DVB News
Last refreshed: ⓘ

Episodes
ထိုင်းနယ်ခြားစောင့်တပ်ရဲချုပ်ရဲ့ ညွှန်ကြားချက် ထိုင်းမြန်မာနယ်စပ်ခိုလှုံသူမြန်မာများ စိုးရိမ်
ရာဇဝတ်မှုမျိုးစုံကိုကာကွယ်တားဆီးဖို့ ထိုင်းနယ်ခြားစောင့်တပ် ရဲချုပ်ရဲ့ ညွှန်ကြားချက် အရေးပေါ် ပေးပို့ထားတဲ့ အတွက်ကြောင့် ထိုင်းမြန်မာနယ်စပ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။ ဒီသတင်းကိုဝေဝေပေးပို့ထားတာပါ။
DVB Newsbreak ( ၁၃ မတ် ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရခိုင်ပြည်နယ် မင်းပြားမှာ အရပ်သား ၃၀ ကျော်ကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သတင်း - ဘုံရည်မှန်းချက်ပန်းတိုင်ရောက်ရေးပိုမိုကြိုးပမ်းသွားမယ်လို့ မြန်မာ့လူ့အခွင့်ရေးနေ့မှာ NUG က ကြေညာလိုက်တဲ့သတင်းနဲ့ -ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်လာတဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံ နေရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင် အေအေ သိမ်းယူထားတဲ့မြို့ ၉ မြို့အထိ ရှိလာ
ရမ်းဗြဲမြို့ကိုအပြီးသတ် သိမ်းပိုက်လိုက်ပြီးတဲ့နောက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အေအေ သိမ်းယူ ထားတဲ့မြို့က ၉ မြို့အထိ ရှိလာပါတယ်။ လက်ရှိမှာတော့ ထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလည်း ရှိနေနိုင်သေးတာကြောင့် စိုးရိမ်နေရဆဲလို့ ဒေသခံတွေက ပြောပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။
DVB Newsbreak ( ၁၂ မတ် ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အရပ်သားနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်း -ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရွှံ့နွံကန် ပြိုကျပြီး လူ ၂၀ ကျော် သေဆုံးသွားတဲ့သတင်းနဲ့ -မြန်မာနိုင်ငံတဝန်းမှာ ဆယ်တန်းစာမေးပွဲဖြေဆိုသူ ၁ သိန်းကျော်လောက်ပဲရှိတဲ့အထိ စံချိန်တင် လျှော့နည်းကျဆင်းသွားတဲ့သတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။...
DVB Newsbreak ( ၁၁ မတ် ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တက္ကသိုလ်ဝင်စာမေးပွဲတွေ စတင်ကျင်းပနေရာမှာ ဖြေဆိုသူ နည်းပါးနေတဲ့သတင်း -မြဝတီ သင်္ကန်းညီနောင်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး အလယ်ဘိုတဲစခန်းကုန်းကနေ စစ်ကောင်စီတပ်တွေ စွန့်ခွာ ထွက်ပြေးသွားတဲ့သတင်းနဲ့ -မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချမှုပိတ်ပင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု စတင်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ပြင်ပေမယ့် ရွေးကောက်ပွဲ မဖြစ်လာနိုင်သေး
ကန့်သတ်ချက်တွေများနေတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြန်ပြင်ဆင်တဲ့ နည်းဥပဒေ ထွက်ရှိလာပြီ ဖြစ်တာကြောင့် မှတ်ပုံပြန်တင်မယ့် နိုင်ငံရေးပါတီအသစ်တွေအတွက် လုပ်သာကိုင်သာ ရှိသွားပေမယ့် ဒီနှစ်ထဲမှာတော့ ရွေးကောက်ပွဲက ဖြစ်လာဦးမှာ မဟုတ်သေးဘူးလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားပါတယ်။
"ကူမင်း၊ ဘန်ကောက်၊ မဲလ်ဘုန်းဆွေးနွေးပွဲနဲ့ မြန်မာ့အရေး" (WeeklyNewsDigest 10032024)
DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ မအောင်မြင်တဲ့ ကူမင်းဆွေးနွေးပွဲ၊ ဘန်ကောက်မြန်မာ့အရေးဆွေးနွေးပွဲနဲ့ အာဆီယံ-ဩစတြေးလျထိပ်သီးအစည်းအဝေး၊ စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို အပြိုင်လေလံဆွဲရန် လျှောက်ထားရသည့် အဆင့်ရောက်နေ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေးနဲ့ အပြိုင် လေလံဆွဲဖို့ လျှောက်ထားရတဲ့အဆင့်ကို ရောက်နေပြီး စစ်ကောင်စီရဲ့ အပြုအမူဟာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ https://burmese.dvb.no/post/642036
ကောလင်းနှင့် ကနီတွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ရှောင်ဦးရေ ပိုများလာ
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့မှာ မတ်လ ၂ ရက်ကစပြီး ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး စစ်ရှောင်ပြည်သူအရေအတွက် တနေ့တခြား ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ကောလင်းမြို့ကို ပြန်သိမ်းပြီးနောက် မြို့ရဲ့ ၇၀ ရာခိုင်နှုန်းထက်မနည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့မှာတော့ ကာကွယ်ရေးအဖွဲ့တွေက ကောလင်းမြို့ပေါ် ရပ်ကွက်တွေက စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ကောလင်းဒေသခံတဦးက “ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲပြန်ဖြစ်တာတွေ ရှိတယ်ဗျ။ ၃ လပ...
