DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

DVB Newsbreak ( အောက်တိုဘာ ၂၄  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - လားရှိုးနဲ့ မြောင်မြို့နယ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့သတင်း -KIA ထိန်းသိမ်းထားတဲ့ သတင်းထောက် ၂ ယောက်ကို ပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေက တောင်းဆိုလိုက်တဲ့သတင်းနဲ့ -ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေအတွက် CI စာအုပ် ထုတ်ပေးရေးစင်တာ ဖွင့်ဖို့ရှိနေတဲ့ သတင်းတွေနားဆင်ကြရမှာပါ...

Oct 24, 20245 min

DVB Newsbreak ( အောက်တိုဘာ ၂၃  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ခေါင်းဆောင်ကို ရာထူးကနေ ဖြုတ်ချဖို့ တပ်တွင်း ကြိုးပမ်းမှုတွေ ရှိလာနိုင်တယ်လို့ ICG က ထုတ်ပြန်လိုက်တဲ့သတင်း -ဘုတလင်မှာ စစ်တပ်က ပြည်သူကို သတ်ဖြတ်မှုတွေ ကျူးလွန်နေပြီး နိုင်ငံတကာဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတယ်လို့ NUG က ပြောလိုက်တဲ့သတင်းနဲ့ -ဧရာဝတီတိုင်းမှာ လေပြင်းတိုက်ခတ်လို့ လူနေအိမ်တွေ ပျက်စီးသွားတဲ့သတင်းတွေ နားဆင်ရမှာပါ...

Oct 23, 20245 min

DVB Newsbreak ( အောက်တိုဘာ ၂၂  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရွှေပြည်သာမှာ လေပြင်းတိုက် မိုးကြီးပြီး ရပ်ကွက်ကျေးရွာ ၂၀ နီးပါး ရေနစ်မြုပ်နေတဲ့သတင်း -မလေးရှားမှာ အထောက်အထားမဲ့မြန်မာတွေ ဖမ်းဆီးခံရတဲ့သတင်းနဲ့ -စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် နိုင်ငံခြားသား ခရီးသွားလုပ်ငန်း နာလန်မထူနိုင် ဖြစ်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Oct 22, 20245 min

DVB Newsbreak ( အောက်တိုဘာ ၂၁  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

-မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မှာ ရေကြီးနေတဲ့သတင်း -တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတဲ့သတင်းနဲ့ -မောင်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Oct 21, 20245 min

Space X ဒုံးပျံနဲ့ အီလွန်မတ်စ်ရဲ့ ခြေလှမ်းသစ်များ (WeeklyNewsDigest 20102024)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်၊ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ၊ ၂၀၂၄ နိုဘယ်ဆုရှင်တွေအကြောင်း၊ Space X ဒုံးပျံနဲ့ အီလွန်မတ်စ်ရဲ့ ခြေလှမ်းသစ်များ အကြောင်းအရာတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Oct 20, 202430 min

ဖမ်းဆီးအကျဉ်းချခံထားရသည့် သက်ကြီးနိုင်ငံရေးခေါင်းဆောင်များ၏ ကျန်းမာရေး စိုးရိမ်

ပြင်ပနဲ့အဆက်အသွယ်ဖြတ် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ကြီး နိုင်ငံရေးအကျဉ်းသား တွေရဲ့ ကျန်းမာရေး အခြေအနေအပေါ် နိုင်ငံရေးအသိုက်အဝန်းက စိုးရိမ်ပူပန်နေ ကြပါတယ်။ အောက်တိုဘာ ၇ ရက်က မန္တလေးပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါနဲ့ကွယ်လွန်ပြီးနောက် အကျဉ်းထောင်မှာ ကျန်နေတဲ့ NLD အစိုးရခေါင်းဆောင်တွေနဲ့ ပါတီခေါင်းဆောင်တွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး အပေါ် မှာ...

