ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆိုတဲ့သတင်း -စစ်ကောင်စီနဲံ ဆက်နွှယ်နေတဲ့ မြန်မာဘဏ် ၂ ခုနဲ့ ကုမ္ပဏီ ၃ ခုကို သြစတြေးလျက ပိတ်ဆို့ ဒဏ်ခတ်တဲ့သတင်းနဲ့ -တိုင်းပြည်တည်ငြိမ်ရေးနှင့်ရွေးကောက်ပွဲ အကြောင်းပြပြီး စစ်ကောင်စီ ၆ လ သက်တမ်းထပ်တိုးတဲ့တသင်းတွေကို နားဆင်ရမှာပါ။
Feb 01, 2024•6 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဖက်ဒရယ်ယူနစ် အစိုးရတွေ ဖွဲ့စည်းမယ်လို့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက ကြေညာလိုက်တဲ့သတင်း -ကိုးကန့် ကျားဖြန့်ခေါင်းဆောင် ၁၀ ယောက်ကို စစ်ကောင်စီက တရုတ်ရဲလက် အပ်နှံလိုက်တဲ့သတင်းနဲ့ -စစ်အာဏာသိမ်း ၃ နှစ်ပြည့်မှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေ ပိုဆိုးရွားနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးက ပြောကြားလိုက်တဲ့သတင်းတွေ နား...
Feb 01, 2024•5 min
လှုပ်လှုပ်ရှားရှားကမ္ဘာတလွှားအစီအစဉ်ကိုရှုစားနေကြရတာပါ။ ဒီတပတ်မှာတော့ ကမ္ဘာတဝှမ်းက ထူးထူးခြားခြားသတင်းတွေနဲ့အတူတူရကီလေယာဉ်မှုးတွေပါတဲ့ အာကာသခရီးစဉ်၊ အကြမ်းဖက်မှုတွေ ပြင်းထန်လာတဲ့ကာရေဘီယံဒေသတွင်းနိုင်ငံနဲ့ ဓါးစာခံ(ဒဇာခံလို့ဖတ်) အစ္စရေး မိသားစုတွေရဲ့ တောင်းဆိုချက် စတာတွေကို တင်ဆက် ပေးထားပါတယ်ရှင် ။
Jan 31, 2024•15 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ် ပထမဆုံးအကြိမ် တက်ရောက်တဲ့ သတင်း -စစ်ရဟတ်ယာဉ်ပစ်ချခံရမှုမှာ တပ်မမှူးအပါအဝင် ၅ ဦးသေဆုံးသွားတဲ့သတင်းနဲ့ -ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီတွေက မြန်မာစစ်အုပ်စုကို အထောက်အပံ့ပေးနေတဲ့ သတင်းတွေနားဆင်ရမှာပါ
Jan 30, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -ကရင်ပြည်နယ်၊ မြဝတီခရိုင်မှာ စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီး ပစ်ချခံရပြီး ပျက်ကျသွားတဲ့သတင်း - ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ စစ်ကောင်စီတပ်တွေအားလုံး ဆုတ်ခွာသွားတဲ့သတင်း -ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်းနေတယ်လို့ တရုတ်သံအမတ်က ပြောကြားလိုက်တဲ့သတင်းနဲ့ -စစ်ကျွန်အဖြစ်မှ ရုန်းထွက်ကြဖို့ ရန်ကုန်မှာ လူငယ်တွေ ဆန္ဒပြခဲ့ကြတဲ့သတင်းတွေ နားဆင်ကြရမှာပါ...
Jan 29, 2024•6 min
လွိုင်ကော်မြို့တိုက်ပွဲနဲ့ကရင်နီဒေသကတိုက်ပွဲတွေမှာ မျှော်မှန်းထားတဲ့အခြေအနေထိမရောက်သေးပေမယ့် အတိုင်း အတာတခုအ ထိ အားရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက ဒီဗွီဘီနဲ့ တွေ့ဆုံတုန်းမှာ ပြောပါတယ်။ ဒီသတင်းကို သီဟ ကရင်နီပြည်နယ်ကနေ ပေးပို့ထားပါတယ်။
Jan 29, 2024•2 min
DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ကရင်နယ်ခြားစောင့်တပ် BGF ဘယ်လဲ၊ ပြည်ပြေးတပ်နဲ့ ပြေးလမ်းချော်တဲ့လေယာဉ်၊ အဓမ္မစစ်သားစုဆောင်ရေး စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Jan 27, 2024•30 min
ကရင်အချင်းချင်း မတိုက်ခိုက်ချင်တော့တဲ့အကြောင်းနဲ့ စစ်ကောင်စီတပ်ဆီက ရိက္ခာ၊ လစာ ပံ့ပိုးမှုတွေကို မယူချင်တဲ့အကြောင်းတွေကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဒီဗွီဘီကို ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူတို့ ဇန်နဝါရီ ၂၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးတုန်းမှာ BGF ဘက်က အချက...
