DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

DVB Newsbreak ( ၂၂ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိလာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း -အီးယူအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ရှားပေးဖို့ အရပ်ဖက် အဖွဲ့အစည်း ၃၅၀ ကျော်က တောင်းဆိုတဲ့သတင်းနဲ့ -မြန်မာနိုင်ငံကနေ နျူးကလီးယားကုန်ကြမ်း အီရန်ထံ ရောင်းချဖို့ ကြံစည်မှုနဲ့ ဂျပန်ယာကူဇာ ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က စွဲချက်တင်လိုက်တဲ့သတင်းတွေ ...

Feb 22, 20246 min

ပြည်သူ့စစ်မှုထမ်း ဥပဒေ တော်လှန်ရေးနယ်မြေတွင်း ထိရောက်မှု ရှိနိုင်မှာဟုတ်

ပြည်သူ့စစ်မှုထမ်းဉပဒေကို အသက်သွင်းလိုက်ပေမယ့် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေ တွေမှာ ထိရောက်မှု ရှိလာနိုင်မှာမဟုတ်ဘူးလို့ တိုင်ရင်းသားတော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။ ဒီဉပဒေအပေါ် ကွဲပြားတဲ့အမြင်တွေရှိနေပေမယ့် လူငယ်တွေအနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ဆန့်ကျင်ကြဖို့ အဖွဲ့အသီးသီးက တိုက်တွန်းထားပါတယ်။ စိုးသူအောင် သတင်းပေးပို့ထားပါတယ်။

Feb 22, 20244 min

DVB Newsbreak ( ၂၁ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အမျိုးသမီးတွေကို စစ်မှုထမ်းအဖြစ် ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီက ပြောလိုက်တဲ့သတင်း -ရိုဟင်ဂျာတွေ စစ်မှုထမ်းရင် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမယ်ဆိုပြီး စစ်ကောင်စီက စည်းရုံးနေတဲ့သတင်း -ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား အယောက် ၆၀၀ လောက်ကို ကယ်ထုတ်ဖို့ ကြိုးပမ်းနေတဲ့ သတင်းတွေ နားဆင်ရမှာပါ...

Feb 21, 20245 min

DVB Newsbreak ( ၂၀ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်အာဏာရှင်စနစ် ဖြုတ်ချရေး ပူးပေါင်းပါဝင်ကြဖို့ ချင်းအမျိုးသားတပ်ဦးက ချင်းအမျိုးသားနေ့မှာ တိုက်တွန်းလိုက်တဲ့သတင်း -မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို တရားဝင်သာလာရောက်ဖို့ ထိုင်းဝန်ကြီးချုပ်က သတိပေးလိုက်တဲ့သတင်းနဲ့ - NUG အစိုးရက နွေဦးထီကို မကြာမီ ပြန်လည် ဖွင့်လှစ်ရောင်းချမယ့်သတင်းတွေနားဆင်ကြရဖို့ ရှိပါတယ်

Feb 20, 20245 min

DVB Newsbreak 5.5 (၁၉ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာပြည် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင်က တရုတ်နိုင်ငံထံက အကူအညီတောင်းခံလိုက်တဲ့သတင်း -မန္တလေးပတ်စပို့ရုံးမှာ တန်းစီနေတဲ့ လူအုပ်ပိမိ အသက်ရှူကြပ်ပြီး အမျိုးသမီး ၂ ယောက် သေဆုံးသွားတဲ့သတင်းနဲ့ -မံစီမြို့နယ်ရှိ စီခမ်းကြီး စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ။

Feb 19, 20245 min

"ပြည်သူမလိုလားတဲ့ စစ်မှုထမ်းဥပဒေ" (WeeklyNewsDigest 17022024)

DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အင်ဒိုနီးရှားရွေးကောက်ပွဲ၊ စစ်မှုထမ်းဥပဒေဂယက်၊ မွန်ပြည်သစ်ပါတီနှစ်ဖွဲ့ကွဲသွားပြီလား စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Feb 18, 202430 min

စစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံရပါက တိုင်ကြားနိုင်ရန် NUG လူ့အခွင့်အရေးဌာန စီစဉ်

ပြည်သူ့ စစ်မှုထမ်းဥပဒေကိုသုံးပြီး ပေါ်တာဆွဲတာ၊ ဖမ်းဆီးခံရတာတွေရှိလာရင် မိသားစုဝင်တွေက တိုင်ကြားစာပေးပို့တာကို လက်ခံနိုင်မယ့် ယန္တရားကို စီစဉ်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။ နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ပြီး နောက်တရက်မှာပဲ မြေပြင်မှာ လူငယ်တွေဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ...

