- ပုသိမ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တိုက်ပွဲပြင်းထန်နေ၊ - မြောက်ဦးက AA အချုပ်ဗုံးကြဲခံရလို့ စစ်သုံ့ပန်းတချို့သေဆုံး၊ - ငွေလိမ်ဂိုဏ်းကလွတ်လာတဲ့အင်ဒိုနီးရှားတွေကို ထိုင်း စစ်ဆေးနေ၊ - ရှမ်းတောင်တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်သားသစ်တွေပိုသုံးလာ၊ - ပြင်ပဆောင်းပါးရှင် မောင်သံဒိုးရဲ့ “ဟ-ဟ ပါပဲ”၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information.
Jan 19, 2025•15 min
- မြန်မာ့အရေး အမြန်ဆုံးဖြေရှင်းဖို့ကိစ္စ မလေးရှား၊ ထိုင်းနဲ့ ဘရူနိုင်း ဆွေးနွေး - တိုက်ပွဲတွေကြောင့် ကရင် နဲ့ မွန် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ - စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသထုတ်ပြန် - ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာလာတဲ့ ကုန်သင်္ဘောလေးစီးကို AA ဖမ်းဆီး - ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန် - အာဟာရချို့တဲ့မှု ရင်ဆိုင်နေရတဲ့ စစ်ဘေးဒုက္ခသည် ကလေးငယ်များ - ရခိုင်တိုင်းရင်းသားဘာသာအစီအစဉ် … စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ Hosted on Acast. See acast.com/priv...
Jan 19, 2025•15 min
- အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးမည်၊ - နှစ် နှစ်ကျော်အတွင်း လူဦးရေ လေးသန်းခန့်ကျဆင်းကြောင်း စစ်ခေါင်းဆောင်ပြော ၊ - မန္တလေးမှာ လေးရက်အတွင်း လူငယ် သုံးဆယ်ဝန်းကျင် ဖမ်းဆီးခံရ ၊ - ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံ သုံးထောင်ခန့် ထွက်ပြေးနေရ ၊ - "၀" တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသတချို့မှာ စက်သုံးဆီပြတ်လပ်၊ - ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 18, 2025•15 min
- နမခ ဌာနချုပ်ကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးကြောင်း CRB ပြော - ကျောက်ဂူမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး သေဆုံး၊ ၁၃ ဦးဒဏ်ရာရ - NUG ထိန်းချုပ်တဲ့မြို့တွေ ဗုံးကြဲခံရပြီး ငါးဦးသေဆုံး - လူကုန်ကူးမှုတွေကို ဖြိုခွင်းဖို့ လုပ်ဆောင်နေကြောင်း BGF ပြောကြား - ပြည်ပသတင်းမီဒီယာတွေပြောတဲ့ မြန်မာပြည် - မွန်တိုင်းရင်းသားဘာသာ အစီအစဉ် … စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ Hosted on Acast. See acast.com/privacy for more information....
Jan 18, 2025•15 min
- မန္တလေးမှာ နှစ်ပတ်အတွင်း လူငယ် ၁၂၀ ကျော် ဖမ်းဆီးခံရ၊ - NUG ထိန်းချုပ်ထားတဲ့ ခါမ်းပါတ်မြို့ ဗုံးကြဲတိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံး၊ - နမခ အနီးကအရပ်သားတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ ၊ - အွန်လိုင်းလိမ်လည်မှု နှိမ်နင်းဖို့ အာဆီယံကို တရုတ်တိုက်တွန်း၊ - ဒုတိယအကြိမ် ကူမင်းဆွေးနွေးပွဲ အလားအလာ၊ -အာဏာသိမ်းလေးနှစ်အတွင်း လွတ်လပ်စွာရေးသားထုတ်ဝေခွင့် အဆိုးဆုံးကြုံ၊ - ဖားကန့်မှာ တရားမဝင်ကျောက်ဝယ်တဲ့ တရုတ်တွေများလာ၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more inform...
