DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

DVB Newsbreak 5.5 ( ၁၁ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ ကချင်စစ်ရှောင်စခန်းကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ကန့်ကွက် ရှုတ်ချလိုက်တဲ့သတင်း ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ် တသက်တကျွန်းချမှတ်လိုက်တဲ့ သတင်းနဲ့ ပဲခူးရေဘေး ကူညီကယ်ဆယ်ရေး သွားရောက်သူတွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Oct 11, 20235 min

DVB Newsbreak 5.5 ( ၁၀ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -လိုင်ဇာအနီး စစ်ရှောင်စခန်းကို စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူ အများအပြား သေဆုံး ဒဏ်ရာရသွားတဲ့သတင်း -စစ်ဘေးရှောင်စခန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောကြားလိုက်တဲ့သတင်းနဲ့ -ပဲခူးမှာ ရေဘေးဒုက္ခသည် ၄၀၀၀၀ ကျော်ရှိလာပြီး နေအိမ်အတွင်း ပိတ်မိနေသူများကို ကယ်ထုတ်နေရတဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။

Oct 10, 20235 min

DVB Newsbreak 5.5 ( ၉ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ပဲခူး၊ သထုံနဲ့ မှော်ဘီတိုက်ကြီးမှာ ပြည်သူတွေ ရေဘေးနဲ့ ကြုံနေရတဲ့သတင်း -တန့်ဆည်မြို့နယ်မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတဲ့သတင်းနဲ့ -အန်စီအေ ၈ နှစ်ပြည့်ပွဲတက်ဖို့ စ ကေအိုင်အေကို စစ်ကောင်စီ ဖိတ်ကြားလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Oct 09, 20235 min

အန်စီအေ ၈ နှစ်ပြည့်ပွဲ တက်ရန် ကေအိုင်အေကို စစ်ကောင်စီ ဖိတ်ကြား

အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်ဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)အဖွဲ့ကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ၈ နှစ်ပြည့် အခမ်းအနားမှာ ပါဝင်တက်ရောက်ဖို့ စစ်ကောင်စီက ဖိတ်ကြားထားတယ်လို့ ကေအိုင်အေက ပြောပါတယ်။ စစ်ကောင်စီဟာ ကချင်ပြည်နယ်မှာ စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ပြီး လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ကေအိုင်အေနဲ့တပ်တွေ တိုက်ပွဲတွေပြင်းထန် ဖြစ်နေသလို ဒေသခံပြည်သူတွေထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာပါ။ ကချင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်...

Oct 09, 20234 min

နိုဘယ်ဆုရှင်များ၏ ရှာဖွေတွေ့ရှိမှု သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(08102023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ကမ္ဘာ့ဆရာများနေ့နဲ့ မြန်မာပြည်က ဆရာများ၊ နိုဘယ်လ်ဆုရ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှု၊ မြန်မာစီးပွားရေးနဲ့ နိုင်ငံရေး သုံးသပ်ချက်စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Oct 08, 202330 min

မြန်မာ့အရေးအတွက် အမေရိကန်က ငွေကြေးပိုထောက်ပံ့ရန် တွန်းအားပေးနေ

Burma Act နဲ့ဆက်စပ်တဲ့ မြန်မာ့အရေး ငွေကြေးထောက်ပံ့မှုပမာဏကို လာမယ့် နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော် ၂ ရပ်က အတည်ပြုဆုံးဖြတ်ဖို့ရှိနေပြီး အကူအညီတွေပိုရလာအောင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တွန်းအားပေး ဆောင်ရွက်နေပါတယ်။ Burma Act တခုလုံးကို အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေမူကြမ်း NDAA ထဲမှာ အမေရိကန်လွှတ်တော် ၂ ရပ်က ထည့်သွင်းခဲ့တာ၊ မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်းဘဲ အကူအညီပေးမယ့် အချက်ပါဝင်တဲ့ အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရ...

