ရန်ကုန်မှာ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းတဲ့အတွက် မိသားစုဝင်တွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေ၊ နေရပ် ကနေ ထွက်ပြေးတိမ်းရှောင်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်၊ ဝေဝေ တင်ဆက်ပေးမှာပါ၊
Apr 02, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ စိန်လုံ စစ်ကောင်စီ ဗျူဟာတပ်စခန်းကြီးကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်လိုက်တဲ့သတင်း -အရပ်သား အသေအပျောက်အများဆုံး ၅ နိုင်ငံမှာ မြန်မာပါဝင်တဲ့သတင်းနဲ့ -ပါရီအိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံက အရည်အချင်းပြည့်မီတဲ့ အားကစားသမား တယောက်မှ မရှိတဲ့သတင်းတွေနားဆင်ရမှာပါ
Apr 01, 2024•5 min
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္ဒရား IIMM ရဲ့ အစီရင်ခံစာကို ကြိုဆိုပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေက စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီသတင်းကို မင်းညိုက ပေးပို့ထားတာပါ။
Apr 01, 2024•6 min
DVB Weekly News Digest အစီအစဉ် နားဆင်ရမှာဖြစ်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ သင်္ဘောနဲ့တိုက်မိလို့ပြိုကျသွားတဲ့ ဘာလ်တီမိုးတံတားကြီး၊ မော်စကိုဗုံးကွဲမှုနဲ့ IS၊ အမျိုးသမီးပါဝင်မှုများလာတဲ့ စစ်ရေးပြပွဲ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Mar 31, 2024•30 min
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်၊ သယ်ပို့လေယာဉ်၊ ရဟတ်ယာဉ်တွေ ၁၂ စီအထိ ပျက်ကျခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ ဗိုလ်မှူးချုပ်အထိ ပါဝင်နေပါ တယ်။ DVB က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ပစ်ချခံရတာ၊ စက်ချို့ယွင်းတာတွေ ကြောင့် လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျခဲ့ရတာပါ။ အများစုဟာ အခု ၂၀၂၄ ခုနှစ်ထဲမှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ် ၊ ရဟတ်ယာဉ် ၆ စီး ရှိနေပါတယ်။ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျမှုကြောင့် သေဆုံးသူတွေထဲမှ...
Mar 30, 2024•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သမိုင်းဝင်ယောယုံစခန်းအပါအဝင် စခန်းကြီးငယ် ၅၀ ကျော်ကို KIA နဲ့ ပူးပေါင်းအဖွဲ့ က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်း -ရခိုင်စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေရှားပါးမှု ပိုဆိုးလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန် လိုက်တဲ့သတင်းနဲ့ -ရွှေဈေး တကျပ်သားကို ကျပ် ၄၄ သိန်း နီးပါးထိ စံချိန်တင်မြင့်တက်လာတဲ့သတင်းတွေကို နားဆင်ကြရမှာပါ
Mar 29, 2024•5 min
မြန်မာနိုင်ငံရဲ့ရွှေဈေးကွက်က စစ်တပ်အာဏာသိမ်းပြီးကတည်းက တောက်လျှောက်မြင့်တက်နေခဲ့ပြီး မတ်လ ၂၈ရက်နေ့မှာ ကျပ် ၄၄သိန်း နီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ဟန်နသတင်းပေးပို့ထားပါတယ်။
Mar 29, 2024•3 min
ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်ကောင်စီစစ်သင်္ဘောကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၆၀၀၀ ကျော်ဟာ အိုးမဲ့အိမ်ဲ့ဖြစ်ခဲ့ရတယ်လို့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူ သားချင်းစာနာထောက်ထားမှုနှင့်ကယ်ဆယ်ရေးဌာနမှူးက ပြောပါတယ်။ အောင်ခန့် သတင်းပေးပို့ထားပါတယ်။
Mar 29, 2024•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရုရှားစစ်ဘက်ဆိုင်ရာ အရာရှိ ၂၇ ဦးကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ချီးမြှင့်တဲ့ သတင်း -ရန်ကုန်မြို့လယ်ခေါင် ဆူးလေခုံကျော်တံတားအောက်မှာ ဗုံးပေါက်ပြီး လူငယ် ငါးဦးဒဏ်ရာရသွားတဲ့ သတင်းနဲ့ -သိန္နီမြို့နယ်မှာ MNDAA ကိုးကန့်တပ်နဲ့ SSPP/SSA ရှမ်းတပ်တို့ တိုက်ပွဲဖြစ်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Mar 28, 2024•5 min
