ရန်ကုန်မှာ အွန်လိုင်းကနေ ငွေလိမ်လည်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာဟာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အသွင်ပြောင်းပြီး လုပ်ဆောင်လာနေတာလား၊ ဘယ်လို ငွေကြေးလိမ်လည်မှု ပုံစံတွေကို သတိထားဖို့လို မလဲဆိုတာကို DVB သတင်းထောက် ဝေဝေက တင်ဆက်ပေးထားပါတယ်။
Mar 22, 2025•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မင်းကွန်းပုထိုးတော်ကြီးအနီးကို စစ်တပ်က ဗုံးကြဲလို့ စေတီနဲ့ သာသနိကအဆောက်အအုံတွေ ပျက်စီးသွားတဲ့သတင်း -ဖားကန့်မှာ နွံကန် ပေါက်လို့ ကားလမ်းပိတ်ပြီး သွားလာရေးခက်ခဲနေတဲ့သတင်းနဲ့ -မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး စစ်ကောင်စီစွပ်စွဲချက်တွေကို AA က တုံ့ပြန်လိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Mar 21, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -နျူကလီးယားဓာတ်အားပေးစက်ရုံ နေပြည်တော်အနီး တည်ဆောက်ဖို့ရှိနေတဲ့သတင်း - အကြမ်းဖက်မှုတွေကို စစ်ကောင်စီတိုးလုပ်လာနေတယ်လို့ NUG နဲ့ EU တို့က အသီးသီး ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ -လျှပ်စစ်စွမ်းအင်သုံး EV မော်တော်ယာဉ်တွေကို ဧပြီ ၁ ရက်က စတင်ကာ လမ်းနဲ့ တံတားကြေးတွေ ကောက်ခံတော့မယ့်သတင်းတွေ နားဆင်ကြရမှာပါ
Mar 20, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြဝတီ ကျားဖြန့်မှာ ခိုင်းစေခံရသူ ၅ သောင်းကနေ ၁ သိန်းထိ ဆက်ရှိနိုင်တယ်လို့ ထိုင်းရဲချုပ်က ပြောလိုက်တဲ့သတင်း -လေးမျက်နှာမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ဒေသခံတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့သတင်းနဲ့ -ရန်ကုန်မှာ ကျပ်သန်းပေါင်း ၁ သိန်းလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Mar 19, 2025•5 min
DVB Newsbreak ( မတ် ၁၈ ရက် ၂၀၂၅၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - - ရိုဟင်ဂျာ အရေးဖြေရှင်းဖို့ AA နဲ့ ဆွေးနွေးရမယ်လို့ ကုလအကြီးအကဲက ပြောကြား လိုက်တဲ့သတင်း - ဗန်းမော်မြို့ရှိ သမိုင်းဝင် ကက်သလစ်ဘုရားကျောင်းကြီးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့တဲ့သတင်း -မြန်မာပြည်ရှိ တရုတ်စီးပွားရေးလုပ်ငန်တွေနဲ့ အကျိုးစီးပွားဆက်နွှယ်မှု မရှိတဲ့အကြောင်း ကုလအထူးကိုယ်စားလှယ်က ငြင်းဆိုလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ...
