DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ငလျင်ကြောင့်ပျက်စီးသွားတဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ(WeeklyNewsDigest 20042025)

ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်နဲ့ NUG တို့ကိုတွေ့ဆုံမှု၊ ငလျင်ကြောင့်ပျက်စီးသွားတဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ၊ မြန်မာ့ကူးပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ တရုတ်သမ္မတရဲ့ အာဆီယံဒေသတွင်းခရီးစဉ်စတဲ့အကြောင်းတွေကို အထူးဖိတ်ကြားထားတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနဦးစီးဌာနက CDM ညွှန်ကြားရေးမှူး ဒေါက်တာထားထားပါနဲ့အတူ DVB ဝိုင်းတော်သားတွေက ဆွေးနွေးတင်ဆက်ပေးထားပါတယ်။

Apr 20, 202527 min

စစ်ခေါင်းဆောင်နှင့် တွေ့ဆုံသည့်အပေါ် ကန့်ကွက်

မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင်နဲ့ ဘန်ကောက်မှာတွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ မလေးရှားသံရုံးတာဝန်ရှိသူတွေထံ ပေးအပ်လိုက်ပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။

Apr 19, 20252 min

DVB Newsbreak ( ဧပြီ ၁၈ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင်နဲ့ရော NUG ဝန်ကြီးချုပ်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့သတင်း -မကွေးအကျဉ်းထောင်တွင် ပစ်ခတ်မှုကြောင့် နိုင်ငံအရေး အကျဉ်းသား ၂ ယောက် သေဆုံးသွားတဲ့ သတင်းနဲ့ -လားရှိုးကို စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေ စတင်ဝင်ရောက်လာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Apr 18, 20255 min

DVB Newsbreak ( ဧပြီ ၁၇ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -လူသားစာနာမှု အကူအညီတွေကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးချနေတယ်လို့ NUG က ပြောလိုက်တဲ့သတင်း -မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းသား ၄,၉၀၀ လောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲပါလာတဲ့သတင်းနဲ့ -မန္တလေးနဲ့ နေပြည်တော်မှာ ငလျင်တွေ ထပ်လှုပ်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Apr 17, 20255 min

DVB Newsbreak ( ဧပြီ ၁၆ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

DVB Newsbreak ( ဧပြီ ၁၆ ရက် ၂၀၂၅၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ခေါင်းဆောင်နဲ့ တဖက်သတ်ဆက်ဆံရေးလုပ်နေတဲ့ အာဆီယံကို တော်လှန်ရေးအဖွဲ့တွေက သတိပေးလိုက်တဲ့သတင်း -မန္တလေးမှာ မိုးရွာသွန်းပြီး ငလျင်ဒဏ်ခံရတဲ့ အထပ်မြင့် တိုက် ၂ လုံးပြိုကျသွားတဲ့သတင်း -၁၈ မိုင် စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ...

Apr 16, 20255 min

DVB Newsbreak ( ဧပြီ ၁၅ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -အပစ်ရပ်ကာလ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို နိုင်ငံတကာက စောင့်ကြည့်ဖို့ NUG အစိုးရက တိုက်တွန်းလိုက်တဲ့သတင်း -ကော့ကရိတ်နဲ့ အင်းတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက် သေဆုံးသွားတဲ့ သတင်းနဲ့ -မီးလောင်သွားတဲ့ ၁၀ တန်း စာမေးပွဲအဖြေလွှာတွေကို ပြန်ဖြေခိုင်းတဲ့အပေါ် ဗကသများအဖွဲ့ချုပ်က ကန့်ကွက်လိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ

Apr 15, 20255 min

DVB Newsbreak ( ဧပြီ ၁၄ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ငလျင်ဘေးကြောင့် မန္တလေးသင်္ကြန်ကျင်းပနိုင်ခြင်းမရှိတဲ့သတင်း -မြန်မာစစ်ခေါင်းဆောင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတဲ့သတင်းနဲ့ ကိုရီးယား ဂါချွန်တက္ကသိုလ်က ငလျင်ဘေးသင့် မြန်မာကျောင်းသားတွေ ကို ငွေကြေးထောက်ပံ့မယ့် သတင်းတွေနားဆင်ကြရမှာပါ