Jan 17, 2025•15 min
- စစ်ကောင်စီ ကိုယ်စားလှယ်နဲ့ MNDAA တို့ ကူမင်းမှာ ဒုတိယအကြိမ် ဆွေးနွေး - ဗန်းမော်က စစ်ကောင်စီ လက်ကျန် တပ်ရင်းတွေကို KIA ထိုးစစ်ဆင် - တနင်္သာရီမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ခြောက်သောင်းခွဲကျော်ရှိလာ - AA စစ်ဆင်ရေးကြောင့် ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ အင်အားတိုးမြှင့်၊ - မဏိပူရ်အာဏာပိုင်ဖိအားကြောင့် အိမ်ပြန်ရတဲ့ မြန်မာဒုက္ခသည်တွေအခက်အခဲရှိ၊ - လွတ်လပ်မှုအတွက် ညီအစ်ကိုလေးယောက်၊ …စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 16, 2025•15 min
နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၅ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်း)- ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုတားဆီးရေး BGF၊ DKBA နဲ့ လောင်းကစားရုံလုပ်ငန်းရှင်တွေ ဆွေးနွေး - ဒီးမော့ဆို ဒုက္ခသည်စခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ၊ ဒုက္ခသည် သုံးဦးသေဆုံး - နမခ ဌာနချုပ်ကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကြောင်း BWM ပြော - ရခိုင်၊ ချင်းပြည်နယ်တွေနဲ့ ထိစပ်နေတဲ့ မကွေးတိုင်းမှာ နှစ်ဖက်စစ်ရေးတိုးမြှင့် - နေစရာဤမြေကမ္ဘာ - ချင်းတိုင်းရင်းသားဘာသာအစီအစဉ် … စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ Hosted on Acast. Se...
Jan 16, 2025•15 min
- မြန်မာ့အရေး တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ် ဆွေးနွေးခဲ့၊ - မြိုင်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ၊ - နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နီမိုလှိုင်နဲ့ တူမ ထောင်နှစ်ရှည်မှတ်ချခံရ၊ - ရခိုင်၊ ချင်းပြည်နယ်တွေနဲ့ ထိစပ်နေတဲ့ မကွေးတိုင်းမှာ နှစ်ဖက်စစ်ရေးတိုးမြှင့်၊ - စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ အာဟာရချို့တဲ့၊ - စစ်ကောင်စီ လေယာဉ်အသုံးပြုမှု နိုင်ငံတကာနဲ့ ဆန့်ကျင်နေ၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 15, 2025•15 min
- လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း အရပ်သား ၅၂ ယောက် သေဆုံး၊ - မဟာမိတ်တွေထဲက အရည်အချင်းရှိသူတွေကို အစိုးရအဖွဲ့မှာထည့်ဖို့ NUG ပြော၊ - ချောက်တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ် ဝင်စီးနင်းပြီး ဆေးဝါးတွေယူသွား၊ - နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာရေး ဆွေးနွေးခဲ့ကြောင်း 7 EAO Alliance ထုတ်ပြန်၊ - အာဏာရှင်ဆန့်ကျင်တဲ့ တောင်ကိုရီးယားရောက်မြန်မာတွေရဲ့ကလေးတွေ မွေးစာရင်းမရ၊ - တိုက်ပွဲတွေကြား သံတွဲအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တဲ့ ပန်းချီဆရာမ ဒေးဒေး၊ - ကရင်တိုင်းရင်းသားဘာသာ အစီအစဉ်၊ …. စတာတွေ အပါအဝင် နောက...
Jan 15, 2025•15 min
- တောင်သာမြို့တွင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တိုက်၊ - ဖားကန့် နွံကန်ပေါက်ကျမှု သေဆုံးသူ ၂၁ ဦးအထိ ရှိလာ၊ - စလင်းနဲ့မြိုင်မှာ စစ်မှုထမ်းတပ်သားသစ် ခုနစ်ဦး ဖမ်းဆီးခံရ၊ - တမူးမြို့သိမ်းတိုက်ပွဲသတင်းကြောင့် ဒေသခံတွေ ကြိုတင်တိမ်းရှောင်၊ - လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတချို့ ဆက်လက်ဖမ်းဆီးခံထားရ၊ - လာအိုမှာ အထောက်အထားမဲ့ မြန်မာတွေကို CI ထုတ်ပေးဖို့ စစ်ကောင်စီ စီစဥ်၊ - မလေးရှားကို တရားမဝင်လာတဲ့ မြန်မာ သုံးဆယ်ကျော် ဖမ်းဆီးခံရ၊ - ရန်ကုန်ကိုပို့မဲ့ စိတ်ကြွဆေးပြား ခုနစ်သိန်း ဖမ်းမိ၊ - တရုတ်ခရီးသွားတွေအတွက် ...