Oct 19, 20246 min

DVB Newsbreak ( အောက်တိုဘာ ၁၈  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သီတင်းကျွတ်လပြည့်ညမှာ နောင်ချိုမြို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း -ပန်ဝါနဲ့ ကံပိုင်တည်ရှိ နယ်ခြားစောင့်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့တဲ့ သတင်းနဲ့ -ကမ္ဘာ့မှာ အစားအစာငတ်မွတ်မှုအဆုံးရွားဆုံး အလယ်အလတ်အဆင့်ရှိနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Oct 18, 20245 min

DVB Newsbreak ( အောက်တိုဘာ ၁၇  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( အောက်တိုဘာ ၁၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အာဏာသိမ်း စစ်ခေါင်းဆောင် လာမယ့်လမှာ တရုတ်ပြည်ကို သွားမယ့်သတင်း -မြန်မာနဲ့ တရုတ်က အင်တာနက်လွတ်လပ်ခွင့် ကမ္ဘာ့အဆိုးဆုံးဖြစ်နေတဲ့သတင်းနဲ့ -မလေးရှားမှာ မြန်မာနိုင်ငံသား တယောက် ကျားကိုက်ခံရပြီး သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Oct 17, 20245 min

DVB Newsbreak ( အောက်တိုဘာ ၁၆  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -လက်နက်ကိုင် တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်းပေးမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့သတင်း -ရခိုင်မှာ ကုလသမဂ္ဂအစီအစဉ်နဲ့ Safe Zone ထားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က တောင်းဆိုလိုက်တဲ့သတင်းနဲ့ -သီတင်းကျွတ်ကာလ မုန့်မျိုးစုံ စျေးတက်ပြီး အရောင်းပါးနေတဲ့သတင်းတွေနားဆင်ကြရမှာပါ ။

Oct 16, 20245 min

DVB Newsbreak ( အောက်တိုဘာ ၁၅  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ်မျှတ စစ်မှန်တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ အမေရိကန်က ပြောလိုက်တဲ့သတင်း -သီပေါမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိတဲ့ တပ်မိသားစုဝင် ၁၉၀ ကျော်ကို TNLA က ပြန်လွှတ်ပေးတဲ့ သတင်းနဲ့ -ဩစတြေးလျက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၉ သန်း ထောက်ပံ့ပေမယ့် သတင်းတွေ နားဆင်ရမှာပါ

Oct 15, 20245 min

DVB Newsbreak ( အောက်တိုဘာ ၁၄  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာပြည်မှာ စစ်ပွဲတွေအဆုံးသတ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ အာဆီယံက တိုက်တွန်းလိုက်တဲ့သတင်း -သီပေါနဲ့ လားရှိုးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ -ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ CDF ထန်တလန် စစ်ဦးစီးချုပ်အပါအဝင် ၁၈ ဦးကျဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Oct 14, 20245 min

စစ်အာဏာရှင်ရဲ့ အသံတိတ်လူသတ်စခန်း၊၊ (WeeklyNewsDigest 13102024)

စစ်အာဏာရှင်ရဲ့ အသံတိတ်လူသတ်စခန်း၊၊ (WeeklyNewsDigest 13102024) သုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။ ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေး ဒီတပတ်အစီအစဉ်မှာ စစ်အာဏာရှင်ရဲ့ အသံတိတ်လူသတ်အကျဉ်းစခန်း၊ ပြည်သူချစ်တဲ့ မန်းဝန်ကြီးချုပ်၊ စစ်အုပ်စုကိုယ်စားလှယ်တက်တဲ့ အာဆီယံထိပ်သီးအစည်းအဝေး၊ ဂါဇာစစ်ပွဲ ၁ နှစ်ပြည့်၊ ဟာရီကိန်းမုန်တိုင်းဘေး အကြောင်းအရာတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Oct 13, 202432 min

