DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုအေအာင်ဆန်းစုကြည်ဟာ ရှေ့နေအဖွဲ့နဲ့တွေ့ခွင့်မရတာ ၆လနီးပါးရှိလာပြီး စစ်ကောင်စီရဲ့လုပ်ရပ်ဟာ သူတို့ရဲ့ကြောက်တရားကိုဖော်ပြနေတာဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မွေးနေ့မှာ ဖော်ဆောင်မယ့် ပန်းသပိတ်မှာ တနိုင်ငံလုံးက ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ ဒေါက်တာတေဇာဆန်းက မေတ္တာရပ်ခံပါတယ်။

Jun 16, 20234 min

ဖရူဆို စစ်ဘေးရှောင်စခန်းများတွင် တုတ်ကွေး၊ အရေပြားနဲ့ ဝမ်းရောဂါ ဖြစ်ပွားနေ

ကရင်နီ (ကယား) ပြည်နယ်ဖရူဆိုအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ကလေးငယ်တွေ တုတ်ကွေးရောဂါ၊ ကိုယ်ရေပြားရောဂါနဲ့ ဝမ်း ပျက်ဝမ်းလျောရောဂါတွေ စတင်ဖြစ်ပွားနေပါတယ်။

Jun 15, 20232 min

လေးလမ်းသွားဖောက်ရန် ပြည်၊ပေါင်းတလည်၊ ပေါက်ခေါင်းမြို့ပေါ် အိမ်နှင့်ဈေးဆိုင်များဖျက်ဖို့ အမိန့်ထုတ်

လေးလမ်းသွားလမ်းဖေါက်ဖို့ ၊ပြည်၊ပေါင်းတလည်၊ပေါက်ခေါင်းမြို့ပေါ်က အိမ်တွေ၊ဈေးဆိုင်တွေ ကို ဇွန်လ ၁၇ ရက်နေ့ နောက် ဆုံး ထားပြီးဖျက်ဖို့ စစ်ကောင်စီ အမိန့်ထုတ်ထားပါတယ်။

Jun 14, 20234 min

ကရင်နီတွင် အမေရိကန်နည်းပညာ ထိပ်တန်းသူဌေးပိုင်ဆိုင်တဲ့ Star Link အင်တာနက်သုံးစွဲ

အမေရိကန်နည်းပညာ ထိပ်တန်းသူဌေးပိုင်ဆိုင်တဲ့ Star Link အင်တာနက်ကို Free Burma Ranger အဖွဲ့က ကရင်နီပြည်နယ်မှာ သုံးစွဲနေပေမယ့် တခြားပြည်တွင်းအဖွဲ့တွေ အနေနဲ့ကတော့ သုံးစွဲနိုင်ဖို့ လက်လှမ်း မမီသေးဘူးလို့ ပြောဆိုပါတယ်။

Jun 13, 20233 min

စစ်ကောင်စီပြုတ်ကျရေး လူထုသပိတ်တိုက်ပွဲတွင်ပါဝင်ကြရန် တိုက်တွန်း

စစ်အာဏာရှင်ကို လူထုအားနဲ့သာ ဖြုတ်ချနိုင်မှာဖြစ်လို့ မြန်မာပြည်သူတွေဟာ အာဏာသိမ်း စစ်ကောင်စီ ပြုတ်ကျရေး လူ သပိတ်တိုက်ပွဲတွေမှာ ပါဝင်ပေးကြဖို့ နေ့စဉ်ဆန္ဒပြနေတံါ သပိတ်ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။

Jun 12, 20233 min

ရခိုင်တွင် အကူအညီပေးရေးအဖွဲ့များပိတ်ပင်ခံရသဖြင့် မုန်တိုင်းသင့်ပြည်သူ စားနပ်ရိက္ခာ အခက်ကြုံ

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အပါအဝင် မိုခါမုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးတဲ့အဖွဲ့တွေကို စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ ကူညီသွား လာခွင့်တွေ ရပ်ဆိုင်း လိုက်တဲ့အတွက် စားနပ်ရိက္ခာတွေ ၂ ရက်စာလောက်ပဲ ကျန်တော့တယ်လို့ ရသေ့တောင်မြို့နယ်မှာ အကူအညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

