အာရ်အက်ဖ်အေ နေ့စဉ် အသံလွှင့် အစီအစဉ် - podcast cover

အာရ်အက်ဖ်အေ နေ့စဉ် အသံလွှင့် အစီအစဉ်

အာရ်အက်ဖ်အေက နေ့စဉ် မနက်ပိုင်းနှင့် ညနေပိုင်းတွင် နာရီဝက်စီ ထုတ်လွှင့်နေသည့် ရေဒီယို အသံလွှင့် အစီအစဉ်များတွင် နောက်ဆုံးရသတင်းနှင့် ဆောင်းပါးများကို နားဆင်နိုင်ပါသည်။

Hosted on Acast. See acast.com/privacy for more information.

Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက်( ၂၀၂၅ ဖေဖော်ဝါရီ ၃ ရက် ညပိုင်း)

- ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ် ပွင့်ဖြုမြို့နယ်ထဲမှာတိုက်ပွဲဖြစ်နေ၊ - ဗန်းမော်မှာ အမြောက်တပ်ကို KIA သိမ်းပြီးနောက် တိုက်ပွဲပြင်းထန်၊ - တရုတ်ကိုသွားမယ့် မြန်မာအလုပ်သမားထောင်နဲ့ချီ မူဆယ်မှာပိတ်မိနေ၊ - ၂၀၂၄ အတွင်း ကရင်နီဒေသမှာ သေဆုံးဒဏ်ရာရသူ ရာချီရှိကြောင်း KnHRG ထုတ်ပြန်၊ - ဘူးသီးတောင် မေယုမြစ်ဘေးက ဘဝကိုကြံ့ကြံ့ခံနေကြသူများ၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....

Feb 03, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်း)

- မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းတို့ မြန်မာ့အရေးဆွေးနွေး၊ - စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ကျုံဒိုးမြို့နယ်မှာ တစ်ဦးသေဆုံး၊ - မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KNDF တပ်တွေ တိုက်ပွဲပြင်းထန်နေ၊ - အွန်လိုင်းငွေလိမ်ဂိုဏ်းသုံး ပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိ၊ - မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ၊ - တော်လှန်ရေးနယ်မြေမှာ ဆေးမှူးတာဝန်ယူနေတဲ့ LGBT လမင်း၊ - ကချင်တိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast...

Feb 03, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက်( ၂၀၂၅ ဖေဖော်ဝါရီ ၂ ရက် ညပိုင်း)

- မြင်းခြံ တလုပ်မြို့ရွာမှာ တိုက်ပွဲပြင်းထန်နေ၊ - ညောင်ဦးမှာလူငယ် ၁၃ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ၊ - ဘီးလင်းအခြေစိုက် မဲပလီဗျူဟာစခန်းကို KNLA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်၊ - ရေးမြို့မှာ အချုပ်သားလေးဦး သေနတ်လုထွက်ပြေးလွတ်မြောက်၊ - မောင်သံဒိုးရဲ့ "ဟ ဟ ပါပဲ" အစီအစဉ်၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information.

Feb 02, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်း)

- NUG ကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ယာယီသမ္မတပြော၊ - တနင်္သာရီ-မောတောင်နယ်စပ်လမ်းမှာ နှစ်ပတ်ကြာ တိုက်ပွဲပြင်းထန်၊ - ပြည်ပလွှမ်းမိုးချယ်လှယ်မှုတွေ လက်မခံကြောင်း သောင်ရင်းဆွေးနွေးပွဲ ထုတ်ပြန်၊ - မြန်မာပြည်အတွက် လူသားချင်းစာနာမှုအကူအညီ ထပ်တိုးပေးမယ်လို့ ဗြိတိန် ထုတ်ပြန်၊ - မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့ကိုးနိုင်ငံတောင်းဆို၊ - မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆောင်ရွက်ချက်ကို စိတ်ပျက်မိကြောင်း ဦးကျော်မိုးထွန်းပြော၊ - ရခိုင်တိုင်းရင်းသားဘာသာ အစီအစဉ် ....