Apr 14, 20255 min

ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ စိတ်ဒဏ်ရာ ဘယ်လိုကုစားမလဲ၊ ၊ (WeeklyNewsDigest 13042025)

ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ စိတ်ဒဏ်ရာ ဘယ်လိုကုစားမလဲ၊ ငလျင်ဘေးအလွန် ကူးစက်ရောဂါတွေ၊ အင်းတော်-ဖလမ်းမြို့သိမ်းတိုက်ပွဲနဲ့ အမေရိကန်ရဲ့ ကုန်သွယ်စည်းကြပ်ခွန်ဂယက် စတဲ့အကြောင်းတွေကို DVB ဝိုင်းတော်သားတွေနဲ့အတူ စိတ်ပညာအထူးပြု မဟာတန်းတက်ရောက်လေ့လာနေတဲ့ ဒေါက်တာမိုး (ဆေး၂ )တို့က ပါဝင်ဆွေးနွေးတင်ဆက်ပေးထားပါတယ်။

Apr 13, 202527 min

ပျော်ဘွယ်၊ သဲတောနှင့် ဝမ်းတွင်းတွင် ငလျင်ထပ်လှုပ်၊ ပြန်လည်ထူထောင်ရေး မစနိုင်သေး

အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ အခုရက်ပိုင်း ငလျင်တွေ ထပ်မံလှုပ်ခတ်နေတာကြောင့် ပြန်လည်ထူထောင်ရေး မလုပ်ဆောင်နိုင်သေးဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ https://burmese.dvb.no/post/700444

Apr 12, 20251 min

DVB Newsbreak ( ဧပြီ ၁၁ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာပြည်သူတွေ မျှော်လင့်ချက်ကို လက်မလွှတ်ကြဖို့ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောလိုက်တဲ့သတင်း -ချင်းပြည်နယ်မှာ စစ်တပ်ကဗုံးကြဲလို့ ကလေးတွေအပါအဝင် ၁၂ ယောက် သေဆုံးသွားတဲ့ သတင်းနဲ့ -မြန်မာ ရွှေဈေး တကျပ်သားကို ၇၃ သိန်းအထိ ခုန်တက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Apr 11, 20255 min

DVB Newsbreak ( ဧပြီ ၁၀ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ငလျင်ဒေသကိုစစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လူမဆန်တဲ့ ရက်စက်တွေ ဆက်လုပ်နေတယ်လို့ မြန်မာ သံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောလိုက်တဲ့သတင်း -ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်နဲ့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့သတင်းနဲ့ -အင်းတော်တိုက်ပွဲကနေ ထွက်ပြေးသွား တဲ့ စစ်ကောင်စီတပ်မ ၇၇ တပ်မမှူး အပါအဝင် စစ်သုံ့ပန်းတွေ အရှင်ဖမ်းမိတဲ့ သတင်းတွေ နားဆင်ကြရမှာဖြစ်ပါတယ်

Apr 10, 20255 min

DVB Newsbreak ( ဧပြီ ၉ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တဲ့ သတင်း -ငလျင်ဘေးသင့် မသန်စွမ်းအမျိုးသမီးတွေ အကူအညီလိုအပ်နေတဲ့ သတင်းနဲ့ -ဖလမ်းမြို့ရှိ စစ်ကောင်စီတပ် ခလရ ၂၆၈ ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Apr 09, 20255 min

DVB Newsbreak ( ဧပြီ ၈ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေပြီး မုန်တိုင်းဖြစ်နိုင်ခြေများနေတယ်လို့ ခန့်မှန်းထားတဲ့သတင်း -ငလျင်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့အထိ ဖြစ်မလာနိုင်ဘူးလို့ နိုင်ငံရေးပါတီတွေက သုံးသပ်ပြောလိုက်တဲ့သတင်းနဲ့ - ရခိုင်ပြည်နယ် မှာ စစ်ကောင်စီတပ်နဲ့ AA တပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Apr 08, 20255 min