Jan 14, 2025•15 min
- ကျိုက်မရောမြို့နယ်က ရဲစခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း NMSP-AD ထုတ်ပြန်၊ - ဇန်နဝါရီလအတွင်း CDM ဝင်လာသူ ၂၉ ဦးရှိကြောင်း NUG ထုတ်ပြန်၊ - ကရင်နီဒေသမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သုံးလအတွင်း ၂၃ ဦး သေဆုံးခဲ့ကြောင်း KnHRG ထုတ်ပြန်၊ - စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းမယ်လို့ TNLA ပြော၊ - လူငယ်ထူးချွန်ဆုချီးမြှင့်ခံရတဲ့ရိုဟင်ဂျာ အမျိုးသမီး၊ - ကရင်နီတိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 14, 2025•15 min
- ဖားကန့်မှာ နွံကန်ပေါက်လို့ အိမ်တွေမြုပ်ပြီး လူဒါဇင်နဲ့ချီပျောက်ဆုံးနေ၊ - ဖားကန့်နဲ့တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ကဗုံးကြဲလို့ သေကြေဒဏ်ရာရ၊ - ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဖားကန့်မှာဆန္ဒပြ၊ - စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းမယ်လို့ TNLA ပြော၊ - အမ်း-ပဒါန်းလမ်းကစစ်ကောင်စီစခန်းတွေကို AA နဲ့ပူးပေါင်းတပ်ထိုးစစ်ဆင်၊ - ထိုင်းနိုင်ငံတောင်ပိုင်းက နွေဦးထိန်လင်းစာကြည့်တိုက်၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 13, 2025•15 min
- စစ်ရေးအရှိန်မြှင့်မှာကြောင့် ဘေးကင်းလုံခြုံရေးအစီအမံတွေ လိုက်နာဖို့ TNLA ဥက္ကဋ္ဌ သတိပေး၊ - စစ်ကောင်စီယာဉ်တန်းကို မြင်းခြံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ - ဆီဆိုင်မြို့နယ် လေကြောင်းတိုက်ခိုက်မှု အမျိုးသမီးနှစ်ဦး သေဆုံး၊ - ကချင်နဲ့ ရခိုင်မှာ လေကြောင်းကနေတိုက်ခိုက်လို့ တစ်ရက်အတွင်း လူနှစ်ဆယ်ကျော် သေဆုံး၊ - ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားများ၊ - ကချင်တိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for mo...
Jan 13, 2025•15 min
- ရခိုင်နဲ့ကချင်မှာဗုံးကြဲလို့ တစ်ရက်တည်း လူ ၂၀ ကျော်သေဆုံး၊ - ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကွယ်လွန်၊ - မင်းဘူး-စကုမှာ အိမ်တွေမီးရှို့ခံရပြီး လူနှစ်ထောင်နီးပါးထွက်ပြေးရ၊ - စိုပြေမပြောချင်ဘူး အစီအစဉ်၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information.
Jan 12, 2025•15 min
- AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲ - တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို တော်လှန်မယ်လို့ TNLA ပြော - တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၅ ခု သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသထုတ်ပြန် - မှတ်ပုံတင်ကတ်အတု ထောက်ခံစာအတုလုပ်ရောင်းသူ ကိုးဦးကို စစ်ကောင်စီဖမ်းဆီး - NUG ရဲ့ စစ်ရေးအစီရင်ခံစာ မျှတမှုရှိကြောင်း တုံံ့ပြန် - ရခိုင်တိုင်းရင်းသားဘာသာအစီအစဉ် ... စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ Hosted on Acast. See acast.com/privacy for more information....