Jan 27, 2024•2 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -မြန်မာနိုင်ငံအနှံ့ အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာပြီး လျှပ်စီးလက် မိုးကြိုးပစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ မိုးဇလက သတိပေးထားတဲ့သတင်း -မလေးရှားနိုင်ငံ စိုက်ပျိုးရေးခြံတခုမှာ မြေပြိုကျလို့ မြန်မာနိုင်ငံသား ၅ ဦး သေဆုံးသွားတဲ့ သတင်းနဲ့ -စစ်အာဏာသိမ်း ၃ နှစ် အတွင်း အကျဉ်းသား ၉၀၀၀၀ ကျော်လွှတ်ပေးရာ၌ နိုင်ကျဉ်း ၇၀၀၀ ကျော်သာပါဝင်တဲ့သတင်းတွေ နားဆင်ကြရမှာပါ။...
Jan 26, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်တဲ့ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး ဆီဆိုင်မြို့က ဌာနဆိုင်ရာ ရုံးတွေမှာ ပအိုဝ့်အလံတွေ လွှင့်ထူတဲ့သတင်း။ --ရခိုင်ပြည်နယ်အနှံ့ အင်တာနက်ဖြတ်ခံရပြီး ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းတဲ့သတင်းနဲ့ -မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ပြန်လွှတ်ပေးရန် နိုင်ငံတကာရုပ်ရှင်အဖွဲ့များ တောင်းဆိုတဲံသတင်းကို နားဆင်ရမှာ...
Jan 25, 2024•6 min
ကရင်နီမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတချို့က တာဝန်ရှိသူတွေနဲ့ ကနဉီးညှိနှိုင်းသဘောတူညီမှုတွေရှိနေပြီး မကြာခင် တပ်ရင်းလိုက် ဘက်ပြောင်းမှုတွေကို ကရင်နီပြည်နယ်ထဲမှာ အကောင်အထည်ဖော်တော့မယ်လို့ KNDFဘက်က ပြောဆိုပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။
Jan 25, 2024•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -အိန္ဒိယမှာ ပြေးလမ်းချော်ကျခဲ့တဲ့ စစ်ကောင်စီလေယာဉ်ပေါ်က ဒဏ်ရာရတွေသယ်လာတဲံ လူနာတင်ယာဉ် မတော်တဆထပ်မံဖြစ်ပွားခဲ့တဲ့သတင်း -မန့်ဝိန်းကြီးတိုက်ပွဲမှာ တရုတ်ဘက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန် လွှဲပြောင်းပေးတဲ့သတင်းနဲ့ - ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာသန်း ၇၀၀ ကူညီမယ့်သတင်းတွေ နားဆင်ရမှာပါ
Jan 24, 2024•5 min
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အနေနဲ့ အညာဒေသက လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေမှာ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Comma nd) ကောင်းကောင်း မဖော်ဆောင်နိုင်သေးဘူးလို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ကျွမ်းကျင်သူ တွေက သုံးသပ်ပြောဆိုပါတယ်။
Jan 24, 2024•5 min
ပဲခူးတိုင်းထဲမှာ အဓမ္စစစ်မှုထမ်းဖို့အတွက် ဘုန်းကြီးတွေကပါ ဖိအားပေးနေသလို ရွာတိုင်း စစ်မှုးထမ်းဖို့ မဲနိူက်ခိုင်းနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို မင်းညိုကပေးပို့ထားပါတယ်။
Jan 24, 2024•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ် ၆ ဦးကို သေဒဏ်နဲ့ တသက်တကျွန်း အမိန့်ချမှတ်လိုက်တဲ့သတင်း၊ အိန္ဒိယဘက်ထွက်ပြေးတဲ့ စစ်သားတွေကို ပြန်ခေါ်တဲ့ လေယာဉ် ပြေးလမ်းကျော်ကျပြီး ၈ ဦး ဒဏ်ရာရတဲ့သတင်းနဲ့ ဗိုလ်မှူးစောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF စစ်ကောင်စီတပ်ရဲ့ အထောက်အပံ့မယူတော့ဘဲ ခွဲထွက်တဲ့တင်းတွေကို နားဆင်ရမှာပါ။
