DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီရန် အာဆီယံအထူးကိုယ်စားလှယ်နဲ့ PPST တွေ့ဆုံ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ဖို့ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူ အညီအပြည့်အဝရဖို့အတွက် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို သီးခြားစီတွေ့ဆုံခဲ့တာ လို့ PPST ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။

Jan 11, 20244 min

စစ်ကောင်စီတပ်လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် နတ်သံကွင်းတွင် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီး

နတ်သံကွင်းမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသန်းပစ်ခတ်တာကြောင့် နေအိမ် ၁၀၀ နီးပါးမီးလောင်ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောင်ခန့် သတင်းပေးပို့ထားပါတယ်။

Jan 11, 20242 min

DVB Newsbreak 5.5 ( ၁၀ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -၂၀၂၄ ပထမပတ်အတွင်း စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၅၀ ခန့်သေဆုံးဟု ကုလ ထုတ်ပြန်လိုက်တဲ့သတင်း - ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ ဗိုလ်မှူးချုပ် ၈ ဦးအထိ ဆုံးရှုံး၊ ၄,၀၀၀ ခန့် လက်နက်ချဟု NUG ပြောဆိုလိုက်လိုက်တဲ့သတင်း -တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပလက်ဝမြို့ခံ ထောင်ချီ ထွက်ပြေးနေရကြရတဲ့သတင်းကို နားဆင်ရမှာပါ။

Jan 10, 20246 min

သိန္နီနဲ့ ကွတ်ခိုင်မြို့တွေကို ညီနောင်မဟာမိတ်တပ်တွေက ထိန်းချုပ်

သိန္နီနဲ့ ကွတ်ခိုင်မြို့တွေကို ညီနောင်မဟာမိတ်တပ်တွေက ထိန်းချုပ်ထားလိုက်ပြီလို့ TNLA နဲ့ MNDAA တာဝန် ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အဲဒီမြို့တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနိုင်သေးလို့ ဒေသခံ အများစုကတော့ ပြန်မနေရဲကြသေးပါဘူး။ အပြည့်အစုံကို စိုးသူအောင် သတင်းပေးပို့ထားပါတယ်။

Jan 10, 20243 min

DVB Newsbreak 5.5 ( ၉ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - စစ်ကောင်စီက ဗိုလ်ချုပ် ၂ ဦးနှင့် ဗိုလ်မှူးချုပ် ၂ ဦးကို အရန်အင်အား ပြောင်းရွှေ့၊ ဝန်ကြီး ၃ ဦး ခန့်အပ်လိုက်တဲ့သတင်း -သံဖြူဇရပ် ထွေအုပ်ဒုဦးစီးမှူးနှင့်လုပ်ငန်းရှင် ၂၀ ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်တဲ့သတင်းနဲ့ -မြန်မာဂန္ထဝင် အဆိုတော်ကြီး မာမာအေး ကွယ်လွန် သွားတဲ့သတင်းကို နားဆင်ရမှာပါ။

Jan 09, 20247 min

DVB Newsbreak 5.5 ( ၈ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - မြောက်ဦးမြို့အနီး သင်းကျိတ်တော်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော် လက်နက်ချအညံ့ခံတဲ့သတင်း -မြန်မာဒုက္ခသည်များကို ဆက်လက်ကူညီမလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်သစ်ပြော လိုက်တဲ့သတင်း -အွန်လိုင်းလိမ်လည်မှုဖြိုခွင်းရေး တရုတ်ဝန်ကြီးနှင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးတို့ ဆွေးနွေး တဲ့သတင်း

Jan 08, 20245 min

တမူးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရပြီး အနည်းဆုံး ပြည်သူ ၁၅ ဦး သေဆုံး

တမူးနယ် ကနန်ရွာ နှစ်ခြင်းဘုရားကျောင်းနဲ့ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာကြောင့် ကနဦးသတင်းအရ ကလေးငယ်တွေ အပါအဝင် ရုပ်အလောင်း ၁၅ လောင်း ရရှိထားပြီး ပြည်သူ ၃၀ ဝန်းကျင် ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ ဒီသတင်းကို သုတချမ်းသာ ပေးပို့ထားပါတယ်။

Jan 08, 20243 min

"NUG ရဲ့ တရုတ်မူဝါဒ သုံးသပ်ချက်" (WeeklyNewsDigest 07012024)

DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ လွတ်လပ်ရေးနဲ့ အကျဉ်းသားလွတ်ငြိမ်းခွင့်၊ NUG ရဲ့ တရုတ်မူဝါဒ၊ ဂျပန်ငလျင်စတဲ့ စိတ်ဝင်စားစရာသတင်းတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Jan 07, 202429 min

လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် ပါဝင်

ဇန်နဝါရီ ၄ ရက် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အကျဉ်းသား ၉၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင် ပါဝင်တယ်လို့ DVB အနေနဲ့ စုံစမ်းသိရပါတယ်။

Jan 06, 20244 min

DVB Newsbreak 5.5 ( ၅ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် ဒကစနဲ့ ခလရ -၂၃၉ အားလုံး MNDAA ထံ လက်နက်ချတဲ့သတင်း -ရှမ်းမပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ဗုံးခိုကျင်းပြိုကျပြီး ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ တဲ့သင်း -ပလက်ဝတွင် စစ်ကောင်စီဌာနဆိုင်ရာရုံးများပိတ်၊ ကျန်းမာရေးဝန်ထမ်းများ ထွက်ပြေး သွားတဲ့သတင်း

Jan 05, 20246 min

အာဏာသိမ်းစစ်ကောင်စီက သက်တမ်း ၆ လ ထပ်မံ တိုးယူမယ့်အခြေအနေရှိ

ရွေးကောက်ပွဲပြုလုပ်နိုင်တဲ့ အခင်းအကျဉ်းမဟုတ်သေးတာကြောင့် အာဏာသိမ်းစစ်ကောင်စီက သက်တမ်း ၆ လ ထပ်မံ တိုးယူမယ့်အခြေအနေရှိတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကသုံးသပ်ကြပါတယ်၊ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။

Jan 05, 20243 min

DVB Newsbreak 5.5 ( ၄ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား ၉ထောင်ကျော် ပြန်လွှတ်ပေးလိုက်တဲ့သတင်း -ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်တဲ့သတင်းနဲ့ -၂၀၂၃ ခုနှစ်အတွင်း စစ်တပ်က အစုအပြုံလိုက်သတ်ဖြတ်မှု ၈၆ ခုထိ ကျူးလွန်ခဲ့တယ်လို့ အန်ယူဂျီက အစီရင်ခံစာထုတ်ပြန်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jan 04, 20245 min

DVB Newsbreak 5.5 ( ၃ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို ကေအိုင်အေ ပစ်ချ - ညောင်လေးပင်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူ ၄၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင် -အလုပ်သမား ၁,၀၀၀ နီးပါး လုပ်ကိုင်နေတဲ့ Honor Apparel အထည်ချုပ် ပိတ်သိမ်းမည်

Jan 03, 20244 min

၂၀၂၄ တွင် သတင်းလွတ်လပ်ခွင့် အခြေအနေ ပိုဆိုးရွာလာနိုင်

၂၀၂၃ ခုနှစ်အတွင်း သတင်းလွတ်လပ်ခွင့်ကို စစ်ကောင်စီက နည်းမျိုးစုံသုံး ဖိနှိပ်ခဲ့သလို ၂၀၂၄ မှာလည်း သတင်း လွတ်လပ်ခွင့် အခြေအနေ ပိုဆိုးရွာလာနိုင်တယ်လို့ သတင်းစာဆရာတွေက သုံးသပ်ထားပါတယ်။ ဒီသတင်းကို ဖူးအိအိနွယ် ပေးပို့ထားပါတယ်။

Jan 03, 20245 min

DVB Newsbreak 5.5 ( ၂ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက ရှေ့နေနဲ့ ပေးမတွေ့တဲ့ သတင်း -ကျားဖြန့် အွန်လိုင်းလောင်းကစား ပူးပေါင်းတိုက်ဖျက်ရေးအပါအဝင် တရုတ်နိုင်ငံဆိုင်ရာမူဝါဒကို NUG က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ -လွတ်လပ်ရေးနေ့အတွက် ရန်ကုန် ပြည်လမ်းပိတ်ထားလို့ တက္ကစီသမားတွေ အခက်ကြုံနေရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Jan 02, 20245 min

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဆက်သွယ်ခွင့်မရတာ အချိန် ၁ နှစ်ကျော်ရှိလာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဆက်သွယ်ခွင့်မရတာ အချိန် ၁ နှစ်ကျော်ရှိလာပြီး နောက်ဆုံးအယူခံတင်ခွင့်အဖြစ် တရားသူကြီးချုပ်ဆီတင်တဲ့ ပြည်ထောင်စုတရားစီရင်ရေးပုဒ်မ ၂၀ တခုသာ လုပ်ဆောင်ဖို့ ကျန်တော့တယ်လို့ နေပြည်တော်အချုပ်ထောင်နဲ့နီးစပ်သူကပြောပါတယ်။ သုတချမ်းသာ သတင်းပေးပို့ထားပါတယ်။