Mar 18, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် စစ်ခေါင်းဆောင်က တိုက်တွန်းလိုက်တဲ့သတင်း -နောင်ချိုမှာ ဘုန်းကြီးကျောင်း လေကြောင်းဗုံးကြဲခံရလို့ ကိုရင်လေးတွေအပါအဝင် ပြည်သူ အများအပြား သေဆုံးဒဏ်ရာရတဲ့သတင်း -ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၆ ယောက်ကို AA ကပြန်လွှတ်ပေးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
Mar 17, 2025•5 min
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ စကစ ရွေးကောက်ပွဲ တကယ်လုပ်မှာလား၊ တိန့်ရှီကျွင်းရဲ့ နေပြည်တော်ခရီး၊ စစ်အုပ်စုနဲ့ ဆန်ရှင်၊ ICC ရောက် ဒူတာတေး စတဲ့ အကြောင်းအရာတွေကို DVB ဝိုင်းတော်သားတွေက ဆွေးနွေးတင်ဆက်ပေးထားပါတယ်။
Mar 15, 2025•27 min
ဥပဒေနဲ့ မညီတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးရာမှာ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေကို နေရပ် ပြန်မပို့ဖို့ ထိုင်းလူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆိုနေကြပါတယ်။ ထိုင်းအာဏာပိုင်တွေက ၂၀၂၅ နှစ်စပိုင်းမှာ ကျားဖြန့် နှိမ်နင်းရေး စတင်ပြီးနောက် ဥပဒေနဲ့ မညီတဲ့ နိုင်ငံခြားသားလုပ်သားတွေကို စီမံချက်နဲ့ ဖမ်းဆီးရာမှာ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလကုန်အထိ ၂ လတာအတွင်း မြန်မာနိုင်ငံသား တသောင်းဝန်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။ https://burmese.dvb.no/post/694904
Mar 15, 2025•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာလူဦးရေ ၃ ပုံ ၁ ပုံ စားနပ်ရိက္ခာအကျပ်အတည်းကြုံနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း -ပူလူတူစခန်းကို KNU တပ်တွေက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်တွေ ထိုင်းဘက်ထွက်ပြေးသွားတဲ့သတင်းနဲ့ -စစ်ကောင်စီက အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်းနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Mar 14, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယက အလိုရှိကြောင်း ပြောလိုက်တဲ့သတင်း -ဒေါက်တာစင်သီယာမောင်ကို ထိုင်းတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်လိုက်တဲ့သတင်းနဲ့ -တောင်ငူခရိုင်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ မီးလောင်ဗုံးနဲ့ တိုက်ခိုက်လို့ ဆေးမှူး ၂ ယောက် ထိမှန် ကျဆုံးခဲ့တဲ့ သတင်းတွေနားဆင်ကြရမှာပါ
Mar 13, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို မကူညီကြဖို့ နိုင်ငံတကာကို HRW က တောင်းဆိုလိုက်တဲ့သတင်း -မြန်မာဘက် တိုက်ပွဲကြောင့် ထိုင်းနယ်မြေထဲကို လက်နက်ကြီးကျည်ကျပြီး လုံခြုံရေး တင်းကျပ်ထားတဲ့သတင်း -အမေရိကန်အကူအညီဖြတ်တောက်မှုကြောင့် ရိုဟင်ဂျာကလေးငယ်တွေ အစာငတ်မွတ်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
Mar 12, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဖြစ်ချင်တာမပြောဘဲ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာပဲပြောကြဖို့ EAO တွေကို စစ်ခေါင်းဆောင်က ပြောလိုက်တဲ့သတင်း -နိုင်ငံတကာက စစ်အုပ်စုအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပေါင်း အကြိမ် ၇၀ ပြုလုပ်ခဲ့တဲ့သတင်းနဲ့ -စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရခိုင်သူဌေးရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ငပလီက ဟိုတယ်တချို့ကို AA ချိပ်ပိတ်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
Mar 11, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ရွေးကောက်ပွဲကို ဒီဇင်ဘာလ ဒါမှမဟုတ် ဇန်နဝါရီမှာ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့သတင်း -ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ပစ်ခတ်မှုဖြစ်ပြီး ဒုက္ခသည် ၁ ယောက်သေဆုံးသွားတဲ့သတင်းနဲ့ -အိန္ဒိယ-မြန်မာ နယ်စပ်မှာ ဘယ်လ်ဂျီယံ ဓာတ်ပုံသတင်းထောက်တယောက် အဖမ်းခံရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Mar 10, 2025•5 min
