SBS Burmese - SBS မြန်မာပိုင်း အစီအစဉ် - podcast cover

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

Independent news and stories connecting you to life in Australia and Burmese-speaking Australians. - သင့်ကို သြစတြေလျမှာရှိတဲ့ ဘ၀နဲ့ မြန်မာစကားပြောတဲ့ သြစတြေလျံတွေကို၊ လွတ်လပ်တဲ့သတင်းနဲ့ အကြောင်းရာများကို ဆက်နွယ်ပေးထားပါတယ်။
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

SBS Examines: The AI Election

ပထမဆုံးအကြိမ်အဖြစ် AI သည် စာသားများ၊ ဗီဒီယိုများ၊ ရုပ်ပုံများနှင့် အသံများကို နိုင်ငံရေး ဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများသို့ ဝင်ရောက်လာခဲ့သည်။

Mar 04, 20252 min

ကျီးလန့်စာစား မြန်မာရွှေ့ပြောင်းများ

ထိုင်းနိုင်ငံ ရဲချုပ်က နိုင်ငံတွင်း နေထိုင်တဲ့ နိုင်ငံခြားသားတွေရဲ့ ဥပဒေ နဲ့မညီတဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်အရေးယူဖို့ အခုလ ၁၇ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

Feb 27, 202511 min

How can government payments support you? - အစိုးရရဲ့ ထောက်ပံ့ကြေးကို သင်ခံစားခွင့် ရှိပါသလား

The Australian government has a social security system that provides a range of income support to those who are eligible . In fact, most people will receive a government payment at some stage in their lives. Strict rules determine who can receive these payments and how much they are paid. In this episode of Australia Explained we break down some of the most common government payments you may be entitled to. - ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးနဲ့ ပတ်သက်တဲ့ အက...

Feb 27, 202515 min

၂၀၂၅ ဖေဖော်ဝါရီ ၂၇ သတင်းများ

ယူကရိန်းသမ္မတက လုံခြုံရေးအာမခံချက် ရမရ အပေါ်မူတည်ပြီးမှ အမေရိကန်နဲ့ သဘောတူညီမှု လက်မှတ်ထိုးနိုင်မယ်လို့ ပြောတဲ့အကြောင်း အစီရင်ခံစာအသစ်တစ်ခုအရ ဩစတြေးလျအနေနဲ့ ညစ်ညမ်းကာဗွန်ထုတ်လုပ်မှုကို မလျှော့ချနိုင်ရင် ဆိုးဝါးတဲ့ ရာသီဥတု ပြောင်းလဲမှု ခံစားရနိုင်တဲ့အကြောင်းနဲ့ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်ခွင့်တချို့ ပြန်ရတဲ့အကြောင်းနဲ့ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

Feb 27, 202511 min

ဖေဖော်ဝါရီ ၂၅ အတွက် သတင်းများ

ဒီကနေ့ ထိပ်တန်းရောက်နေတဲ့ သတင်းတွေက ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးဟာ လုံခြုံရေးအာမခံ ရရှိဖို့ အကောင်းဆုံးဖြစ်တယ်လို့ ထပ်မံ ပြောဆိုတဲ့အကြောင်း ဩစတြေးလျနိုင်ငံမှာ ရှိနေတဲ့ ခိုလှုံခွင့် တောင်းလိုသူတွေရဲ့ အနေအထားနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းမှု ဖြစ်နေတဲ့အကြောင်းနဲ့ ကရင်နယ်ခြားစောင့်တပ် BGF က ကျားဖြန့်တွေ ထိန်းသိမ်းတဲ့ လူ ၆၀၀၀ ကို ပြန်လွတ်ပေးဖို့ လုပ်နေတဲ့ သတင်းတွေအပြင် တခြားထူးခြားတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

Feb 25, 202514 min

သက်သာတဲ့ ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုများကို ရရှိဖို့ ဘယ်လို လုပ်နိုင်သလဲ

ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာ ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုများ after-school activities နဲ့ ပတ်သက်တဲ့အကြောင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

Feb 24, 202513 min

နွေဦးခရီးကြမ်းက တော်လှန်အမျိုးသမီးများ

မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှေးရိုးစွဲ ဓလေ့ ထုံးတမ်းတွေကြား ကြီးပြင်းလာရတဲ့ အမျိုးသမီးတွေဟာ လက်ရှိ နွေဦးတော်လှန်ရေးကာလမှာတော့ အယူအဆတွေ ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

Feb 24, 202510 min

၂၀၂၅ ဖေဖော်ဝါရီ ၂၄ လျပ်တပြတ်သတင်းများ

ဩစတြေးလျက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ် ထပ်မံ ချမှတ်လိုက်တဲ့အကြောင်း မယ်ဒီခဲအတွက် အစိုးရက ဒေါ်လာ ၈.၅ ဘီလီယံ ရာထားတာနဲ့ ပတ်သက်ပြီး သူတို့သာ အာဏာရရင် ဘယ်လို အသုံးပြုသွားမလဲ ဆိုတာကို ပါတီကြီးတွေက ချပြနေတဲ့အကြောင်းနဲ့ မာထေးလ်ဒါ အမျိုးသမီးအသင်းဟာ အမေရိကန် အသင်းကို ရှုံးနိမ့်သွားတဲ့အကြောင်းတွေ အပြင် တခြား ထူးခြားတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

Feb 24, 20256 min

၂၀၂၅ ဖေဖော်ဝါရီ ၂၀ သတင်းများ

ကလေးလူငယ်တွေဟာ အစွန်းရောက်တဲ့ အွန်လိုင်းအချက်အလက်တွေနဲ့ ပစ်မှတ်ထားခံရပြီး အစွန်းရောက်သမားတွေ ဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ ဩစတြေးလျ ထောက်လှမ်းရေးအကြီးအကဲက ပြောပါတယ်။

Feb 19, 20259 min

၂၀၂၅ ဖေဖော်ဝါရီ ၁၉ လျပ်တပြတ်သတင်းများ

ဒီကနေ့ထိပ်တန်းရောက်နေတဲ့ သတင်းတွေက မွတ်ဆလင်အမျိုးသမီး နှစ်ဦးကို တိုက်ခိုက်ခဲ့သူကို ဖမ်းမိထားတဲ့အကြောင်း ဗဟိုဘဏ်က အတိုးနှုန်း အနည်းငယ်လျှော့ချပေးလိုက်ပြီး နောက်ထပ် လျှော့ချဖို့ သိပ်မျှော်လင့်ချက် မထားဖို့ သုံးသပ်ပြောဆိုနေတဲ့အကြောင်းနဲ့ အမျိုးသမီး Super Rugby ရာသီ စတင်လိုက်တဲ့သတင်းတွေအပြင် တခြားထူးခြားတဲ့ သတင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Feb 19, 20257 min

ကျားဖြန့်စစ်ဆင်ရေး လာရာနဲ့ လားရာ

ထိုင်း မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ရှိရာ ဒေသတွေမှာ အခုရက်ပိုင်း လှုပ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Feb 18, 202511 min

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ

အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ ကျော်ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ဒီအထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ထိပ်သီးခေါင်းဆောင်တွေ ပါဝင်သလို တဖက်မှာလည်း သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်နေပါတယ်။.

Feb 18, 202512 min

ဆောက်ပြီးသားအိမ်တွေကို နိုင်ငံခြားသားတွေဆို ဝယ်ခွင့်မပေး

ဩစတြေးလျ အစိုးရက ဧပြီလကစပြီး နိုင်ငံခြားသားတွေကို ဩစတြေးလျနိုင်ငံက ဆောက်ပြီးသား အိမ်တွေကို ဝယ်ယူခွင့် အနည်းဆုံး ၂ နှစ် ပိတ်ပင်မှာ ဖြစ်ပါတယ်။.