Jan 02, 20243 min

၂၀၂၃ ခုနှစ်၌ အချိန်မီဆေးကုသခွင့်မရသဖြင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးသေဆုံး

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ဆေးဝါးကုသခွင့် အချိန်မီ မရခဲ့တာကြောင့် ကွယ်လွန်သွားတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၁၇ ယောက်အထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုက်အဝန်းကနေ သတိရပါတယ်။

Jan 01, 20243 min

"၂၀၂၃ တနှစ်တာသတင်းသုံးသပ်ချက်"  (WeeklyNewsDigest31122023)

DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနဲ့ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားစရာသတင်းတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်

Dec 31, 202330 min

မြန်မာပြည်တွင်း၌ ဆေးဝါးဈေးနှုန်းများ မြင့်တက်

မြန်မာပြည်တွင်းမှာ ဒီဇင်ဘာတတိယပတ်ကစလို့ ဆေးဝါးဈေးနှုန်းတွေ သိသိသာသာ မြင့်တက်နေပြီး နာတာရှည် ရောဂါအတွက် သောက်သုံးရတဲ့ ဆေးဝါးတချို့ ပြတ်လပ်တာတွေနဲ့ ကြုံရတယ်လို့ ဆေးဝါးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။

Dec 30, 20233 min

DVB Newsbreak 5.5 ( ၂၈ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာလ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -မြဝတီမှာရှိတဲ့ အွန်လိုင်းလောင်းကစားငွေလိမ်လုပ်ငန်းတွေကို ပူးပေါင်းနှိပ်နင်းဖို့ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့သတင်း -စစ်ကောင်စီရဲစခန်းနဲ့ တပ်စခန်းတွေကို အေအေနဲ့ TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ သတင်းနဲ့ -နေပြည်တော်မှာ စစ်ဆရာဝန် ဗိုလ်မှူးကြီး တယောက်က သူ့ရဲ့ ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှုဖြစ်ပွားခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ...

Dec 28, 20235 min

ရန်ကုန်တွင် လျှပ်စစ်မီး ယာယီထပ်ပြတ်မည့်အပေါ် ဝေဖန်မှုမြင့်တက်

ဓာတ်အားလိုင်းတွေ ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ကုန်မှာ လျှပ်စစ်မီး ထပ်ပြီး ယာယီပြတ်တောက်မယ်ဆိုတဲ့ ကြေညာချက်အပေါ် လူထုရဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ဖို့အတွက် ဓာတ်အားထုတ်လုပ် ပို့လွှတ်နိုင်မှု ၁၀၀ MW လျှော့ချမှာဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်ကနေ ဇန်နဝါရီ ၂ ရက်ထိ ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်မီး ယာယီပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြေညာထားတာပါ။

Dec 27, 20233 min

DVB Newsbreak 5.5 ( ၂၆ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာလ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -လာမယ့် ၂၀၂၄ ခုနှစ်မှာ နိုင်ငံရေး ရှုပ်ထွေးမှုပိုများလာနိုင်ပြီး ညီညွတ်ရေးတည်ဆောက်ဖို့ အဓိကလိုအပ်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်တဲ့သတင်း -ရိုဟင်ဂျာ နေရပ်ပြန်ရေး ဩစတြေးလျက ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၂၃၅ သန်း ကူညီမယ့်သတင်းနဲ့ -ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေ အတွက် ရန်ပုံငွေရှာ ကမ်ပိန်း စတင်မယ်သတင်းတွေ နားဆင်ကြရဖို့ ရှိပါတယ်။...