Oct 07, 20232 min

DVB Newsbreak 5.5 ( ၆ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံတောင်ပိုင်းမှာ စစ်တပ်က ပိုမိုရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုတွေ ကျူးလွန် လာနေတယ်လို့ မွန်လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်လိုက်တဲ့သတင်း -ဘန်ကောက် ကုန်တိုက် ပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးအတွက် ဝမ်းနည်းကြောင်း သေနတ်သမား ထိုင်းလူငယ်ရဲ့ မိဘက ပြောကြားလိုက်တဲ့သတင်းနဲ့ -အာရှအားကစားပြိုင်ပွဲ နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာအမျိုးသားအသင်း ကြေးတံဆိပ်ဆုရရှိတဲ့ သတင်းတွေ နားဆ...

Oct 06, 20236 min

DVB Newsbreak 5.5 ( ၅ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောကြားလိုက်တဲ့သတင်း -မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှုတွေ ကျူးလွန်နေတာ စစ်ဆေးတွေ့ရှိရတယ်လို့ ILO စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ -ကိုးကန့် လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့ သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်။...

Oct 05, 20235 min

DVB Newsbreak 5.5 ( ၄ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ကုန်တိုက်တခုမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ မြန်မာအမျိုးသမီး တယောက် သေဆုံးသွားတဲ့သတင်း -မြန်မာစစ်တပ်အတွက် အင်ဒိုနီးရှားက လက်နက်ရောင်းနေတဲ့ကိစ္စ စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်တဲ့သတင်းနဲ့ -ကေအန်ယူ ဥက္ကဋ္ဌဟောင်းနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုဟာ ကေအန်ယူအဖွဲ့အစည်းနဲ့ မသက်ဆိုင်ဘူးလို့ ကေအန်ယူဗဟိုက တုံ့ပြန်လိုက်တဲ့သတင်းတွေကို နားဆင်ကြရမှာပါ။

Oct 04, 20235 min

DVB Newsbreak 5.5   ( ၃ ရက်၊ အောက်တိုဘာ   ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

DVB Newsbreak 5.5 ( ၃ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) ဒီနေ့နားဆင်ရမယ့် သတင်းများ -မြန်မာပြည်သူလူထု ၂ သန်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး နိုင်ငံအနှံ့ မြေမြုပ်မိုင်းကြောင့် သေဆုံးသူတွေများလာနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန် -အာဆီယံ- အီးယူ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဖိုရမ်မှာ စစ်ကောင်စီကို တက်ခွင့်ပြုတဲ့ အပေါ် NUG အစိုးရက ကန့်ကွက်ရှုတ်ချ မြန်မာ့စီးပွားရေး GDP တိုးတက်နှုန်းဟာ လာမယ့်နှစ်မှာ ၂ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်း

Oct 03, 20235 min

DVB Newsbreak 5.5 ( ၂ ရက် အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် နှစ်ယောက်ရဲ့ အမှုတွေအတွက် အထူးအယူခံတက်ဖို့ ကြန့်ကြာနေတဲ့သတင်း -ထားဝယ်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား ၁၄ ဦး လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့သတင်းနဲ့ -ခရိုနီနဲ့ စစ်တပ်ပိုင်ဟိုတယ်တွေမှာ မတည်းခိုကြဖို့ အင်းလေးလူထုက တောင်းဆိုလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ

Oct 02, 20235 min

ချင်းပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေ

၂၀၂၃ ခုနှစ်မတိုင်ခင်မှာ ချင်းပြည်နယ်အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့အတွက် ချင်းပြည်ကောင်စီညီလာခံကို မကြာခင်မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ ချင်းပြည်ဖွဲ့စည်းပုံရေးဆွဲရေးက ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဒီဗွီဘီကို ပြောပါတယ်။ ချင်းပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာရေးအတွက် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီကနေ ဆောင်ရွက်နေရာမှာ တစ်ဆို့မှုတချို့ ရှိနေတာကြောင့် ချင်းပြည်ကောင်စီဖွဲ့စည်းရေး ဆောင်ရွက်ခဲ့တာလို့လည်း CNF ပြောရေးဆိုခွင့...