Feb 17, 20244 min

DVB Newsbreak ( ၁၆ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ ကို မြန်မာဘက် ပြန်လွှဲပေးလိုက်တဲ့သတင်း -နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားရာကနေ ပစ်သတ်လိုက်တဲ့ သတင်း -စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပါက ပြည်သူတွေ တိုင်ကြားနိုင်ဖို့ NUG လူ့အခွင့်အရေးဌာနက စီစဉ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Feb 16, 20246 min

လွိုင်ကော်မြို့ ၇၅ ရာခိုင်နှုန်းနီးပါး တော်လှန်ရေးတပ်ပေါင်းစု ထိန်းချုပ်

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ၁၁၁၁စစ်ဆင်ရေးနဲ့အတူ တိုက်ခိုက်နေတာ ၃ လကျော် ရှိလာပြီး မြို့ရဲ့ ၇၅ ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားပါတယ်။ လတ်တလော လွိုင်ကော်မြို့ရဲ့ မြေပြင်အခြေအနေတွေကို သတင်းထောက် သီဟက အနီးကပ် တင်ဆက်ပေးထားပါတယ်။။

Feb 16, 20245 min

DVB Newsbreak ( ၁၅ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -PDF တပ်တွေထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်လိုက်တဲ့သတင်း -စစ်ကောင်စီ ဗိုလ်မှူးချုပ် ၁ ဦးကို အေအေက အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီး ၁ ဦးကို အသေ ရရှိခဲ့တဲ့သတင်း၊ -စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် ရန်ကုန်ရှိ ထိုင်းသံရုံးမှာ ပြည်ပထွက်ဖို့ ဗီဇာလျှောက်ထားသူ အလွန်များပြားနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ။

Feb 15, 20245 min

အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်တော့မယ်လို့ မွန်ပြည်သစ်ပါတီကြေညာ

အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်တော့မယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)က ကြေညာ လိုက်ပါတယ်။ ဒီသတင်းကို ခင်ရူပါက တင်ဆက် ပေးထားပါတယ်။

Feb 15, 20245 min

အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ သတင်းအချက်သိရဖို့ ရေဒီယိုကိုသာ အသုံးပြုလာ

တိုက်ပွဲတွေကြောင့် အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ သတင်းအချက်အလက်တွေ သိရဖို့ အခု နောက်ပိုင်းမှာ ရေဒီယိုကိုသာ အများဆုံး အသုံးပြုနေရပါတယ်။ ဒီသတင်းကို လင်းအိမ်ပေးပို့ထားတာပါ။

Feb 15, 20244 min

DVB Newsbreak ( ၁၄ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့သတင်း -ပြည်သူ့စစ်မှုထမ်းဥပဒေကို လုံးဝလိုက်နာစရာမလိုဘူးလို့ NUG က တိုက်တွန်းလိုက်တဲ့ သတင်းနဲ့ -အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ကြေညာလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Feb 14, 20245 min

DVB Newsbreak ( ၁၃ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာပြည် ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေးဆီပြန်သွားဖို့ အမေရိကန်နဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးတွေက တောင်းဆိုလိုက်တဲ့သတင်း -စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ ကူညီဆောင်ရွက်ပေးသူတွေကို စုံစမ်းအရေးယူမယ်လို့ NUG အစိုးရက ပြောကြားလိုက်တဲ့သတင်းနဲ့ -ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပွဲတွေ ပြည်တွင်းပြည်ပမှာ ကျင်းပကြတဲ့ သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်...

