ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ရွေးကောက်ပွဲဝါဒဖြန့်ကမ်ပိန်းမှာ မပါဝင်လို့ သရုပ်ဆောင် ဖွေးဖွေးကို စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့သတင်း -မိုးကုတ်မြို့က ပြည်သူတွေ သံပုံးတီးပြီး စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့သတင်းနဲ့ -ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရပြီး ရထားတိမ်းမှောက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Nov 07, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်စရာမရှိဘူးလို့ နယူးဇီလန်လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့သတင်း -စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင် ထောင်ဒဏ် ၅ နှစ်အထိ ချခံရမယ်လို့ ချင်းပြည်ကောင်စီက သတိပေးလိုက်တဲ့သတင်းနဲ့ -မိုးကုတ်ကျောက်တွင်းမှာ မြေပြိုပြီး ၃ ဦးပိတ်မိနေတဲ့သတင်းတွေနားဆင်ကြရမှာပါ
Nov 06, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာရွေးကောက်ပွဲရလဒ်က လူထုဆန္ဒ ထင်ဟပ်စေရမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့သတင်း -ကိုးကန့် ငွေလိမ် ရာဇဝတ်ဂိုဏ်းဝင် ၅ ယောက်ကို တရုတ်က သေဒဏ်ပေးလိုက်တဲ့သတင်းနဲ့ -ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာမှာ မိုးအဆက်မပြတ်ရွာပြီး စပါးခင်းတွေ ပျက်စီးကုန်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
Nov 05, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးဖို့ ပြင်သစ်သမ္မတ တောင်းဆိုလိုက်တဲ့သတင်း -ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်အနည်းဆုံး ၅ ဦးသေဆုံးသွားတဲ့ သတင်းနဲ့ -စတိတ်စင်ပေါ်ကနေ ညစ်ညမ်းစကားလုံးတွေပြောဆို ဆဲရေးတိုင်းထွာခဲ့တဲ့ ရက်ပါအဆိုတော်ကို ဖမ်းဆီးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
Nov 04, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -တောင်ကြီး တန်ဆောင်တိုင်မှာ လူသိန်းချီလာရောက်ပြီး လူပိ မူးလဲလို့ ဒဏ်ရာရသူတွေရှိနေ -ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တဲကို စစ်တပ်က ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၃ ဦး ဒဏ်ရာရသွားတဲ့သတင်းနဲ့ -အူရီဒူးမြန်မာ- ပက်စီကုမ္ပဏီနဲ့ အလုပ်သမားအချို့ အကြား ပြေလည်မှုရပြီး အမှုပြန်ရုပ်သိမ်းလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ
Nov 03, 2025•5 min
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ အာဆီယံဟာ စက္ကူကျားပဲလား၊ ရွေးကောက်ပွဲအတုမှာ ပြည်သူတွေ မပါဝင် မပတ်သက်ရေး၊ စစ်တပ်ဝါဒဖြန့် သရုပ်ဆောင်များနှင့် လူမှုရေးပြစ်ဒဏ်၊ ထရမ့်ပ်နဲ့ ရှီကျင့်ဖျင် ဘာတွေသဘောတူညီခဲ့ကြသလဲ စတာတွေနဲ့ ပတ်သက်ပြီး DVB ဝိုင်းတော်သားတွေနဲ့အတူ "A Time With Kyaw Kyaw Thein" YouTube Channel အစီအစဉ်တင်ဆက်သူ ဦးကျော်ကျော်သိန်းတို့က ပါဝင် ဆွေးနွေးပေးထားပါတယ်။
Nov 02, 2025•30 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ရွေးကောက်ပွဲဝါဒဖြန့်ရာမှာ မပါဝင်ဘဲ ငြင်းဆန်တဲ့ အနုပညာရှင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လိုက်တဲ့သတင်း -No Fly Zone သတ်မှတ်ပေးဖို့ ကိုရီးယားရောက်မြန်မာတွေကို သမ္မတထရမ့်ပ်ထံ အိတ်ဖွင့်ပေးစာပို့တောင်းဆိုလိုက်တဲ့သတင်းနဲ့ ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ...