Jan 12, 2025•15 min
- AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ - ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ KNDF တိုက်ပွဲဆက်ပြင်းထန်နေ၊ - ကျေးသီး-မိုင်းရယ်လမ်း ခရီးသွားခွင့် စစ်ကောင်စီတပ် ပိုတင်းကျပ်၊ - မြင်းမူ စစ်ဘေးဒုက္ခသည်တွေ သောက်သုံးရေနဲ့ ရိက္ခာ အရေးပေါ် လိုအပ်၊ - စစ်ရိပ်နီးလာလို့ ချောင်းသာဝန်းကျင်က ဒေသခံတွေ ထွက်ပြေး၊ …စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 11, 2025•15 min
- ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှုကို စိုးရိမ်ထိတ်လန့်မိကြောင်း ကုလ ထုတ်ပြန် - နမခ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး ဖမ်းဆီးခံရ - စစ်ကောင်စီတပ်သား ၂၁ ဦး လက်နက်ချပူးပေါင်းလာကြောင်း NUG ထုတ်ပြန် - တော်လှန်ရေးအရှိန်မြှင့်ပြီး အောင်ပွဲယူဖို့အချိန်ကောင်းဖြစ်ကြောင်း TNLA ပြော - ဘာသာရေးကို အခြေမခံတဲ့ မြန်မာနိုင်ငံ စံပြုဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ - ပြည်ပသတင်းမီဒီယာတွေပြောတဲ့ မြန်မာပြည် - မွန်တိုင်းရင်းသားဘာသာ ... စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ Hosted on Acast. See acast.co...
Jan 11, 2025•15 min
- ပေါက်မြို့နယ်က ကပစ-၂၄ စက်ရုံကို PDF ဒရုန်းနဲ့ တိုက်ခိုက်၊ - မန္တလေး PDF ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၊ - ပဋ္ဋိပက္ခကြောင့် ၂၀၂၄ မှာ မြန်မာကလေး ၇၅၀ ကျော် သေဆုံးဒဏ်ရာရ၊ - တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး တီးတိန်ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေ၊ - တွေ့ဆုံဆွေးနွေးရေး မဖြစ်သေးကြောင်း တိုင်းရင်းသားအဖွဲ့တွေပြော၊ - ရေဘေးသင့် အင်းလေး ပြန်လည်ထူထောင်ရေး အလှမ်းဝေး၊ …စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 10, 2025•15 min
လောင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရှစ်ဦးသေဆုံး - ကျောက်ကြီးက စစ်ကောင်စီစခန်းကို KNU ပူးပေါင်းတပ်တွေ သိမ်းပိုက် - စစ်တပ်လေကြောင်းတိုက်ခိုက်မှုကို အရေးယူမှုအသစ်ချမှတ်ဖို့ BROUK တောင်းဆို - Mytel ကို အရေးယူဖို့ ဗြိတိန်နဲ့အီးယူကို Burma Campaign UK တိုက်တွန်း - ရခိုင်တိုက်ပွဲကထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို UNHCR ကတ်ထုတ်ပေး - သောတရှင်ပေးစာပြန်စာ - ရှမ်းတိုင်းရင်းသားဘာသာ အစီအစဉ် … စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ Hosted on Acast. See acast.com/privacy for more information....
Jan 10, 2025•15 min
- Mytel ကုမ္ပဏီကို အမေရိကန် ဒဏ်ခတ်အရေးယူ၊ - မြန်မာ့ နျူကလီယားကုန်ကြမ်းမှောင်ခိုမှုမှာ ဂျပန်ဂိုဏ်း ခေါင်းဆောင်ပါဝင်၊ - Meta မူဝါဒအပြောင်းအလဲ စိုးရိမ်ရကြောင်း မြန်မာလူ့အခွင့်အရေးအဖွဲ့ပြော၊ - ရမ်းဗြဲမှာ ဗုံးကြဲခံရလို့ အရပ်သား ၄၀ ကျော်သေ၊ ၅၀ ကျော်ဒဏ်ရာရ၊ - အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ခံရမှု မြန်မာနိုင်ငံမှာ ပိုဆိုးရွားလာ၊ - တနင်္သာရီမှာ စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးနဲ့ ရိက္ခာလိုအပ် ၊ ...စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 09, 2025•15 min