Feb 02, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဖေဖော်ဝါရီ ၁ ရက် ညပိုင်း)

- အီးယူ၊ သြစတြေးလျနဲ့ အမေရိကန်တို့က မြန်မာ့အရေး ပူးတွဲကြေညာချက် ထုတ်ပြန်၊ - စစ်အာဏာသိမ်း လေးနှစ်ပြည့် နိုင်ငံတစ်ဝန်း ဆန္ဒပြ၊ - မြန်မာနိုင်ငံကမတရားဖမ်းဆီးခံထားရသူတွေကို ဗြိတိန်မေ့မထား၊ - ကလေးက ဒုက္ခသည်စခန်း ဗုံးကြဲခံရတာကြောင့် ရှစ်ဦးသေ၊ ဆယ့်ငါးဦး ဒဏ်ရာရ ၊ - မင်းကင်းက စစ်ပြေးဒုက္ခသည်ကလေးတွေရဲ့ စာသင်ကျောင်း၊ - MOU မြန်မာလုပ်သားတွေ ထိုင်းစက်ရုံတွေမှာ အလုပ်မရ၊ …စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....

Feb 01, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း)

- စစ်ခေါင်းဆောင် အာဏာလက်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်ပြော - စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့ လူ့အခွင့်အရေးအဖွဲ့ ၄၆ ဖွဲ့ တောင်းဆို - လေးနှစ်အတွင်း စစ်ခေါင်းဆောင်တွေရဲ့ ချိုးဖောက်မှု မကြုံစဖူး အရှိန်မြင့်ခဲ့ကြောင်း ကုလထုတ်ပြန် - အမေရိကန်ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံ ဒီမိုကရေစီလှုပ်ရှားသူတွေကို လွှဲပေးဖို့ Sean Turnell တောင်းဆို - အမေရိကန်က ပညာသင်ဆုရပ်ဆိုင်းမှု မြန်မာကျောင်းသားတွေ ထိခိုက်နစ်နာ -ပြည်ပသတင်းမီဒီယာတွေပြောတဲ့ မြန်မာပြည် - မွန်တိုင်းရင်းသားဘာသာအစီအစဉ် ... စတာတွေနဲ့အတူ နောက်ဆုံးရသတင...

Feb 01, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၃၁ ရက် ညပိုင်း)

- အာဏာသိမ်းလေးနှစ်ပြည့်ချိန် စစ်ကောင်စီ ခုနစ်ကြိမ်မြောက် သက်တမ်းတိုး ၊ - စစ်မှုထမ်းအကျုံးဝင် အလုပ်သမားတွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ ရပ်ဆိုင်း ၊ - ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၇၀ ခန့် ဖမ်းဆီးခံရ၊ - လက်နက်ကြီးအန္တရာယ်ကြောင့် စစ်တွေမြို့နယ်ဝန်းကျင်က ဒေသခံတွေ ထွက်ပြေးရ၊ - စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံမှုနဲ့ အားနည်းချက်တွေရှိကြောင်း စစ်ကောင်စီဝန်ခံ၊ - တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ ရိက္ခာရှားပါးတဲ့အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြ၊ …စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.co...

Jan 31, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်း)

- ကြီးလေးတဲ့ရာဇဝတ်မှုတွေကို ဖော်ထုတ်တရားစွဲနိုင်ရေး ကူညီမယ်လို့ IIMM ပြော - မြန်မာ လူသားချင်းစာနာမှုအကျပ်အတည်း အမြန်ဆုံးဖြေရှင်းဖို့ အာဆီယံကို တောင်းဆို - နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်က နှစ်ဆယ်ကျော်သေဆုံး - ထားဝယ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်း ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် - ထရမ့်အမိန့် ရိုဟင်ဂျာအကူအညီတွေ မထိခိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော - သောတရှင်ပေးစာပြန်စာ - ရှမ်းတိုင်းရင်းသားဘာသာအစီအစဉ် … စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ Hosted on Acast. See acast.com/privacy for more in...

