DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ကျုံးထည့်ရမှာပဲ၊ ဒီတခါတော့ သည်းညည်းမခံနိုင်တော့ဘူး” KNU ပြောခွင့်ရ ပဒိုစောတောနီး

တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ခလရ ၂၇၅ တပ်ရင်းအတွင်း စစ်ကောင်စီတပ်က ကရင်အမျိုးသားတပ်မတော် (KNA) ရဲ့ အကူအညီနဲ့ စစ်ကောင်စီက ကရင်အမျိုးသားအလံကို ဖြုတ်ပြီး စစ်ကောင်စီအလံ ပြန်လွှတ်ထူခဲ့မှုအပါအဝင် မြဝတီနောက်ဆုံးရ အခြေအနေတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို DVB မှ နော်နိုရင်းက မေးမြန်းထားပါတယ်။ ⁠

Apr 25, 20245 min

DVB Newsbreak ( ၂၄ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြဝတီ ခလရ ၂၇၅ တပ်ရင်းအတွင်း KNA တပ်ဖွဲ့အကူအညီနဲ့ စစ်ကောင်စီအလံ လွှင့်တင် -သင်္ဃန်းကျွန်း အောင်ရတနာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီက ပိတ်သိမ်းခိုင်းနေတဲ့သတင်းနဲ့ -ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက် ၁၇၀ ကျော်ကို စစ်ကောင်စီက ရေတပ်သင်္ဘာနဲ့ နေရပ်ပြန်ပို့ပေးခဲ့တဲ့ သတင်း

Apr 24, 20245 min

အမ်းမြို့တွင် တိုက်ပွဲဆက်ပြင်းထန်၊ ပိတ်မိနေသူတွေလည်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးမှုရှိ

ပြည်မထွက်ပေါက်မြို့ဖြစ်သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို ပိတ်မိနေသူတွေလည်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးမှုတွေပါ ကြုံနေရပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။

Apr 24, 20243 min

အီရတ်တွင် ရောင်းစားခံရသည့် အမျိုးသမီး ၆ ဦး အကူအညီ မရသေး

အိမ်အကူ အလုပ်လုပ်ရမယ်ဆိုကာ ဒူဘိုင်းကို သွားရောက်ခဲ့တဲ့ မြန်မာအမျိုးသမီး ၆ ဦးဟာ အီရတ်နိုင်ငံမှာ ရောင်းစားခံနေရပြီး အခက်အခဲတွေကြောင့် မြန်မာနိုင်ငံကို ပြန်လာချင်ပေမဲ့ လက်ရှိအချိန်ထိ အကူအညီ မရသေးဘူးလို့ သိရပါတယ်။

Apr 24, 20244 min

DVB Newsbreak ( ၂၃ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဝင်စာကို နေပြည်တော်အချုပ်ထောင်မှာသာ လက်ခံတဲ့သတင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို စစ်ကောင်စီက အနားပေးလိုက်တဲ့သတင်းနဲ့ -ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၁၀၀ လောက်သေဆုံးတဲ့သတင်းတွေနားဆင်ရဖို့ရှိပါတယ်

Apr 23, 20245 min

DVB Newsbreak ( ၂၂ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြဝတီတိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေ -ခါမ်းပါတ်မြို့နဲ့ အနီးဝန်းကျင်နေရာ ၄ ခုကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့သတင်းနဲ့ -ကရင်နဲ့ ကရင်နီပြည်နယ်တွင်း သတင်းရယူမှုကို စည်းကမ်းတင်းကျပ် ကန့်သတ်လိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ။

Apr 22, 20245 min

"ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ နေရာပြောင်းရွှေ့မှု နောက်ကွယ် "၊ (WeeklyNewsDigest 21042024)

DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦဝင်းမြင်တို့ကို ထောင်မှနေရာပြောင်းရွေ့မှုနောက်ကွယ်၊ မြန်မာ့နှစ်သစ်ကူးအကျဉ်းသား ၃၃၀၃ ဦး လွတ်ငြိမ်းခွင့်၊ အစ္စရေးနှင့်အီရန်တိုက်ပွဲ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Apr 21, 202430 min

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန်

မိခင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အကျဉ်းထောင်ကနေ နေရာရွှေ့ပြောင်းလိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေကိုပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်လိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကင်မ်အဲရစ်က “ကျနော့်ဆီကို ကိုယ်တိုင်ကိုယ်ကျ ဘယ်သူမှ အသိပေးတာ မရှိပါဘူး။ ဘယ်သူမှ ဘာမှ မပြောပါဘူး။ သတင်းတွေထဲကနေပဲ သိရတာ...

