ထိုင်းဆန္ဒပြပွဲများတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ မပါဝင်ရန် သတိပေး
Jul 21, 2023•5 min
Episode description
ထိုင်းနိုင်ငံမှာ ဇွန်လ ၁၉ ရက်က Move Forward ပါတီ ဥက္ကဋ္ဌ ဖိထားကို လွှတ်တော်အမတ် အဖြစ်ကနေ ယာယီ ရပ်စဲခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးချယ်ခွင့်ကို ထိုင်းလွှတ်တော်မှာ ပယ်ချလိုက်တဲ့ အတွက် ဖိထားကို ဝန်းရံကြတဲ့ ထိုင်းပြည်သူတွေဟာ လွှတ်တော်ရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းပြည်သူတွေဟာ လွှတ်တော်ရှေ့၊ အစိုးရရုံးရှေ့နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့က အထင်ကရ နေရာတွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီကာလဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကူးအပြောင်း ကာလ ဖြစ်တာကြောင့် ရွှေ့ပြောင်းလုပ်သားတွေ နိုင်ငံရေး ဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေး ပြောဆိုထားပါတယ်။
For the best experience, listen in Metacast app for iOS or Android