Jan 23, 2024•6 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... အိန္ဒိယဘက် ထွက်ပြေးလာတဲ့ မြန်မာစစ်သား ၂၇၆ ဦးကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မယ့် သတင်း စစ်ကောင်စီတပ်က ၃ နှစ်အတွင်း ပြည်သူလူထု နေအိမ်ပေါင်း ၈သောင်းလောက်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်းနဲ့ မြန်မာနိုင်ငံဟာ နိုင်ငံကြီးတွေရဲ့ နောက်လိုက်လုပ်လို့မရဘဲ ကိုယ့်မူနဲ့ကိုယ် အခိုင်အမာရပ်တည်ရမယ်လို့ NUG ကပြောကြားလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ...
Jan 22, 2024•6 min
မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲလုပ်လို့လည်းမရသလို အင်အားကြီးနိုင်ငံတွေရဲ့ နောက်လိုက်လည်းဖြစ်လို့မရဘဲ ကိုယ့်ရဲ့မူနဲ့ ခိုင်ခိုင်မာမာ ရပ်တည် လျှောက်လှမ်းကြမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပြောပါတယ်။
Jan 22, 2024•4 min
စစ်ကိုင်းတိုင်း ဒီပဲယင်းနယ်မှာ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တဲ့ NUG တရားရေးအဖွဲ့ဝင်အမျိုးသမီးတဦးအပါအဝင် ပြည်သူ ၄ ယောက်ရဲ့ရုပ်အလောင်း တွေကို တွေ့ရှိခဲ့ပါတယ်။ ရဲစခန်းမှူးဟောင်းရဲ့အကူအညီနဲ့ ဒီပဲယင်း-ရေဦးနယ်က ကျေးရွာတွေကို စစ်ကောင်စီက ညပိုင်းတွေမှာ အလစ်ဝင်ပြီး NUG နဲ့ဆက်စပ်သူတွေကို ရှာဖွေဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။
Jan 22, 2024•3 min
DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ပလက်ဝအပြီး ရခိုင်မြောက်ပိုင်းကို AA ထပ်သိမ်းမလား၊ မွန်ပြည်သစ် ဘယ်လဲ၊ အီရန်စလိုက်တဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲသစ် စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Jan 20, 2024•30 min
၂၀၂၂-၂၃ စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးကောင်းကောင်းမလုပ်နိုင်ဘဲ ကုန်ကြမ်းမရှိတာကြောင့် နိုင်ငံတဝန်း ဆန်စက်၊ ဆီစက်တွေ ရပ်ဆိုင်းထားရတဲ့ အခြေအနေတွေဖြစ်ပေါ်နေသလို နယ်စပ်ကုန်သွယ်ရေး ဂိတ် ၁၄ ခုမှာလည်း ပုံမှန်ကုန်စည်စီးဆင်းမှုမရှိတော့တာကြောင့် တနိုင်ငံလုံး ကုန်သွယ်ပမာဏရဲ့ ၄၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျနေပါတယ်။
Jan 20, 2024•7 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၉ ရက်ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -ကာကွယ်ရေးဦးစီးချုပ်နေရာ လွှဲပေးဖို့ မဘသ ဆရာတော်က စစ်ခေါင်းဆောင်ကို တောင်းဆိုလိုက်တဲ့သတင်း -၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ -ကရင်နီ ရှမ်းနဲ့ တနင်္ဿာရီ ဒေသက သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ အကူအညီတွေ လိုအပ်နေတဲ့ သတင်းတွေနားဆင်ကြရဖို့ရှိပါတယ်။
Jan 19, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၈ ရက်ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -စစ်ကောင်စီတပ်သား ၂၀၀ ကျော် အိန္ဒိယဘက် ထပ်မံထွက်ပြေးသွားတဲ့သတင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပိုမိုဖြတ်တောက်လိုက်တဲ့သတင်းနဲ့ -မိန်းကလေးနဲ့ အမျိုးသမီး ၁၇ ဦးကို လိင်ကုန်ကူးမှုကနေ ကယ်တင်နိုင်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ
Jan 18, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၇ ရက်ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တကျော့ပြန်တိုက်ပွဲပြန်ဖြစ်နေ တဲ့သတင်း -ဝါရင့်နိုင်ငံရေးသမားကြီး မွန်ပြည်သစ်ပါတီဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်နိုင်ထောမွန် ကွယ်လွန်သွားတဲ့ သတင်းနဲ့ -ထိုင်းအစိုးရက မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ရှိနေတဲ့ သတင်းတွေ နားဆင်ရမှာပါ။