DVB Newsbreak ( ၈ မတ် ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နွေဦးတော်လှန်ရေးကာလ စစ်အာဏာသိမ်း ၃ နှစ်အတွင်း အမျိုးသမီး ၁၁၀၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ NUG က ပြောလိုက်တဲ့သတင်း -ကချင်ပြည်နယ် ဒေါ့ဖုန်းယန်ရှိ ခလရ ၁၄၂ စစ်ကောင်စီ တပ်ရင်းတရင်းလုံး ကေအိုင်အေထံ လက်နက်ချသွားတဲ့သတင်းနဲ့ -ကရင်ပြည်နယ် မြဝတီ သင်္ကန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းတွေကို ကေအန်ယူက တိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်...
DVB Newsbreak ( ၇ မတ် ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ဖို့ အာဆီယံ-ဩစတြေးလျ ပူးတွဲထုတ်ပြန်တောင်းဆိုလိုက်တဲ့သတင်း -ရခိုင်ပြည်နယ်မှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃ သိန်းခွဲရှိလာတဲ့သတင်းနဲ့ -မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ စစ်ကောင်စီစခန်းတွေကို ကေအိုင်အေက တိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Newsbreak ( ၆ မတ် ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -TNLA သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ညမထွက်ရအမိန့် ပယ်ဖျက်လိုက်တဲ့သတင်း -တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး စစ်တွေမြို့ခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတဲ့သတင်းနဲ့ -ထိုင်းဗီဇာအခကြေးငွေယူပြီး မသမာမှုပြုလုပ်ပါက တိုင်ကြားနိုင်တယ်လို့ ထိုင်းသံရုံးက ထုတ်ပြန်လိုက်တဲ့သတင်း
DVB Newsbreak ( ၅ မတ် ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အကြမ်းဖက်မှုရပ်တန့်ပြီး မတရားဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို ဩစတြေးလျနဲ့ စင်ကာပူက ပူးတွဲ တောင်းဆိုလိုက်တဲ့သတင်း -မြန်မာအမျိုးသမီးရှေ့နေတဦး အမေရိကန်ပေးတဲ့ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု ရရှိတဲ့သတင်းနဲ့ -မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ် ၃ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Newsbreak ( ၄ မတ် ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်မရတဲ့သတင်း -ပြည်ထောင်စုထဲက သီးခြားခွဲထွက်ဖို့ ဆန္ဒမရှိဘူးလို့ အေအေက ပြောကြားလိုက်တဲ့သတင်းနဲ့ -တရားရုံးလျှို့ဝှက်စာတွေ ပြင်ပ မပေါက်ကြားဖို့ စစ်ကောင်စီဥပဒေရေးရာဝန်ကြီးက သတိပေးလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်တပ်မတက်ရောက်
ထိုင်းနိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းစစ်တပ်ကိုယ်စားလှယ်တချို့ အစီအစဉ်အတိုင်းမတက်ရောက်ဖြစ်ခဲ့ပါဘူး။ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကိုထွက်ပြေးလာမယ့် လူငယ်တွေကို အကာအကွယ်ပေးဖို့ အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက အိတ်ဖွင့်စာပေးပို့တောင်းဆိုခဲ့ပါတယ်။ ဒီသတင်းကို ဒီဗွီဘီသတင်းထောက် သုတချမ်းသာပေးပို့ထားပါတယ်။
"ဆေးရုံများကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှု" (WeeklyNewsDigest 03032024)
DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှု၊ ကရင်နီစစ်ပွဲသတင်းယူရတဲ့ အတွေ့အကြုံ၊ ကိုရီးယားက ဆရာဝန်သပိတ် စတာတွေပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
စစ်မှုထမ်းဥပဒေကျင့်သုံးမှု စစ်အာဏာရှင်တပ်ပျက်ရန် အစပျိုးခြင်းဖြစ်ဟုဆို
အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တာဟာ စစ်အာဏာရှင်တပ်ပျက်ဖို့အတွက် အစပျိုး လိုက်တာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌက ပြောလိုက်ပါတယ်။
DVB Newsbreak ( ၁ မတ် ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြင်သစ်နိုင်ငံခြားရေးအရာရှိတွေမြန်မာ့အရေးဆွေးနွေးတဲ့သတင်း - သတင်းထောက်အပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ် ဝန်ခံလိုက်တဲ့သတင်းနဲ့ - မြန်မာကျောင်းသား ၁၀၀၀ ကျော်အတွက် အမေရိကန်က ပညာသင်ဆုပေးမယ့်သတင်းတွေကို နားဆင်ရမှာပါ။
မြေမြုပ်မိုင်း အန္တရာယ်ကြောင့် လယ်ယာစိုက်ပျိုးဖို့အခက်အခဲတွေကြုံနေရ
ဂန့်ဂေါမြို့နယ်က ပြည်သူတွေဟာ မြေမြုပ်မိုင်း အန္တရာယ်ကြောင့် လယ်ယာစိုက်ပျိုးဖို့အခက်အခဲတွေကြုံနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို လင်းအိမ်ပေးပို့ထားတာပါ။
ကလေးတက္ကသိုလ်ဆရာနဲ့ကျောင်းသားတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်
PDF တွေကယ်ထုတ်ထားတဲ့ ကလေးတက္ကသိုလ်ဆရာနဲ့ကျောင်းသားတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက် ထားပြီး ပြည်သူအားလုံးက ဒေသကိုစောင့်ကြည့်ပေးဖို့ ကလေးမြို့လူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီကပြော ပါတယ်။ မန္တလေးနဲ့ ပြင်ဦးလွင်ကိုလက်မလွှတ်ရရေးအတွက် စစ်ကောင်စီက မတ္တရာမြို့နယ်မှာ အင်အားတိုးမြှင့်ချ ထားပြီး ပစ်ခတ်သတ်ဖြတ်တာတွေဆက်တိုက်ပြုလုပ်နေပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။
DVB Newsbreak ( ၂၉ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့သတင်း -စစ်တွေမှာ ရေတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားတွေသေဆုံး ဒဏ်ရာရခဲ့တဲ့တသင်းနဲ့ -မြဝတီနယ်စပ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ပြန်လွှဲပေးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Newsbreak ( ၂၈ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ကလေးတက္ကသိုလ် ဆရာနဲ့ ကျောင်းသား ၁၄၀ ကျော်ကို လုံခြုံရာမှာ ကယ်ထုတ်ထားတယ်လို့ NUG ပြောဆိုလိုက်တဲ့သတင်း စစ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ဆေးရုံ ဆေးခန်း ၃၀၀ ကျော်ပျက်စီးပြီး ကျန်းမာရေး လုပ်သား ၁၀၀ ကျော် အသတ်ခံရတဲ့သတင်းနဲ့ ကျောက်ဖြူ ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီတပ်က အဓမ္မခေါ်သွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ။...
ကလေးတက္ကသိုလ် ဆရာနှင့် ကျောင်းသား ၁၄၀ ကျော်ကို လုံခြုံရာနေရာ၌ ကယ်ထုတ်ထားဟု NUG ပြော
ကလေးတက္ကသိုလ် ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ၁၄၀ ကျော်ကို ဘေးကင်းလုံခြုံတဲ့နေရာမှာ ကယ်ထုတ်ပေးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဗွီဘီကို ပြောပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။
DVB Newsbreak ( ၂၇ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ကျပ် ၂သောင်း တန်တွေ ထွက်ရှိမယ့်သတင်း မဟုတ်မှန်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ကြေညာလိုက်တဲ့သတင်း -အာဏာရှင်ပြုတ်ကျတဲ့အထိ ပြည်သူအားလုံးနဲ့ ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ SSPP/SSA ပြောကြားလိုက်လိုက်တဲ့သတင်းနဲ့ ပဲခူးတိုင်း ပြည်ခရိုင်နဲ့ သာယာ၀တီခရိုင်တွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ အဖမ်းခံရသူတွေထဲက ၃၀ ကျော်လောက်က စစ်ကြောရေးတွေမှာ အသတ်ခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ...