Jan 31, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၃၀ ရက် ညပိုင်း)

- မြန်မာ့အရေး တရုတ်ချဉ်းကပ်မှု ရှေ့နောက်မညီကြောင်း NUG ဝေဖန် ၊ - အမ်းတောင်ကြားလမ်းမှာ တိုက်ပွဲဆက်လက်ပြင်းထန် ၊ - မြန်မာအတွက်ပေးတဲ့ ပညာတော်သင်ဆုအစီအစဉ် အမေရိကန်ရပ်ဆိုင်း၊ - စစ်ကောင်စီတပ်သား ကိုးဦး ကရင်နီပူးပေါင်းတပ်မှာ ခိုလှုံ၊ - တမူးမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံသုံးထောင်ကျော် ထွက်ပြေးရ ၊ - ကူမင်းမှာ TNLA နဲ့ စစ်ကောင်စီ တွေ့ဆုံဖို့ ရှိကြောင်း နီးစပ်သူတွေပြော၊ - နိုင်ငံအနှံ့က စစ်ဘေးဒုက္ခသည်တွေ အရေပြားရောဂါဖြစ်ပွား၊ ...စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy...

Jan 30, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၃ဝ ရက် မနက်ပိုင်း)

- မြန်မာပြည်သူ ၁၅ သန်း ဆင်းရဲငတ်မွတ်မှုဘေး ကြုံရဖွယ်ရှိကြောင်း WFP သတိပေး၊ - ငွေလိမ်ဂိုဏ်းမှာ ပိတ်မိနေသူတွေ လွတ်မြောက်ရေး မဲဆောက်မြို့မှာ ထိုင်းနဲ့ တရုတ်ဆွေးနွေး၊ - မြန်မာကလေး နှစ်ရာနီးပါး ပညာသင်နေတဲ့ စာသင်ကျောင်းကို ထိုင်းအာဏာပိုင်တွေ ဝင်ဖမ်း၊ - ကန့်ဘလူမြို့နယ်မှာ ဒေသခံ တစ်ရာနီးပါး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ၊ - အမေရိကန်အစိုးရ ဆိုင်းငံ့ထားတဲ့ ထောက်ပံ့မှုတွေပြန်ရဖို့ ဆောင်ရွက်မယ်လို့ NUG ပြော၊ - နေစရာဤမြေကမ္ဘာ - ချင်းတိုင်းရင်းသားဘာသာအစီအစဉ် … စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. Se...

Jan 30, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၂၉ ရက် ညပိုင်း)

- ရန်ကုန်မှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှား၊ - စစ်ကိုင်း မင်းကွန်းဒေသမှာ တိုက်ပွဲကြောင့် လူ ငါးထောင်ခန့် ထွက်ပြေး၊ - ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာ တိုက်ပွဲဆက်ဖြစ်နေ၊ - ဧရာဝတီတိုင်းက စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲခန့် နေရပ်မပြန်နိုင်သေး၊ - အမေရိကန်အကူအညီ ဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေထိခိုက်၊ - မြို့တွေမှာ ဒုစရိုက်မှုတွေများလာ၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....

Jan 29, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်း)

- ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်နား၊ - ဘန်ကောက်က အလှပြင်ဆိုင်မှာ မြန်မာအမျိုးသမီးလေးဦးအပါအဝင် ခြောက်ဦး ဖမ်းဆီးခံရ၊ - ထားဝယ်မြို့ဝင်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားခုနစ်ဦး သေဆုံး၊ - စစ်ခေါင်းဆောင်ကို ICC က ဖမ်းဝရမ်းထုတ်ဖို့ တောင်ကိုရီးယားရောက် မြန်မာတွေ ဆန္ဒပြ၊ - မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံနေရ၊ - ကရင်တိုင်းရင်းသားဘာသာ အစီအစဉ်၊ …. စတာတွေ အပါအဝင် နောက်ဆုံးရသတင်းများ။ -- Hosted on Acast. See acast.com/privacy for m...