Jun 12, 20233 min

ရခိုင်စစ်ဘေးရှောင်စခန်းရှိ ကလေးငယ်များ ဝမ်းရောဂါနှင့် ယားနာဖြစ်ပွားနေ

မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက်မှာ ရခိုင်က စစ်ဘေးရှောင်စခန်းက ကလေးတွေမှာ ဝမ်းရောဂါနဲ့ ယားနာတွေ ပေါက်နေတယ်လို့ စခန်းမှာ နေထိုင်သူတွေဆီကနေ သိရပါတယ်၊

Jun 11, 20233 min

ပဲခူး၊ ရန်ကုန် စစ်ရေးသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(11JUNE2023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါပြီ။ ဒီတပတ်အစီအစဉ်မှာတော့ ပဲခူးတိုင်းနဲ့ ရန်ကုန် စစ်ရေးအခြေအနေ၊ ကနေဒါတောမီးနဲ့ ဖောက်ခွဲခံလိုက်ရလို့ ကျိုးပေါက်သွားတဲ့ ယူကရိန်းရေကာတာကြီးအကြောင်း စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Jun 11, 202330 min

မြောက်ပိုင်းမဟာမိတ်တပ်များနှင့် တရုတ်အစိုးရတို့ မြန်မာပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည်ပေးဖို့ တောင်းဆို

မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ တရုတ်အစိုးရတို့ မြန်မာပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ပေးဖို့ အမေရိကန် ရောက်မြန်မာတွေက ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ တောင်းဆိုလိုက်ပါတယ်။

Jun 10, 20233 min

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များ သွားလာခွင့် စစ်ကောင်စီပိတ်ပင်

နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တွေ အပါအဝင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ အားလုံးကို ရခိုင်ပြည်နယ်ထဲ သွားလာကူညီခွင့် စစ်ကောင်စီဘက်က ပိတ်ပင်လိုက်တယ်လို့ ဒေသတွင်း ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

Jun 10, 20234 min

ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ဧရိယာတွင် စစ်ကောင်စီတပ်ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ပြည်သူစစ်တွေပေါင်းပြီး ကိုးကန့်တပ်ဖွဲ့တွေရဲ့ထိန်းချုပ်ဧရိယာဘက်ကို စစ်အင်အားအများအပြား တိုးချဲ့လာတာကြောင့် တိုက်ပွဲတွေထပ်ဖြစ်လာနိုင်တဲ့အခြေနေမှာ ရှိနေတယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်ကပြောပါတယ်။

Jun 09, 20233 min

မြန်မာရှေ့နေများကို စစ်အာဏာရှင်က ခြိမ်းခြောက်၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်နေ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဝေဖန် ဆန္ဒပြသူတွေဘက်ကနေ ခုခံကာကွယ်ပေးနေတဲ့ မြန်မာနိုင်ငံက ရှေ့နေတွေဟာ စစ်အာဏာရှင်တွေရဲ့ ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှု၊ တရားစွဲဆိုမှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဖမ်းဆီးခံထားရတဲ့ ရှေ့နေတချို့လည်း နှိပ်စက်ညှဉ်းပန်းခံနေရတယ်လို့ နယူးယောက်ခ်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ပြောလိုက်ပါတယ်။

Jun 08, 20233 min

စစ်ကောင်စီကို လက်နက်နှင့် လေယာဉ်ဆီ ပိတ်ဆို့ရေး ကနေဒါလွှတ်တော်ကော်မတီ ဆွေးနွေး

စစ်ကောင်စီကို လက်နက်ဝယ်ယူခွင့်ပိတ်ဆို့ရေး၊ လေယာဉ်ဆီပိတ်ဆို့ရေးနဲ့ နိုင်ငံခြားငွေစီးဆင်းမှု ဖြတ်တောက်ရေးတို့အတွက် ကနေဒါလွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးတာဝန်ရှိသူကို ဒေသစံတော်ချိန် ဇွန်လ ၆ ရက်နေ့က ပြုလုပ်တဲ့ ၄၄ ကြိမ်မြောက် ကနေဒါလွှတ်တော်အစည်းအဝေးကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ပါတယ်။ ရုရှားစစ်တပ်က ယူကရိန်းကို တိုက်ခိုက်ရာမှာ လိုအပ်တဲ့လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာစစ်တပ်ကနေတဆင့် ဝယ်ယူတင်သွင်းနေတယ်ဆိုတဲ့ အာရှဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေထွ...