Oct 31, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်တပ်ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားကို ဝေဖန်ခဲ့တဲ့ ဒါရိုက်တာ မိုက်တီး အပါအဝင် ၃ ဦး ဖမ်းဆီးခံရတဲ့သတင်း -မိုးကုတ်နဲ့ မိုးမိတ်မြို့ကို TNLA လက်လွှတ်ပြီး စစ်ကောင်စီနဲ့ အပစ်ရပ်လိုက်တဲ့သတင်းနဲ့ -ဗန်းမောက်မြို့နယ်နဲ့ ၊ ကသာမြို့နယ်ကို စစ်တပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
Oct 30, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရန် ဒေသတွင်းနိုင်ငံများကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း မြန်မာလူထုဆန္ဒကို လေးစားရန်နှင့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် NLD တောင်းဆို ရခိုင်ရေပိုင်နက်ထဲ ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းဆီးလိုက်တဲ့သတင်းတွေ နားဆင်ရပါမယ် ။
Oct 29, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂ အကြီးအကဲက တောင်းဆိုလိုက်တဲ့ သတင်း -ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတိုနဲ့ သရုပ်ဆောင်တွေ အပြင်းအထန် ဝေဖန်ခံနေရတဲ့ သတင်းနဲ့ -တောင်ကြီးမှာ မီးရှူးမီးပန်းလုပ်ရာက ပေါက်ကွဲမှုဖြစ်ပြီး တယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 28, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးခဲ့ရတဲ့သတင်း -မြင်းခြံအကျဉ်းထောင်မှာ ဆေးကုသခွင့် အလုံအလောက်မရလို့ နိုင်ငံရေးအကျဉ်းသား တယောက် ကွယ်လွန်သွားတဲ့သတင်းနဲ့ -ရွေးကောက်ပွဲအသုံးစရိတ်တွေကို စစ်ကောင်စီလက်အောက်ခံကော်မရှင်က တိုးမြှင့်ပြင်ဆင် သတ်မှတ်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ ။...
Oct 27, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - - မြန်မာစစ်တပ်ရဲ့ ဓာတုလက်နက် အသုံးပြုမှု စောင့်ကြည့်အရေးယူဖို့ မြန်မာသံအမတ်ကြီးက တောင်းဆိုလိုက်တဲ့ သတင်း - ရွှေကုက္ကိုလ် ကျားဖြန့်ခေါင်းဆောင် ရှီကျိကျန်းကို ထိုင်းက တရုတ်နိုင်ငံကို လွှဲပေးဖို့ပြင်နေတဲ့ သတင်းနဲ့ - ဖားကန့် မြေစာပုံပြိုကျပြီး ရေမဆေးကျောက်သမား ၂ ယောက် သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 24, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာစစ်ခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးမတက်ဘူးလို့ မလေးရှားဝန်ကြီးချုပ်က အတည်ပြု ပြောလိုက်တဲ့သတင်း -ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD-CEC တချို့ တွေ့ခွင့်ရတဲ့ သတင်းမဟုတ်မှန်တဲ့သတင်းနဲ့ -မြန်မာပြည်တွင်အသုံးပြုနေတဲ့ Starlink အလုံး ၂၅၀၀ ကျော် အပိတ်ခံရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 23, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းတခုကို စစ်တပ်ဝင်စီးလို့ တရုတ်နိုင်ငံသားတွေ ထွက်ပြေးသွားတဲ့သတင်း -နယ်စပ်ဖြတ်ကျော် ရာဇတ်မှုတွေရဲ့ အဓိကလက်သည်တရားခံ မြန်မာစစ်အုပ်စုကို အရေးယူဖို့ အာဆီယံကို တောင်းဆိုလိုက်တဲ့သတင်းနဲ့ -နာဂဒေသကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲမှုလို့ ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ...
