"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (03-JUNE-2023)
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (03-JUNE-2023)

"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (03-JUNE-2023)
အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ ဒေသစံတော်ချိန် ဇွန် ၂ ရက် မွန်းလွဲပိုင်းက လုပ်တဲ့ ပြည်ပရောက် မြန်မာတွေရဲ့ တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို သံရုံး တာဝန်ရှိသူတွေက တိုင်ကြားခဲ့ပေမဲ့ ဒီစီအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဆန္ဒပြပွဲ ဆက်လုပ်ဖို့ ခွင့်ပြုခဲ့ပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (02-JUNE-2023)
မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို နယ်စပ်ကနေတဆင့် ပြည်တွင်းထဲ ရောက်အောင် ချမှတ်ထားတဲ့ ပေါ်လစီတွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်ရေး ဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဩစတြေးလျနဲ့ နယူးဇီလန် ခရီးစဉ်အတွင်းမှာ ပြောဆိုပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (01-JUNE-2023)
တရုတ်ကြားဝင်မှုနဲ့ မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့တို့ မိုင်းလားမှာ တွေ့ဆုံဖို့ရှိနေပါတယ်။ ဒီဆွေးနွေးပွဲဘာကြောင့်ဖြစ်လာသလဲ၊ ဘာတွေ ဆက်ဖြစ်နိုင် သလဲဆိုတာနဲ့ပတ်သက်လို့ အိမ်ရှင်မိုင်းလားအဖွဲ့နဲ့ လေ့လာသူတွေရဲ့ အမြင်သုံး သပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (31-MAY-2023)
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ကျောက်ကြီးမြို့နယ် အတွင်းက စစ်ဘေးရှောင်ကလေးငယ် ၁၀,၀၀၀ နီးပါးဟာ နေထိုင်မကောင်းတာ၊ မိုးကာလ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတဲ့အတွက် အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
“ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (30-MAY-2023)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ဟာ ရှေ့နေတွေနဲ့တွေ့ခွင့်မရဘဲ အဆက်အသွယ် လုံးဝအဖြတ်ခံထားရ တယ်လို့ အကူအညီပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ အကျဉ်းထောင်လက်စွဲဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဝါရင့်ရှေ့နေတယောက်က မှတ်ချက်ပေးပါတယ်။
ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၁၁ ) ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခု၊ မေလ ၂၉ ရက်၊ တနင်္လာနေ့ ညပိုင်း ဒီမိုကရက် တစ်မြန်မာ့အသံ (DVB) ရဲ့ “ချစ်သောကမ္ဘာမြေ” ရေဒီယိုအသံလွှင့် အစီအစဉ်
ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ “ချစ်သောကမ္ဘာမြေ” ရေဒီယို အထူးအစီအစဉ်သစ်ကို မေလ ၂၉ ရက် ဒီကနေ့ညပိုင်း စတင်ထုတ်လွှင့်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်သစ်မှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့သတင်းတွေ၊ ပြန်လည်ထူထောင်ရေး၊ ကူညီကယ်ဆယ်ရေးနဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ၊ မုန်တိုင်းသင့်ဒေသက ပြည်သူတွေရဲ့ အသံတွေ၊ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေ၊ ဆက်သွယ်မေးမြန်းချက်တွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်သစ်နဲ့ ပတ်သက်ပြီး ဒီဗွီဘီသတင်းဌ...
