ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -လားရှိုးမှာ ဗုံးပေါက်ကွဲလို့ လူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတဲ့သတင်း -စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိသေဆုံးသူပေါင်း အယောက် ၂၀ ရှိတဲ့သတင်းနဲ့ -နိုင်ငံခြားငွေလဲလှယ် ကုမ္ပဏီ ၁၂၀ ကျော်ကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းလိုက်တဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။
Sep 20, 2023•5 min
ချင်းပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေအတွင်း တိုက်ခိုက်မှုတွေကြောင့် ဘာသာရေး အဆောက်အဦပေါင်း ၉၅ ခု ပျက်စီး ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ပါတယ်။ ဒီသတင်းကိုမင်းညိုက ပေးပို့ထားပါတယ်။
Sep 20, 2023•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ထဲမှာ ဖလပ်မော်တော် ၁ စီး ကျောက်ဆောင်နဲ့ တိုက်မိ နစ်မြုပ်ပြီး ကျောင်းသားတွေအပါအဝင် လူ ၁၀၀ နီးပါး ရေနစ်မြုပ်ခဲ့တဲ့သတင်း -ထိုင်း-မြန်မာ နှစ်နိုင်ငံ လေတပ်ချင်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တဲ့သတင်းနဲ့ -ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်က သူ့ရဲ့ မြန်မာပြည်ထောင်တွင်း အတွေ့အကြုံစာအုပ် ထုတ်ဝေ ဖြန့်ချိမယ့်သတင်း တွေကို နားဆင်ရမှာပါ။...
Sep 19, 2023•6 min
ထိုင်းအစိုးရသစ်အနေနဲ့ မြန်မာနဲ့ပတ်သက်လို့ သိသာထင်ရှားတဲ့ မူဝါဒအပြောင်းအလဲတွေ ပြုလုပ်ဦးမှာမဟုတ်သေးဘဲ စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ ထိုင်း-မြန်မာအရေးလေ့လာသူတွေက သုံးသပ်လိုက်ပါတယ်။ ဒီသတင်းကို စိုးသူအောင်ပေးပို့ထားပါတယ်။
Sep 19, 2023•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေ စာရင်းမှာ မြန်မာကို အမေရိကန်က ထည့်သွင်း သတ်မှတ်လိုက်တဲ့သတင်း -တနင်္သာရီဝန်ကြီးချုပ်ယာဉ်တန်းလုံခြုံရေး ရဲနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးသွားတဲ့ သတင်းနဲ့ - ၂ နှစ်ကျော်အတွင်း ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော်သေဆုံး၊ ၃၈၄ ယောက် ဒဏ်ရာရတဲ့ သတင်းတွေ နားဆင်ရမှာပါ။
Sep 18, 2023•6 min
စစ်အာဏာသိမ်းထားတဲ့အတွက် မြန်မာပြည်မှာ လူနာတွေရဲ့ ဘေးကင်းလုံခြုံစွာ ကုသခွင့်ကို အဆိုးဆုံး ချိုးဖောက်ခံနေရပြီလို့ စက်တင်ဘာလ ၁၇ ကျရောက်တဲ့ ကမ္ဘာ့လူနာများ ဘေးကင်း လုံခြုံရေးနေ့မှာ ဆရာဝန်တွေက ပြောလိုက်ကြပါတယ်။
Sep 18, 2023•4 min
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ကင်မ်ဂျုံအန်းရဲ့ ရထားစီး ရုရှားခရီးစဉ်၊ ထိုင်းထဲကျူးကျော်ဝင်နေတဲ့ မြန်မာစစ်တပ်၊ မုံရွာထောင် အစာငတ်ခံသပိတ်တိုက်ပွဲနဲ့ ရိုဟင်ဂျာအရေး၊ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Sep 17, 2023•30 min
ရန်ကုန်က အငှားတက္ကစီယာဉ်တွေမှာ Taxi Board တွေ ပြောင်းလဲ တပ်ဆင်ခိုင်းတဲ့အတွက် ပိုပြီး အလုပ်ရှုပ် အခက်အခဲ ဖြစ်စေတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
Sep 16, 2023•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ နေပြည်တော်မှာ ကျင်းပသည့် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို နိုင်ငံ ၄ နိုင်ငံ မတက်ရောက်ဘဲ သပိတ်မှောက်ထားတဲ့သတင်း -ဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် စစ်ကောင်စီ ဘဏ် ဝန်ထမ်း ၄၀ ကျော်ကို အကြမ်းဖက်သမားများအဖြစ် NUG က ကြေညာလိုက်တဲ့သတင်းနဲ့ -စစ်တွေမှာ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP တပ်ရင်းမှူး တယောက် ပစ်သတ်ခံရတဲ့ သတင်းတွေ နားဆင်ရမှာပါ
