မြန်မာစစ်တပ်တွင် တိုက်ခိုက်ရေးစစ်သည်အင်အား တစ်သိန်းအောက်ထိ ကျဆင်းလာ
တိုက်ခိုက်ရေးစစ်သည်အင်အား တစ်သိန်းအောက်ထိ ကျဆင်းလာတဲ့ အာဏာရှင် စစ်တပ်အနေနဲ့ သူ့ကို ဆန့်ကျင်တော်လှန်တဲ့ အဖွဲ့အစည်းတိုင်းကို လေကြောင်း တိုက်ခိုက်မှုကိုသာ အဓိကထား တိုက်ခိုက်နေတာကလွဲလို့ တခြားနည်းလမ်း မရှိတော့တာကြောင့် နိုင်ငံတကာအနေနဲ့ ဒီကိစ္စအပေါ် အလေးထား စဉ်းစားပြီး မြန်မာပြည်သူတွေကို ကူညီပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