DVB Newsbreak ( ဧပြီ ၇ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာငလျင်ဘေးကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံးသူပေါင်း ၁၀၀၀၀ ကျော်ထိရှိလာတဲ့သတင်း -ငလျင်ဘေးသင့်ဒေသမှာ ကူးစက်ရောဂါဖြစ်ပွားမှု အန္တရာယ်မြင့်မားနေတယ်လို့ WHO က သတိပေးလိုက်တဲ့သတင်းနဲ့ -ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆောက်လုပ်နေတဲ့ သင်္ကြန်မဏ္ဍပ်ကို ပြန်ဖျက်သိမ်းနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Apr 07, 20255 min

သေနတ်ပြောင်းဝက ငလျင်ဘေးကူညီကယ်ဆယ်ရေး၊ (WeeklyNewsDigest 30032025)

ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ စစ်အာဏာရှင် သေနတ်ပြောင်းဝက ငလျင်ဘေးကူညီကယ်ဆယ်ရေး၊ သဘာဝဘေးဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွနဲ့ မြေငလျင်သတင်းယူခွင့် ပိတ်ပင်ခံနေရဲ့ သတင်းသမားတွေ စတဲ့အကြောင်းတွေကို DVB ဝိုင်းတော်သားတွေက ဆွေးနွေးတင်ဆက်ပေးထားပါတယ်။

Apr 06, 202527 min

ဘန်ကောက်တွင် စစ်ခေါင်းဆောင်၏ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြမှု နှောင့်ယှက်ခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ BIMSTEC ဘန်ကောက် ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်တဲ့အဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့တွေက ဒီကနေ့ ဧပြီလ ၅ ရက် မနက် ၁၁ နာရီ ဝန်းကျင် လာရောက် နှောင့်ယှက် တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီ ဆန္ဒပြပွဲ မစတင်ခင်မှာပဲ ဆန္ဒပြ သပိတ်ခေါင်းဆောင် Bright Future အဖွဲ့ ဦးဆောင်သူ ကိုဆူရတ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းကာ ကာကွယ် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အဲဒီ ဖြစ်စဉ်ကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ အလုပ်သမားအရေး လှ...

Apr 05, 20253 min

ငလျင်ဘေးသင့် ပြည်သူများထံ နိုင်ငံတကာအကူမရောက်၊

မန္တလေးနဲ့ စစ်ကိုင်းက ငလျင်ဒဏ်သင့် အခြေခံလူထုဆီ နိုင်ငံတကာကပေးတဲ့အကူအညီတွေ မရောက်လာကြောင်းနဲ့ လေကြောင်းကနေ ဆက်ပြီး ဗုံးတွေကြဲချပြီး တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ မတ် ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ဒေသတွင်း အိန္ဒိယ၊ တရုတ်တို့အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ ပြည်တွင်းကိုဝင်ရောက်ခဲ့ကြတာပါ။ https://burmese.dvb.no/post/699177

Apr 05, 20253 min

DVB Newsbreak ( ဧပြီ ၄ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -အာဏာသိမ်းစစ်ခေါင်းဆောင် ဘန်ကောက် (ဘင်းမ်စတက်) ထိပ်သီးညီလာခံတက်ရောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံတဲ့သတင်း -ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး အရာရှိနဲ့ အထူးကိုယ်စားလှယ်တို့ မြန်မာပြည်လာမယ့်သတင်းနဲ့ -မြန်မာငလျင်ဘေးအတွက် အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် QUAD (ကွက်ဒ်) အဖွဲ့ဝင် ၄ နိုင်ငံက ဒေါ်လာသန်း ၂၀ ကူညီပေးမယ့်သတင်းတွေနားဆင်ကြရမှာပါ...