Jan 29, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၂၈ ရက် ညပိုင်း)

- ရန်ကုန်မြို့ လေထုညစ်ညမ်းမှု ဆိုးရွားနေ၊ - ဗန်းမော်လေယာဥ်ကွင်းကို KIA ထိန်းချုပ်၊ - ရွှေကျင်မြို့ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရ၊ - မိုးဗြဲမြို့တိုက်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် ထပ်မံထွက်ပြေးနေရ၊ - ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး AAPP တောင်းဆို၊ - ကျားဖြန့်နှိမ်နင်းရေး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီပြော၊ - ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး စစ်ကောင်စီ နယ်မြေရှင်းလင်း၊ - ရန်ကုန်မှာ အမျိုးသမီးစစ်မှုထမ်းစာရင်းတွေ ကောက်ယူ၊ - အင်းတော်မှာ တစ်ကျော့ပြန်...

Jan 28, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း)

- ရခိုင်-ပဲခူးနယ်စပ်က မိုးထိတောင်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်၊ - စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရမိကြောင်း CDF-Asho ထုတ်ပြန်၊ - စစ်မှုထမ်းဥပဒေနဲ့မညီဘဲ ငွေကြေးတောင်းခံသူတွေကို အရေးယူထားကြောင်း စစ်ကောင်စီထုတ်ပြန်၊ - ဗန်းမော်လေယာဉ်ကွင်းတစ်ဝိုက်ကို KIA ဘက်က စိုးမိုးထားပြီး တိုက်ပွဲဆက်ပြင်းထန်နေ၊ - စစ်ကောင်စီအဆုံးသတ်နှစ်ဖြစ်လာနိုင်ကြောင်း ဝါရှင်တန်စစ်တက္ကသိုလ် ပါမောက္ခ သုံးသပ်၊ - ကရင်နီတိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for...

Jan 28, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက်( ၂၀၂၅ ဇန်နဝါရီ ၂၇ ရက် ညပိုင်း)

- ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်၊ - ပန်းတောင်း-တောင်ကုတ်လမ်းက မိုးထိတောင်မှာ တိုက်ပွဲပြင်းထန်နေ၊ - မြင်းခြံမြို့နယ်မှာ ပကဖရုံးဗုံးကြဲခံရပြီး ၁၉ ယောက်သေဆုံး၊ - စစ်မှုထမ်းအတွက် အစုအလိုက်အပြုံလိုက်ဖမ်းဆီးမှုပိုများလာ၊ - ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေပြီး လေယာဉ်ကွင်းပတ်ဝင်းကျင်ကို KIA စိုးမိုးထား၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information.

Jan 27, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်း)

- စစ်ကောင်စီ ဒရုန်းဗုံးကြောင့် ရွှေဘို-မြစ်ကြီးနား ကားလမ်းက ခရီးသည် သုံးဦး ဒဏ်ရာရ၊ - လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာဖို့ TNLA သတိပေး၊ - နောင်ချိုမြို့နယ် အုမ္မတီးရွာက ဒေသခံနေအိမ် ၂၀ ဝန်းကျင်ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး၊ - စစ်ရာဇဝတ်မှုတွေ တာဆီးပေးဖို့ နိုင်ငံတကာကို NUG တောင်းဆို၊ - ကျားဖြန့်လုပ်ငန်းက နည်းပညာကျွမ်းကျင်သူတွေကို နေရာရွှေ့ပြောင်း၊ - အမျိုးသမီးကဏ္ဍ၊ - ကချင်တိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more...

Jan 27, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက်( ၂၀၂၅ ဇန်နဝါရီ ၂၆ ရက် ညပိုင်း)

- မြင်းခြံခရိုင်မှာ စစ်ကောင်စီလေကြောင်းနဲ့တိုက်လို့ လူ ၁၉ ယောက်သေဆုံး၊ - မန္တလေးမြို့မှာ အိမ်နဲ့ ဆိုင်ခန်းနှစ်ရာကျော်ကို စစ်ကောင်စီဖျက်ဆီး၊ - မလေးရှားသွားမယ့် မြန်မာ ၁၀ ယောက် ထိုင်းတောင်ပိုင်းမှာအဖမ်းခံရ၊ - စိုပြေမပြောချင်ဘူး ဆောင်းပါး၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information.

