မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇စစ်ဆင်ရေးလုပ်နေချိန်မှာပဲ တရုတ်နိုင်ငံတော် ကောင်စီဝင်ဟာ နေပြည်တော်ကို လာရောက်ပြီး မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ် ကောင်စီဝင်ရဲ့ ခရီးစဉ်နဲ့ ပက်သက်လို့ထင်မြင်ယူဆက်ချက်တွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပက်သက်လို့ လေ့လာသူတွေရဲ့ အမြင်သုံးသပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။
Nov 02, 2023•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ရှမ်းမြောက်တိုက်ပွဲကိစ္စ တရုတ်ဝန်ကြီးနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်း -ရှမ်းမြောက်တိုက်ပွဲ ငြိမ်းချမ်းစွာဖြေရှင်းဖို့ တရုတ်က တိုက်တွန်းလိုက်တဲ့သတင်းနဲ့ ဘူးသီးတောင်အကျဥ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးထွက်ပြေးလွတ်မြောက်သွားတဲ့ သတင်းတွေ နားဆင်ရမှာဖြစ်ပါတယ်။
Nov 01, 2023•6 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီခံတပ်စခန်း ၇၀ ကျော် သိမ်းပိုက်ခံရတဲ့သတင်း -တရုတ်လုံခြုံရေးဆိုင်ရာဝန်ကြီး မြန်မာနိုင်ငံလာရောက်ပြီး နယ်စပ်ဒေသလုံခြုံရေးကိစ္စ ဆွေးနွေးနေတဲ့သတင်းနဲ့ -ရှမ်းပြည်နယ်ရှိ ပင်းပက် သံမဏိစက်ရုံ စီမံကိန်း ပိတ်သိမ်းဖို့ ဒေသခံတွေက တောင်းဆိုလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 31, 2023•5 min
ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကို ကျော်လာပြီလို့ သျှမ်းလူငယ်အဖွဲ့အစည်းနဲ့ ဒေသခံတွေက ပြောပါတယ်။ စိုးသူအောင် သတင်းပေးပို့ထားပါ တယ်။
Oct 31, 2023•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက စစ်ကောင်စီရဲ့တပ်စခန်း ၆၀ ကျော်ကို သိမ်းပိုက်ထားတဲ့သတင်း -သိန္နီမြို့နယ်မှာ ရွာသားတွေ လက်နက်ကြီးထိမှန်ပြီ ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရတဲ့ သတင်းနဲ့ -ထိုင်းလဝကအရာရှိ လက်မှတ်တုနဲ့ ဝင်ရောက်လာတဲ့ မြန်မာ ၂၀ ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ရမှာပါ
Oct 30, 2023•6 min
အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်း ၆၀ ကျော်ကို မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေက သိမ်းပိုက်ထားပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီသတင်းကို အောင်သူပေးပို့ထားပါတယ်။
Oct 30, 2023•4 min
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ထောင်ဝင်စာနှင့် ဖြတ်စားလာဘ်စား ထောင်အာဏာပိုင်များ၊ ကချင်တော်လှန်ရေး ၆၃ နှစ် ၊ ရုပ်သေးမီဒီယာကောင်စီ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Oct 29, 2023•30 min
ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်တံတား ၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့တို့က စစ်ရေးအဓိကကျတဲ့ နေရာအများအပြားကို သိမ်းပိုက် ချေမှုန်းနိုင်ခဲ့ပြီး အခုအချိန်အထိ စခန်းသိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေ နေရာအနှံ့ ဆက်ဖြစ်နေတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက အောက်တိုဘာ ၂၇ ဒီနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေး ၁၀၂၇ ကို ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ကိုးကန့်၊ တအောင်းနဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် မြောက်...