မြန်မာ့အရေး ရှုပ်ထွေးပွေလီဟု အာဆီယံအတွင်းရေးမှူးချုပ်ပြော၊

အကြမ်းဖက်မှုရပ်တန့်ရန် အာဆီယံခေါင်းဆောင်များတိုက်တွန်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ မြန်မာပြည်တွင်းစစ်ကနေ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ ပြင်းထန်လာခြင်းအထိ ကိစ္စရပ်တွေမှာ တိုးတက်မှုရှိဖို့ တိုးမြှင့်လုပ်ဆောင်နေရပေမဲ့လည်း ဒေသတွင်း တည်ငြိမ်တဲ့အင်အားစုအဖြစ် ဆက်လက်တည်ရှိနေပါတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ကောက်ကင်မ်ဟွန်က ရိုက်တာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှားတို့ အပါအဝင် မိတ...

Oct 12, 20244 min

DVB Newsbreak ( အောက်တိုဘာ  ၁၁ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( အောက်တိုဘာ ၁၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ကုလအထူးကိုယ်စားလှယ်က တောင်းဆိုလိုက်တဲ့သတင်း -မြန်မာ့အရေးတိုးတက်မှုလုံးဝမရှိဟု အမေရိကန်က ပြောကြားလိုက်တဲ့သတင်းနဲ့ -DMG သတင်းထောက် အပါအဝင် စစ်တွေထောင်မှ အကျဉ်းသား ၄၀၀ နီးပါးကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ ။...

Oct 11, 20245 min

DVB Newsbreak ( အောက်တိုဘာ  ၁၀ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( အောက်တိုဘာ ၁၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေရပ်တန့်ဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်တဲ့သတင်း -စစ်အုပ်စုကို လေယာဉ်ဆီဖြတ်တောက်နိုင်ဖို့အတွက် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အသက်ဝင်ဖို့ လိုအပ်နေတဲ့သတင်းနဲ့ -ရန်ကုန် သပိတ်ရဲဘော်တွေ ထပ်မံဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ ။

Oct 10, 20245 min

DVB Newsbreak ( အောက်တိုဘာ  ၉ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့နိုင်ငံရေး အဖြေရှာဖို့ ထိုင်းနိုင်ငံက လမ်းကြောင်းအသစ် အဆိုပြုလိုက်တဲ့သတင်း -မြန်မာရေဘေးအတွက် ဂျပန်က ဒေါ်လာ ၂ သန်း ကူညီပေးလိုက်တဲ့ သတင်းနဲ့ -ရေဘေးသင့်တောင်သူတွေအတွက် အတိုးမဲ့ စိုက်စရိတ်ချေးငွေ ၁ ဘီလီယံ ချေးငွေထုတ်ပေးမယ့် သတင်းတွေ နားဆင်ကြရမှာပါ

Oct 09, 20245 min

DVB Newsbreak ( အောက်တိုဘာ  ၈ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာလူဦးရေ ၁ သန်းကျော် ရေဘေးသင့်ပြီး ၆၀၀ ကျော်သေဆုံးခဲ့တယ်လို့ NUG က ထုတ်ပြန်လိုက်တဲ့သတင်း -အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ စစ်ကောင်စီက ကိုယ်စားလှယ်စေလွှတ်လိုက်တဲ့ သတင်းနဲ့ -ပင်လည်ဘူးမြို့နဲ့ အမ်းမြို့နယ် မဲတောင်ဗျူဟာစခန်းတွေကို တိုင်းရင်းသား တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Oct 08, 20245 min

DVB Newsbreak ( အောက်တိုဘာ  ၇ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -NLD ဒုဥက္ကဋ္ဌတယောက်ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့သတင်း -လက်နက်ချ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်က စစ်သုံ့ပန်းအရေအတွက် ၉၀၀၀ လောက်အထိ ရှိလာတဲ့သတင်းနဲ့ -NCA ၉ နှစ်ပြည့် အခမ်းအနားအပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ရှိနေတဲ့သတင်းတွေ နား ဆင်ကြရမှာပါ