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ စစ်ခေါင်းဆောင်ရဲ့ မော်စကိုခရီးစဉ်နဲ့ ကြွက်မင်း ဒီပလိုမေစီ၊ KIA နဲ့ TNLA ပဋိပက္ခ၊ ထရမ့်ပ်ရဲ့စံချိန်တင်မိန့်ခွန်း၊ ကုန်သွယ်ရေးစစ်ပွဲ၊ ယူကရိန်းနဲ့ ဥရောပလုံခြုံရေး စတဲ့အကြောင်းအရာတွေကို DVB ဝိုင်းတော်သားတွေက ပါဝင်ဆွေးနွေး တင်ဆက်ပေးထားပါတယ်။
Mar 09, 2025•27 min
မတ်လ ၈ ရက်ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေ ကတော့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်ခံထားရမှုနဲ့အတူတန်းတူညီမျှရေးနဲ့ အသိအမှတ်ပြုခံရရေးအတွက် ကြိုးစားနေရဆဲဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သတ်မှတ်ဆောင်ပုဒ်ကAccelerate Action (အရှိန်မြှင့်လုပ်ဆောင်ခြင်း) ဖြစ်ပါတယ်။ အမျိုးသမီးတွေဂျန်ဒါတန်းတူညီမျှရေးအတွက် အတူတကွ အရှိန်မြှင့်လုပ်ဆောင်ကြဖို့ ဒီနှစ်ဆောင်ပုဒ်က ရည်ရွယ်တာ ဖြစ်ပါတယ်။
Mar 08, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - ဘယ်လာရုစ် - မြန်မာ စီးပွားရေးဖိုရမ်ကို စစ်ခေါင်းဆောင် တက်ရောက်တဲ့သတင်း -NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တာဝန်ကနေ အနားယူသွားတဲ့သတင်းနဲ့ -ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်တွေ မီးလောင်ပျက်စီး သွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ။
Mar 07, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ရုရှားခရီးစဉ်အပြီး စစ်ခေါင်းဆောင်က ဘယ်လာရုစ်ဆီ ခရီးဆက်မယ့်သတင်း -တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုအတွင်း တိုက်လေယာဉ် ဗုံးကြဲမိပြီး မြန်မာ ၁ ဦးအပါအဝင် ၁၅ ဦး ဒဏ်ရာရသွားတဲ့သတင်းနဲ့ -ကျောက်ဖြူရေနက်ဆိပ်ကမ်း တိုက်ပွဲကြောင့် ဒေသခံ ၄၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Mar 06, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -သမ္မတပူတင်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံပြီး အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်ရေး အပါအဝင် စာချုပ်တွေချုပ်ဆိုခဲ့တဲ့သတင်း -ညောင်တုန်း၊ မအူပင်နဲ့ ရန်ကုန်မှာ ငလျင်တွေလှုပ်ခတ်သွားတဲ့သတင်းနဲ့ -ကျောက်ဖြူရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို AA က သိမ်းပိုက်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
Mar 05, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ရုရှားနဲ့ မြန်မာစစ်အုပ်စုတို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေ အဆုံးသတ်ဖို့ လူ့အခွင့်အရေး အဖွဲ့တခုက တောင်းဆိုလိုက်တဲ့ သတင်း -BGF စောချစ်သူနဲ့ အပေါင်းပါတွေကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းရှေ့နေချုပ်ရုံးသို့ အမှုတွဲပေးပို့လိုက်တဲ့သတင်းနဲ့ -နိုင်ငံရေးလှုပ်ရှားတဲ့ လူငယ်တွေနဲ့ CDM တွေကို ရန်ကုန်လေဆိပ်မှာ စောင့်ဖမ်းနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ။...
Mar 04, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာကို လက်နက်ရောင်းချမှု တားမြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့ဖို့ ကုလသမဂ္ဂက တောင်းဆို လိုက်တဲ့သတင်း - စစ်ခေါင်းဆောင် ရုရှားနိုင်ငံကို ထွက်ခွာသွားတဲ့သတင်းနဲ့ -ရန်ကုန်မှာ ငလျင်လှုပ်ခတ်ခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Mar 03, 2025•5 min
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာတဲ့ စစ်ကောင်စီ၊ အဖမ်းအဆီးကြမ်းနေတဲ့ ထိုင်း၊ ထောင်တွင်း နှိပ်စက်ခံနေရတဲ့ နိင်ကျဉ်းများ၊ ယူကရိန်းအရေးနဲ့ ဒေါ်လာ ၅ သန်းနဲ့ Gold Card ထုတ်ရောင်းမယ့် ထရမ့်ပ် စတဲ့အကြောင်းအရာတွေကို DVB ဝိုင်းတော်သားတွေနဲ့အတူ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးတို့က ပါဝင်ဆွေးနွေးထားပါတယ်။
Mar 02, 2025•3 min
Non CDM အမျိုးသမီးငယ်တယောက်အပေါ် အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကန့်ဘလူမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးမဲခေါင်(ခ) ဦးမြင့်ဇော်ဦးကို ပြန်လွှဲပြောင်းပေးဖို့ ကန့်ဘလူကာကွယ်ရေးအဖွဲ့တွေက တောင်းဆိုလိုက် ပါတယ်။ https://burmese.dvb.no/post/692713