Feb 18, 20256 min

၂၀၂၅ ဖေဖော်ဝါရီ ၁၈ သတင်းများ

ဒီကနေ့ ထိပ်တန်းရောက်တဲ့ သတင်းတွေထဲမှာ နိုင်ငံခြားသားတွေကို ဆောက်ပြီးသားအိမ် ဝယ်ခွင့်မပေးတဲ့အကြောင်း တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ ဩစတြေးလျ လေယာဥ်တို့ တိုက်လုခါနီး ဖြစ်ပေါ်ပြီး

Feb 18, 20259 min

MiniPod: Ep6 Talking about community services| Starting Out | English on Repeat (Easy) - MiniPod: Ep6 လူမှုဝန်ဆောင်ရေးရာအကြောင်း| Starting Out | English on Repeat (Easy)

Listen to 'English on Repeat,' a podcast to help us improve our speaking skills: What day do the bins get emptied?| Which bin goes out tonight?| There are activities at the community centre. | Our library has English classes. - သင့်ရဲ့ အင်္ဂလိပ်စကားပြော အရည်အချင်း တိုးတက်စေဖို့အတွက် English on Repeat အစီအစဥ်ကို နားဆင်နိုင်ပါတယ်။ နောက်ဆုံးသင်ခန်းစာဖြစ်တဲ့ သင်ခန်းစာ ၆ မှာတော့ What day do the bins get emptied?| Which bin goes out tonight?| There are activities at the community centre. | Our library...

Feb 16, 20257 min

၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက် သတင်းများ

ဂျူးလူမျိုး လူနာတွေကို ကုသမယ့်အစား သတ်ပစ်မယ်လို့ သူနာပြုနှစ်ဦး ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး NSW ကျန်းမာရေးဝန်ကြီးက ဂျူးတွေကို တောင်းပန်လိုက်တဲ့အကြောင်း ယူကေနိုင်ငံက ကစားကွင်းတစ်ခုမှာ ဗုံးတွေတွေ့ရှိခဲ့တဲ့အကြောင်းနဲ့ DKBA က သူတို့နယ်အတွင်းက ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ ထိန်းချုပ်ထားတဲ့ လူတွေကို လွတ်ပေးလိုက်တဲ့အကြောင်းတွေအပြင် တခြားထူးခြားတဲ့ သတင်းတွေ ကိုလည်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Feb 13, 20257 min

၂၀၂၅ ဖေဖော်ဝါရီ ၁၂ လျပ်တပြတ်သတင်းများ

ဒီနေ့ထိပ်တန်းရောက်နေတဲ့ သတင်းတွေကတော့ အမေရိကန်က သံမဏိနဲ့ အလူမီနီယံ တင်သွင်းမှုနဲ့ ပတ်သက်ပြီး ဩစတြေးလျကို ချွင်းချက်မပေးနိုင်ဘူးလို့ တုန့်ပြန်တဲ့အကြောင်း အီဂျစ်က ဂါဇာဒေသမှာ ပါလစ္စတိုင်းသားတွေ ဆက်လက်နေထိုင်နိုင်မယ့် အနာဂတ်မျှော်မှန်းချက်တွေ ရှိတယ်လို့ ပြောတဲ့အကြောင်းနဲ့ စပိန်ဘောလုံးအသင်း မန်နေဂျာ Luis Rubiales က သူ့မှာ ကစားသမားကို နှမ်းခွင့်ရှိတယ်လို့ တရားရုံးမှာ ထွက်ဆိုတဲ့ သတင်းတွေအပြင် တခြား ထူးခြားတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