Oct 01, 20238 min

ဆီပါမစ်အတွက် စစ်ဗိုလ်ချုပ်တွေကိုလာဘ်ထိုးရတဲ့ ဂါကြေး၊ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(01102023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေး သုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဆီပါမစ်နဲ့ စစ်ဗိုလ်ချုပ်တွေကို လာဘ်ထိုးရတဲ့ ဂါကြေး၊ ပြည်ပရောက်တွေအတွက် ၁၀% အခွန်၊ NLD ၃၅ နှစ်ဖြတ်သန်းမှု စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Sep 30, 202330 min

နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး သံရေးတမန်ရေးအောင်မြင်မှုရခဲ့ဟု NUG ပြော

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးကို ထဲထဲဝင်ဝင်ဆွေးနွေးတာမျိုးမရှိဘူးလို့ ဝေဖန်တာတွေရှိခဲ့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အတွက်တော့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံခွင့်ရပြီး ကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေးတွေ တည်ဆောက်နိုင်ခဲ့တယ်လို့ သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာ ၁၈ ရက်ကနေ ၂၆ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ကျင်းပခဲ့တာပါ။ ဒီညီလာခံမှာ မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အပါအဝင် အာဆီယံ နိုင်ငံခေါင်းဆောင်တွေ...

Sep 30, 20234 min

DVB Newsbreak 5.5 (၂၉ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -အန်စီအေ ၈ နှစ် ပြည့်ပွဲ လာတက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ခေါင်းဆောင်က ဖိတ်ခေါ် လိုက်တဲ့သတင်း -လိုင်ဇာရှိ အေအေ တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ အေအေ ဗိုလ်ကြီး ၁ ဦး ကျဆုံးသွားတဲ့သတင်နဲ့ -ဝန်းသိုမြို့နယ္မှာ ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁၈ ဦး ဒဏ်ရာရသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ...

Sep 29, 20235 min

နှစ်၂၀ကျော်ကြာ မိတ်ကပ်အလှပညာရှင်ဘဝကနေ တော်လှန်ရေးမှာပါဝင်လာတဲ့ မနန္ဒာ

နှစ်ပေါင်း ၂၀ကျော်ကြာ မိတ်ကပ်အလှပညာရှင်ဘဝကနေ စစ်အာဏာရှင်အမြစ်ပြတ် ဖြုတ်ချရေးအတွက် တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေပါဝင်လာခဲ့တဲ့ မနန္ဒာအကြောင်းကို ဟန်နက ပြောပြပေးသွားမှာပါ။

Sep 29, 20234 min

DVB Newsbreak 5.5 (၂၈ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံအရေး ICC ဆီလွှဲပြောင်းကိုင်တွယ်ဖို့ ကုလမဟာမင်းကြီးတောင်းဆိုချက်ကို NUG က ကြိုဆိုလိုက်တဲ့သတင်း -မြိတ်မြို့နယ်မှာ မိုးသည်းထန်ပြီး လူနေအိမ်တွေ ရေနစ်မြုပ် မြေပြိကျတဲ့သတင်းနဲ့ -မြန်မာနိုင်ငံမှာ မလေးရှားနိုင်ငံသား အယောက် ၁၀၀၀ လောက် လူကုန်ကူးခံနေရတယ်ဆိုတဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။

Sep 28, 20235 min

ကရင်ပြည်နယ်တွင် အိုင်ဒီပီဦးရေ ၆ သိန်းကျော်အထိ တိုးလာ

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းက အိုင်ဒီပီဦးရေ ၆ သိန်းကျော်အထိ တိုးလာပြီး စစ်ဘေးရှောင်ပြည်သူတွေ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေသလို နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေဟာ အမှန်တကယ် ရောက်သင့်တဲ့ နေရာတွေကို မရောက်ဘူးလို့ ကရင်အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။

