DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချပြောဆိုမှု ဆန့်ကျင်ကြောင်း တရုတ်ဝန်ကြီးဝမ်ယိကပြော

တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးကွဲအောင် လုပ်ဆောင်နေမှုနဲ့ တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေတဲ့ ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားလိုက်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ် ၁၄ ရက် မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာလို့ တရုတ်ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ တ...

Aug 15, 20243 min

DVB Newsbreak ( ဩဂုတ် ၁၄ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ စိုးရိမ်စရာ ဆက်လက် ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်း -ရှမ်းပြည်နယ် တာချီလိတ်နဲ့ ကျိုင်းတုံမှာ ရေကြီးနေတဲ့ သတင်းနဲ့ -ထိုင်းသင်္ဘောကျင်းလုပ်ငန်းမှာ ပေါက်ကွဲမှုဖြစ်ပြီး မြန်မာလုပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ သွားတဲ့သတင်းတွေ နားဆင်ရမှာပါ

Aug 14, 20246 min

မန္တလေးနဲ့ ပြင်ဉီးလွင်မှာ တိုက်ပွဲတွေဖြစ်လာတော့မလား

တိုက်ပွဲတွေနဲ့ အနီးဆုံးဖြစ်လာတဲ့ မန္တလေးနဲ့ ပြင်ဉီးလွင်မှာ တိုက်ပွဲတွေဖြစ်လာတော့မလား ဆိုတာနဲ့ ပတ်သက်လို့ စစ်ရေနဲ့ နိုင်ငံရေးစောင့်ကြည့်သူတွေရဲ့ အမြင်တွေကို ထက်အောင်က ပြောပြပေးမှာပါ။

Aug 14, 20243 min

DVB Newsbreak ( ဩဂုတ် ၁၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသွားမယ့်သတင်း - AEON Orange ဒါရိုက်တာ ဂျပန်နိုင်ငံသား ပြန်လွတ်မြောက်တဲ့သတင်းနဲ့ -နမ့်ဆန်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့သတင်းတွေနားဆင်ရမှာပါ

Aug 13, 20246 min

၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အထိမ်းအမှတ် KNU တပ်မဟာ ၇တွင်းကျင်းပ

ကရင့်ခေါင်းဆောင်စောဘဦးကြီး ကျဆုံးခဲ့တဲ့ ၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ ဖားအံခရိုင်မှာ ကျင်းပပါတယ်။

Aug 13, 20243 min

DVB Newsbreak ( ဩဂုတ် ၁၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့တဲ့ သတင်း -ဦးဝီရသူ၊ ဝါသဝကိုယ်တော်နဲ့ ပေါက်ကိုယ်တော်တို့အား အရေးယူပေးဖို့ ရွှေဝါရောင်သံဃာတွေက မဟနကို တိုက်တွန်းလိုက်တဲ့သတင်းနဲ့ -ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းသားတွေကို စစ်ကောင်စီက နေရပ်ပြန်ခွင့်မပေးတဲ့သတင်းတွေနားဆင်ရမှာပါ

Aug 12, 20245 min

ပြင်ဦးလွင်မှ စစ်တပ်နှင့် ရဲအရာရှိ မိသားစုများ အလုံးအရင်းဖြင့် ရွှေ့ပြောင်း

MNDAA ကိုးကန့်တပ်ဖွဲ့ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက လားရှိုးမြို့ကို သိမ်းယူပြီးနောက် စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်း (DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့ကိုပါ ဆက်လက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် ဩဂုတ် ၈ ရက် မနက်ကစ ပြီး စစ်တပ်နဲ့ရဲ ထိပ်ပိုင်းအသိုက်အဝန်းက မိသားစုတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့နေကြတယ်လို့ တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Aug 10, 20244 min

DVB Newsbreak ( ဩဂုတ် ၉ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးတဲ့သတင်း -NDAA မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း ကွယ်လွန်သွားတဲ့ သတင်းနဲ့ -ပြင်ဦးလွင်မှ စစ်တပ်နဲ့ ရဲအရာရှိ မိသားစုတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းနေကြတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Aug 09, 20246 min