Sep 15, 2023•6 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ် ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီမှာ လုံးဝတာဝန်ရှိတယ်လို့ အန်အယ်လ်ဒီ ကြေညာလိုက်တဲ့သတင်း -ကော်သူးလေပြည်ထူထောင်ဖို့ ကေအန်ယူက အကောင်အထည်ဖော်ဆောင်နေတဲ့သတင်းနဲ့ -လားရှိုးမှာ မိုးသည်းထန်၊ ရေကြီးရေလျှံလို့ နေအိမ်ပြိုကျပြီး လူ ၁ ဦး သေဆုံးခဲ့တဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်
Sep 14, 2023•6 min
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်းမှာ ယာယီဘေလီတံတားကနေ သွားလာနေရပြီး ကားခတွေ ဈေးပြန် မကျတဲ့အတွက် ကုန်ဈေးနှုန်းတွေလည်း ပြန်မကျဘဲ ရှိနေပါတယ်၊ ဒီသတင်းကိုတော့ ဝေဝေ ပေးပို့ထားပါတယ်။
Sep 14, 2023•3 min
အာဏာသိမ်း စစ်ကောင်စီတပ်ကို နောက်ဆုံးပေါ် လေယဉ်တွေနဲ့ အင်အားဖြည့်နေပေမဲ့ စစ်ကောင်စီရဲ့ ရှုံးနေဆဲ အခြေနေကတော့ ထူးခြားလာမှာ မဟုတ်ဘူးလို့ KNU ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။
Sep 13, 2023•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာစစ်သားတွေ ထိုင်းမြေထဲကျူးကျော်ဝင်လာတဲ့ကိစ္စ ထိုင်းလွှတ်တော်အမတ်က လွှတ်တော်မှာ မေးခွန်းထုတ်လိုက်တဲ့သတင်း -ကနောင်စစ်ဆင်ရေးမှာ စစ်ကောင်စီ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ လောက် သေဆုံးသွားတဲ့သတင်းနဲ့ -ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု တရားမျှတမှုရရှိရေး ပြင်သစ်က ပါဝင်ကူညီမယ်လို့ ကြေညာလိုက်တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။
Sep 13, 2023•6 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -လက်နက်ကိုင်တော်လှန်ရေးကို လျှော့လို့မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူမရှုဖို့ NUG ယာယီသမ္မတက ပြောကြားလိုက်တဲ့သတင်း -စစ်တွေဒေသခံ ၂ ဦးကို အေအေနှင့် ဆက်နွှယ်မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တဲ့ သတင်းနဲ့ -ကေအန်ယူ တပ်မဟာမှူးတွေ အစားထိုး ပြောင်းလဲခန့်အပ်လိုက်တဲ့သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။
Sep 12, 2023•6 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ရုရှားနိုင်ငံက Su-30 ဂျက်တိုက်လေယာဉ် ၂ စင်း မြန်မာနိုင်ငံကို ပထမဆုံးအသုတ်ရောက်လာတဲ့သတင်း -ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းငယ်ဖြစ်နိုင်ပြီး ရေကြီးမြေပြိုနိုင်တယ်လို့ မိုးဇလက သတိပေးထားတဲ့သတင်းနဲ့ -မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြသူ ၁၄ ဦးကို ထောင်ပြင်မှာ သီးသန့်ခွဲပြီး ချုပ်ထားတဲ့ သတင်းတွေ နားဆင်ရမှာဖြစ်ပါတယ်
Sep 11, 2023•6 min
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အာဆီယံထိပ်သီးအစည်းအဝေး၊ ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့်၊ မြဝတီရဲစခန်း ဒရုန်းတိုက်ခိုက်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရတဲ့သတင်းထောက် စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Sep 10, 2023•29 min
TNLA ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) အနေနဲ့ သတင်းအချက်အလက်တွေ ပိုမိုပြည့်စုံဖို့နဲ့ သေချာစိစစ်ဖို့လိုတဲ့အကြောင်း၊ တချို့တဖက်သတ် စွပ်စွဲမှုတွေဟာ နိုင်ငံတကာနဲ့ တိုင်းရင်းသားအချင်းချင်းကြား အထင်အမြင် လွဲမှားမှုတွေ ဖြစ်စေနိုင်တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က တုံ့ပြန်လိုက်ပါတယ်။ TNLAဟာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နယ်မြေတိုးချဲ့ပြီး စစ်အင်အား ကြီးထွားလာအောင်လုပ်တာတွေဟာ ဒေသတွင်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ပါ တိုက်ပွဲတွ...