Apr 04, 20255 min

DVB Newsbreak ( ဧပြီ ၃ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ငလျင်ကြောင့် အပစ်ရပ်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ ပစ်ခိုက်တိုက်မှုတွေ ဆက်လုပ်နေတဲ့သတင်း -စစ်ခေါင်းဆောင်ကို ထိုင်းအစိုးရက BIMSTEC ညီလာခံ တက်ခွင့်ပြုသည့်အပေါ် အပြင်းအထန် ကန့်ကွက်ဝေဖန်ခံနေရတဲ့သတင်းနဲ့ -ငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်မယ်ဆိုရင် အကြောင်းကြားဖို့နဲ့ ရွှေငွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေ့ရင် စစ်တပ်ကို အပ်ရမယ်ဆိုတဲ့ သတင်းတွေ နားဆင်ကြရမှာပါ...

Apr 03, 20255 min

DVB Newsbreak ( ဧပြီ ၂ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ငလျင်ဘေးတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေချိန် ကုန်ဆုံးဖို့ နီးလာပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်တဲ့သတင်း -တရုတ်ကြက်ခြေနီယာဉ်တန်းကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်တားဆီးခဲ့တဲ့သတင်းနဲ့ -မြန်မာငလျင်ဘေးအတွက် ဩစတြေးလျနဲ့ ဂျပန်က လူသားစာနာအကူအညီ ပေးအပ်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Apr 02, 20255 min

DVB Newsbreak ( ဧပြီ ၁ ရက် ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာ ငလျင်ကြောင့် သေဆုံးသူပေါင်း ၃,၆၀၀ ကျော်ရှိလာတဲ့သတင်း -ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့သတင်းနဲ့ -အလွတ်တန်း သတင်းထောက် စိုးရာဇာထွန်း ပြန်လည်လွတ်မြောက်လာတဲ့သတင်းတွေ နားဆင်ရမှာပါ

Apr 01, 20255 min

DVB Newsbreak ( မတ် ၃၁ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ငလျင်လှုပ်ပြီး ၃ ရက် ကြာမှ ဝမ်းနည်းကြောင်း စစ်ကောင်စီ ကြေညာလိုက်တဲ့သတင်း -မြန်မာ့ငလျင်ဘေးအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် WHO နှင့် IFRC အရေးပေါ်တောင်းခံ တဲ့သတင်းနဲ့ - အဆိုတော် ဂျေညီညီကွယ်လွန်သွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Mar 31, 20255 min

ခေတ်သစ်ဖက်ဆစ်တော်လှန်ရေး ( WeeklyNewsDigest 30032025)

ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေး၊ လားရှိုး-နောင်ချို စစ်ရေး၊ KNU ရဲ့ ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲနဲ့ Signal group chat မှာ အမေရိန်စစ်ရေး သတင်းပေါက်ကြားမှု စတဲ့အကြောင်းတွေကို DVB ဝိုင်းတော်သားတွေက ဆွေးနွေးတင်ဆက်ပေးထားပါတယ်။

Mar 30, 202527 min

မြန်မာငလျင်ဘေး ဝိုင်းဝန်းကူညီပေးရန် နိုင်ငံတကာကို NUG မေတ္တာရပ်ခံ

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် အကူအညီတွေ မြန်မြန်ရောက်လာရေး ဝိုင်းဝန်းကူညီပေးကြဖို့ နိုင်ငံတကာအစိုးရတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။ မတ် ၂၈ ရက်က စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုပြီး လှုပ်သွားခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်လာပြီး ဒဏ်ရာရတဲ့သူ ၂,၃၀၀ ကျော် ရှိလာတယ်လို့ စစ်ကောင်စီက မတ် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Mar 29, 20254 min

