DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ထန်းတပင်မြို့နယ်၌ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာက ကလေးငယ် ၅ ယောက်အပါအဝင် ဒေသခံပြည်သူ ၁၉ ယောက်ကို စစ်ကောင်စီတပ်က အစုလိုက်မီးရှို့သတ်ဖြတ်ခဲ့သလို ဒေသခံတချို့ပါပျောက်ဆုံးနေပါတယ်။

May 14, 20233 min

အမေရိကန်ရောက်မြန်မာများ တရုတ်သံရုံးရှေ့ ဆန္ဒပြ

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ရောက် မြန်မာတွေက တရုတ်နိုင်ငံအလံကို မြေမှာချနင်းပြီး ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ မေလ ၁၂ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

May 13, 20233 min

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့နယ်ကို ဦးတည်နေ

စစ်တွေကို ဦးတည်နေတဲ့ အင်အားပြင်း မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံပြည်နယ်နဲ့တိုင်း ၄ ခုရှိ လူဦးရေ ၂ သန်းနီးပါးအပေါ် သက်ရောက်မှုရှိနိုင်ပြီး ရခိုင်ကမ်းရိုးတန်းက ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ကြဖို့ မိုးလေဝသပညာရှင်က တိုက်တွန်းလိုက်ပါတယ်။ http://burmese.dvb.no/archives/592696

May 11, 20235 min

မိုခါဆိုင်ကလုန်း မုန်တိုင်းဘေးရှောင်ရန် ဒေသခံမျာကို အေအေ ကူညီပေးနေ

ရခိုင်ပြည်နယ်နေရာတချို့မှာ မိုခါမုန်တိုင်းဘေးရှောင်ဖို့ ရက္ချိုင့်တပ်တော် (အေအေ)က ကူညီပေးနေပေမယ့် ဒေသအများစုမှာတော့ ပြင်ဆင်မှုတွေဘာမှမလုပ်ရသေးဘူးလို့ တင်းမဆရာတော်က မိန့်ပါတယ်။ http://burmese.dvb.no/archives/592715

May 11, 20235 min

ထိုင်းရွေးကောက်ပွဲ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်နိုင်မလား

မေလ ၁၄ ရက်မှာ ပြုလုပ်မယ့် ထိုင်းရွေးကောက်ပွဲရလဒ်က မြန်မာ့ နွေဦးတော်လှန်ရေးအတွက် အထောက်အ ပံ့ဖြစ်နိုင်မလား၊ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ။ ဒီအကြောင်းကို ထိုင်းနဲ့ မြန်မာ နိုင်ငံရေး သုတေသီတွေကို မေးမြန်းတင်ဆက်ပေးမှာပါ။

May 10, 20236 min

အာဆီယံထိပ်သီးညီလာခံကနေ မြန်မာ့အရေးချဉ်းကပ်မှုအသစ်တွေရှိလာနိုင်

မြန်မာ့အရေးကို အဓိကဆွေးနွေးမယ့် အာဆီယံထိပ်သီးညီလာခံကနေ မြန်မာ့အရေးချဉ်းကပ်မှုအသစ်တွေရှိ လာနိုင်တယ်လို့လေ့လာသူ တွေက သုံးသပ်ထားပါတယ်။

May 09, 20233 min

မုန်တိုင်းဝင်နိုင်သဖြင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသများကြိုတင်ပြင်ဆင်ဖို့ တိုက်တွန်း

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းအဆင့် မေလ ၁၀ ရက်မှာ ကျရောက်နိုင်တာကြောင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသတွေနဲ့ ရေကြီးနိုင်တဲ့ နေရာတွေ အထူး သတိထားကြဖို့ မိုးလေဝသ ပညာရှင်တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

May 08, 20233 min

ဈေးကစားလိုသူများကြောင့် မြန်မာပြည်တွင်း ဆန်ဈေးတက်

မြန်မာပြည်တွင်းမှာ စပါးတွေရှိပေမဲ့လည်း ဆန်ဈေးကစားလိုသူတွေကြောင့် ဈေးတွေ တက်လာတဲ့အပြင် လက္ကားဈေးကွက်တွေမှာ ဆန်ပြတ်လပ်တာတွေ ဖြစ်နေတယ်လို့ ဆန်စပါးကုန်သည်တွေက ပြောပါတယ်။