Jan 26, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်း)

- စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုပ်သိမ်းဖို့ APHR တောင်းဆို - ပအိုဝ်းဒေသကို စစ်ကောင်စီ အဆိပ်ကျည်တွေ အသုံးပြုတိုက်ခိုက်နေကြောင်း PNLA ပြော - ဗန်းမော်မြို့က စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက် - ရခိုင်ပြည်နယ်တွင်းကပြစ်မှုတွေကို တရားစီရင်ဖို့ ပြင်ပအကူအညီမလိုအပ်ကြောင်း AA တုံ့ပြန် - ငြိမ်းချမ်းရေးကိုရှာဖွေတဲ့ စိတ်ကျန်းမာရေးညီလာခံ - ရခိုင်တိုင်းရင်းသားဘာသာအစီအစဉ် … စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ Hosted on Acast. See acast.com/privacy for more information....

Jan 26, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၂၅ ရက် ညပိုင်း)

- အမေရိကန် ပြည်ပထောက်ပံ့ရေးအစီစဉ် ဆိုင်းငံ့မှု မြန်မာကို ဂယက်ရိုက်နိုင်၊ - TNLA ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်တွေကို တရုတ် ဆက်ပိတ်ထား ၊ - ကျောက်မဲနဲ့ သီပေါမှာ TNLA က စစ်သားစုဆောင်းနေ၊ - ဗန်းမော်မှာ တိုက်ပွဲတွေပြန်ပြင်းထန်၊ - ၂၀၂၅ ခုကို မြန်မာ့အရေးလေ့လာသူတွေ ဘယ်လိုရှုမြင်ပါသလဲ၊ - ထိုင်းက တရားဝင်ရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံရ၊ …စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....

Jan 25, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်း)

- တစ်နှစ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးကြောင်း KNU ထုတ်ပြန် - မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့ စစ်ကောင်စီအပြင်းအထန်ထိုးစစ်ဆင် - ကျားဖြန့်လုပ်ငန်းက နည်းပညာကျွမ်းကျင်သူတွေကို နေရာရွှေ့ပြောင်း - စစ်သုံ့ပန်းနှစ်ဦးကို စစ်စည်းကမ်းချိုးဖောက်သတ်ဖြတ်ခဲ့ကြောင်း AA ဝန်ခံ - ပြည်ပသတင်းမီဒီယာတွေပြောတဲ့ မြန်မာပြည် - မွန်တိုင်းရင်းသားဘာသာအစီအစဉ် … စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ Hosted on Acast. See acast.com/privacy for more information....

Jan 25, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၂၄ ရက် ညပိုင်း)

- ဝါဇီငွေစက္ကူစက်ရုံကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့၊ - ဗန်းမော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို KIA ထပ်ထိုးစစ်ဆင်၊ - ကျားဖြန့်ကိစ္စ ထိုင်းကို မြန်မာကအပြစ်မတင်ဖို့ ထိုင်း ဒု-ဝန်ကြီးချုပ်ပြော၊ - ရခိုင်စစ်ဘေးဒုက္ခသည် ငါးသိန်းခန့် စားဝတ်နေရေး ခက်ခဲနေ၊ - NUG လက်အောက်မှာ CDM တပ်သားနဲ့ရဲငါးရာကျော် တာဝန်ထမ်းဆောင်၊ - ကချင်ပြည်နယ် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေမဲ့ တရုတ်က ကုန်မသွယ်သေး၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....