မြန်မာနိုင်ငံမှာ အနောက်တောင် မုတ်သုံလေ ဝင်ရောက်ပြီးနောက် မိုးတိမ်တောင် ဖြစ်ပေါ်မှုနဲ့အတူ ခြောက်သွေ့ စိုက်ဆင်းလေပြင်းကိုလည်း သတိထားဖို့လိုတယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ https://burmese.dvb.no/archives/595755
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ မိုခါမုန်တိုင်းဘေးပြန်လည်ထူထောင်ရေးအခြေအနေ၊ သေမထူးနေမထူးအကျဉ်းသားများ၊ ရုရှားစစ်သင်္ဘောတိုက်ခိုက်ခံရမှု စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
အာဏာသိမ်းကောင်စီအောက်မှာ ကျင်းပတဲ့ ပညာရေးညီလာခံက ဘာမှ မျှော်လင့်စရာမရှိဘူးလို့ CDM ပညာရေးဝန်ထမ်းတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။
ရှမ်းပြည်နယ်အစပ်နဲ့ ကယား(ကရင်နီ) ပြည်နယ်အတွင်းက ကိုယ်ထူကိုယ်ထစစ် ဘေးရှောင်စာသင်ကျောင်း အများစုဟာ ဗုံးခိုကျင်း တွေတူးထားရပြီးပညာရေးကို အသက်နဲ့ရင်းကာ သင်ကြားနေရပါတယ်။
မုန်တိုင်းဒဏ်အပြင်းထန်ဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ကို မုန်တိုင်းဖြစ်ပြီး တစ်ပတ်ကျော်ကြာတဲ့အထိ ထိရောက်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ မရောက်ရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက်မှာ ကုလားတန်မြစ်ကြောင်းနဲ့ မယူမြစ်ကြောင်းက ကျေးရွာ ၇၀ ကျော်လောက်ကို ဆားငန်ရေတွေ ဝင်ရောက်လို့ သောက်ရေသုံးရေ အခက်အခဲ ဖြစ်နေပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့ စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့PPST ကနေ မွန်ပြည်သစ်ပါတီက နုတ်ထွက်သွားပါတယ်။
၂၀၂၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်သံအမတ်ကြီးဦး ကျော်မိုးထွန်းအတွက် ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို အမေရိ ကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့က လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခတ်သွားတဲ့ အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ ထိုင်းရွေးကောက်ပွဲအကြောင်း ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မြို့တော်ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးအပါအဝင် အမေရိကန်နိုင်ငံအတွင်းရှိ တရုတ်ကောင်စစ်ရုံးတွေရှိတဲ့ မြို့ ၇ မြို့မှာ မေလ ၁၉ ရက်ကနေ ဇွန်လ ၁၉ ရက် အထိ အချိန်တလကြာ တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ်သွားမယ်လို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ပဲခူးတိုင်း၊တောင်ငူမြို့အကျဉ်းထောင်မှာ မေ ၁၈ ရက် ညနေ ၃ နာရီလောက်က အကျဉ်းထောင်လုံခြုံ ရေးတွေဆီကနေ သေနတ်လု ထွက်ပြေးလာတဲ့ အကျဉ်းသား ၉ ယောက်လုံး လွတ်မြောက်နယ်မြေကို လုံခြုံစွာရောက်ရှိနေပြီလို့ ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူတယောက်ကပြောပါတယ်။ အကျဥ်းထောင်ထဲကနေ ရုံးထုတ်ဖို့ခေါ်လာချိန်မှာ ထောင်လုံခြုံရေးတွေဆီကသေနတ်လုပြီး အပြန်အလှန် ပစ်ခတ်ပြီးနောက် ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး ပဲခူးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲ တာဝန်ရှိသူတယောက်က ပြောပါတယ်။...
ICJ တရားရုံးမှာ တန်ပြန်လျှောက်လဲချက်တင်ဖို့ အချိန်ဆွဲနေတဲ့ စစ်ကောင်စီရဲ့တောင်းဆိုချက်ကို တရားရုံးက ခွင့်ပြုပေးနေတာက မြန်မာနိုင်ငံသားအားလုံးအတွက် နစ်နာမှုရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အမေရိကားရောက် ဗင်နီဇွဲလားရွှေ့ပြောင်းအခြေချသူတဉီးက သူတို့ လာရာလမ်းခရီးရဲ့ ကြောက်မက်ဖွယ်bအခက်အခဲတွေ ပြန်လည်ပြောပြတာကို တင်ဆက်ပေးထားပါတယ်။
မိုခါမုန်တိုင်းကြောင့် စစ်တွေက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ သင်္ဂြိုလ်ပြီးအလောင်း ၁၀၀ ကျော်ရှိနေပြီး နောက်ထပ်သေဆုံးသူဦးရေ ဒီထက်တိုးလာနိုင်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
မုန်တိုင်းဒဏ်ခံရတဲ့ စစ်တွေမြို့မှာ ဆန်တစ်အိတ်ကိုကျပ်နှစ်သောင်းလောက်ဈေးတက်လာပြီးမုန်တိုင်းရှောင် ပြည်သူတွေ အတွက် စားနပ်ရိက္ခာနဲ့ သောက်ရေ အခက်အခဲတွေ ရှိနေတယ်လို့ အရပ်အဖွဲအစည်းတွေက ပြောဆိုလိုက်ပါတယ်။
မိုခါဆိုင်ကလုန်းကြောင့်ဆုံးရှုံးပျက်ဆီးမှုတွေကို ရခိုင့်တပ်တော် အေအေက စာရင်း စတင်ကောက်ယူနေပြီး စားနပ်ရိက္ခာလိုအပ်တဲ့ ပြည်သူတွေဆီကို နိုင်ငံတကာအနေနဲ့ အကူအညီ အမြန်ပေးဖို့ အေအေဘက်က တောင်းဆိုလိုက်ပါတယ်။
မိုခါမုန်တိုင်းဟာ အားပျော့ပျက်ပြယ်သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မေ ၁၅ ရက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
မိုခါမုန်တိုင်းဟာ အားပျော့ပျက်ပြယ်သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မေ ၁၅ ရက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။