May 07, 20234 min

မြန်မာတွင် တရက်တည်း ကိုဗစ်လူနာသစ် ၂၀၀ ခန့် စံချိန်တင်ထပ်မံတွေ့ရှိ

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်တွေ နေ့စဉ် ရာနဲ့ချီထပ်တွေ့နေပြီး သေဆုံးသူတွေလည်း ရှိနေပါတယ်။

May 06, 20234 min

တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲချမှတ်သူများထဲ နွေဦးတော်လှန်ရေးကြောင့် သေဒဏ်ချမှတ်ခံရသူများမပါ

စစ်ကောင်စီက သေဒဏ်ကနေ တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲချမှတ်လိုက်သူ ၃၈ ဦးထဲမှာ နွေဦးတော်လှန်ရေးကြောင့် သေဒဏ်ချမှတ်ခံရသူတွေမပါဝင်ဘူးလို့ အင်းစိန်ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။ တကျွန်းပြစ်ဒဏ် ပြောင်းလဲချမှတ်ခံရသူတွေဟာ နွေဦးတော်လှန်ရေးမတိုင်ခင် ဆိုးမိုက်ခဲ့သူတွေ သာဖြစ်တယ် လို့ဆိုပါတယ်။

May 05, 20235 min

နိုင်ငံရေးအကျဉ်းသား ၂,၁၅၃ ဦး ပြန်လွှတ်ပေး

ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၂,၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ပြန်လည် လွတ်မြောက်လာပါတယ်။

May 04, 20233 min

NUG အနေနှင့် အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းပေးပြီးမှ အုပ်ချုပ်ရေးတာဝန်များ ခန့်အပ်သင့်

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အုပ်ချုပ်ရေးတာဝန်ယူမယ့်သူတွေကို အုပ်ချုပ်ရေးဆိုင်ရာ တတ်အပ်သင့်တဲ့သင်တန်းတွေပေးပြီးမှ စိုးမိုးနယ်မြေတွေမှာအုပ်ချုပ်စေချင်တယ်လို့ ဒေသခံလူထုတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာအတွေ့ကြုံရှိ သူတွေကပြောပါတယ်။

May 03, 20235 min

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့ မြန်မာအရေးဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ ကုလသမဂ္ဂရဲ့ မြန်မာ့နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံကို ရောက်လာပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။

May 03, 20234 min

စစ်ဘေးဒဏ်သင့်နေတဲ့ ခါတွမ်မြို့တော်သားတွေ ရဲ့ဘဝအခက်အခဲ

လက်နက်ကိုင်ပဋိပက္ခဖြစ်တာ တစ်ပတ်ကျော်နေပြီဖြစ်တဲ့ဆူဒန်နိုင်ငံမှာ စစ်ပွဲဇုံအဖြစ် ပြောင်းလဲသွားတဲ့ ဘာရီမြို့သားဘန်ဒါဒီယိုဝယ်လ်ဘိတ်တစ်ယောက်စားစရာရိက္ခာကုန်လုနီးပါးအခြေအနေဖြစ်နေပြီး သောက်စရာရေရဖို့ တိုက်ပွဲတွေကြားကဘဲအိမ်ပြင်ထွက်ရှာရတော့မယ်လို့ဆိုပါတယ်။

May 02, 20233 min

အလုပ်သမားအခွင့်အရေး ဆောင်ရွက်ပေးနေကြောင်း စစ်ခေါင်းဆောင် ပြောဆိုချက် အလိမ်အညာ ဟု NUG တုံ့ပြန်

စက်ရုံအလုပ်ရုံတွေ အဆက်မပြတ်လည်ပတ်နိုင်အောင်ကြိုးစားနေပြီး အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး၊ လုပ်ခလစာတွေကို အပြည့်အဝရအောင် စည်းကြပ်စစ်ဆေးပေးနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ ဒီပြောဆိုချက်တွေဟာ အလိမ်အညာတွေသာဖြစ်ပြီး မြေပြင်မှာ သန်းနဲ့ချီတဲ့အလုပ်သမားတွေဟာ အလုပ်လက်မဲ့ဘဝနဲ့ စားဝတ်နေရေးကျပ်တည်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက တုံ့ပြန်ပါတယ်။ http://burmese.dvb.no/archives/590985