Jan 17, 2024•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၆ ရက်ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... နမ့်ဖတ်ကာအနီး စစ်လေယာဉ် ၁ စီးကို ကေအိုင်အေက ပစ်ချလိုက်တဲ့သတင်း -ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်တွေကို ဆန့်ကျင်တဲ့အကြောင်း စစ်ကောင်စီက ကြေညာလိုက်တဲ့သတင်းနဲ့ -ဖျာပုံခရိုင်တရားရုံးက လူငယ် ၁၄ ယောက်ကို PDF လို့ စွပ်စွဲပြီး သေဒဏ်ချမှတ်ခဲ့တဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။
Jan 16, 2024•6 min
ပေါင်းတည်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို PDF တွေ ခိုအောင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီးရှို့ပြီး ဒေသခံ တွေကို ဖမ်းဆီးသွားခဲ့ပါတယ်။ သတင်းကိုမင်းညိုကပေးပို့ထားပါတယ်။
Jan 16, 2024•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -ပလက်ဝဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ ရက္ခိုင့်တပ်တော် ကြေညာလိုက်တဲ့သတင်း၊ -မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော် အေမီဈာန်၊ မော်ဒယ် ဖူးပွင့်ခိုင် အပါအဝင် မြန်မာ အယောက် ၃၀ လောက် ပြန်မလွတ်သေးတဲ့သတင်းနဲ့ -ဟွန်ဒီငွေလွဲ လုပ်ငန်းတွေကို စစ်ကောင်စီက ရှာဖွေဖော်ထုတ် ဖမ်းဆီးနေတဲ့သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ။...
Jan 15, 2024•5 min
DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ လွတ်မြောက်သွားတဲ့ လောက်ကိုင် ၊ အမှတ်တရ ဒေါ်မာမာအေး၊ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီး စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Jan 14, 2024•30 min
စစ်တက္ကသိုလ်တွေတည်ရှိတဲ့ ပြင်ဦးလွင်မြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာအဝေးအထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တပ်တွေ ထိုးစစ်ဆင်ရောက်ရှိနေပြီး ပြည်သူတွေ စစ်ကောင်စီစခန်းတွေနဲ့ဝေးရာမှာနေကြဖို့ မန္တလေး PDF ခေါင်းဆောင်တွေက မေတ္တာရပ်ခံပါတယ်။ ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါတယ်။
Jan 13, 2024•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ယာယီ အပစ်ရပ်ဖို့ သဘောတူညီမှုရသွားတဲ့ သတင်း -မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ ပြန်လည်ရွေးချယ်ခံရတဲ့သတင်းနဲ့ -ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄၀၀ ကျော်ကို မြန်မာဘက်ပြန်ပို့ခဲ့တယ်လို့ အိန္ဒိယစစ်ဦးစီးချုပ်က ပြောကြားလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ
Jan 12, 2024•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ကရင်တိုင်းရင်းသားအခွင့်အရေး နှောင့်ယှက်တားဆီးသူတွေကို ဆန့်ကျင်တော်လှန်ဖို့ ကရင်နှစ်သစ်ကူးနေ့မှာ ကေအန်ယူခေါင်းဆောင်က တိုက်တွန်းလိုက်တဲ့သတင်း -အာဆီယံအထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးတဲ့ သတင်းနဲ့ -မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်တဲ့ သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်။...
Jan 11, 2024•6 min