DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

DVB Newsbreak ( မေ ၁၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အိမ်ခြံမြေပွဲစားလုပ်နေကြတဲ့ စစ်တပ်အရာရှိတွေကို ကက(ကြည်း)ရုံးက သတိပေးလိုက်တဲ့ သတင်း -အင်တာနက်ပိတ်ဆို့မှု အဆိုးဝါးဆုံးနိုင်ငံတွေမှာ မြန်မာပါဝင်နေတဲ့သတင်းနဲ့ -ကချင်ပြည်နယ် မံစီမြို့နယ်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

May 17, 20245 min

DVB Newsbreak ( မေ ၁၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အထူးကိုယ်စားလှယ်တို့ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးတဲ့သတင်း -ဂီတအကယ်ဒမီဆုပေးပွဲ ကျင်းပဖို့ စစ်ကောင်စီနဲ့ ဂီတအစည်းအရုံးတို့ ပြင်ဆင်နေတဲ့သတင်းနဲ့ -ကော့ကရိတ်တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်တွေနဲ့ စစ်ရှောင်တွေအတွက် ဆေးဝါးအကူအညီ လိုအပ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ။

May 16, 20245 min

DVB Newsbreak ( မေ ၁၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာ ဒု-ဝန်ကြီးတို့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးတဲ့သတင်း -ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေသေဆုံးပြီး ဆေးရုံတွေ ပျက်စီးသွားတဲ့သတင်းနဲ့ -ကရင်သတင်းဌာနအယ်ဒီတာချုပ် နန်းဖော့ဂေ သတင်းမီဒီယာ အမျိုးသမီးခေါင်းဆောင်မှုဆုရရှိတဲ့ သတင်းတွေနားဆင်ရမှာပါ

May 15, 20245 min

ကော့ကရိတ်အာရှလမ်းမအနီး စစ်ကောင်စီစစ်ကြောင်း ရှေမတိုးအောင် တော်လှန်ရေးတပ်ဖွဲ့များက ဟန့်တား

ကော့ကရိတ်မြို့ အာရှလမ်းမအနီးမှာ စစ်ကောင်စီစစ်ကြောင်းတွေကို ရှေ့မတက်နိုင်အောင် တော်လှန်ရေးတပ် ဖွဲ့တွေက ဟန့်တားထားပါတယ်။ ရှေ့တန်းမှာ ရှိနေတဲ့ နဂါးဖြူစစ်ကြောင်း တာဝန်ရှိသူက တော့ အခုစစ် ဆင်ရေးကို ဒီထက်မက ပိုပြီး တက်ညီလက်ညီနဲ့ အလုပ်လုပ်ဖို့ လိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီသတင်းကို စစ်မြေပြင်မှာ သွားရောက် သတင်းယူတဲ့ သတင်းထောက် အောင်ခန့်က ပြောပြမှာပါ။

May 15, 20244 min

DVB Newsbreak ( မေ ၁၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်သွားတဲ့သတင်း - ရုရှားကနေဝယ်လာတဲ့ ဒရုန်းတွေကို စစ်ကောင်စီကစစ်ဆင်ရေးနယ်မြေတွေဆီ ဖြန့်ဝေထားတဲ့သတင်းနဲ့ -မုံရွာ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲက စစ်ဘေးရှောင်တွေနေတဲ့ နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့သတင်းတွေ နားဆင်ရမှာပါ

May 14, 20245 min

DVB Newsbreak ( မေ ၁၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ဆေးရုံတွေမှာ ဒဏ်ရာရ လူနာများလာလို့ ပုဂ္ဂလိကဆေးရုံတွေမှာ ကုသပေးနေရတဲ့သတင်း -အိန္ဒိယနယ်စပ် မဏိပူရရောက် မြန်မာ ၅ ထောင် ကျော်ကို နေရပ်ပြန်ပို့မယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ပြောလိုက်တဲ့သတင်းနဲ့ -ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထား တိုးချဲ့ပြေးဆွဲတဲ့ သတင်းတွေ နားဆင်ရမှာပါ

May 13, 20245 min

ကရင်နယ်စပ်ရှိ စစ်များကို တိုက်လေယာဉ် မတိုက်ခိုက်ရေးတားမြစ်ပေးဖို့ ထိုင်းလွှတ်တော်ကိုတောင်းဆို

ကရင်ပြည်နယ် နယ်စပ်တလျှောက်က စစ်ရှောင်ပြည်သူတွေကို အာဏာသိမ်း စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ မတိုက်ခိုက်ရေး ထိုင်းလွှတ်တော်က တားမြစ်ပေးဖို့ မြန်မာအလုပ်သမားကူညီရေးအဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။

May 13, 20243 min

" ဟွန်ဆန်နဲ့ သက်ဆင်တို့ရဲ့ မြန်မာ့အရေးခြေလှမ်းများ နောက်ကွယ်၊  (WeeklyNewsDigest 12052024)

DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ " ဟွန်ဆန်နဲ့ သက်ဆင်တို့ရဲ့ မြန်မာ့အရေးခြေလှမ်းများ နောက်ကွယ်၊ အခိုင်အမာစစ်စခန်းကြီးတွေကို တဖြည်းဖြည်းချင်းသိမ်းယူနေတဲ့ KIA၊ တရုတ်သမ္မတရဲ့ ဥရောပ ခရီးစဉ် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