- မိုးကုတ်မြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ - ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ အရေပြားကူးစက်ရောဂါ ဖြစ်ပွားနေ၊ - ထောင်တစ်သက်ကနေ ၁၅ နှစ်လျှော့လိုက်တဲ့သူတွေထဲ ဒါရိုက်တာရှင်ဒေဝီ ပါဝင်၊ - ရိုဟင်ဂျာတွေကို ကယ်တင်ဖို့ UNHCR တိုက်တွန်း၊ - ထိုင်းနယ်စပ်ရောက် မြန်မာကျောင်းသားတွေ ပညာသင်ဖို့ အထက်တန်းကျောင်းဖွင့်လှစ်၊ - နေစရာ ဤမြေကမ္ဘာ၊ - ချင်းတိုင်းရင်းသားဘာသာအစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 09, 2025•15 min
~~~ - ပုဂံဒေသမှာ စစ်ရေးဖော်ဆောင်မယ်လို့ ညောင်ဦး PDF ပြောကြား၊ - ၂၀၂၅ မှာ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း၊ - မြစ်ကြီးနားမှာ ဖုန်းလိုင်းပြန်ရလို့ ဆင်းမ်ကတ်နှုန်း အဆမတန်မြင့်တက်၊ - မံစီကို KIA သိမ်းပိုက်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ - ရခိုင်နဲ့ထိစပ်နေတဲ့ ဒေသတွေအထိ တိုက်ပွဲကျယ်ပြန့်လာ၊ - ပုဂ္ဂလိကပိုင်မြေတွေထဲရောက်နေတဲ့ အများပိုင် ပုဂံရှေးဟောင်းဘုရားများ၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 08, 2025•15 min
- ဝက်လက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်နီးပါးသေဆုံးကြောင်း NUG ထုတ်ပြန်၊ - အကြမ်းဖက်မှုတွေရပ်ပြီး စစ်မှန်တဲ့ဆွေးနွေးပွဲတွေလုပ်ဖို့ နိုင်ငံတကာ ထပ်မံတိုက်တွန်း၊ - ပုလောမြို့က စရဖရုံးကို PDF တွေ ဝင်ရောက်စီးနင်း၊ - တစ်နှစ်အတွင်း ကျပ်ရှစ်ဘီလီယံနီးပါး ထောက်ပံ့ကူညီခဲ့ကြောင်း NUG ထုတ်ပြန်၊ - ၂၀၂၅ ခုနှစ်မှာ စစ်ရေးပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအဖွဲ့တွေသုံးသပ်၊ - ကရင်တိုင်းရင်းသားဘာသာ အစီအစဉ်၊ …. စတာတွေ အပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 08, 2025•15 min
- မြဝတီဗုံးပေါက်ကွဲမှု သုံးဦးသေဆုံး၊ - ကြည့်မြင်တိုင်မှာ သေနတ်ပစ်ခတ်မှု တစ်ဦး သေဆုံး၊ - မီးသတ်ဦးစီးဌာန အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားတချို့ ဖမ်းဆီးခံရ၊ - မန်းရွှေစက်တော်ဘုရားအနီး မသွားကြဖို့ ဒေသကာကွယ်ရေးအဖွဲ့ သတိပေး၊ - စစ်ခေါင်းဆောင်ရှိရာ နေပြည်တော်မှာ လျှပ်စစ်မီး နှစ်ဆကျော် ပိုရနေ၊ - နိုင်ငံကူးလက်မှတ်အတုလုပ်သူတွေကို စစ်ကောင်စီ ဖမ်းဆီး၊ - တိဘက်ငလျင်လှုပ်ခတ်မှု လူတစ်ရာနီးပါး သေဆုံး၊ - ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေး ကာကွယ်ရေးအဖွဲ့တွေ စစ်ရေးအရှိန်မြှင့်၊ - အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်ကျော်ခွင့...
Jan 07, 2025•15 min
- ရပ်စောက်မြို့နယ်မှာ စစ်ကောင်စီနဲ့ DPLA တိုက်ပွဲဖြစ်နေ၊ - ၂၀၂၄ ခုနှစ်အတွင်း စစ်ကောစီတပ်သားနဲ့ ရဲ ငါးရာခန့် CDM ဝင်၊ - နိုင်ငံရေးအကျဉ်းသား သုံးရာကျော်သာ ပြန်လွတ်ကြောင်း PPNM ပြော၊ - စစ်ကောင်စီကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြင်းထန်စွာကန့်ကွက်၊ - ရခိုင်မှာ နိုင်ငံရေးဆွေးနွေးဖို့ ထုတ်ပြန်ပြီးနောက် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ကြုံနေရ၊ - ရန်ကုန်မှာ ပေါ်တာဆွဲတဲ့ သတင်းတွေကြောင့် ညဘက် အသွားအလာနည်း၊ - ကရင်နီတိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast....