မြန်မာ့အရေးနဲ့ပတ်သက်လို့ ကူညီဖြေရှင်းနိုင်ရေး ထိုင်းအောက်လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုပြုချက် ၄ ချက်ဟာ အလုပ်ဖြစ်နိုင်မလား ဆိုတဲ့အပေါ် လေ့လာသူတွေ နိုင်ငံရေးသမားတွေရဲ့အမြင် သုံးသပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။
Mar 28, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဖက်စစ်တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ညနေပိုင်းမှာ ပြောင်းလဲ ကျင်းပတဲ့ သတင်း -ဘူးသီးတောင် ခမရ ၅၅၂ တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ -ရန်ကုန်၊ ဘုရင့်နောင်ဆိပ်ကမ်းကနေ စစ်တွေကိုသွားမယ့် ကုန်သင်္ဘောပေါ်ကနေ ငွေကျပ် တစ်ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေဖမ်းမိတဲ့သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်
Mar 27, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်မှုထမ်းဥပဒေကျင့်သုံးပြီးနောက် နိုင်ငံတဝန်း ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင် ၃၆ ဦး အသတ်ခံရတဲ့သတင်း -ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ -ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို AA က ကြိုဆိုလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ။
Mar 26, 2024•5 min
ကရင်နီဘက်စုံတက္ကသိုလ် (Karenni Comprehensive University) ကို လာမယ့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။ ဒီသတင်းကို ဖူးအိအိနွယ် ပေးပို့ထားပါတယ်။
Mar 26, 2024•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ တိုက်နယ်ဆေးရုံတရုံ ပျက်စီးသွားတဲ့သတင်း -ကရင်စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ထိုင်းနယ်စပ်ကနေ ပထမဆုံးအသုတ် ပေးပို့လိုက်တဲ့ သတင်းနဲ့ -နိုင်ငံတဝန်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေတဲ့ မြို့နယ်ပေါင်း ၁၇၀ ကျော်ရှိလာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Mar 25, 2024•4 min
DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ သမိုင်းအမွေအနှစ်"ခြံအမှတ် ၅၄"ကို ဖျောက်ဖျက်မည့်အကြံ ပြည်သူလက်မခံ၊ NCA ၇ ဖွဲ့ ချင်းမိုင်ဆွေးနွေးပွဲ၊ ရိုဟင်ဂျာဆန္ဒပြပွဲရဲ့ နောက်ကွယ်၊ ကုလလူ့အခွင့်အရေးကောင်စီနဲ့ မြန်မာ့အရေး စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Mar 24, 2024•30 min
ကချင်ပြည်နယ်ထဲ နေရာ ၄ ခုထက်မနည်းမှာ တိုက်ပွဲတွေဆက်ရှိနေပြီး ဆင်ဘို ခလရ ၁၄၁ ကိုလည်း KIA နဲ့ပူးပေါင်းတပ်တွေက ၃ ကြိမ်မြောက်အဖြစ် ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ ဒီဗွီဘီသတင်းထောက် စိုးသူအောင် သတင်းပေးပို့ထားပါတယ်။
Mar 23, 2024•3 min
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်နီ(ကယား)ပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး ခုခံတွန်းလှန်စစ်ဆင်နွှဲတိုက်ခိုက်လာတာ အခုဆို သုံးနှစ်ကျော် ရှိပါပြီ။ ဒီကာလတွေအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း ကရင်နီလူငယ်များစွာ အသက်ပေးခဲ့ရသလို ပြည်သူသိန်းနဲ့ချီပြီး နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ လွိုင်ကော်ဇာတိ ကယားတိုင်းရင်းသူတဦးဖြစ်တဲ့ မော်ကူးမြာကတော့ အာဏာမသိမ်းခင်အချိန်က သူနာပြုအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ခဲ့သူပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း CDM လုပ်က...