DVB Newsbreak ( မတ် ၂၈ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာပြည်တွင်း အင်အားပြင်းငလျင်လှုပ်ခတ်ပြီး လူတွေသေဆုံး၊ အဆောက်အဦ လမ်းတံတားတွေ ပြိုကျပျက်စီးသွားတဲ့သတင်း -တိုက်ပွဲများ ဆက်လက်ဖော်ဆောင်မယ့်အကြောင်းနဲ့ တိုင်းရင်းသားနဲ့ PDF တွေလက်နက်စွန့်ဖို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့သတင်းနဲ့ -ထိုင်းငါးဖမ်းလှေသား ၄ ယောက် ပြန်လွတ်လာတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Mar 28, 20255 min

DVB Newsbreak ( မတ် ၂၇ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ခေတ်သစ် ဖက်ဆစ်တော်လှန်ရေးကာလရောက်နေလို့ NUG က တော်လှန်ရေးနေ့မှာ ထုတ်ပြန်လိုက်တဲ့သတင်း -မြန်မာ့စီးပွားရေးတိုးတက်မှု ၃ ရာခိုင်နှုန်းရှိဖို့ မျှော်မှန်းထားတယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့သတင်းနဲ့ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေဆိုင်အိမ်ကို စတုတ္ထအကြိမ်လေလံပစ်ဖို့ စစ်ကောင်စီတရားရုံးက အမိန့်ချလိုက်တဲ့သတင်း တွေနားဆင်ကြရမှာပါ

Mar 27, 20255 min

DVB Newsbreak ( မတ် ၂၆ ရက် ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ပြီးစီးအောင်ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း -နိုင်ငံဝန်ထမ်းတွေကို စစ်ကောင်စီက လစာတိုးဖို့ အစီအစဥ်မရှိတဲ့သတင်းနဲ့ - TNLA ထိန်းချုပ်ထားတဲ့ နောင်ချို့မြို့နယ် နေရာတချို့ကို စစ်ကောင်စီတပ်က ပြန်သိမ်းလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Mar 26, 20255 min

DVB Newsbreak ( မတ် ၂၅ ရက် ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -NLD ပါတီနာမည်နဲ့ ရွေးကောက်ပွဲဝင်ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်က ပြောလိုက်တဲ့သတင်း -ရိုဟင်ဂျာတွက် ကန် ဒေါ်လာ ၉၃၄ သန်းကျော် ကုလအေဂျင်စီတွေက တောင်းခံလိုက်တဲ့သတင်းနဲ့ --ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမား ၂ ယောက် ဓာတ်လိုက်ခံရပြီးသေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Mar 25, 20255 min

DVB Newsbreak ( မတ် ၂၄ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဂန့်ဂေါ၊ နှမ်းခါးကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်မိသားစုအပါအဝင် ၁၁ ဦး သေဆုံးသွားတဲ့သတင်း - ကရင်ပြည်နယ် ဇွဲကပင်တောင်မှာ တောမီးလောင်တဲ့သတင်းနဲ့ -လားရှိုးမှာ ပြည့်တန်ဆာလုပ်ငန်းကို MNDAA ကိုးကန့်တပ်က တရားဝင်လုပ်ခွင့် ပြုလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Mar 24, 20255 min

VOA နဲ့ RFA သတင်းဌာနများရပ်ဆိုင်းမှု ( WeeklyNewsDigest 23032025)

ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ သတင်းမီဒီယာတွေအပေါ် ထရမ့်ပ်အစိုးရရဲ့ နှိပ်ကွပ်မှု၊ VOA -RFA ရပ်ဆိုင်းမှုနဲ့ မြန်မာလူထုအပေါ် သက်ရောက်မှု၊ စိန်ခေါ်မှုတွေကြားက ဂျာနယ်လစ်တွေ ဆက်လက်ရှင်သန်နိုင်မလားစတဲ့အကြောင်းကို DVB ဝိုင်းတော်သားတွေနဲ့အတူ အထူးဖိတ်ကြားထားတဲ့ VOA ဝါရင့်သတင်းထောက်ဟောင်း ကိုကျော်ကျော်သိန်းတို့က ပါဝင်ဆွေးနွေးတင်ဆက်ပေးထားပါတယ်။

Mar 23, 202527 min
For the best experience, listen in Metacast app for iOS or Android