20246 min

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ ပူးပေါင်းပါဝင်လာတဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာ

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှာ ပူးပေါင်းပါဝင်လာတဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာပြီး နိုင်ငံတဝှမ်းက ရဟန်းသံဃာတွေ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးဆောင်ရွက်နေတယ်လို့ ရွှေဝါရောင်ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။ ဒီသတင်းကို သုတချမ်းသာ ပေးပို့ထားပါတယ်။

Jul 02, 20245 min
For the best experience, listen in Metacast app for iOS or Android