Sep 28, 20233 min

မြန်မာ့စီးပွားရေး အကျပ်ရိုက်မှုကို ရုရှားလည်း မကယ်တင်နိုင်ကြောင်း ပါမောက္ခ ရှောင်တာနယ် ပြော

စစ်ကောင်စီရဲ့ အဓိက ဘဏ်တွေကို အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်တာတွေဟာ ထိရောက်မှု ကြီးကြီးမားမား ရှိနေပြီး မြန်မာ့စီးပွားရေး အကျပ်ရိုက်မှုကို ရုရှားလည်း မကယ်တင်နိုင်ဘူးလို့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်က ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။

Sep 28, 20233 min

DVB Newsbreak 5.5 (၂၇ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မွန်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ မိုးများ ရေကြီးပြီး မြေပြိုဘေး ကြုံရနိုင်တယ်လို့ သတိပေးထားတဲ့သတင်း -တိုက်ပွဲတွေကြောင့် ကြာအင်းဆိပ်ကြီးဒေသခံ ၁၅၀၀၀ လောက် ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ -စစ်ကောင်စီက အန်အယ်လ်ဒီပါတီဝင် ၁၀၀ လောက်ကို သတ်ဖြတ်ပြီး ၁၇၀၀ ကျော်ကို ဖမ်းဆီးထားတဲ့သတင်းတွေကို နားဆင်ကြရမှာပါ။

Sep 27, 20235 min

DVB Newsbreak 5.5 (၂၆ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဒု-ဗိုလ်ချုပ်ကြီး ၂ ဦးကို စစ်ကောင်စီက ထုတ်ပယ်လိုက်တဲ့သတင်း -လုပ်အားခ ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရမည့်အပေါ် ထိုင်းရောက် မြန်မာလုပ်သားတွေက ကန့်ကွက် ဆန္ဒပြကြတဲ့သတင်းနဲ့ -မိုးမောက်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ။

Sep 26, 20235 min

ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို စစ်ကောင်စီအခွန်ကောက်မည့်အပေါ် ထိုင်းရောက်မြန်မာအလုပ်သမားများ ကန့်ကွက်

လစဉ်ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အာဏာသိမ်း စစ်ကောင်စီက အခွန်ကောက်မည့်အပေါ် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေက ဘန်ကောက်မြို့ UN ရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Sep 26, 20234 min

DVB Newsbreak 5.5 (၂၅ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -လေဖိအားနည်းရပ်ဝန်းနဲ့ လေပွေလှိုင်းတွေကြောင့် လေပြင်းတိုက်၊ ရေကြီးနိုင်တဲ့သတင်း -ပုဂ္ဂလိကကျောင်းတွေမှာ နိုင်ငံတော်အလံကို အလေးပြုဖို့နဲ့ နိုင်ငံတော်သီချင်းဆိုဖို့ စစ်ကောင်စီ အမိန့်ထုတ်လိုက်တဲ့သတင်းနဲ့ -ကန့်ဘလူခရိုင်အတွင်း မြွေဆိုးကိုက်ခံရတဲ့ စစ်ရှောင်ပြည်သူ ၁၀၀ ကျော် ရှိလာတဲ့သတင်းတွေ နားဆင်ရမှာပါ

Sep 25, 20236 min

စစ်အုပ်စုတွင်းအကျင့်ပျက်ခြစားမှု သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(23092023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်အုပ်စုတွင်းအကျင့်ပျက်ခြစားမှု၊ ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်၊ မြန်မာမပါတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Sep 24, 202329 min

ကုလညီလာခံကိုလာသည့် နိုင်ငံတကာကိုယ်စားလှယ်များနှင့် NUG ဝန်ကြီးတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

ကုလသမဂ္ဂအထွေထွေညီလာခံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက တွေ့ဆုံ ဆွေးနွေးသတင်းစကားပါးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ မြန်မာ့အရေးကို ကမ္ဘာကပိုပြီးအာရုံစိုက်လာပြီး ပြည်သူတွေရဲ့အခက်အခဲကိုဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