DVB Newsbreak ( ၂၆ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -၃ နှစ်ကျော်အတွင်း စစ်ခေါင်းဆောင်က စစ်ကောင်စီအုပ်ချုပ်ရေးထိပ်ပိုင်းနေရာ ၁၅၀ ကျော်ကို ဖြုတ်ထုတ်ခန့် ပြုလုပ်ခဲ့တဲ့သတင်း -ယူရေနီယံ အရောင်းအဝယ်ကိစ္စ ယာကူဇာဂိုဏ်းခေါင်းဆောင်နဲ့ ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ RCSS ဥက္ကဋ္ဌ စဝ်ယွက်စစ်က ငြင်းဆိုလိုက်တဲ့သတင်းနဲ့ -တက္ကသိုလ်ကျောင်းသားတွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတဲ့သတင်းတွေ နားဆင်ရမှာပါ
ထိုင်းနိုင်ငံကိုသွားမယ်ဆိုရင်... ဘာတွေပြင်ဆင်သင့်လဲ? - DVB Interview
"မိဘအခြေအနေအရ၊ လုပ်ငန်းသဘာဝ အခြေအနေအရ သူတို့နေနိုင်သလောက် တိုင်းပြည်ထဲမှာ နေမယ်ဆိုတဲ့ လူငယ်လူတန်းစားတရပ် ရှိနေတယ်။ ဒါပေမယ့် အဲဒီလူငယ် လူတန်းစားကိုပါ အတင်းကို လက်နက်ကိုင်တော်လှန်ရေးကြီးထဲကို တွန်းပို့ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားဘဝကို တွန်းပို့သလိုမျိုးလို့ ကျနော့်အနေနဲ့ တွေ့နေရတာပေါ့ဗျာ" ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်တဲ့အကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က အမိန့် ထုတ်ပြန် ကြေညာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းက လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံဘက်ကို တရားဝင်ရော တရားမဝင်ပါ သွား...
"ယူရေနီယံ၊ SSA နဲ့ ဂျပန်ယာကူဇာ" (WeeklyNewsDigest 25022024)
DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ် "ယူရေနီယံ ရောင်းလိုတဲ့ SSA နဲ့ ဂျပန်ယာကူဇာ၊ ရိုဟင်ဂျာကို နိုင်ငံသားပေးပြီး စစ်မှုထမ်းခိုင်းတဲ့ စစ်ကောင်စီရဲ့အကြံ၊ ထိုင်းကိုထွက်ခွာနေကြတဲ့ မြန်မာလူငယ်တွေ စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီတပ်က ကောလင်းမြို့၏ ၄ ပုံ ၃ ပုံနီးပါးကို မီးရှို့ဖျက်ဆီး
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရဲ့ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး ခါမ်းပါတ်မြို့ကိုလည်း ပြန်သိမ်းနိုင်ဖို့ စစ်ကောင်စီတပ်က ပြောက်ကျားစနစ်နဲ့ ထပ်မံထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူထားတဲ့ ကောလင်းမြို့မှာ မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် မြို့တွင်းက အဆောက်အအုံ ၇၀ ရာခိုင်နှုန်းလောက်ထိ ပျက်စီးသွားပြီး စစ်တပ်က မြို့တွင်းမှာ အထိုင်စခန်းတွေ ပြန်တည်ဆောက်နေကာ လက်နက်လူသူအင်အားအခိုင်အမာဖြစ်အေ...
DVB Newsbreak ( ၂၃ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ လောင်းကစားရုံကို စစ်တပ်က ဝင်ရာက်စီးနင်းပြီး လူ ၄၀၀ ကျော်ကို ဖမ်းဆီးလိုက်တဲ့သတင်း -မကွေးတိုင်းမှာ Grade 9 စာမေးပွဲ မေးခွန်းပေါက်ကြားလို့ ဖြေဆိုမှုရပ်နားထားလိုက် ရတဲ့သတင်းနဲ့ -ကြည့်ရှုဖို့ မသင့်တော်တဲ့ တေးသီချင်းဗီဒီယို ရိုက်ကူးသရုပ်ဆောင်ပါက အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ...