The Irrawaddy Newscast - Burmese Edition - podcast cover

The Irrawaddy Newscast - Burmese Edition

The Irrawaddy burma.irrawaddy.com
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

Editorial Talk: ‘‘နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးကိစ္စတောင် အသံကျယ်ကျယ် မပြောရဲတဲ့ အာစီယံ''

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ ‘‘နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးကိစ္စတောင် အသံကျယ်ကျယ် မပြောရဲတဲ့ အာစီယံ''ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Jun 04, 202219 minEp. 31

Saturday Roundtable: NUG သမ္မတ ဒူဝါလရှီးလနဲ့ စနေစကားဝိုင်း

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဧရာဝတီ သီးသန့်တွေ့ဆုံမေးမြန်းခန်း၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကျယ်ပြန့်လာနေတယ်၊ ထိုင်းအချုပ်ထောင်တွေမှာ ဖမ်းဆီးခံ မြန်မာတွေနဲ့ ပြည့်လျှံနေပြီ စတဲ့အကြောင်းတွေကို နားဆင်နိုင်ကြပါတယ်။

May 28, 202255 minEp. 38

Saturday Roundtable: ဒေါ်ဇင်မာအောင် ဝါရှင်တန်ခရီးကြောင့် နေပြည်တော်မီးလောင်နေတယ်နှင့် စနေစကားဝိုင်း

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းအစီအစဉ်မှာ ဒေါ်ဇင်မာအောင်ရဲ့ ဝါရှင်တန်ခရီးကြောင့် နေပြည်တော်မှာ မီးလောင်နေတယ်၊ အရင်စစ်အုပ်ချုပ်ရေးကလို ပါမစ်စီးပွားရေး ပြန်လာပြီနဲ့ စစ်တပ်က မီးရှို့လို့ အညာမှာ ဒုက္ခရောက်နေသူတွေ ဘယ်လိုနေထိုင် စားသောက်နေကြသလဲ စတဲ့အကြောင်းတွေကို နားဆင်ကြရပါမယ်။

May 21, 202228 minEp. 37

Editorial Talk: ‘‘နိုင်ငံရေး ထွက်ပေါက်ပိတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီ’’

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ ‘‘နိုင်ငံရေး ထွက်ပေါက်ပိတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီ’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

May 17, 202218 minEp. 30

Saturday Roundtable: သံခင်းတမန်ခင်းကြားက NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ စနေစကားဝိုင်း

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ လူမဆန်တဲ့ အာဏာသိမ်းစစ်ကောင်စီကို လူသားချင်းစာနာမှု အကူအညီတွေ အာဆီယံက ပေးမတဲ့လား၊ စစ်ကောင်စီလက်ထဲ အနေကျပ်လာတဲ့ တိုင်ကွန်းသူဌေးကြီးများနဲ့ သံခင်းတမန်ခင်းကြားက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အင်တာဗျူးတွေကို နားဆင်ကြရပါမယ်။

May 14, 202238 minEp. 36

Editorial Talk: ‘‘မြန်မာ့အရေး အာစီယံ သံတမန်ရေးဆောင်ရွက်မှု အောင်မြင်ပါ့မလား’’

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ ‘‘မြန်မာ့အရေး အာစီယံ သံတမန်ရေးဆောင်ရွက်မှု အောင်မြင်ပါ့မလား’’ ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

May 07, 202220 minEp. 29

Saturday Roundtable: ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက ဖယ်ထုတ်လို့ ရသလားနဲ့ စနေစကားဝိုင်း

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ မြန်မာ့နိုင်ငံရေးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပထုတ်လိုက်လို့ ရသလားနဲ့ ဝရုန်းသုန်းကား ထိုးတက်နေတဲ့ မြန်မာ့ကုန်ဈေးနှုန်းတွေ အကြောင်းတို့ကို ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ကြပါတယ်။

May 07, 202218 minEp. 35

Saturday Roundtable: လုပ်ကြံသတ်ဖြတ်ရေး စစ်ကောင်စီ အားပေးလာပြီနဲ့ စနေစကားဝိုင်း

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အာဏာသိမ်းစစ်ကောင်စီအောက် ပျောက်ဆုံးသွားတဲ့ အလုပ်သမားအခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ၊ လုပ်ကြံသတ်ဖြတ်ရေး စစ်ကောင်စီ အားပေးလာပြီနဲ့ စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် ဘာလဲ ဘယ်လဲ ဆိုတဲ့အကြောင်းတွေကို နားဆင်ကြရပါမယ်။