May 02, 20234 min

အရပ်သားကို ဦးတည် တိုက်ခိုက်မှုရပ်ဖို့ အာဏာသိမ်း စစ်ကောင်စီကို CDM ဗိုလ်ကြီးတောင်းဆို

စစ်သည်တော် ကျင့်ဝတ်တွေကို အပြည့်အဝ လိုက်နာပြီး အရပ်သားပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်နေ တာတွေရပ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို CDM ဗိုလ်ကြီးတဦးက တောင်းဆိုလိုက်ပါတယ်။

May 01, 20233 min

ကရင်နီပြည်နယ်တွင် စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ပေါင်း ၄၅၀ သေဆုံး

အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်ထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီကြောင့် သေဆုံးတဲ့အရပ် သားပြည်သူစုစုပေါင်း ၄၅၀ကျော်လာပြီဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတွေကလည်းစံချိန်တင်မြင့် တက်လာပါတယ်။

May 01, 20233 min

ဘန်ကီမွန်းရဲ့ မြန်မာခရီးစဉ်သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(30APR2023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဘန်ကီမွန်းရဲ့မြန်မာပြည်ခရီးစဉ်၊ နာဂအိရဲ့ကင်မရာအကြောင်းစတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားပါတယ်။

Apr 30, 202330 min

အကယ်ဒမီပွဲမတက်လျှင် ဖမ်းဆီးရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်နေ

စစ်ကောင်စီလက်ထက်မှာ ၃ နှစ်စာပေါင်းပြီး ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို အနုပညာရှင်တွေအားလုံး မဖြစ်မနေတက်ရောက်ဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။အကယ်ဒမီပွဲတက်ဖို့ ဖိအားပေး စည်းရုံးတာတွေအပြင် ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေကို ပွဲမတက်ရင် ပြန်ဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ လှုံ့ဆော် ရေးသားနေပါတယ်။ https://burmese.dvb.no/archives/590588

Apr 29, 20233 min

လက်ရှိမြန်မာ့အရေး ကမ္ဘာကြီးက တရားမျှတမှုရှာဖွေပေးဖို့ မျှော်လင့်ကြောင်း နာဂါအိညီမပြော

လက်ရှိမြန်မာ့အရေးအတွက် ကမ္ဘာကြီးကတရားမျှတမှုရှာဖွေပေးဖို့ မျှော်လင့်တယ်လို့ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုမှာ သတင်းယူရင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဂျပန်သတင်းထောက် နာဂါအိရဲ့ညီမ ဖြစ်သူက ပြောဆိုလိုက်ပါတယ်။

Apr 28, 20234 min

ဒီဗွီဘီက ရရှိထားသည့် ဂျပန်သတင်းထောက် နာဂအိရဲ့ ကင်မရာကို မိသားစုထံ လွှဲပြောင်းပေးအပ်

ဒီဗွီဘီကရရှိထားတဲ့ဂျပန်သတင်းထောက် နာဂအိရဲ့ ဗွီဒီယိုကင်မရာကို မိသားစုထံ လွှဲပြောင်းပေးအပ်ပွဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) ခန်းမမှာ ဧပြီ ၂၆ ရက်က ကျင်းပပါတယ်။

Apr 27, 20234 min

တိုင်းပြည်အကြပ်တည်းဖြေရှင်းဖို့ ပဋိပက္ခမှာ ပါဝင်သူအားလုံး ဆွေးနွေးရန်လိုအပ်ကြောင်း PPST ပြော

လက်ရှိနိုင်ငံရေး အခြေအနေက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်တဲ့ နိုင်ငံရေး အခင်းအကျဉ်း မဟုတ်ဘဲ ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ ပဋိပက္ခမှာ ပါဝင်နေကြတဲ့သူတွေ အားလုံး ဝိုင်းဝန်းဆွေးနွေးမှရမယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောပါတယ်။

Apr 26, 20233 min

အကြမ်းဖက်မှုရပ်တန့်ရန် စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ဟု ဘန်ကီမွန်းပြော

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ တောင်းဆိုလိုက်ပါတယ်။ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ ဧပြီ ၂၄ ရက်က နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်တာလို့ The Elders အဖွဲ့က မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်အပြီး ဧပြီ ၂၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ပြောပါတ...