Sep 09, 2023•9 min
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို တရားဥပဒေနဲ့အညီ နေထိုင်တာ ရှိ၊ မရှိ ထိုင်းရဲတပ်ဖွဲ့က အင်အား အလုံးအရင်းနဲ့ လိုက်စစ်ဆေးနေတာကြောင့် မြန်မာတွေ သတိထား နေကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေးထားပါတယ်။
Sep 09, 2023•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ - ဖမ်းဆီးမိသည့် တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ‘ဝ’ အုပ်ချုပ်ရေးက တရုတ်သို့ လွှဲပြောင်းပေး -ပြည်ပရောက်မြန်မာလုပ်သားများ စစ်ကောင်စီညွှန်ကြားချက်အတိုင်း ဘဏ်ကနေ ငွေမလွှဲကြရန် NUG တိုက်တွန်း -မြန်မာနိုင်ငံမှာဒီမိုကရေစီအုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်အာဏာရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်ဆိုတဲ့သတင်းတွေကို နားဆင်ရမှာပ...
Sep 08, 2023•6 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ပြည်သူ့အာဏာကို စစ်ခေါင်းဆောင်ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ ခုခံတွန်းလှန်စစ် ၂ နှစ် ပြည့်မိန့်ခွန်းမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်တဲ့သတင်း -မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် စစ်အာဏာရှင်ကို ဖိအားဆက်ပေးမယ်လို့ အမေရိကန် ဒုသမ္မတ ကပြောကြားလိုက်တဲ့သတင်းနဲ့ -ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ။...
Sep 07, 2023•7 min
စစ်တပ်က အာဏာသိမ်ပြီးနောက်ပိုင်းမှာ တပ်မတော်ကိုကာကွယ်တဲ့ ဥပဒေတွေကိုတိုးချဲ့ခဲ့ပြီး ပြည်သူကိုကာကွယ်တဲ့ ဥ ပဒေတွေကိုဖျက်သိမ်းတာ၊ ရှိပြီးသားပုဒ်မတွေကို ပြစ်ဒဏ်တိုးတာတွေ ပြုလုပ်ထားတယ်လို့ ဉပေဒကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
Sep 07, 2023•6 min
မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်က လမ်းညွှန်ချက်အဖြစ် ဆက်ရှိနေဆဲဖြစ် တယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောဆိုလိုက်ပါတယ်။ ၂၀၂၆ခုနှစ်မှာတာဝန်ယူရမယ့် မြန်မာနိုင်ငံရဲ့ အာဆီယံအလှည့်ကျဥက္ကဌရာထူးနေရာကိုတော့ဖိလစ်ပိုင်က လွှဲပြောင်းရယူခဲ့ပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။
Sep 07, 2023•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -၂၀၂၆ အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံအစား ဖိလစ်ပိုင်က တာဝန်ယူမယ့်သတင်း၊ -အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက ကန့်ကွက်လိုက်တဲ့သတင်းနဲ့ -မြန်မာပြည်မြောက်ပိုင်းရှိ အွန်လိုင်းလိမ်လည်တဲ့ နေရာ ၁၁ ခုကို ဝင်စီးပြီး လူပေါင်း ၂၆၀ ကျော်ကို ဖမ်းဆီးလိုက်တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။
Sep 06, 2023•5 min
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်နိုင်ရင် စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေးအတွက် အာဆီယံထိပ်သီး အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချနိုင်ဖို့ NUG အစိုးရဘက်က မျှော်လင့်နေပါတယ်။ ဒီသတင်းကို စိုးသူအောင်က ပေးပို့ထားပါတယ်။
Sep 06, 2023•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ မြန်မာအရေး အပြုသဘောဆွေးနွေးပွဲကျင်းပချင်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားလိုက်တဲ့သတင်း ရခိုင်၊ ကရင်၊ မွန်နဲ့ တနင်္သာရီဒေသတွေမှာ မိုးသည်းထန်ပြီး ရေကြီးနိုင်တဲ့သတင်းနဲ့ တရုတ် - မြန်မာ နယ်စပ်ဖြတ်ကျော် ၇ ရက်နေထိုင်ခွင့် တခါသုံးကတ်တွေ စတင်လုပ်ပေး နေတဲ့သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။...