Oct 28, 2023•5 min
မြန်မာနိုင်ငံမှာ ကျောင်းသားလူငယ်မျိုးဆက်တခုလုံး ပညာသင်ကြားခွင့်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းမှာ ထုတ်ပြန်ထားပါတယ်။ ဒီသတင်းကိုတော့ ဖူးအိအိနွယ် ပေးပို့ထားပါတယ်။
Oct 28, 2023•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ရှမ်းပြည်မြောက်ပိုင်းနေရာအနှံ့ စစ်ရေးအဓိကနေရာတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက တချိန်တည်း စီးနင်းတိုက်ခိုက်ခဲ့တဲ့သတင်း -ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာ ဆေးကုသမှုခံယူတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းက ဖမ်းဆီးငွေညှစ်နေတဲ့သတင်းနဲ့ -မြန်မာကာစီနိုလောင်းကစားရုံတွေမှာ လူကုန်ကူးခံရတဲ့ ဗီယက်နမ်နိုင်ငံသား ၆၀ ကျော်ကို ကယ်တင်ခဲ့တဲ့သတင်းတွေ နားဆင်ရမှာပါ။...
Oct 27, 2023•5 min
ကရင်နီပြည်နယ်မှာမြို့သိမ်းတိုက်ပွဲတွေမကြာခင်ဖော်ဆောင်သွားမှာဖြစ်ပြီး တပ်ဖွဲ့ဝင်အားလုံး လက်နက်တပ်ဆင်ပေး နိုင်တဲ့နေ့က ကရင်နီပြည်နယ် အပြီးတိုင်လွတ်လပ်တဲ့နေ့ဖြစ်တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ရဲ့ ဒုစစ်ဦးစီးချုပ်ကပြောပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားတာပါ။
Oct 27, 2023•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ အန်အယ်လ်ဒီ ဝန်ကြီးတွေ ထောင်ဝင်စာတွေ့ ခွင့်မရတဲ့သတင်း -မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၀ ဦးကို ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဆိုလိုက်တဲ့သတင်းနဲ့ -ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ရန်ဖို့ရှိတဲ့အတွက် ရေယာဉ်တွေ သင်္ဘောတွေ ဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေးထားတဲ့သတင်းတွေ နားဆင်ကြရပါမှာ...
Oct 26, 2023•5 min
ကရင်ပြည်နယ်ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီရဲ့တပ်စခန်းတွေဟာ လမ်းပိတ်ဆို့ခံထားရတာကြောင့်ရိက္ခာပြတ်လပ်နေပြီး ဒေသခံပြည်သူတွေဆီက စားနပ်ရိက္ခာတွေကို အတင်းအဓမ္မလုယူတာ တွေ ရှိတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကို အောင်ခန့်က ပေးပို့ထားပါတယ်။
Oct 26, 2023•3 min
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကာလအတွင်း နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင် အင်အားတင်ပြဖို့နဲ့ ရုံးခန်းတွေဖွင့်ဖို့ ပြောဆိုထားပါတယ်။ ပါတီတွေဘက်ကရော ဘယ်လောက်အထိ လိုက်ပါလုပ်ဆောင်ထားနိုင်လဲ သိနိုင်ဖို့ စိုးသူအောင်က မေးမြန်းတင်ဆက်ထားပါတယ်။
Oct 26, 2023•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ - ရန်ကုန်မှာ ရွှေတိဂုံဘုရားအပါအဝင် နေရာတော်များများမှာ ရေကြီး ရေလျှံနေတဲ့သတင်း -အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်ကြဖို့ ကေအိုင်အို နှစ်ပတ်လည်နေ့မှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်တဲ့သတင်းနဲ့ -မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ထောင်ဒဏ် ၁၀ နှစ်ချ မှတ်ခံရပြီး ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ် ထပ်မံစစ်ဆေးခံနေရတဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။...
