လပခ တိုင်းမှူးသစ် အလံဖြူထောင်လက်နက်ချရန် မန္တလေး PDF တိုက်တွန်း
Jul 06, 2024•4 min
Episode description
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူးအသစ် ဗိုလ်ချုပ်အောင်ခိုင်ဝင်း အနေနဲ့ အလံဖြူထောင် လက်နက်ချတာအကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဆွေးနွေးညှိနှိုင်းဖို့ဆို တာမဖြစ်နိုင်တော့ဘူးလို့ မန္တလေးဒေသခံ PDF က တိုက်တွန်းလိုက်ပါတယ်။
ဇွန်လကုန်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်ကို စစ်ခေါင်းဆောင်က ရာထူးကနေဖယ်ရှားပြီး တြိဂံတိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို လပခ တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့တာပါ။
မန္တလေးတိုင်း တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ပစ်သတ်ခံရမှုနဲ့ ဇွန် ၂၅ ရက်မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ နောက်ဆက်တွဲထိုးစစ်ကို မထိန်းနိုင်ခဲ့မှုတွေနဲ့ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြည်ခိုင်ကို ရာထူးက ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
For the best experience, listen in Metacast app for iOS or Android