Jan 24, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်း)

- မြန်မာ့အရေး ထိပ်တန်းဦးစားပေးရမဲ့ ကိစ္စဖြစ်ကြောင်း ကုလဆိုင်ရာ အမေရိကန်သံအမတ်လောင်း ပြော - ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးဟောင်းနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို - ဗိုလ်ကြီးနှစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးထားကြောင်း PRA ထုတ်ပြန် - AA ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးဖို့ ICC ကို Fortify Rights တောင်းဆို - ပအိုဝ့်ပြည်သူ့စစ် ထိန်းချုပ်ဒေသမှာ (၁၈) နှစ်အောက် အမျိုးသမီးတွေ စစ်သင်တန်းတက်နေရ - သောတရှင်ပေးစာပြန်စာ - ရှမ်းတိုင်းရင်းသားဘာသာအစီအစဉ် …...

Jan 24, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၂၃ ရက် ညပိုင်း)

- အမ်းနဲ့ မကွေးအစပ်က စစ်ကောင်စီတပ်စခန်းတွေကို AA သိမ်းပိုက် ၊ - အပစ်ရပ်ပြီးနောက် စစ်ဘေးဒုက္ခသည်တချို့လားရှိုးုပြန်လာ၊ - ဧရာဝတီတိုင်း ခုနစ်မြို့နယ် ခရီးအသွားအလာ ဗြိတိန်သတိပေး၊ - မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ၊ - တိုက်ပွဲကြောင့် ချောင်းသာနဲ့ ရွှေသောင်ယံ ကမ်းခြေက ခရီသွားလုပ်ငန်း ရပ်ဆိုင်း၊ - စစ်ဒေသက ကလေးသူငယ်တွေ စိုးရိမ်ထိတ်လန့်မှုနဲ့ ကြီးပြင်းရ၊ ...စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....

Jan 23, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်း)

- ရိုဟင်ဂျာအကျပ်အတည်းအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကူညီမယ်လို့ UNHCR ပြော - စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးက လူ လေးဆယ်ကျော်ကို KNLA စောင့်ရှောက်ထား - မုံရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ - ဒေါ်နယ်ထရမ့်အမိန့်ကြောင့် ဒုက္ခသည်တစ်သောင်းရဲ့ လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရ - ကျားဖြန့်နှိမ်နှင်းရေး ပူးပေါင်းဆောင်ရွယ်မယ်လို့ BGF ပြော - နေစရာဤမြေကမ္ဘာ - ချင်းတိုင်းရင်းသားဘာသာအစီအစဉ် … စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....

Jan 23, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၂၂ ရက် ညပိုင်း)

- အာဆီယံအတွင်းရေးမှူးချုပ်နဲ့ ကုလအထူးကိုယ်စားလှယ် မြန်မာ့အရေး ဆွေးနွေး၊ - “ဇင်ယော်” လက်နက်မှောင်ခိုနဲ့ ဒုစရိုက်လုပ်ငန်းနှိမ်နင်းရေးလှုပ်ရှားမှု၊ - ကာကွယ်ရေးတပ်ထိန်းချုပ်တဲ့ ထီးချိုင့်မှာ ဗုံးကြဲခံရပြီး တစ်ဦးသေဆုံး၊ - နှစ်သစ်မှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်မှု လူရာချီသေဆုံး၊ - မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စုရုံးခွင့်နဲ့ ထုတ်ဖော်ခွင့်နယ်ပယ် ပိုကျဉ်းမြောင်းလာ၊ - ပူတာအိုခရိုင်မှာ တရားမဝင်ရွှေတူးလို့ လယ်မြေရော ရွာတွေပါပိုပျက်စီး၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com...

Jan 22, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်း)

- အာဆီယံတိုက်တွန်းချက်ကို ကြိုဆိုကြောင်း NUG ယာယီသမ္မတ ပြော၊ - အွန်လိုင်းငွေလိမ်လုပ်ငန်းပပျောက်ရေး တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံ ဆွေးနွေးသဘောတူ၊ - ဟားခါးမြို့နယ်က ပြည်သူ့စစ်လေးဦး CDM ဝင်လာကြောင်း CDF ထုတ်ပြန်၊ - NUG ပြုပြင်ပြောင်းလဲရေးမှာ ကျွမ်းကျင်သူတွေ ပါလာဖို့ နိုင်ငံရေးလှုပ်ရှားသူတွေလိုလား၊ - ရေဘေးသင့် အင်းလေးဒေသခံတွေ ပြန်လည်ထူထောင်ရေးအလှမ်းဝေးနေဆဲ၊ - ကရင်တိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....