Oct 07, 20245 min

PDF တွေအောင်ပွဲခံခဲ့တဲ့ ဘုတလင်တိုက်ပွဲ၊ (WeeklyNewsDigest 06102024)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာ PDF တွေ အောင်ပွဲခံခဲ့တဲ့ ဘုတလင်တိုက်ပွဲ၊ လယ်ယာမြေရေနစ်မှုကြောင့် စားနပ်ရိက္ခာရှားပါး၊ ဟန်ပြသန်းခေါင်စာရင်း၊ အစ္စရေး-အီရန်စစ်ပွဲ၊ အမေရိကန်ဒုသမ္မလောင်း စကားစစ်ထိုးပွဲ စတဲ့ အကြောင်းအရာတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Oct 06, 202430 min

ရေဘေးပြန်လည်ထူထောင်ရေး ဦးစားပေးမလုပ်ဘဲ သန်းခေါင်စာရင်းကောက်ယူနေ

စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ထိခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးကို ဦးစားပေး မလုပ်ဆောင်ဘဲ သန်းခေါင်စာရင်းကောက်ဖို့ကို အဓိက လုပ်ဆောင်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။ စက်တင်ဘာ ဒုတိယပတ်ထဲမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ယာဂီ မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းတွေကြောင့် မြန်မာနိုင်ငံနေရာအနှံ့မှာ ရေကြီးရေလျှံတာ မြေပြိုတောင်ပြိုတာတွေဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၄၀၀ ကျော် သေဆုံးကာ အများအပြားပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ https://burmese.dvb.no/post/671767

Oct 05, 20243 min

လက်နက်ကိုင်အဖွဲ့များကြား မပြေလည်မှုများကို ဝိုင်းဝန်းကူညီဖြေရှင်းရန် NUG တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပသုံးလုံးအဖွဲ့တွေကြားက မပြေလည်မှုတွေကို သည်းခံသင့်တာသည်းခံပြီး ပြဿနာဖြေရှင်းရေးမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူက တိုက်တွန်းလိုက်ပါတယ်။ တော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့တွေ အများအပြားရှိနေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပသုံးလုံးပြဿနာတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့အကြားမှာ လုပ...

Oct 05, 20245 min

DVB Newsbreak ( အောက်တိုဘာ ၄ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( အောက်တိုဘာ ၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့အရေးဆွေးနွေးပွဲ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့သတင်း -ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ -မြန်မာပြည်တွင်းစစ်ကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု မြင့်တက်လာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ ။

Oct 04, 20245 min

DVB Newsbreak ( အောက်တိုဘာ ၃ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( အောက်တိုဘာ ၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာရေဘေးသင့်ပြည်သူ ၁ သန်းကျော်အထိရှိလာတဲ့သတင်း -ဘုတလင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ -မြန်မာ့အရေးဆွေးနွေးဖို့ အမေရိကန် အဆင့်မြင့်သံတမန်တယောက် ထိုင်းနိုင်ငံကိုလာဖို့ ရှိတဲ့သတင်းတွေနားဆင်ကြရမှာပါ

Oct 03, 20245 min

DVB Newsbreak ( အောက်တိုဘာ ၂ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာကိုယ်စားပြုခွင့် ပြန်သုံးသပ်ဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့ ၂၄၀ က တောင်းဆိုလိုက်တဲ့ သတင်း -မန္တလေး PDF နဲ့ AA ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်းမကောက်နိုင်တဲ့သတင်းနဲ့ -ကော့ကရိတ်-မြဝတီလမ်းပြန်ဖွင့်ဖို့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးရာမှာ ပြေလည်မှုမရတဲ့သတင်းတွေ နားဆင်ကြရမှာပါ ။

Oct 02, 20245 min

DVB Newsbreak ( အောက်တိုဘာ ၁ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( အောက်တိုဘာ ၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံဒေသအနှံ့မှာ စစ်တပ်လုံခြုံရေးအင်အား အများအပြားနဲ့ သန်းခေါင်စာရင်း စကောက်နေတဲ့ သတင်း -မြန်မာ့အရေး အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ကမ္ဘောဒီးယားက ကုလအတွင်းရေးမှူးချုပ်ကို တိုက်တွန်းလိုက်တဲ့သတင်းနဲ့ -မြဝတီတောင်ဘက် စွယ်တော်ကုန်းစခန်းကို KNLA ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ...