Jun 08, 20234 min

တရုတ်နိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်နိုင်ရေး ကြိုးပမ်းသင့်ကြောင်း နွေဦးတော်လှန်ရေးအင်အားစုများပြော

စစ်အာဏာရှင်တော်လှန်ရေးအောင်မြင်ဖို့အတွက်တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က အရေးပါတာကြောင့် တရုတ်နိုင်ငံအပေါ်ဆန့်ကျင်ကန့်ကွက်နေတာထက် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်အောင် ကြိုးစားဖို့လိုတယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တစ်ချို့နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

Jun 06, 20236 min

လေစီးကြောင်းပြောင်းသွားသဖြင့် ရခိုင်ကို မုန်တိုင်း ထပ်ဝင်မည့်အခြေအနေ မရှိတော့

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ လေစီးကြောင်း ပြောင်းသွားတာကြောင့် အထက်လေပွေလှိုင်းအနေနဲ့သာ ကုန်းတွင်းကို ဝင်ရောက်ပြီး ပထမ ခန့်မှန်းထားသလို ရခိုင်ပြည်ကို ဆိုင်ကလုန်းဝင်ရောက်မယ့် အခြေအနေ မရှိတော့ဘူးလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်တဲ့ အခြေအနေ လျော့နည်းသွားပေမဲ့ မုတ်သုံလေ အားကောင်းလာနိုင်ကာ မိုးသက်လေပြင်းတွေတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။ https://burmese.dvb.no/archives/597193...

Jun 05, 20234 min

"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (05-JUNE-2023)

"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (05 -JUNE-2023) ဒီကနေ့ညပိုင်း နားဆင်ရမယ့် သတင်းတွေတော့ ရခိုင်ကို ဆိုင်ကလုန်းဝင်ရောက်မယ့် အခြေအနေ မရှိတော့ဘူးလို့ မိုးလေဝသ ပညာရှင်က ပြောကြားလိုက်တဲ့သတင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေ လျော့နည်းသွားပေမဲ့ မုတ်သုံလေ အားကောင်းလာနိုင်လို့ မိုးသက်လေပြင်းအန္တရာယ်သတိပြုကြဖို့ မိုးဇလက အကြံပြုလိုက်တဲ့ သတင်း။ မြောက်ဦးမြို့မှာ မုန်တိုင်းသင့်ပြည်သူတွေကိုကူညီပေးနေတဲ့ ပရဟိသမားတွေ ဖမ်းဆီး စစ်ဆေးခံနေ၇တဲ့ သတင်းတွေကိုနားဆင်ရမှာပါ။...

Jun 05, 202330 min

မြန်မာ့တော်ဝင်နဂါးတပ်တော် ဗိုလ်နဂါးနှင့် DVB မေးမြန်းခန်း

မြန်မာ့တော်ဝင်နဂါးတပ်တော် ဗိုလ်နဂါးကို ဒီဗွီဘီသတင်းဌာနမှ မယမင်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။ ==================================================================== "ကျနော်ပြောချင်တာကတော့ တရုတ်အနေနဲ့ ပြည်သူတွေနဲ့ စစ်ကောင်စီကြားထဲက ပဋိပက္ခကို နားလည်သောအားဖြင့် စစ်ကောင်စီနဲ့ ဆက်ဆံရေးကို လျှော့ချစေချင်ပါတယ်။ ပြည်သူရဲ့ကြိုးစားအားထုတ်မှုအပေါ် ပါဝင်လာတာမျိုးပဲ ဖြစ်စေချင်ပါတယ်။ ဒါက နိုင်ငံရေးမှာ မဖြစ်မနေ ပါဝင်လာရတော့မယ့် အနေအထားအတွက်ဆိုရင် ပြောတာဖြစ်ပါတယ်။ ရေရှည်မှာ တရုတ်ရဲ့အကျိုးစီးပွားအတွက် ကောင်းမွန်တဲ...

Jun 05, 202324 min

နိုလင်းဟေဇာနဲ့ မြန်မာ့အရေးသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(04JUNE2023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်ကို နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ နောက်ထပ်လာဦးမယ့်မုန်တိုင်းဘေး၊ နိုလင်းဟေဇာ မြန်မာ့အရေးဘာတွေစွမ်းဆောင်နိုင်ခဲ့သလဲ၊ မြောက်ကိုရီးယားရဲ့ စပိုင်ဂြိုလ်တု စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Jun 04, 202330 min
For the best experience, listen in Metacast app for iOS or Android