Dec 26, 20235 min

၂၀၂၄ တွင် နိုင်ငံရေး ရှုပ်ထွေးမှုပိုများနိုင်၊ ညီညွတ်ရေးတည်ဆောက်ရန် လိုအပ်

လာမယ့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အငြင်းအခုံဖြစ်တာတွေ ရှုပ်ထွေးတာတွေ ပိုများလာနိုင်ပြီး ညီညွတ်ရေးတည်ဆောက်ဖို့က အဓိကစိန်ခေါ်မှုဖြစ်လာမယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

Dec 26, 20236 min

စစ်ကောင်စီနှင့် ညီနောင် ၃ ဖွဲ့ ဒုအကြိမ်ဆွေးနွေးပွဲ ဘာထူးမလဲ

စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေအကြား ဒုတိယအကြိမ် ဆွေးနွေးပွဲ ဘာတွေထူးနိုင်မလဲ လေ့လာသူတွေရဲ့ အမြင်သုံးသပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။

Dec 25, 20234 min

"ဘိန်းနဲ့ မူးယစ်ဆေးမှာ ထိပ်ဆုံးကမြန်မာ" (WeeklyNewsDigest23122023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဘိန်းနဲ့ မူးယစ်ဆေးမှာ ထိပ်ဆုံးရောက်လာတဲ့ မြန်မာ၊ စစ်ဘေးရှောင်အရေးနဲ့ လူသားချင်းစာနာမှုအကူအညီ၊ ဆောင်းရာသီနဲ့ ကိုဗစ်မျိုးကွဲသစ် စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်

Dec 24, 202330 min

ကေအန်ယူနှင့် လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်အထိရှိလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းကို စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းသူ အရာရှိအပါအဝင်တပ်ဖွဲ့ဝင် အယောက် ၁၀၀ ကျော်ရှိသွားပြီလို့ တပ်မဟာ ၆ စစ်ဗျူဟာမှူးက ပြောပါတယ်။ ဒီသတင်းကို အောင်ခန့်ပေးပို့ထားပါတယ်။

Dec 23, 20233 min

DVB Newsbreak 5.5 ( ၂၂ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာလ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း လက်နက်ကြီးထိမှန်ပေါက်ကွဲပြီး ဒဏ်ရာရမည်ကို ရှမ်းမြောက်ဒေသခံများ စိုးရိမ်တဲ့သတင်း -လွိုင်ကော်ထောင်၌ အကျဉ်းသား ၅၀၀ ကျော်ပိတ်မိနေပြီး ဆေးဝါး၊ စားနပ်ရိက္ခာပြတ်နေတဲ့သတင်း -မြဝတီ-မဲဆောက် လမ်းကြောင်းမှ မြန်မာ MOU လုပ်သားစေလွှတ်မှု ယာယီရပ်ဆိုင်းတဲ့သတင်းကို နားဆင်ရမှာပါ။

Dec 22, 20236 min

DVB Newsbreak 5.5 ( ၂၁ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာလ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -ရန်ကုန်မြို့မှာ ဒေါ်လာဈေးတက်လာတာနဲ့အတူ ဆေးဝါးဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတဲ့ သတင်း -YBS ဘတ်စ်ကားတွေ ည ၁၀ နာရီထိ ပြေးဆွဲဖို့ ညွန်ကြားချက်ထုတ်လိုက်တဲ့သတင်းနဲ့ -ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက နမ့်ခိုင် စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်းတွေကို နားဆင်ကြရမှာပါ

Dec 21, 20235 min

DVB Newsbreak 5.5 ( ၂၀ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာလ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -သဘောတူထားတဲ့အတိုင်းဆောင်ရွက်ကြဖို့ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကို တရုတ်နိုင်ငံက တိုက်တွန်းလိုက်တဲ့သတင်း -ကရင်ပြည်နယ်၊ သံလွင်မြစ်ကမ်းဘေးတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို KNU က ပြန်လည်သိမ်းပိုက်ရရှိခဲ့တဲ့သတင်းနဲ့ - အိန္ဒိယနိုင်ငံ မဏိပူရ် အင်ဖာထောင်မှာ အစာငတ်ခံဆန္ဒပြတဲ့ မြန်မာအမျိုးသမီးတွေ ရိုက်နှက်ခံရတဲ့သတင်းတွေကို နားဆင်ကြရမှာပါ။...

Dec 20, 20235 min

DVB Newsbreak 5.5 ( ၁၉ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာလ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့ -မြန်မာပြည် လူဦးရေရဲ့ သုံးပုံတပုံဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်း -အမေရိကန်နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးတာဝန်ရှိသူတွေ မြန်မာ့အရေး ဆွေးနွေးတဲ့သတင်းနဲ့ -နမ့်ခမ်း စစ်ကောင်စီ စခန်းသစ်ကုန်းကို TNLA သိမ်းပိုက်လိုက်ပြီး တရုတ်-မြန်မာနယ်စပ် ရန်လုံကျိုင်းဂိတ်ကို MNDAA က ထိန်းချုပ်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ...

Dec 19, 20235 min
For the best experience, listen in Metacast app for iOS or Android