Mar 01, 2025•3 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ကိုင်းတိုင်း တိုင်းမှူးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရသွားတဲ့သတင်း -ဒေါပုံမှာ ရာအိမ်မှူး တယောက် ဓာတ်ဆီပက် မီးရှို့ခံရပြီး သေဆုံးသွားတဲ့သတင်းနဲ့ -ရိုဟင်ဂျာများအပါအဝင် ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို AA က ပြန်လွှတ်ပေးလိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ
Feb 28, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းထုတ်ထားတဲ့ကိစ္စ ပြန်သုံးသပ်ပေးဖို့ NLD က တောင်းဆိုလိုက်တဲ့သတင်း -ချင်းကောင်စီ ၂ ခု ပူးပေါင်းဖို့ သဘောတူညီမှုရသွားတဲ့သတင်းနဲ့ -မြန်မာဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးနိုင်ငံဖြစ်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Feb 27, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံ မီးခိုးမြူနဲ့ လေထုညစ်ညမ်းမှုပြဿနာဖြေရှင်းရန် အရေးပေါ် Hotline ဖွင့်လိုက်တဲ့သတင်း -ဂျဲယန် ကချင် စစ်ရှောင်စခန်းက ကလေး ၃ ယောက် ပြန်ပေးဆွဲ သတ်ဖြတ်ခံရတဲ့သတင်းနဲ့ -အိုးဘိုထောင်မှာ ဆေးဝါးမလုံလောက်လို့ နိုင်ငံရေးအကျဉ်းသား ၂ ယောက် သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Feb 26, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြို့နယ် ၁၁၀ မှာပဲ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီပြင်ဆင်နေတဲ့သတင်း -ဗိုလ်ချစ်သူနဲ့ BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ Justice For Myanmar က တိုက်တွန်းလိုက်တဲ့သတင်းနဲ့ -အင်တာနက် ဖြတ်တောက်မှု အဆိုးဝါးဆုံးနိုင်ငံအဖြစ် မြန်မာ ထိပ်ဆုံးမှရပ်တည်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Feb 25, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ကျားဖြန့်နှိမ်နင်းရေး အပါအဝင် မြန်မာ့အရေး လုပ်ဆောင်မယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့သတင်း -ရုရှားက ထားဝယ်မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်မယ့်သတင်းနဲ့ -နောင်ချိုမှာ စစ်တပ်က အဆိပ်ငွေ့ဗုံး သုံးပြီး တိုက်ခိုက်လို့ TNLA တပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာ ရသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ။
Feb 24, 2025•5 min
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကို ဘယ်လိုရင်ဆိုင်တုံ့ပြန်မလဲ၊ TNLA နဲ့ စစ်ကောင်စီတို့ရဲ့ မအောင်မြင်တဲ့ဆွေးနွေးပွဲ၊ ဒေါ်နယ်ထရမ့်ရဲ့ ဇလန်းစကီးအပေါ်ထိုးနှက်ချက် စတဲ့ အကြောင်းအရာတွေကို DVB ဝိုင်းတော်သားတွေနဲ့အတူ ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်တို့က ပါဝင်ဆွေးနွေး တင်ဆက်ပေးထားပါတယ်။
Feb 23, 2025•27 min
https://burmese.dvb.no/post/691573 သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နာမည်တွေကို အာဂျင်တီးနားတရားရုံးက ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းစာရင်းနေ ဖယ်ရှားဖို့ မဖြစ်နိုင်တော့ဘဲ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့နည်းလမ်းသာရှိတယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ် ပြောပါတယ်။ အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ဒုတိယအပတ်ထဲမှာထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်းမှာ စစ်ခေါင်းဆောင်တွေနဲ့အတူ အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ...
Feb 22, 2025•4 min
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဗန်းမော် ခလရ ၂၃၆ တပ်ရင်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်း -နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေ အများအပြား ထိခိုက်သေဆုံးခဲ့တဲ့သတင်း -ကျားဖြန့်ကနေ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၃၀ ကျော်ကို BGF က ဖမ်းဆီးလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Feb 21, 2025•5 min