Oct 25, 2023•6 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဘီလူးချောင်းရေကြီးပြီး ရှမ်း-ကရင်နီနယ်စပ် လယ်ဧက ထောင်ချီရေနစ်မြုပ်ပျက်စီးတဲသတင်း -ကလေးမြို့မှာ ကျပ်ငွေဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းမိတဲ့သတင်းနဲ့ -ပဲခူးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရိတ်သိမ်းစပါးတွေ ပျက်စီးသွားတဲ့သတင်းတွေကို နားဆင်ရမှာပါ။
Oct 24, 2023•6 min
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မုန်တိုင်းငယ် မြန်မာဘက်ကို ဦးတည်မယ့် အခြေအနေမဘဲ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်တိုက်ခတ်နိုင်တဲ့ သတင်း -မှော်ဘီလေတပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ သတင်းနဲ့ -မြန်မာနိုင်ငံမှာ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသား ၁၂၀ ကို နေရပ်ပြန်ပို့ဖို့ ရှိနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 23, 2023•5 min
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်ခေါင်းဆောင်တက်ခွင့်မရတဲ့ ဘေဂျင်း BRF ဖိုရမ်၊ အန်စီအေနဲ့ ABSDF ၊ ပိုမိုတောက်လောင်လာနေတဲ့ ဂါဇာစစ်မီး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Oct 22, 2023•29 min
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်မန်းရွာအနီးက တောင်ကျရေမှာ ရေချိုးရင် ရောဂါပျောက်တယ်ဆိုပြီး လူတွေရာနဲ့ချီ အလုအယက်လာရောက်ရေချိုးနေကြပါတယ်။ ဒီသတင်းကို ဟန်နပေးပို့ထားပါတယ်။
Oct 22, 2023•3 min
ရုပ်ရှင်ဒါရိုက်တာ မင်းသား မင်းသမီး အဆိုတော်စတဲ့ အနုပညာရှင်တွေဟာ နွေဦးတော်လှန်ရေးအစပိုင်းမှာ ပါဝင်ခဲ့ကြပေ မဲ့ အခုအခါမှာတော့ မရှိသလောက် နည်းပါးသွားပြီလို့ CDM အနုပညာရှင်တွေက ပြောပါတယ်။
Oct 21, 2023•3 min
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်နိုင်တဲ့သတင်း -စစ်ရှောင်စခန်းတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အာဆီယံကြေညာချက်ကို စစ်ကောင်စီက ကန့်ကွက်လိုက်တဲ့သတင်းနဲ့ -ရိုဟင်ဂျာ ဒုက္ခသည်အရေး အာရုံစိုက်ပေးဖို့ နိုင်ငံတကာကို ကုလသမဂ္ဂက တိုက်တွန်းလိုက်တဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်
Oct 20, 2023•5 min
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ခေါင်းဆောင်မိသားစုပိုင်ကုမ္ပဏီအပါအဝင် စစ်တပ်ထုတ်ကုန်အမျိုး ၃၀ ကို အမည်ပျက်စာရင်း ထပ်သွင်းလိုက်တဲ့သတင်း -ရွှေကူမြို့နယ်ထဲ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ -မုံရွာထောင်မှာ ကိုဝေမိုးနိုင်အပါအဝင် နိုင်ကျဉ်း ၉ ဦး လျှော့ရက်ပိတ်ခံရပြီး ထောင်ဝန်ထမ်း ၅ ဦး အလုပ်ထုတ်ခံရတဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်
Oct 19, 2023•5 min
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ မြန်မာစစ်တပ်ရဲ့ နျူကလီးယားအစီအစဉ်တွေကို စောင့်ကြည့်စစ်ဆေးဖို့ မြန်မာသံအမတ်ကြီး က တိုက်တွန်းလိုက်တဲံ့သတင်း မြန်မာဆန္ဒပြပွဲတွေကို ဖြိုခွဲရာမှာ စစ်အုပ်စုက ကိုရီးယားထုတ် မျက်ရည်ယိုဗုံးသုံးတယ်လို့ AI ထုတ်ပြန်တဲ့သတင်း မြန်မာစစ်တပ်ကို အရေးယူဖို့ အရပ်ဘက်အဖွဲ့အစည်း ၄၄၀ ဖွဲ့ တောင်းဆိုလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ
Oct 18, 2023•5 min
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ စောမူတူးစေးဖိုးတို့ စစ်ခေါင်းဆောင်ကို သွားရောက်တွေ့ဆုံတဲ့သတင်း -ဖားကန့် အနန့်ပါဒေသကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့ -မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ HRW က ပြောကြားလိုက်တဲ့သတင်းတွေကို နားဆင်ကြရမှာပါ
Oct 17, 2023•5 min
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -တရုတ်အကျိုးစီးပွားကို အထိခံမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း -နေပြည်တော်မှာ တောင်ကျရေကြောင့် နေအိမ် ၂ လုံး မျောပါပြီး သားအမိ ၂ ယောက် သေဆုံးသွားတဲ့ သတင်းနဲ့ -ရွှေပြည်သာမှာ ဥရောပနိုင်ငံတွေက ပလတ်စတစ်စွန့်ပစ်အမှိုက်တွေ တွေ့ရှိတဲ့သတင်းတွေကို နားဆင်ကြရမှာပါ
Oct 16, 2023•5 min
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဂါဇာကမ်းမြောင်ဒေသ အစ္စရေး-ဟားမတ်စ်စစ်ပွဲ၊ ကချင်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု၊ ပဲခူးရေးဘေး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Oct 15, 2023•29 min
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)မှာ စစ်ကောင်စီက တပ်သားအင်အား ၁၀၀၀ ကျော် ထပ်တိုးချထားလိုက်ပြီး ပျူစောထီးရွာတွေကို စစ်ကောင်စီက ရိက္ခာထောက်ပို့တာတွေ ပြန်လုပ်နေတယ်လို့ စစ်ကိုင်းဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသ၊ စစ်ဌာနချုပ် (မုံရွာ) မှာ စစ်ကောင်စီက တပ်သားအင်အား ၁၀၀၀ ကျော်ထပ်တိုးချထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။
Oct 14, 2023•4 min
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာ မူးမြစ်ရေလျှံတာကြောင့် ရေကြီးရေလျှံပြီး စပါးဧက ၁၀၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။ ပုလဲမြို့နယ်မှာတော့ စစ်ကောင်စီက စစ်ကြောင်းဆက်တိုက်ထိုးနေပြီး ပျူစောထီးတွေကို လက်တွေ့စစ်ဆင်ရေးသင်တန်းပေးနေတယ်လို့ ပုလဲမြို့နယ်ပအဖ တာဝန်ရှိသူကပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။ နားဆင်နိုင်ပါပြီ။
Oct 14, 2023•3 min
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လုံးဝမရှိတော့ဘူးလို့ KNU ၊ CNF နဲ့ ABSDF အဖွဲ့ ၃ ဖွဲ့က ကြေညာလိုက်တဲ့သတင်း -ရှမ်းပြည်နယ် သီပေါ၊ နမ္မတူနဲ့ ကလောမှာ ရေကြီးနေတဲ့သတင်းနဲ့ -(UWSA) ဝ တပ်ဖွဲ့ အရာရှိ ၂ ယောက်ကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 13, 2023•5 min
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ကချင်စစ်ရှောင်စခန်း တိုက်ခိုက်မှုအပေါ် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက် ရှုတ်ချလိုက်တဲ့သတင်း -မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ သိုလှောင်ထားတဲ့ယမ်းတွေပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီက ပြောတဲ့အပေါ် KIO ကတုံ့ပြန်လိုက်တဲ့သတင်း -ပဲခူးမှာ ရေပြန်ကျသွားပေမဲ့ လှည်းကူးမှာတော့ ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော် အကူအညီလိုအပ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
Oct 12, 2023•5 min