Apr 30, 202237 minEp. 34

Saturday Roundtable: စစ်ဘေးရှောင်ဒုက္ခသည်တွေကို တောင်းပန်လိုက်တဲ့ ဒေါက်တာဝင်းမြတ်အေးနှင့် စနေစကားဝိုင်း

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ပြည်တွင်းစစ် ဘေးဒဏ်ခံ ဒုက္ခသည်တွေကို NUG အစိုးရ ဘယ်လိုကူညီနေလဲ၊ ဒေါ်လာဈေးကန့်သတ်မှုကြောင့် ဖြစ်လာရတဲ့ စက်သုံးဆီပြတ်လပ်မှုနဲ့ ပြည်သူ့အချစ်တော် ပန်ဒါကြီး ကိုဝေမိုးနိုင်တို့ရဲ့အကြောင်းတွေကို နားဆင်နိုင်ကြပါပြီ။

Apr 23, 202241 minEp. 33

Saturday Roundtable: သမိုင်းနဲ့ချီပြီး စစ်တပ်က ကြောက်ရွံတဲ့ သံချပ်

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ တရုတ်က မြန်မာအပေါ်ထားတဲ့ ခြေလှမ်းသစ်၊ သမိုင်းနဲ့ချီပြီး စစ်တပ်က ကြောက်ရွံတဲ့ သံချပ်၊ အာဏာသိမ်း စစ်ကောင်စီလက်အောက်က တော်လှန်သင်္ကြန်နဲ့ ကျားပေါက်ပြောတဲ့ သင်္ကြန်အလွမ်း စတဲ့အကြောင်းတွေကို နားဆင်နိုင်ကြပါပြီ။

Apr 09, 202237 minEp. 32

Saturday Roundtable: စစ်ဗိုလ်ချုပ်တွေ အချင်းချင်း စားခွက်လုနေသည်

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီအောက် ရှေ့နေတွေ ဘာမျှော်လင့်ကြလဲ၊ စစ်ဗိုလ်ချုပ်တွေ အချင်းချင်း စားခွက်လုနေပြီနဲ့ စစ်တပ်က သမိုင်းနဲ့ ချီ ထည့်လာတဲ့ ဂျင်းများ အကြောင်းတွေကို နားဆင်နိုင်ကြပါပြီ။

Apr 02, 202213 minEp. 31

Editorial Talk: “တပ်ထဲမှာ အကြောက်တရားတွေနဲ့ လွှမ်းမိုးနေတာတွေ့ရတယ်”

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “တပ်ထဲမှာ အကြောက်တရားတွေနဲ့ လွှမ်းမိုးနေတာတွေ့ရတယ်” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Apr 02, 202213 minEp. 28

Editorial Talk: ‘‘တပ်မတော်ထဲမှာက ဘယ်သူခွဲခွဲ ဒို့မကွဲအမြဲစည်းလုံးမည်မဟုတ်တော့ဘူး’’

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ ‘‘တပ်မတော်ထဲမှာက ဘယ်သူခွဲခွဲ ဒို့မကွဲအမြဲစည်းလုံးမည်မဟုတ်တော့ဘူး’’ ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Mar 27, 202218 minEp. 27

Saturday Roundtable: တပ်မတော်နေ့ဆိုပြီး ဖက်ဆစ်တော်လှန်ရေးသမိုင်းကို ဖျောက်ဖျက်မရ

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ကရင်နီ/ကယားပြည်နယ်ထဲက စစ်ပွဲနဲ့ စစ်ရှောင်ဒုက္ခသည်တွေ၊ စစ်ကောင်စီရဲ့ သင်္ကြန် ဘယ်လောက်စည်မှာလဲနဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကနေ တပ်မတော်နေ့လို့ ပြောင်းလဲသွားပုံ သမိုင်းတွေကို နားဆင်ကြရပါမယ်။