Feb 12, 20258 min

၂၀၂၅ ဖေဖော်ဝါရီ ၁၁ ရက် သတင်းများ

ဒီကနေ့ ထိပ်တန်းရောက်နေတဲ့ သတင်းတွေက အမေရိကန်ကို ဩစတြေးလျနိုင်ငံက တင်ပို့တဲ့ သံမဏိနဲ့ အလူမီနီယံအခွန် ၂၅ ရာခိုင်နှုန်း တိုးမြင့်ကောက်ခံတာမျိုး မလုပ်ဖို့ အစိုးရက ကြိုးစားနေတဲ့အကြောင်း အမေရိကန်က ဗွီအိုအေနဲ့ အာအက်ဖ်အေလို သတင်းဌာနတွေကို ပိတ်ချလိုကြောင်း အီလွန်မတ်စ်က ‌ရေးသားတဲ့အကြောင်းနဲ့ Hawthorn အသင်းဟာ Launceston မှာ အိမ်ကွင်းအဖြစ် ၂ နှစ်ကြာ ဆက်ကစားဖို့ ရှိတဲ့ သတင်းတွေအပြင် တခြားထူးခြားတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

Feb 11, 202512 min

MiniPod: Ep5 Filling in forms| Starting Out | English on Repeat (Easy) - MiniPod: Ep5 ဖောင်ဖြည့်စွက်ခြင်းအကြောင်း| Starting Out | English on Repeat (Easy)

Listen to 'English on Repeat,' a podcast to help us improve our speaking skills: Is this the right form?| Can you help me fill in this form?| What does this mean? | Do I have to fill in every part? - သင့်ရဲ့ အင်္ဂလိပ်စကားပြော အရည်အချင်း တိုးတက်စေဖို့အတွက် English on Repeat အစီအစဥ်ကို နားဆင်နိုင်ပါတယ်။ သင်ခန်းစာ ၅ မှာတော့ Is this the right form?| Can you help me fill in this form?| What does this mean? | Do I have to fill in every part? ဆိုတဲ့အကြောင်း ပြောဆိုကြတာကို လေ့လာနိုင်ပါတယ်။

Feb 09, 20256 min

ကန်ရဲ့အကူအညီ ရပ်ဆိုင်းမှုနှင့် မှောင်မိုက်သော နေ့ရက်များ

အမေရိကန် အစိုးရက ပြည်ပနိုင်ငံတွေကို ပေးနေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဆိုင်းငံ့လိုက်တာကြောင့် မြန်မာ ပြည်တွင်းရော ပြည်ပမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်တွေ့ခဲ့ရပါတယ်။

Feb 09, 202511 min

အာဆီယံရဲ့ အထူးကိုယ်စားလှယ် ခရီးစဥ်မှာ ဘာတွေ မျှော်လင့်နိုင်သလဲ

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Othman Hashim ဟာ ဖေဖော်ဝါရီလ ၆ ရက်ကနေ ၈ ရက်အထိ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးအပါအဝင် တခြား သက်ဆိုင်ရာ အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

Feb 06, 202511 min

၂၀၂၅ ဖေဖော်ဝါရီ ၆ ရက် သတင်းများ

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့အတွက် ထိပ်တန်းရောက်နေတဲ့ သတင်းတွေကတော့ ထိုင်းနဲ့ ထိစပ်နေတဲ့ မြန်မာမြို့ ၃ ခုကို ထိုင်းက လျှပ်စစ်မီးနဲ့ လောင်စာဆီတွေ ဖြတ်တောက်လိုက်တဲ့အကြောင်း အမုန်းတရားပျံ့ပွားစေတဲ့ အပြောအဆိုတွေ အရေးအသားတွေပြုလုပ်သူကို အနည်းဆုံး ထောင်ဒဏ်ဘယ်လောက် ချမှတ်သင့်တယ်ဆိုတဲ့ အဆိုပြုချက်ကို အစိုးရက သဘောတူတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အကြောင်းနဲ့ ပါလစ္စတိုင်းသားတွေ ဂါဇာဒေသကနေ ထွက်ခွာပြီး အဲဒီဒေသကို အမေရိကန် တည်ငြိမ်အောင် လုပ်ဆောင်မယ်ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ပြောဆိုမှုကို အမျိုးမျိုး တု...

Feb 06, 202513 min
For the best experience, listen in Metacast app for iOS or Android