Jan 07, 2025•15 min
- ရခိုင်မှာ နိုင်ငံရေးဆွေးနွေးဖို့ထုတ်ပြန်ပြီးနောက် ဗုံးကြဲတိုက်ခိုက်မှုဆက်ရှိနေ၊ - လျှပ်စစ်မီးပြတ်တောက်မှု တစ်နိုင်ငံလုံးဆိုးဆိုးရွားရွားကြုံနေရ၊ - အုတ်ဖိုမှာ PDF တပ်ဖွဲ့ဝင်ရဲ့ဖခင်သတ်ဖြတ်ခံရပြီး သုံးဦးဖမ်းဆီးခံရ၊ - ဝက်လက်မှာ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ - အင်ဒိုနီးရှားနဲ့ မလေးရှားကို ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီရောက်၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 06, 2025•15 min
- စစ်တပ်အရာရှိကို ပစ်ခတ်ခဲ့သူတွေကို ဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်၊ - အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို CDF- Asho က ဖမ်းဆီး၊ - တောင်သာမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး၊ - ဆိုက်ဘာလုံခြုံရေးဥပဒေဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့သာဖြစ်၊ - မဲဆောက်ကမြန်မာအမျိုးသမီးတွေရဲ့ အိုချစ်ရာလက်မှုလုပ်ငန်း၊ - ကချင်တိုင်းရင်းသားဘာသာ အစီအစဉ်၊ ....စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 06, 2025•15 min
- ဝက်လက်မြို့နယ်မှာ စစ်တပ်ဝင်လို့ လူတစ်သောင်းကျော်ထွက်ပြေးရ၊ - စစ်တောင်းမြစ်အရှေ့ဘက်တိုက်ပွဲမှာ PDF ရှစ်ဦး သေဆုံး၊ - စစ်ကိုင်းမှာ ဗုံးကြဲခံရပြီး သုံးဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ၊ - မုံရွာမှာ ဒေသခံ ငါးဆယ်ခန့် ဆက်လက်ဖမ်းဆီးခံထားရ၊ - အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် တစ်နေ့ကို လူတစ်ရာသာ ခွင့်ပြု၊ - ဟဟ ပါပဲ ဆောင်းပါး၊ ... စတာတွေအပါအဝင် နောက်ဆုံးရသတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 05, 2025•15 min
- အကျဉ်းသားတွေလွှတ်ပေးပေမယ့် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက် - စစ်ကောင်စီ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၄ဝ ကျော်သေဆုံး - တောင်ငူလေတပ်စခန်းတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံး - ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေနဲ့ စည်းရုံးသိမ်းသွင်းဖို့ စစ်ကောင်စီကြိုးပမ်းလာ - နိုင်ငံတကာက ထူးခြားသတင်းများ - ရခိုင်တိုင်းရင်းသားဘာသာအစီအစဉ် ... စတာတွေနဲ့အတူ နောက်ဆုံးရသတင်းများ Hosted on Acast. See acast.com/privacy for more information....
Jan 05, 2025•15 min
- လွတ်ငြိမ်းခွင့်ရ ငါးထောင်ကျော်ထဲ နိုင်ငံရေးအကျဉ်းသား ခြောက်ရာပါရှိ၊ - မတရားဖမ်းဆီးခံရသူအားလုံး ပြန်လွှတ်ဖို့ အမေရိကန်တိုက်တွန်း ၊ - လက်နက်ကိုင် ပဋ္ဋိပက္ခတွေကြောင့် လူ သုံးသန်းခွဲနေရပ် ရွှေ့ပြောင်းရ၊ - ပုသိမ်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို AA ထိုးစစ်ဆင်၊ - မြန်မာ့အရေး မစွက်ဖက်ဖို့ အမေရိကန်ရောက် အနုပညာရှင်တွေ ဆန္ဒပြ၊ …စတာတွေ အပါအဝင်နောက်ဆုံးရ သတင်းများ။ Hosted on Acast. See acast.com/privacy for more information....
Jan 04, 2025•15 min