Mar 23, 2024•6 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဖယ်ခုံမြို့နယ်မှာ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ သေဆုံးဒဏ်ရာရခဲ့တဲ့ သတင်း -ထိုင်းနိုင်ငံဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို မြန်မာပြည်ကို ပြန်လွှဲပေးလိုက်တဲ့သတင်းနဲ့ -မိုးသက်လေပြင်းတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ နေအိမ် အဆောက်အအုံတွေ ပျက်စီးသွားတဲ့သတင်းတွေနားဆင်ရဖို့ရှိပါတယ်
Mar 22, 2024•5 min
ရေဦးမြို့ပေါ်မှာလူငယ်တွေကို သတ်မှတ်အချိန်အတွင်းနေရပ်ပြန်ခေါပြီးစစ်မှုထမ်းခိုင်းဖို့ မိဘတွေကို စစ်ကောင် စီက ဖိအားပေးနေပါတယ်။ နိုင်ငံတဝှမ်းပြည်သူတွေကို ဖိအားပေးအနိုင်ကျင့်နေတဲ့ စစ်မှုထမ်းဥပဒေယန္တရားမှာ ပူးပေါင်းဆောင်ရွက်သူအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူကပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။
Mar 22, 2024•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက် ထပ်မံထွက်ပြေးတဲ့သတင်း -မြောက်ဦးမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးသွားတဲ့ သတင်းနဲ့ -အရှေ့တောင်အာရှ ကင်ဆာဝေဒနာရှင် ကလေးငယ်များကွန်ရက်၏ အထူးစောင့်ကြည့် နိုင်ငံတွေမှာ မြန်မာနိုင်ငံ ပါဝင်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ။
Mar 21, 2024•5 min
စစ်ကောင်စီရဲ့တပ်တွေဟာ မကြာခဏဆိုသလို တိုက်ပွဲဖြစ်တိုင်း တဖက်အိမ်နီးချင်းနိုင်ငံဘက်ကို အစုလိုက် ထွက် ပြေးလေ့ ရှိပါတယ်။ အခုလို ဖြစ်ရတာတွေဟာ စစ်ကောင်စီတပ်မှာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့စွမ်း ရည်မရှိ တော့ဘူးဆိုတာကို ပြသနေတာဖြစ်တယ်လို့ CDM အရာရှိတွေက သုံးသပ်ပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။
Mar 21, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် ၅၄ ကို လေလံဆွဲမယ့်သူ မရှိလို့ လေလံပွဲ ပျက်သွားတဲ့သတင်း -စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး ကမ္ဘာက ဝိုင်းဝန်းလုပ်ဆောင်ဖို့ ကုလလူ့အခွင့်အရေး ကောင်စီမှာ တောင်းဆိုလိုက်တဲ့သတင်းနဲ့ -တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ရင်းလိုက် စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်း
Mar 20, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချပြီး အရပ်သားတွေကို ကာကွယ်ပေးဖို့ ကုလသမဂ္ဂအကြီးအကဲက တောင်းဆိုလိုက်တဲ့သတင်း -စစ်မှုထမ်းဖို့ ရွေးချယ်ခံရတဲ့ လူငယ် ၂ ဦး အဆိပ်သောက် သတ်သေသွားတဲ့သတင်းနဲ့ -ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတဲ့ သတင်းတွေကို နားဆင်ကြရမှာပါ