DVB Newsbreak ( ဩဂုတ် ၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ရှစ်လေးလုံး စိတ်ဓာတ်ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်မယ်လို့ ၈၈ လူထုအရေးတော်ပုံ ၃၆ နှစ်ပြည့်နေ့မှာ NUG အစိုးရက ပြောကြားလိုက်တဲ့သတင်း -မြန်မာရေဘေးသင့်ပြည်သူ ၁ သိန်းကျော်ကို WFP က အရေးပေါ် စားနပ်ရိက္ခာကူညီပေးအပ်တဲ့ သတင်းနဲ့ -လားရှိုးထောင်မှာ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အကျဥ်းသား ၁၀၀ ကျော်သေဆုံးခဲ့ရတဲ့သတင်း တွေနားဆင်ရမှာပါ

Aug 08, 20246 min

လားရှိုးမြို့ကို ဒီရက်ပိုင်း ဝင်ထွက်သွားလာလို့ ရနေပြီလို့ ဒေသခံတွေကပြော

MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ဒီရက်ပိုင်း ဝင်ထွက်သွားလာလို့ ရနေပြီလို့ ဒေသခံတွေကပြောပါတယ်။ ခွန်ဇော်ဦးပေးပို့ထားပါတယ်။

Aug 08, 20242 min

စစ်ခေါင်းဆောင် လမ်းဆုံးရောက်ရန် သိပ်မကြာတော့ဟု KNU တုံ့ပြန်

အကြမ်းဖက်တဲ့နည်းနဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချိုးဖောက်တာ ဘယ်သူလဲဆိုတာ ပြောစရာ မလိုတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။ အောင်ခန့် ပေးပို့ထားပါတယ်။

Aug 08, 20245 min

DVB Newsbreak ( ဩဂုတ် ၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးဖို့ရှိနေတဲ့ သတင်း -ဓနုဖြူမှာ မိုးသည်းထန်ရေကြီးပြီး အိမ်ခြေ ၃၀၀ ‌ကျော် ရေဘေးသင့်နေတဲ့သတင်းနဲ့ -ရခိုင်ပြည်နယ်မှာ မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတဲ့သတင်းတွေ နားဆင်ရမှာပါ

Aug 07, 20246 min

ဆီဆိုင်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ မြို့ခံများ ကြိုတင်စစ်ရှောင်

မြို့ပျက်ကြီးလိုဖြစ်ခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့ရဲ့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ မြို့ခံတွေ စိုးရိမ်ပြီး နောက်တစ်ခါ ကြိုတင်စစ်ရှောင်နေကြပါပြီ။ အပြည့်အစုံကို စိုးသူအောင်က သတင်းပေးပို့ထားပါတယ်။

Aug 07, 20243 min

အိမ်နီးခြင်းနိုင်ငံတွေဟာ နွေဦးတော်လှန်ရေးအပေါ် ကြိုးဆွဲ ချုပ်ကိုင်နေကြတယ်လို့ KNU ခေါင်းဆောင်က ပြော

အိမ်နီးခြင်းနိုင်ငံတွေဟာ နွေဦးတော်လှန်ရေးအပေါ် ကြိုးဆွဲ ချုပ်ကိုင်နေကြတယ်လို့ KNU ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Aug 07, 20243 min

DVB Newsbreak ( ဩဂုတ် ၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြန်လည်တိုက်ခိုက်မယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့ သတင်း -ရန်ကုန်မှာ YBS ယာဉ်အစီး ၇၀ ကျော် ချောဆွဲပြီး အကြမ်းဖက်စစ်တပ် ထောက်ခံပွဲကျင်းပခဲ့တဲ့ သတင်းနဲ့ -ကျောက်မဲမြို့ကို TNLA က သိမ်းပိုက်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Aug 06, 20245 min

DVB Newsbreak ( ဩဂုတ် ၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နဲ့ ဗိုလ်မှူးချုပ် ၂ ဦးတို့ကို MNDAA က အရှင် ဖမ်းမိတဲ့သတင်း -စဥ့်ကူးမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာနဲ့ -ကျုံပျော်မြို့နယ်မှာ မြစ်ရေကြီးပြီး လူနေအိမ်တွေရေမြုပ်၊ သောင်းနဲ့ချီတဲ့စိုက်ခင်းတွေ ပျက်စီးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ...