Feb 13, 20245 min

DVB Newsbreak ( ၁၂ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံသားတိုင်း စစ်မှုထမ်းကြဖို့ တာဝန်ရှိကြောင်း စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း -ရခိုင်ပြည်နယ်မှာ စစ်သင်္ဘော ၂ စီးနဲ့ ဇက်ရေယာဉ် ၁ စီးတို့ကို အေအေက တိုက်ခိုက် နှစ်မြှုပ်လိုက်တဲ့သတင်းနဲ့ -အမေရိကန်နဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ၂ ဦး ဝါရှင်တန်မှာတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးဖို့ရှိနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Feb 12, 20244 min

ပြည်သူ့စစ်မှုထမ်း ဥပဒေ ဘယ်လဲ ဘာလဲ

အာဏာသိမ်းစစ်ကောင်စီက အကောင်အထည်ဖော် ကျင့်သုံးတော့မယ့် ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ စစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုင်းဆိုင်ရာ ကြိုတင်စီမံမှုတွေထဲက တခုဖြစ်တယ်လို့ မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတချို့က သုံးသပ်ပါတယ်။

Feb 12, 20248 min

"အိမ်နီးချင်းတိုင်းပြည်တွေဆီ ထွက်ပြေးနေရတဲ့ ပြည်ပြေးစစ်တပ် " (WeeklyNewsDigest 11022024)

DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အိမ်နီးချင်းတိုင်းပြည်တွေဆီထွက်ပြေးနေရတဲ့ ပြည်ပြေးစစ်တပ်၊ ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲ၊ ကရင်နီစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Feb 11, 202429 min

ကောလင်းမြို့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ

ကောလင်းမြို့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ DVB စစ်ကိုင်းတိုင်း၊ ကောလင်းကို ပြန်လည်ရရှိဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ၃ ရက် မြောက် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ စစ် ကောင်စီဟာ စိတ်ဓာတ်စစ်ဆင်ရေးအရ ကောလင်းကိုပြန်လည်ရရှိဖို့ကြိုးစားနေတာဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေက အကောင်းဆုံးဟန့်တားထားနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီဗွီဘီသတင်းထောက် ထက်အောင် သတင်းပေးပို့ထားပါတယ်။

Feb 10, 20243 min

DVB Newsbreak ( ၉ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ရာနဲ့ချီ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့သတင်း -ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေတဲ့သတင်းနဲ့ -ထိုင်း-မြန်မာနယ်စပ်မှာ ယာယီစစ်ရှောင်စခန်း ၃ ခုဖွင့်လှစ်ဖို့ ရှိနေတဲ့သတင်းတွေ နားဆင်ကြရဖို့ ရှိပါတယ်။

Feb 09, 20245 min

ဗုံးကြဲခံခဲ့ရတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက စာသင်းကျောင်း ၂ ကျောင်းက ကလေးငယ်တွေ စိတ်ဒဏ်ခံရ

စစ်ကောင်စီလေတပ်ဲရဲ့ ဗုံးကြဲတိုက်ခိုက်တာခံရတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက စာသင်းကျောင်း၂ ကျောင်းက ကလေးငယ်တွေဟာ အခုအချိန်အထိ စိတ်ထိခိုက်ကြေကွဲနေကြ နေကြတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကို သီဟက ကရင်နီပြည်နယ်ကနေ ပေးပို့ထားပါတယ်။

Feb 09, 20244 min

DVB Newsbreak ( ၈ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံဆိုင်ရာအရေးပေါ်အခြေအနေ အမေရိကန်က ၁ နှစ်သက်တမ်း ထပ်တိုးလိုက်တဲ့သတင်း -ကရင်နီ စစ်ရှောင်မိသားစုဝင် ၇ ဦးကို စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့သတင်းနဲ့ -ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားရှိ စစ်ကောင်စီတပ်ရင်းတွေကို အေအေ သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာဖြစ်ပါတယ်၊

Feb 08, 20246 min

အာဏာသိမ်း ၃ နှစ်အတွင်း ကျောင်းနေအရွယ်ကလေးငယ်နဲ့လူငယ်ပညာသင်ခွင့် ဘယ်လောက်ထိ ဆုံးရှုံးပြီလဲ

အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်းမှာ ပညာသင်ကျောင်းနေအရွယ် ကလေးငယ်နဲ့ လူငယ်တွေရဲ့ ပညာသင်ယူခွင့်တွေ ဘယ်လောက်အထိ ဆုံးရှုံးနေပါလဲ။ ဒီသတင်းကို ဝေဝေက တင်ဆက်ပေးထားပါတယ်၊