Oct 01, 20245 min

DVB Newsbreak ( စက်တင်ဘာ ၃၀ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( စက်တင်ဘာ ၃၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့အကျပ်အတည်းကို ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ မလေးရှားက ကုလသမဂ္ဂကို တိုက်တွန်းလိုက်တဲ့သတင်း -ဂျပန်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အသစ်မခန့်တော့ဘဲ သံတမန်ဆက်ဆံရေးအဆင့် လျှော့ချလိုက်တဲ့သတင်း -ထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်အကျဉ်းသားတွေ လဲလှယ်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ...

Sep 30, 20245 min

လူထုဒုက္ခရောက်ချိန် ကောက်မယ့်သန်းခေါင်စာရင်း၊ (WeeklyNewsDigest 29092024)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာ ပြည်သူဒုက္ခရောက်ချိန် ကောက်မယ့်သန်းခေါင်စာရင်း၊ PDFတွေကိုရွေးကောက်ပွဲဝင်ခိုင်းနေပြန်တဲ့ စစ်ကောင်စီ၊ မြန်မာအလိုမရှိတဲ့ ထိုင်းမျိုးချစ်တွေအရေး၊ အင်းလေးရေဘေးနဲ့ ကမ္ဘာ့ရေးရာ အကြောင်းအရာတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Sep 29, 202430 min

စစ်ကောင်စီကမ်းလှမ်းချက် အတုအယောင်ဖြစ်ဟု တိုင်းရင်းသားတပ်နှင့် PDF တုံ့ပြန်

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ရွေးကောက်ပွဲ လမ်းကြောင်းမှာပါဝင်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးဖို့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က အတုအယောင်သာဖြစ်ပြီး စစ်တပ်နိုင်ငံရေးက အပြီးထွက်သွားတဲ့ ကတိမျိုးပေးမှသာ တွေ့ဆုံဆွေးနွေး နိုင်မယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်က တုံ့ပြန်လိုက်ပါတယ်။

Sep 28, 20245 min

DVB Newsbreak ( စက်တင်ဘာ ၂၇ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရွေးကောက်ပွဲလမ်းကြောင်းမှာပါဝင်ဖို့ EAO နဲ့ PDF တွေကို စစ်ကောင်စီက ဖိတ်ခေါ် ကမ်းလှမ်း လိုက်တဲ့သတင်း -စစ်ကောင်စီကို ကူညီနေသူတွေ စစ်ရာဇဝတ်မှု ကြံရာပါ ဖြစ်မယ်လို့ NLD က သတိပေးလိုက်တဲ့သတင်းနဲ့ -NUG ဝန်ကြီးတွေ ကုလသမဂ္ဂညီလာခံ ဆက်စပ်အစည်းဝေးတွေမှာ ပါဝင် တက်ရောက်ဆွေးနွေးနေတဲ့သတင်းတွေကို နားဆင်ကြရမှာပါ

Sep 27, 20245 min

DVB Newsbreak ( စက်တင်ဘာ ၂၆ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( စက်တင်ဘာ ၂၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်က တိုက်တွန်းလိုက်တဲ့ သတင်း -သံတွဲ၊ ငါန်းဇွန်၊ ခင်ဦးနဲ့ လားရှိုးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့တဲ့ သတင်းနဲ့ -စစ်ဘေးနဲ့ ရေဘေးကြောင့် ကရင်နီ ပြည်သူသောင်းနဲ့ချီပြီး အကူညီတွေလိုအပ်နေတဲ့သတင်း တွေနားဆင် ကြရမှာပါ...

Sep 26, 20245 min
For the best experience, listen in Metacast app for iOS or Android