Sep 24, 20234 min

နိုင်ငံခြားငွေဈေးကွက်ထိန်းချုပ်ရေးကြိုးပမ်းမှု ရေတိုသာအဆင်ပြေနိုင်ဟု လုပ်ငန်းရှင်များ သုံးသပ်

စစ်ကောင်စီက မြင့်တက်နေတဲ့ နိုင်ငံခြားငွေနဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် စစ်ဗိုလ်ချုပ်တချို့ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ ရေတိုမှာပဲ အဆင်ပြေနိုင်ပြီး ကုန်ဈေးနှုန်း ကျဆင်းဖို့ မဖြစ်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေက သုံးသပ် ပြောပါတယ်။

Sep 23, 20234 min

DVB Newsbreak 5.5 (၂၂ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေက ဒီမိုကရေစီမျှော်လင့်ချက်ကို ဖျက်ဆီးနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်တဲ့သတင်း -မြန်မာပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီလို့ UNOCHA က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ -မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေအတွက် အမေရိကန်က လူသားချင်းစာနာအကူအညီ ဒေါ်လာ ၁၁၆ သန်း ထပ်ပေးမယ်လို့ ကြေညာလိုက်တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။...

Sep 22, 20236 min

InforMM ကို ဒေါင်းလုဒ်လုပ်ပြီး ယုံကြည်ရသော သတင်းများကို ရယူလိုက်ပါ

"သတင်းအတုတွေအတွက် စိတ်ပူနေလား။ အမှန်တရားကို သိချင်သလား။ ယုံကြည်ရတဲ့ မြန်မာသတင်းအားလုံးတစ်နေရာတည်းမှာဖတ်ရှုနိုင်မယ့် InforMM app ကိုသွားလိုက်ပါ။ DVB လိုမျိုး သင်အနှစ်သက်ဆုံး မီဒီယာတွေကို တစ်နေရာတည်းမှာ ရယူလိုက်ပါ။ ဆောင်းပါးတွေ၊ podcasts တွေ၊ မြန်မာသတင်းအားလုံး ..... ယခုပဲ Google Playstore သို့သွားပြီး InforMM - I.N.F.O.R.M.M ကိုရှာပါ။ ယုံကြည်ရသောသတင်းများကို ယခုပဲဒေါင်းလုဒ်ရယူလိုက်ပါ။"

Sep 22, 202336 sec

မဲဆောက်တွင် ခက်ခဲသူများအတွက် ထမင်းတနပ် ၁၅ ဘတ်နဲ့၊ အိမ်အရောက်ပို့ဆောင်တဲ့အစီစဉ်စတင်

ထိုင်း- မြန်မာနယ်စပ်ကို ပုံစံမျိုးစုံနဲ့ ရောက်ရှိလာကြပြီး စားဝတ်နေရေး ခက်ခဲနေကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက် ထမင်းတနပ်ကို ၁၅ ဘတ်နှုန်းနဲ့ အိမ်တိုင်ယာရောက် လိုက်ပါပို့ဆောင်တဲ့ အစီအစဉ် စတင်လိုက်ပြီ ဖြစ်ပါတယ်။

Sep 22, 20233 min

DVB Newsbreak 5.5 (၂၁စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ရန်ကုန်တဖက်ကမ်း ဒလမှာ ကမ်းပါးပြိုကျမှုကြောင့် လူပေါင်း ၃၅၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ ထားရတဲ့သတင်း -စစ်ကောင်စီက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်တဲ့သတင်းနဲ့ -ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ၆ လအတွင်း ကွန်ဒိုတိုက်ခန်း ဘတ်ငွေ ၁၂၇၄ သန်းဖိုး ဝယ်ယူထားတဲ့ သတင်းတွေ နားဆင်ရမှာပါ။

Sep 21, 20236 min
For the best experience, listen in Metacast app for iOS or Android