Mar 19, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို လေလံရောင်းဖို့ချမှတ်ထားတဲ့ အမိန့်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ရှေ့နေတွေက ပြင်ဆင်ချက် တင်သွင်းလိုက်တဲ့သတင်း -ဆန်ဂန်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၇ ခုကို KIA က သိမ်းပိုက်ရရှိခဲ့တဲ့ သတင်းနဲ့ -မြန်မာပြည်ဒေသတချို့မှာ အချိန်အခါမဟုတ် မိုးထစ်ချုန်း ရွာနိုင်တယ်ဆိုတဲ့ သတင်းတွေ နားဆင်ကြရမှာပါ။
Mar 18, 2024•5 min
"စစ်ကောင်စီ အရှုံးကိုလက်ခံ အလံဖြူထောင်ချိန်ရောက်ပြီလား၊" (WeeklyNewsDigest 17032024) DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်ကောင်စီအရှုံးကိုလက်ခံ အလံဖြူထောင်ချိန်ရောက်ပြီလား၊ ကရင်၊ ကချင်၊ ရခိုင်နဲ့ နိုင်ငံတဝန်း စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Mar 17, 2024•29 min
စစ်မှုထမ်းဥပဒေဆိုင်ရာ လူစာရင်းကောက်ယူတာ၊ ဆင့်ခေါ်တာတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်နေတာကြောင့် လူငယ်တွေနဲ့ မိသားစုတွေအကြားမှာ စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။ နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့တာပါ။
Mar 16, 2024•4 min
မြန်မာစစ်တပ်ကို လေယာဉ်ဆီ တင်ပို့ရောင်းချတာနဲ့ သယ်ယူပို့ဆောင်ရေးမှာ အာမခံပေးနေမှုတွေကို ဖြတ်တောက် တားဆီးပိတ်ဆို့ပေးဖို့ တကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို မတ်လ တလလုံး ပြုလုပ်သွားဖို့ ရှိနေပါတယ်။ စစ်ရေးရှုံးနိမ့်မှုတွေ များလာတဲ့ စစ်ကောင်စီက လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုက ပိုဆိုးလာနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေကလည်း မြင့်တက်လာနေပါတယ်။
Mar 16, 2024•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံရဲ့ လူဦးရေ ၃ ပုံ ၁ ပုံဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့သတင်း -ရန်ကုန်နဲ့ မန္တလေးမှာ စစ်မှုထမ်းရမယ့်လူစာရင်းတွေ စတင်ကောက်ခံနေတဲ့သတင်းနဲ့ -မြန်မာနိုင်ငံမှာ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်တွေကို စစ်ကောင်စီချိုးဖောက်နေတာ ILO က စုံစမ်းစစ်ဆေး တွေ့ရှိတဲ့သတင်းတွေကို နားဆင်ကြရမှာပါ
Mar 15, 2024•6 min
အာဏာသိမ်းပီး၃ နှစ်တာအတွင်းမှာ မြန်မာနိုင်ငံနေရာအနှံ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၈၀ ထိရှိလာပြီး စစ်ကိုင်းတိုင်းထဲမှာတော့ ၂၇ မြို့နယ်နဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်၊ ဝေဝေ ပေးပို့ထားပါတယ်၊
Mar 15, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်သင်တန်း အဓမ္မတက်ခိုင်းပြီး ရှေ့တန်းပို့ခံရတဲ့ ရိုဟင်ဂျာတွေ အလောင်းပဲပြန်ရတဲ့ သတင်း -သံလွင်မြစ်ပေါ် ရေကာတာတည်ဆောက်မှု ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့သတင်းနဲ့ -နိုင်ငံတဝန်း မြို့နယ်ပေါင်း ၈၀ ကို စစ်ကောင်စီက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ သတင်းတွေနားဆင်ရဖို့ရှိပါတယ်။
Mar 14, 2024•5 min