Aug 05, 20246 min

လားရှိုးပရဟိတအဖွဲ့များ ပစ်ခတ်ခံရတာတွေကြောင့် သေဆုံးဒဏ်ရာရမှုများရှိ၊ ကယ်ဆယ်ရေးဆက်မလုပ်နိုင်

လားရှိုးမြို့မှာ ပရဟိတအဖွဲ့တွေ ပစ်ခတ်ခံရတာတွေကြောင့် သေဆုံးဒဏ်ရာရတာတွေ ရှိနေလို့ လူမှုကယ်ဆယ်ရေးတွေ ဆက်မလုပ်ဆောင်နိုင်ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ခွန်ဇော်ဦး ပေးပို့ထားပါတယ်

Aug 05, 20242 min

အာဏာအသက်ဆက်လိုက်ပြန်တဲ့ စစ်ကောင်စီ၊ (WeeklyNewsDigest 04082024)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest နားဆင်နိုင်ပါနိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အာဏာအသက်ဆက်လိုက်ပြန်တဲ့ စစ်ကောင်စီ၊ လားရှိုးရမခ ကျပြီလား၊ ဟားမတ်စ်ခေါင်းဆောင်အသတ်ခံရမှုက ဂါဇာစစ်ပွဲပိုဆိုးနိုင်၊ ထူးခြားဆန်းသစ် ပါရီအိုလံပစ် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Aug 04, 202430 min

မြန်မာပြည် သမဝါယမစနစ်ပြန်သွားပါက တိုင်းပြည်စီးပွားရေး ပိုဆိုးနိုင်

စစ်ခေါင်းဆောင်ပြောဆိုထားတဲ့အတိုင်း သမဝါယမစနစ်ကို ပြန်လည်ကျင့်သုံးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက အခုထက် ပိုဆိုးလာဖို့ရှိပြီး ငွေကြေးဖောင်းပွမှုတွေက ထိန်းချုပ်လို့မရနိုင်တဲ့အထိ Hyperinflation ဖြစ်သွားနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။ https://burmese.dvb.no/post/663199

Aug 03, 20244 min

DVB Newsbreak ( ဩဂုတ် ၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မိုးမိတ်မြို့နယ်ကို TNLA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်း -ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မှာ ရေကြီးနေတဲ့သတင်းနဲ့ -နိုင်ငံခြားငွေကစား၊ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူ ၉၀ ကျော်ကို စစ်ကောင်စီက အရေးယူလိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ

Aug 02, 20246 min

DVB Newsbreak ( ဩဂုတ် ၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်အာဏာသိမ်းသက်တမ်းထပ်တိုးမှုဟာ မြန်မာလူထုဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ အမေရိကန်က ပြောလိုက်တဲ့သတင်း -သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေတဲ့သတင်းနဲ့ -ရန်ကုန်မှာ စားသုံးဆီဝယ်ယူခွင့်ရဖို့ ပြည်သူတွေအချိန်ကြာမြင့်စွာတန်းစီ စောင့်ဆိုင်းနေရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Aug 01, 20246 min

ဝတပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေပိုင်ဆိုင်မှုဟာ ပိုမိုကျယ်ပြန့်လာနိုင်

ဝ တပ်ဖွဲ့ရဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ဆိုတဲ့ တိုက်တွန်းချက်ဟာ တရုတ်နိုင်ငံရဲ့ မူဝါဒကို ဖော် ဆောင် ပေးတာဖြစ်ပြီး ဝ တပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေပိုင်ဆိုင်မှုဟာ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားပါတယ်။

Aug 01, 20244 min

DVB Newsbreak ( ဇူလိုင် ၃၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အာဏာသိမ်းထားတဲ့ အရေးပေါ်ကာလသက်တမ်းကို စစ်ခေါင်းဆောက်က နောက်ထပ် ၆ လ ထပ်တိုးလိုက်တဲ့သတင်း -မြန်မာ့အရေး တရုတ် ဝင်ရောက်မစွက်ဖက်ဖို့ ကမ္ဘာ့နိုင်ငံတွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ သတင်းနဲ့ -အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ UWSA ‘ဝ’ တပ်ဖွဲ့က တိုက်တွန်းလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jul 31, 20245 min