Mar 26, 202238 minEp. 30

Saturday Roundtable: စစ်ကိုင်း PDF တွေ အချင်းချင်း ပြန်သတ်ကြသတဲ့လားနှင့် စနေစကားဝိုင်း

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စစ်ကိုင်းတိုင်းက PDF တွေ အချင်းချင်းပြန်သတ်သတဲ့လား၊ သတင်းအမှောင်ချချင်လို့ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်နေသည်၊ ငြိမ်းချမ်းရေးတိုက်ပွဲ တေးစီးရီး နှစ် ၃၀ ပြည့် အဆိုတော် မွန်းအောင်နဲ့ အမှတ်တရ စကားစမြည် အပိုင်း ၂ တို့ကို နားဆင်နိုင်ကြပါပြီ။

Mar 19, 202256 minEp. 29

Editorial Talk: မြန်မာပြည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ လျော့ကျလာတာ အမှန်ပဲ

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ "မြန်မာပြည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ လျော့ကျလာတာ အမှန်ပဲ" ဆိုတဲ့ခေါင်းစဉ်အပေါ် ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Mar 19, 202214 minEp. 26

Editorial Talk: "တမာပင် စိုက်ပြီး သကြားသီးစားချင်လို့မရဘူး"

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ "တမာပင် စိုက်ပြီး သကြားသီးစားချင်လို့မရဘူး" ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Mar 12, 202218 minEp. 25

Saturday Roundtable: မုဒိန်းကျင့် လူသတ်လာနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ စနေစကားဝိုင်း

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ မုဒိန်းကျင့် လူသတ်လာတဲ့ စစ်ကောင်စီတပ်တွေ၊ မြန်မာပြည်မှာ ခိုးဆိုးလုယက်တွေ ပြန်ခေါင်းထောင်နေပြီနဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ တေးစီးရီး နှစ် ၃၀ ပြည့် အဆိုတော် မွန်းအောင်နဲ့ အမှတ်တရ စကားစမြည် တို့ကို နားဆင်ကြရပါမယ်။

Mar 12, 20221 hr 1 minEp. 28

Editorial Talk: “ရုရှား ကျူးကျော်စစ်နဲ့ မြန်မာ့ ရပ်တည်ချက်”

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “ရုရှား ကျူးကျော်စစ်နဲ့ မြန်မာ့ ရပ်တည်ချက်” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Mar 05, 202218 minEp. 24

Saturday Roundtable: စစ်ကောင်စီက အိမ်တွေကို မီးရှို့ ဖျက်ဆီးနေသည်နှင့် စနေစကားဝိုင်း

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ယူကရိန်း-ရုရှစစ်ပွဲက မြန်မာပြည်အတွက် ဘာသယ်ဆောင်ယူလာမလဲ၊ စစ်ကောင်စီက အိမ်တွေကို မီးရှို့ဖျက်ဆီးနေသည်နဲ့ ICJ မှာ ဂမ်ဘီယာနိုင်မှလို့ ဆိုလိုက်တဲ့ ရှေ့နေဦးအောင်ထူးနဲ့ အင်တာဗျူးတွေကို နားဆင်နိုင်ကြပါတယ်။

Mar 05, 202236 minEp. 27

Saturday Roundtable: ရှမ်းလက်နက်ကိုင်ခေါင်းဆောင် စဝ်ရွက်ဆစ် အနားယူသွားနိုင်သလားနဲ့ စနေစကားဝိုင်း

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ လတ်တလော ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ကရင်နီ/ကယားပြည်နယ်က တိုက်ပွဲတွေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ ကိုယ်နှိုက်က မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းနေတာနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ ဥက္ကဋ္ဌ စဝ်ရွက်ဆစ် နိုင်ငံရေးက အနားယူသွားရနိုင်သလား စတဲ့ အကြောင်းတွေကို ဧရာဝတီဝိုင်းတော်သားတွေက တင်ပြဆွေးနွေးထားပါတယ်။

Feb 26, 202232 minEp. 26

Editorial Talk: “အခုဟာ တိုင်းပြည်မှာ ငရဲခွေးကြီးလွတ်နေတဲ့ အချိန်”