Sep 05, 2023•6 min
စိုထိုင်းဆများပြီး အပူချိန်တက်လာတာကို ပင်လယ်ကွေ့ဒေသမှာ အလုပ်လုပ်သူတွေကြံ့ကြံ့ခံနေရပါတယ်။ ဒီနှစ်နွေရာသီမှာ ဥရောပတစ်လွှားက အပူလှိုင်းတွေဟာ တချို့မြို့တွေမှာ အပူချိန်၄၀ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်နေပါတယ်။ စိုးရိမ်ဖွယ် ကောင်းလောက်အောင်မြင့်တက်နေတာပြီး ပင်လယ်ကွေ့ဒေသမှာ ပုံမှန်မှတ်တမ်းတင်ထားတဲ့ ကာလတွေထက်တချို့ရက်တွေမှာ မြင့်တက်နေ တာကြောင့် လာမယ့်အနာဂတ်မှာ လေအပူချိန်တစ်ခုတည်းကိုပုံသေတိုင်းတာလို့ မရတော့ဘူးလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
Sep 05, 2023•4 min
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ သေးဆူလဲကျေးရွာနဲ့ ပူဖားကျေးရွာတို့မှာ ခြေကုပ်ယူ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော် သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရမိတယ်လို့ ကရင်နီပူးပေါင်းတပ်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Sep 05, 2023•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ဆွေးနွေးသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက်တဲ့သတင်း -မြဝတီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး Drone နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီးအပါအဝင် ၅ ဦးသေဆုံးပြီး ခရိုင်ရဲတပ်ဖွဲ့မှူးန့ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့သတင်းနဲ့ -အသက် ၃၀ ကျော် မသမာသူများစာရင်းမှာ ခရိုနီ ဦးတေဇ အပါအဝင် လုပ်ငန်းရှင် ၉ ဦးပါဝင်နေတဲ့သတင်းတွေနားဆင်...
Sep 04, 2023•6 min
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆိုင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ တီမောသံတမန်ကို စစ်ကောင်စီနှင်ထုတ်မှု၊ နွေဦးတော်လှန်ရေးနိုင်ငံတကာညီလာခံ၊ TNLA တိုက်ပွဲ၊ တရုတ်စီးပွားရေးနဲ့ အိန္ဒိယဆန်ပြဿနာ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
Sep 03, 2023•30 min
အမျိုးသားယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှုကို မထိခိုက်စေဖို့ နိုင်ငံတကာအဖွဲ့အစည်း NGO၊ INGO တွေအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပိုမိုကြပ်မတ်ဖို့နဲ့ အကူအညီပေးနေတဲ့ နိုင်ငံနဲ့ အဖွဲ့တွေက အသုံးချနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၃၀ ရက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။အဲဒီပြောဆိုချက်နဲ့ပတ်သက်လို့ NGO, INGO တွေက ပြန်လည် အပြစ်တင်ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ NGO တွေအနေနဲ့ လုပ်ကိ...
Sep 02, 2023•3 min