မိုးမိတ်ဗျူဟာနှင့် လက်ကျန်တပ်ရင်းတွေနားမှာ တိုက်ပွဲပြင်းထန်နေ

မိုးမိတ်ဗျူဟာနဲ့လက်ကျန်တပ်ရင်းတွေနားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဗျူဟာကုန်းပေါ်အထိ လေကြောင်း ပစ်ခတ်မှုရှိနေကြောင်း TNLA က ထုတ်ပြန်ပါတယ်။ ဗျူဟာကုန်းကျသွားရင် စစ်ကောင်စီအနေနဲ့ မြို့ကို လက်လွှတ်လိုက်ရနိုင်ကြောင်း ဒေသခံတွေ ခန့်မှန်းနေကြပါတယ်။ စိုးသူအောင် သတင်းပေးပို့ ထားပါတယ်။

Jul 31, 20243 min

DVB Newsbreak ( ဇူလိုင် ၃၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာပြည်တွင်းစစ်ရပ်စဲရေး အိမ်နီးချင်းနိုင်ငံတွေပူးပေါင်းလုပ်ဆောင်ကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်တဲ့သတင်း -တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ၃၀၀၀ ကျော် တိမ်းရှောင်နေရတဲ့သတင်းနဲ့ -ဒဂုံမြို့သစ်မှာ ရေကြီးပြီး ဒေသခံတွေ ပြောင်းရွှေ့ နေကြရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Jul 31, 20245 min

DVB Newsbreak ( ဇူလိုင်  ၂၉  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ဇူလိုင် ၂၉ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ပဲခူးနဲ့ ဘားအံမှာ ရေကြီးမှုကြောင့် လူပေါင်းသောင်းနဲ့ချီ ရေဘေးဒုက္ခခံစားနေရတဲ့သတင်း -လားရှိုးထောင်ပွင့်ပြီး နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ လွတ်မြောက်သွားတဲ့သတင်းနဲ့ -မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို အာဆီယံက ပြစ်တင်ရှုတ်ချလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ...

Jul 29, 20245 min

ယာယီသမ္မတနဲ့ ကာလုံ၊ ထူးမခြားနားအာဆီယံ၊ (WeeklyNewsDigest 27072024)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ယာယီသမ္မတနဲ့ ကာလုံ၊ မိုးကုတ်၊ လားရှိုးမြို့သိမ်းတိုက်ပွဲ၊ ထူးမခြားနားအာဆီယံ၊ ကင်မလာဟဲရစ် ပထမဆုံးလူမည်းအမျိုးသမီးသမ္မတဖြစ်နိုင်မလား စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Jul 28, 202429 min

မြဝတီ-မဲဆောက်နယ်စပ် ရေကြီးမှုကြောင့် ကုန်သွယ်မှုထိခိုက်

မြဝတီ-မဲဆောက်နယ်ခြား သောင်းရင်းမြစ်ရေလျှံပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရေကြီးနေတာကြောင့် နယ်စပ်က မြန်မာကုန်သည်တွေ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရပါတယ်။

Jul 27, 20244 min

ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းမှုကြောင့် ရန်ကုန်အိမ်ခြံမြေအရောင်းဈေးမြင့်တက်

မြန်မာနိုင်ငံအနှံ့က တိုက်ပွဲတွေကြောင့် ရန်ကုန်ကို စစ်ရှောင် ပြောင်းရွှေ့လာသူတွေ များလာသလို၊ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းတာတွေကြောင့် ရန်ကုန်မှာ အိမ်ခြံမြေ အရောင်းဈေးကွက် မြင့်တက်နေပါတယ်။ ဇူလိုင်လဆန်းပိုင်းကစလို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကြောင့် နိုင်ငံရဲ့ နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ မန္တလေးတိုင်း မိုးကုတ်ဒေသနဲ့ ရခိုင်ပြည်နယ်တို့မှ ဒေသခံတွေဟာ ရန်ကုန်ကို အများအပြား ပြောင်းရွှေ့လာကြတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

Jul 27, 20243 min

DVB Newsbreak ( ဇူလိုင် ၂၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်တဲ့ စစ်ကောင်စီကို အင်ဒိုနီးရှားက အပြင်းအထန် ဝေဖန်လိုက်တဲ့သတင်း -ရှမ်းမြောက်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်ဖို့ တွန်းအားပေး မယ်လို့ တရုတ်နိုင်ငံက ပြောလိုက်တဲ့သတင်းနဲ့ -ကွမ်းခြံကုန်းမှာ လေပြင်းတိုက်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ မိုးသည်းထန် ရေကြီးနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jul 26, 20245 min
For the best experience, listen in Metacast app for iOS or Android