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “အခုဟာ တိုင်းပြည်မှာ ငရဲခွေးကြီးလွတ်နေတဲ့ အချိန်” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Feb 19, 202215 minEp. 23

Saturday Roundtable: မီးလောင်ပြင်ကြားက အညာသူအညာသားတွေနဲ့ စနေစကားဝိုင်း

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ကိုယ့်အားကိုယ်ကိုးကြရဦးမယ့် ကိုဗစ်စတုတ္ထလှိုင်း၊ မြန်မာပြည်က ပြန်ထွက်တော့မယ့် တယ်လီနောနဲ့ စစ်တပ်က မီးလောင်တိုက်သွင်းခံနေရတဲ့ အညာသူအညာသားတွေ ဆိုတဲ့အကြောင်းတွေကို ဧရာဝတီဝိုင်းတော်သားတွေ ဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်။

Feb 19, 202231 minEp. 25

Editorial Talk: “တိုင်းရင်းသားတွေ ခွဲထွက်ချင်အောင် လုပ်နေတာဘယ်သူလဲ”

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “တိုင်းရင်းသားတွေ ခွဲထွက်ချင်အောင် လုပ်နေတာဘယ်သူလဲ” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Feb 12, 202217 minEp. 22

Saturday Roundtable: ပြည်ထောင်စုနေ့သည် တသွေးတသံတမိန့်တကိုယ်တော်နေ့ မဟုတ်

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းကို ၇၅ နှစ်ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထူးအစီအစဉ်အနေနဲ့ တောင်တန်းပြည်မ သဘောတူခဲ့တဲ့ ပင်လုံစာချုပ်ပါ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် သမိုင်းပေးတာဝန်ဆိုတာ ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်။

Feb 12, 202229 minEp. 24

Editorial Talk: “မြန်မာ့အရေး ကုလကိုယ်စားလှယ် စွမ်းဆောင်နိုင်ပါ့မလား”

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “မြန်မာ့အရေး ကုလကိုယ်စားလှယ် စွမ်းဆောင်နိုင်ပါ့မလား” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Feb 05, 202216 minEp. 21

Saturday Roundtable: ဗိုလ်ရှုခံသဘင်၊ ပြည်ထောင်စုနေ့နဲ့ စစ်ခေါင်းဆောင်ရဲ့ သမ္မတရူး အိပ်မက် အပါအဝင် စနေစကားဝိုင်း

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေးအတွင်း ကျဆုံးသူများ၊ အာဏာသိမ်းတနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ထိခိုက်ကျဆုံးမှုနဲ့ မင်းအောင်လှိုင် သမ္မတရူး ရူးနေသလား စတဲ့အကြောင်းအရာတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားကြပါတယ်။

Feb 05, 202238 minEp. 23

Editorial Talk: “စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မှာ ဘာတွေ ပျက်စီးကုန်သလဲ“

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မှာ ဘာတွေ ပျက်စီးကုန်သလဲ“ ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Jan 30, 202222 minEp. 20

Saturday Roundtable: စစ်ကျွန်မခံချင်လို့ CDM လုပ်သူများနှင့် စနေစကားဝိုင်း

ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အာဏာသိမ်းစစ်ကောင်စီကို စိန်ခေါ်နေဆဲ CDM လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ MOGE ကို ဆန်ရှင် Sanctions ဝင်ရင် ဘာဆက်ဖြစ်မလဲ၊ "ဖက်ဒရယ်တပ်မတော်သစ် စနေပြီ" လို့ဆိုလိုက်တဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ အင်တာဗျူး အပိုင်း ၂ တို့ကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က တင်ပြဆွေးနွေးထားပါတယ်။

Jan 29, 202241 minEp. 22

Editorial Talk: “တပ်မြေတွေကိုပါ တပ်ချုပ်က ပြန်သိမ်းနေတာ၊ ဒါဟာအဂတိလိုက်စားမှုဖြစ်တယ်”

ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “တပ်မြေတွေကိုပါ တပ်ချုပ်က ပြန်သိမ်းနေတာ၊ ဒါဟာအဂတိလိုက်စားမှုဖြစ်တယ်” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Jan 22, 202216 minEp. 19
Hosted on Buzzsprout
For the best experience, listen in Metacast app for iOS or Android