Feb 08, 20245 min

DVB Newsbreak ( ၇ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ........ -ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းကို အေအေက တိုက်ခိုက် သိမ်းပိုက် လိုက်တဲ့သတင်း -NUG နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်ထဲ KIO ပါဝင်လာတဲ့သတင်းနဲ့ - လှိုင်သာယာမှာ အထည်ချုပ်အလုပ်သမား ၁၀၀၀ ကျော် အခွင့်အရေးချိုးဖောက်ခံနေရတဲ့ သတင်းတွေ နားဆင်ရမှာပါ။

Feb 07, 20245 min

DVB Newsbreak ( ၆ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ........ -ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးခဲ့ပြီး အရပ်သားပြည်သူတွေ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုရပ်တန့်ဖို့ ၉ နိုင်ငံက တောင်းဆိုလိုက်တဲ့သတင်း -မြန်မာ့ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် လူထုအသံနားထောင်ပြီး ဆက်လုပ်မည်ဟု ဂျပန် နိုင်ငံခြားရေး ဒု-၀န်ကြီးက ပြောကြားလိုက်တဲ့သတင်းနဲ့ -ဒီးမော့ဆိုမြို့နယ်မှာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ စစ...

Feb 06, 20245 min

DVB Newsbreak ( ၅ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ........ ဒီမော့ဆိုမြို့နယ်ရှိ စာသင်းကျောင်း ၂ ကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးဒဏ်ရာရ သွားတဲ့သတင်း -အသံတိတ်သပိတ်မှာပါဝင်ခဲ့တဲ့ အင်းစိန် GTI ကျောင်းသားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီး ရိုက်နှက်ခဲ့တဲ့သတင်းနဲ့ မြန်မာနယ်ခြားစောင့်ရဲ ၇၀ လောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့သတင်း နားဆင်ရမှာပါ...

Feb 05, 20245 min

"မင်းအောင်လှိုင်ဩဇာခံကျားဖြန့် ခေါင်းဆောင်ရဲ့ဇာတ်သိမ်း၊" (WeeklyNewsDigest 04022024)

DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ မင်းအောင်လှိုင်ဩဇာခံ ကျားဖြန့် ခေါင်းဆောင်ရဲ့ ဇာတ်သိမ်း၊ ကာလုံနဲ့ အာဏာသိမ်း ၃ နှစ်ပြည့်၊ တော်လှန်ရေးအလွန် လမ်းပြမြေပုံ စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Feb 04, 202430 min

စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံရေးဆွဲရေး ဆက်လုပ်မည်

စစ်ကိုင်းဖက်ဒရယ်ယူနစ် ဖွဲ့စည်းပုံရေးဆွဲရေးအတွက် အလုံးစုံပါဝင်တဲ့ အစုအဖွဲ့တခုကို မကြာခင်အတည်ပြုသွားမယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက ဒီဗွီဘီကို ပြောပါတယ်။ https://burmese.dvb.no/post/636848

Feb 03, 20244 min

၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေး ဆက်လက် ဆိုးရွားနေဦးမည်ဟု ပညာရှင်များ သုံးသပ်

စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာ ကုန်သွယ်မှုကျဆင်းတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားတာနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ၂၀၂၄ ခုနှစ်မှာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးက အဆိုးဘက်ကို ဆက်လက်ဦးတည်နေဦးမယ်လို့ ပညာရှင်တွေက ခန့်မှန်း သုံးသပ်ပါတယ်။ https://burmese.dvb.no/post/636857

Feb 03, 20244 min

DVB Newsbreak ( ၂ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ .... -ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ညမထွက်အရအမိန့် ထုတ်ပြန်လိုက်တဲ့သတင်း -ချင်းပြည် Chinland အစိုးရဖွဲ့စည်းကြောင်း ကြေညာလိုက်တဲ့သတင်းနဲ့ -စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဖွဲ့စည်းပြီး ဖွဲ့စည်းပုံရေးဆွဲရေး ဆက်လက် လုပ်ဆောင်ဖို့ ရှိနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ။

Feb 02, 20245 min

အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ အသံတိတ်သပိတ်

အာဏာသိမ်း၃ နှစ်ပြည့်နေ့မှာ အသံတိတ်သပိတ်နဲ့ အဖြူရောင်ကန်ပိန်းကို တနိုင်ငံလုံးက ပြည်သူတွေက သွေးမ အေးကြောင်းပြသဖို့ ရတဲ့နည်းနဲ့ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝေဝေပေးပို့ထားပါတယ်၊

Feb 02, 20243 min
For the best experience, listen in Metacast app for iOS or Android