Oct 22, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -အလုပ်သမားအရေးလှုပ်ရှားတဲ့ ဒေါ်မျိုးမျိုးအေးနဲ့ ကိုသက်နှင်းအောင်တို့ ပြန်လွတ်လာတဲ့သတင်း -ဦးကိုကိုကြီးနဲ့ ဒေါ်စန္ဒာမင်းတို့ ရန်ကုန်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မယ့် သတင်းနဲ့ -မိုင်းငေါ့မြို့ကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
Oct 21, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ရွေးကောက်ပွဲ နီးလာချိန် တပ်မိသားစုတွေ လုံခြုံရေးအထူးဂရုစိုက်ဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းလိုက်တဲ့သတင်း -TNLA ထိန်းချုပ်မြို့တွေကို စစ်တပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတဲ့သတင်းနဲ့ -အွန်လိုင်းလောင်းကစားရုံကို စစ်တပ်က ဝင်စီးပြီး တရုတ် ၁၅ ယောက်ကို ဖမ်းဆီးလွှဲပေးခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 20, 2025•5 min
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာ ပြည်သူကို ရက်ရက်စက်စက်သတ်ဖြတ်နေတာ အာဏာရှင်တွေရဲ့ စိတ်ရောဂါလား၊ မြန်မာရွေးကောက်ပွဲနဲ့ အာဆီယံ၊ NCA ၁၀ နှစ်ပြည့်ပွဲ၊ ဂါဇာစစ်ပွဲပြီးသွားပြီလား ၊ ဗင်နီဇွဲလားနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်စတာတွေနဲ့ ပတ်သက်ပြီး DVB ဝိုင်းတော်သားတွေနဲ့အတူ ဒေါက်တာမိုး (ဆေး ၂ ) နဲ့ NUCC အဖွဲ့ဝင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးတို့က ပါဝင် ဆွေးနွေး ပေးထားပါတယ်။
Oct 19, 2025•28 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားပယ်ချဖို့ အာဆီယံကို မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီက တောင်းဆိုလိုက်တဲ့သတင်း -စစ်တပ် အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်နေလို့ SSA- RCSS က ကြေညာလိုက်တဲ့သတင်းနဲ့ -သီပေါမြို့ထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့သတင်းတွေ နားဆင်ကြရမှာပါ
Oct 17, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီပေးမယ်လို့ တရုတ်ကိုယ်စားလှယ်က ပြောလိုက်တဲ့ သတင်း -ဟားခါးရဲစခန်းကို ချင်းကာကွယ်ရေးတပ်က တိုက်ခိုက်ပြီး အကျဉ်းသားတွေ ကယ်ထုတ်ခဲ့တဲ့ သတင်းနဲ့ -ကျားဖြန့်ဆက်နွှယ်သံသယနဲ့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၅၇,၀၀၀ ကျော်အထိရှိလာပြီဆိုတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 16, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -အားကောင်းတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့ သတင်း -ပုဂ္ဂလိကကဏ္ဍက အလုပ်သမားတွေကို ထောက်ပံ့ကြေး တရက် ၁,၀၀၀ ကျပ်ပေးဖို့ အမိန့်ထုတ် လိုက်တဲ့သတင်းနဲ့ -ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်း ရွှေဈေး စံချိန်တင် မြင့်တက်လာတဲ့သတင်းတွေ နားဆင်ကြရမှာပါ
Oct 15, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -နမ့်ဆန်၊ ဖယ်ခုံနဲ့ ဟားခါးမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း -ဧရာဝတီတိုင်း တိုက်ပွဲတွေမှာ ဒဏ်ရာရစစ်သားတွေ များပြားနေတဲ့သတင်းနဲ့ -မြင်းခြံနဲ့ နွားထိုးကြီးက စစ်ရှောင် ၁၀,၀၀၀ ကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 14, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ARSA၊ RSO တို့နဲ့ ပတ်သက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ AA က တောင်းဆိုလိုက်တဲ့သတင်း - သဘာဝဘေး ထောက်ပံ့ကူညီဖို့ NUG က ငွေကျပ် သန်း ၇,၀၀၀ နီးပါး သုံးစွဲခဲ့တဲ့သတင်းနဲ့ -ဧရာဝတီတိုင်းမှာ NLD ပါတီဝင်တွေရဲ့ နေအိမ်အများစုအပါအဝင် အိမ် ၁၅၀ ကျော် ချိပ်ပိတ်ခံခဲ့ရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 13, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -သတင်းကျွတ်ည ဘုံတိုရွာ ဗုံးကြဲတိုက်ခိုက်မှုကို ဗြိတိန်နဲ့ သြစတြေးလျက ရှုတ်ချလိုက်တဲ့သတင်း -ဘီးလင်း၊ မိုးမိတ်နဲ့ နွားထိုးကြီးဒေသတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့သတင်းနဲ့ -မဲစာရင်းတွေ မှားယွင်းကြောင်းဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေ ခေါ်ယူ စစ်ဆေးခံနေရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 10, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မလေးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားတဲ့သတင်း -ထားဝယ်ခရိုင်ထဲက ထီးခီးရွာကို စစ်တပ်က ဗုံးကြဲလို့ ရွာသားတွေ ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်နေကြရတဲ့သတင်းနဲ့ -သီတင်းကျွတ်မီးထွန်းပွဲကို လေကြောင်းမှ တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂက ကန့်ကွက် ရှုတ်ချလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
Oct 09, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ကောင်စီထံအချက်အလက်များပေးမှုကြောင့် တယ်လီနောကုမ္ပဏီ တရားစွဲခံရမည် -ထားဝယ်ထီးခီး ၊ ကျောက်မဲနဲ့ ဆားလင်းကြီးမှာ စစ်တပ် ဗုံးကြဲမှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့သတင်းနဲ့ -မြန်မာ လူငယ် ၄ ပုံ ၁ ပုံ အလုပ်လက်မဲ့ဖြစ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
Oct 08, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -သီတင်းကျွတ် ဆီမီးပူဇော်တဲ့နေရာကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၂၀ ထက်မနည်း သေဆုံးခဲ့တဲ့သတင်း -ရန်ကုန်နဲ့ မန္တလေးမှာ မီးပုံးပျံပျက်ကျပြီး လူနေအိမ် ၃ လုံး မီးလောင်သွားတဲ့သတင်းနဲ့ -ထိုင်းမှာ အထောက်အထားမဲ့လုပ်သားတွေ အွန်လိုင်းကနေ စတင် မှတ်ပုံနိုင်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
Oct 07, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -သီတင်းကျွတ်လပြည့်နေ့မှာ နမ္မတူနဲ့ သီပေါကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း -လေးကေ့ကော်မြို့သစ် နယ်မြေအချို့ကို စစ်ကောင်စီတပ်က ပြန်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ -မဲစာရင်းတွေ အကြီးအကျယ်လွဲမှားနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
Oct 06, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -နောင်တက်လာမယ့် အစိုးရသစ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လက်တွဲလုပ်ဆောင်ဖို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့သတင်း -ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပြန်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ -တရုတ်စွက်ဖက်မှုဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုမှာ မြန်မာတွေ ပူးပေါင်းပါဝင်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
Oct 02, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - - အာဏာသိမ်းစစ်ခေါင်းဆောင် ရုရှားနိုင်ငံကို ထပ်မံသွားရောက်တဲ့သတင်း - နေပြည်တော်မှာ မိုးများပြီး ရေကြီးရေလျှံနေတဲ့ သတင်းနဲ့ - ရခိုင်အမျိုးသမီး သတင်းထောက်တယောက်ကို AA က ဖမ်းဆီးထားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
Sep 24, 2025•5 min
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဗန်းမောက်မြို့ကို NUG ကာကွယ်ရေးဌာနလက်အောက်ခံတပ်တွေက သိမ်းပိုက်လိုက်တဲ့သတင်း -ရွေးကောက်ပွဲဥပဒေနဲ့ အမျိုးသား ၉ ယောက်ကို စစ်ကောင်စီက ထပ်မံ ဖမ်းဆီးအမှုဖွင့်အရေး ယူလိုက်တဲ့သတင်းနဲ့ -ကျားဖြန့်အတွက် လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေမှု စွပ်စွဲချက်အပေါ် ထိုင်းလဝကက ငြင်းဆိုလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
Sep 23, 2025•5 min