Apr 20, 20243 min

DVB Newsbreak ( ၁၉ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို -ဒုချုပ်စိုးဝင်း နေပြည်တော်စစ်ဆေးရုံမှ ပြောင်းရွှေ့ ဆေးကုသမှုခံယူနေရ -ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန်လိုက်တဲ့သတင်းကို နားဆင်ရမှာ

Apr 19, 20245 min

DVB Newsbreak ( ၁၈ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ လျှို့ဝှက်နေရာကို ပြန်ပို့ပြီး အကျဉ်းချထားတဲ့သတင်း -KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးလိုက်တဲ့ သတင်းနဲ့ -စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ဦး ဘင်္ဂလားဒေ့ရှ်ဘက် ထပ်မံထွက်ပြေးသွားတဲ့သတင်းတွေ နားဆင်ရမှာပါ

Apr 18, 20245 min

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတကို ဘယ်နေရာမှာပြောင်းထားတယ်ဆိုတာ အတည်မပြုနိုင်သေး

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတကိုဘယ်နေရာမှာပြောင်းထားတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ နေပြည် တော်အချုပ် ထောင်နဲ့နီးစပ်သူတယောက်ကပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။

Apr 18, 20244 min

DVB Newsbreak ( ၁၇ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်မှ နေရာ ပြောင်းရွှေ့လိုက်တဲ့သတင်း -မြန်မာ့နှစ်သစ်ကူးမှာ အကျဉ်းသား ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့သတင်းနဲ့ -တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင် MSF ရုံးနဲ့ ဆေးသိုလှောင်ခန်း မီးလောင်ပျက်စီးသွားတဲ့သတင်းတွေ နားဆင်ရမှာပါ

Apr 17, 20245 min

DVB Newsbreak ( ၁၆ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ပြင်ဦးလွင် DSA ကျောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ခေါင်းဆောင် သင်္ကြန်မဏ္ဍပ်ကို သွားလာခြင်းမရှိဘဲ အိမ်တွင်းပုန်းနေတဲ့သတင်း -အချိန်အခါမဟုတ်မိုးရွာ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးဇလက သတိပေးထားတဲ့သတင်းနဲ့ -စစ်ကောင်စီက လမ်းကြောင်းတွေ ပိတ်ဆို့ထားလို့ စစ်တွေနဲ့ ကျောက်ဖြူဒေသခံတချို့ မြို့တွင်း ပိတ်မိနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Apr 16, 20245 min

DVB Newsbreak ( ၁၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မန္တလေး မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် မိုင်းကွဲပြီး ၁၂ ဦးဒဏ်ရာရ -ပြင်ဦးလွင် DSA စစ်တက္ကသိုလ် ရှော့တိုက်ဒုံးနဲ့ ထပ်မံတိုက်ခိုက်ခံရ -မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးပြန်လွတ်မြောက်လာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Apr 15, 20245 min

"နေလုံးဝကြတ်ရင် အာဏာရှင်တွေသေတတ်တယ်" (WeeklyNewsDigest 14042024)

DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ "နေလုံးဝကြတ်ရင် အာဏာရှင်တွေသေတတ်တယ်"၊ "လွတ်မြောက်နယ်မြေ ဖြစ်သွားတဲ့မြဝတီ"၊ "ကုလအထူးသံတမန်သစ်အလုပ်ဖြစ်မလား" စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Apr 14, 202430 min

အမေရိကန်နိုင်ငံခြားရေး အဆင့်မြင့်အရာရှိနှင့် NUG ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့ နယ်မြေတွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို အကူအညီပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် တာဝန်ရှိသူက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Apr 13, 20244 min