Jan 22, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၂၁ ရက် ညပိုင်း)

- စစ်ကောင်စီ ဒရုန်းဗုံးကြောင့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် နှစ်ဦးသေဆုံး၊ - စစ်ကောင်စီတပ်ကြောင့် တစ်နှစ်အတွင်း အမျိုးသမီး လေးရာကျော် သေဆုံး၊ - မြို့ပေါ် က စစ်ဘေးဒုက္ခသည်စာရင်းကောက်ဖို့ စစ်ကောင်စီ ပြင်ဆင်၊ - ကျပ်ငွေ ၃၁ ထရီလီယံ စစ်ကောင်စီ ရိုက်ထုတ်ခဲ့ကြောင်း NUG ပြော၊ - မန္တလေးမြို့မှာ အိမ် ၃၀၀ နီးပါး ဖျက်ဖို့ စစ်ကောင်စီညွှန်ကြား၊ - ရိုဟင်ဂျာ ၄၂ ဦး ဖူးခက်မှာ ထိန်းသိမ်းခံထားရ၊ - ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာကို တော်လှန်ရေးအဖွဲ့တွေ တောင်းဆို၊ - MNDAA နဲ့ စစ်ကောင...

Jan 21, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်း)

- စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း AA ထုတ်ပြန်၊ - ကလေးနဲ့ ခါမ်းပါတ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ခုနစ်ဦး သေဆုံး၊ - တရုတ်ညွှန်ကြားချက်နဲ့ "၀" ဒေသနဲ့ ကိုးကန့်ဒေသကို ကုန်စည်သယ်ဆောင်မှု ပြန်လည်ခွင့်ပြု၊ - ဧရာဝတီတိုင်းမှာ ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သူ ငါးဆယ်ခန့် ဖမ်းဆီးခံထားရ၊ - အာဏာရှင်စနစ် တိုက်ဖျက်ရေးကြိုးစားနေတဲ့ အညာဒေသက ကျောင်းဆရာမ၊ - ကရင်နီတိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....

Jan 21, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက်( ၂၀၂၅ ဇန်နဝါရီ ၂၀ ရက် ညပိုင်း)

- ကိုးကန့်နဲ့စစ်ကောင်စီတို့ အပစ်ရပ်လက်မှတ်ရေးထိုး၊ - အာဆီယံရဲ့တိုက်တွန်းချက် စစ်ကောင်စီဆောင်ရွက်မှာမဟုတ်ကြောင်း လေ့လာသူတွေပြော၊ - ဧရာဝတီတိုင်းမှာ ရခိုင်ပြည်နယ်သားတွေ ဖမ်းဆီးစစ်ဆေးခံနေရ၊ - ဝိုင်းမော်စစ်ဘေးဒုက္ခသည်တွေရဲ့အိမ်တစ်ရာနီးပါး ဖောက်ထွင်းခံရ၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information.

Jan 20, 202515 min

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂ဝ၂၅ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်း)

- ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ရပ်ပြီး ဆွေးနွေးပွဲစတင်ဖို့ စစ်ကောင်စီကို အာဆီယံတိုက်တွန်း၊ - မွန်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်ဖို့ “ရာမညပူးတွဲစစ်ကြောင်း” ဖွဲ့စည်း၊ - စစ်ကောင်စီတပ်ဖွဲ့ကို အုတ်တွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်၊ - ပုသိမ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေ၊ - တိုက်ပွဲတွေကြား သံတွဲအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တဲ့ ပန်းချီဆရာမ ဒေးဒေး၊ - ကချင်တိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for mor...

Jan 20, 202515 min
For the best experience, listen in Metacast app for iOS or Android