Apr 26, 20234 min

အပူလှိုင်း အယ်နီညို ပိုပြင်းထန်လာနိုင်ပြီး ပြင်းအားကြီးမုန်တိုင်းမျိုးဝင်နိုင်ကြောင်း ပညာရှင်များဆို

ဒီနှစ်ကုန်ပိုင်းမှာ အပူလှိုင်း အယ်နီညို ပိုပြင်းထန်လာနိုင်ပြီး မေလထဲမှာတော့ နာဂစ်လို ပြင်းအားကြီး မုန်တိုင်းမျိုးလည်း ဝင်ရောက်နိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက သုံးသပ်ခန့်မှန်းထားပါတယ်။

Apr 25, 20233 min

ဦးကျော်မင်းဆွေ၊ မေပန်းချီ၊ ရွှေရည်သိန်းတန်နှင့် မေလသံစဉ်တို့ကို စစ်ကြောရေးမှ ရဲစခန်းပို့

ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင်မေပန်းချီ၊ အဆိုတော်ရွှေရည်သိန်းတန်နဲ့ မေလသံစဉ်တို့ကို စစ်ကောင်စီက အောင်သပြေစစ်ကြောရေးကနေတဆင့် သက်ဆိုင်ရာရဲစခန်းတွေကို ပို့ဆောင်လိုက်ပါတယ်။

Apr 24, 20234 min

ကနီနှင့် ဘုတလင်တွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ်များပျက်စီး

စစ်ကိုင်းတိုင်း၊ ကနီနဲ့ ဘုတလင်မြို့တွေမှာ လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Apr 23, 20233 min

SpaceX Starship အာကာသယာဉ်အကြောင်းအပါအဝင် DVB Weekly News Digest အစီအစဉ်။(22APR 2023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ SpaceX Starship အာကာသယာဉ်စမ်းသပ်လွှတ်တင်မှု၊ ရာသီဥတုပူပြင်းပြီး မီးမလာ ရေရှားဖြစ်နေတဲ့ မြန်မာပြည်၊ အကျဉ်းသား ၃၀၀၀ ကျော်ပြန်လွှတ်ပေးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုစတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Apr 22, 202330 min

မြန်မာနိုင်ငံတွင် ပြင်းထန်သည့်အပူဒဏ်ကြောင့် လူသေဆုံးမှုနှင့် နောက်ဆက်တွဲ ရောဂါများ ခံစားနေ

မြန်မာပြည်တွင်းမှာ အပူချိန်မြင့်မားပြီး ရေရှားပါးမှု လျှပ်စစ်မီးမလာမှုစတဲ့ ပြဿနာတွေနဲ့ ပြည်သူလူထုတွေ ကြုံတွေ့နေရပြီး အပူဒဏ်ကြောင့် သေဆုံးတာတွေနဲ့ နောက်ဆက်တွဲ ရောဂါတွေ ခံစားနေရပါတယ်။

Apr 21, 20233 min

တမူထူးခြားတဲ့ မောင်တောမြို့ဓလေ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်

တမူထူးခြားတဲ့ မောင်တောမြို့ဓလေ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို နှစ်ဆန်းတစ်ရက်နေ့ကနေ စတင်ပြီး ၃ ရက်ကြာ ကျင်းပနေပါတယ်။

Apr 20, 20233 min

စစ်ပြေးနှင့် ရဲပြေးများကို စစ်ကောင်စီက ပြန်လွှတ်ပေး

မြန်မာနှစ်သစ်ကူး နိုင်ငံတဝန်းအကျဉ်းထောင်တွေက အကျဉ်းသား ၃၁၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ရာမှာ ပြန်လွတ်လာသူအများစုဟာ စစ်ပြေး ရဲပြေးတွေ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။

Apr 19, 20233 min
For the best experience, listen in Metacast app for iOS or Android