DVB Newsbreak ( ၁၂ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာ တဲ့သတင်း -အမေရိကန်နိုင်ငံခြားရေး အဆင့်မြင့်အရာရှိနှင့် NUG ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး တဲ့သတင်းနဲ့ အမ်းအခြေစိုက် နပခကို AA တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ဦး သေဆုံးကာ သံဖြူဇရပ် ရဲစခန်း ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးတဲ့သတင်းတွေကို နားဆင်ရမှာပါ။

Apr 12, 20245 min

၁၅ နှစ်တာကာလအတွင်းမှာ ရခိုင်တော်လှန်ရေးသမိုင်းတစ်လျှောက်မှာ စံထားရမယ့် အောင်မြင်မှုတွေရယူထားနိုင်

အာရက္ခတပ်တော် (AA) ဟာ ၁၅ နှစ်တာကာလအတွင်းမှာ ရခိုင်တော်လှန်ရေးသမိုင်းတစ်လျှောက်မှာ စံထားရမယ့် အောင်မြင်မှုတွေကို ရယူထားနိုင်ပြီး နိုင်ငံရေးအရလည်း ဦးဆောင်နိုင်တဲ့ ရင့်ကျက်မှုတွေရှိနေပြီလို့ နိုင်ငံရေးအသိုင်း အဝိုင်းကပြောပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။

Apr 12, 20244 min

DVB Newsbreak ( ၁၁ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ၊ လုံခြုံရေးတိုးမြှင့်ထားတဲ့ -မြဝတီ ခလရ ၂၇၅ တပ်မမှူး အပါအဝင် တပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက်ထွက်ပြေးဖို့ ကြိုးပမ်းနေတဲ့သတင်းနဲ့ -မြန်မာတိုက်လေယာဉ်များကို ထိုင်းပိုင်နက်ထဲပျံသန်းခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်း

Apr 11, 20246 min

DVB Newsbreak ( ၁၀ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာစစ်ဘေးရှောင် ၁ သိန်းလောက်ထိ ယာယီလက်ခံဖို့ ပြင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတဲ့သတင်း -၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းဖို့ NUCC ပြည်သူ့ညီလာခံက ဆုံးဖြတ်လိုက်တဲ့သတင်းနဲ့ -လွယ်ဂျယ်မြို့စောင့်တပ်ထံမှ ကျပ်သိန်း တသောင်းကျော်ကို KIA က သိမ်းဆည်းရမိတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Apr 10, 20244 min

DVB Newsbreak ( ၉ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံရဲ့အခြေအနေ ထိုင်းအတွက် အလွန်အရေးကြီးနေပြီလို့ အရေးပေါ် အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်တဲ့သတင်း -ပြင်ဦးလွင် စစ်တက္ကသိုလ် (DSA)နဲ့ မြဝတီမြို့ရှိ နောက်ဆုံးကျန် ခလရ ၂၇၅ တပ်ရင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ -မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အပူချိန်ထပ်မံမြင့်တက်ဖို့ရှိနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ...

Apr 09, 20245 min

DVB Newsbreak ( ၈ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာအရာရှိတွေကို ပြန်ခေါ်ဖို့ မဲဆောက်ကို လေယာဉ် စေလွှတ်ခဲ့တဲ့ သတင်း -မြန်မာစစ်ကောင်စီ အင်အားနည်းလာပြီလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်တဲ့သတင်းနဲ့ -ဘူးသီးတောင်တိုက်ပွဲမှာ ထွက်ပြေးနေတဲ့ စစ်ကောင်စီ ဒုတပ်ရင်းမှူးကို အေအေက ဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေနားဆင်ရမှာပါ

Apr 08, 20245 min

အာဆီယံဒေသတွင်း ကာကွယ်ရေးအရာရှိများဆွေးနွေးပွဲ စစ်ကောင်စီကို တက်ရောက်ခွင့် မပြုဖို့ တောင်းဆို

နယူးဇီလန်နိုင်ငံမှာပြုလုပ်မယ့် အာဆီယံ - နယူးဇီလန် အစည်းအဝေးနဲ့ လာမယ့် မေလထဲမှာ ဗီယင်ကျန်းမြို့မှာ ပြုလုပ်မယ့် အာဆီယံဒေသတွင်း ကာကွယ်ရေးအရာရှိများ ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကို တက်ရောက်ခွင့် မပြုဖို့ အရပ်ဖက် အဖွဲ့အစည်း ၄၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို လိုက်ပါတယ်။ ဟန်န သတင်း ပေးပို့ထားပါတယ်။

Apr 08, 20244 min

"နေပြည်တော်ကိုခြိမ်းခြောက်နိုင်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှု" (WeeklyNewsDigest 07042024)

DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ နေပြည်တော် စစ်အုပ်စုကို စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်နိုင်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှု၊ ကုလလုံခြုံရေးကောင်စီမြန်မာ့အရေးတံခါးဖွင့်ဆွေးနွေးပွဲ၊ မြန်မာစစ်တပ်နဲ့ အမုန်းစကား၊ အပူဒဏ်ခံစားနေရတဲ့ပြည်သူတွေ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Apr 07, 202430 min

ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေး ဆွေးနွေး၊

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်ပြီး ပထမဆုံးအနေနဲ့ တံခါးဖွင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒါဟာ ကောင်းမွန်တဲ့အလားအလာတွေနဲ့ ဖြေရှင်းချက်တွေရလာနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ ဒီဗွီဘီသတင်းထောက် ဝေဝေတင်ဆက်ပေးမှာပါ။ https://burmese.dvb.no/post/646919

Apr 06, 20244 min

DVB Newsbreak ( ၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးဖွင့် ဆွေးနွေးပွဲပထမဆုံးအကြိမ် ကျင်းပတဲ့သတင်း -မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်တဲ့သတင်းနဲ့ -အဆိုတော် မေသူနဲ့ ဟာသသရုပ်ဆောင် အိုကေတို့ကို စစ်ကောင်စီ အမှုဖွင့်အရေးယူ လိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ

Apr 05, 20246 min

DVB Newsbreak (၄ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နေပြည်တော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းသူမဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့သတင်း -ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ လဲလှယ်မယ့်သတင်းနဲ့ -မြန်မာနိုင်ငံမှာ ရာသီဥတု ပူလွန်းလို့ ဖျားနာသူများလာတဲ့သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်

Apr 04, 20245 min

ဆီဆိုင်ပြည်သူများ မြိုထဲပြန်မဝင်သေးဖို့ PNLA သတိပေး

ဆီဆိုင်မြို့မှာ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး မပေါက်ကွဲသေးတဲ့ မိုင်းတွေနဲ့လက်နက်ကြီးတွေ ရှိနေတ ာကြောင့် ပြည်သူတွေ မြို့ထဲကို ပြန်ဝင်တာမလုပ်ကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ပြောပါတယ်။သီဟ သတင်းပေးပို့ထားပါတယ်။

Apr 04, 20243 min

DVB Newsbreak ( ၀၃ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို နယူးဇီလန်က ဖိတ်ကြားတဲ့အပေါ် ဝေဖန်ကန့်ကွက်ခံနေရတဲ့သတင်း -လေးကေ့ကော်အနီး ကန်ကုန်းကာကင်းစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ -ရခိုင်မှာ တလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀ ကျော်သေဆုံး၊ ၈၀ ဒဏ်ရာရသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Apr 03, 20245 min

DVB Newsbreak ( ၀၂ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံပြီး အွန်လိုင်းလောင်းကစားကိစ္စ ဆွေးနွေးခဲ့တဲ့သတင်း -မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်က ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတဲ့သတင်းနဲ့ -ဖျာပုံထောင်မှာ ပစ်ခတ်နှိမ်နင်းမှုကြောင့် နိုင်ကျဉ်းအပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာရသွားတဲ့ သတင်းတွေနားဆင်ကြရမှာပါ

Apr 02, 20245 min
For the best experience, listen in Metacast app for iOS or Android