မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်
Episode description
မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ်စည်းနားမှာ တရုတ်စစ်တပ်က စစ်အင်အားအပြည့်စုံနဲ့ စစ်ရေးလေ့ကျင့်နေတာတွေ ရှိနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
မြန်မာ-တရုတ်နယ်စပ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (People's Liberation Army - PLA) က ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်နေကြောင်း နယ်စပ်ဒေသခံတွေနဲ့ တရုတ် သတင်းတွေအရ သိရပါတယ်။
ရွှေလီမှာ နယ်စပ်တလျှောက် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်နေကြောင်း ယူနန်ဒေသခံ အမျိုးသားတယောက်က DVB ကို ပြောပါတယ်။
“ရွှေလီက လမ်းတချို့လည်း ပိတ်ထားတယ်၊ လေ့ကျင့်နေကြပြီ။ ဆစ်ဆောင်ပန်းနားဘက်လည်း စစ်ရေးလေ့ကျင့်မှုလုပ်တယ်။ ဒီ ရွှေလီဘက်လည်း လုပ်တယ်။ အကုန်လုံး နယ်စပ်တလျှောက်ပဲ။ ကျင်းခုန်ဘက်ရော၊ ဆစ်ဆောင် ပန်းနားထိ နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ။ ပြီးခဲ့တဲ့ရက်ပိုင်းက ရင်ကျန်းဘက် လေ့ကျင့်ကြတယ်။”
ရွှေလီမှာတော့ ဘယ်လမ်းကနေ ဘယ်လမ်းအထိ စစ်ရေးလေ့ကျင့်မယ်ဆိုတာ အွန်လိုင်းမှာ အသိပေး ကြေညာထားတယ်လို့ ရွှေလီရောက် မြန်မာအလုပ်သမားတယောက်က ပြောပါတယ်။