May 12, 202430 min

ဆန်ကြမ်းဈေး ကျပ် ၄,၀၀၀ ဖြစ်လာ၊ ဝင်ငွေနည်းပြည်သူများ ထမင်းတနပ်လျှော့စားနေရ

မြန်မာပြည်တွင်းမှာ ဆန်ကြမ်းအနိမ့်ဆုံးဈေး တပြည် ကျပ် ၄၀၀၀ အထိဖြစ်လာပြီး ဝင်ငွေနည်းပြည်သူတွေ ထမင်းတနပ် လျှော့စား ရတဲ့အထိ ဖြစ်လာပါတယ်။ https://burmese.dvb.no/category/8/news

May 11, 20244 min

DVB Newsbreak ( မေ  ၁၀  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( မေ ၁၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့ပဋိပက္ခတွင်း အမုန်းတရားနဲ့ သတင်းမှားတွေမဖြန့်ကြဖို့ ကုလသမဂ္ဂက သတိပေးလိုက်တဲ့ သတင်း -နေပြည်တော် ဧလာလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခတ်ရတဲ့သတင်းနဲ့ -မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

May 10, 20245 min

DVB Newsbreak ( မေ ၉ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တောင်းဆိုချက်ကို စစ်ကောင်စီပယ်ချလိုက်တဲ့သတင်း -ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးတဲ့သတင်းနဲ့ -ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက ဇီဝမှတ်တမ်း အချက်အလက်တွေ ကောက်ယူစုဆောင်းသွားဖို့ ရှိနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ...

May 09, 20245 min

DVB Newsbreak ( မေ  ၈  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( မေ ၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရွေးကောက်ပွဲကာလ အိန္ဒိယရောက် မြန်မာပြည်သားများကို NUG ကထပ်မံသတိပေးလိုက်တဲ့သတင်း -ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ဝင် တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တဲ့သတင်းနဲ့ -ကော့ကရိတ်အနီး ဒေါနတောင်ခြေတိုက်ပွဲတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အကျအဆုံးများနေတဲ့သတင်းတွေနားဆင်ရမှာပါ...

May 08, 20245 min

DVB Newsbreak ( မေ ၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မိုးမောက်မှာ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာဝေမျှနေချိန် စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တဲ့သတင်း -ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့သတင်းနဲ့ -လူစားထိုးမှုပြဿနာကြောင့် စစ်မှုထမ်းအပတ်စဥ် ၂ ခေါ်ယူဖို့ ကြံ့ကြာနေတဲ့သတင်းတွေ နားဆင်ရမှာပါ

May 07, 20245 min

DVB Newsbreak ( မေ ၆  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၃ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း -ဖားဆောင်းမှာ စစ်ရဟတ်ယာဉ် ၁ စင်းကို ကရင်နီတော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တဲ့သတင်းနဲ့ -ဘူးသီးတောင် စကခ ၁၅ က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချတဲ့သတင်းတွေ နားဆင်ကြရမှာပါ

May 06, 20245 min

"အပူချိန်စံချိန်တင်နေတဲ့ကမ္ဘာနဲ့ မီးမလာတဲ့ မြန်မာ" (WeeklyNewsDigest05052024)

DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အပူချိန်စံချိန်တင်နေတဲ့ကမ္ဘာနဲ့ မီးမလာတဲ့ မြန်မာ၊ ဆိုးရွားနေဆဲ သတင်းလွတ်လပ်ခွင့်၊ တနင်္ဿာရီစစ်ရေး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

May 05, 202429 min

အပူချိန်မြင့်တက်နေပြီး လျှပ်စစ်မီးပုံမှန်မရသဖြင့် အခြေခံပြည်သူများ အခက်ကြုံ

မြန်မာနိုင်ငံတဝန်း ရန်ကုန်အပါအဝင် မြို့တွေအတော်များများမှာ အပူချိန်မြင့်တက်နေပြီး လျှပ်စစ်မီးပုံမှန်မရရှိတာက အခြေခံပြည်သူတွေရဲ့ ဘဝအပေါ် သက်ရောက်မှု ကြီးမားပြီး သက်မွေး လုပ်ငန်းနဲ့ ကျန်းမာရေးအရလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။ DVB သတင်းထောက် ဟန်န သတင်းပေးပို့ထားပါတယ်။

May 04, 20245 min

DVB Newsbreak ( မေ ၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံဆက်လက်ပါဝင်နေတဲ့သတင်း -အမျိုးသားတွေကို ပြည်ပအလုပ်ထွက်လုပ်ခွင့် စစ်ကောင်စီ ပိတ်ပင်လိုက်တဲ့သတင်းနဲ့ -ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ မိုးသက်လေပြင်းတွေတိုက်ခတ်ပြီး နေအိမ်တွေ ပျက်စီးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ

May 03, 20246 min

ဆီဆိုင်ဒေသခံများ နေရပ်ပြန်ခိုင်းနေ

လေးလနီးပါးတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပြီးတဲ့နောက် ဆီဆိုင်မြို့ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ထိမ်းချုပ် နိုင်သွားပြီး ဒေသခံတွေကို နေရပ်မှာ ပြန်နေခိုင်းနေတယ်လို့ သိရပါတယ်။ သီဟ သတင်းပေးပို့ ထားပါတယ်။

May 03, 20243 min

DVB Newsbreak ( မေ ၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ရန်ကုန်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးရှိသူတွေ ဟိုတယ်အခန်းငှားပြီး အပူရှောင်နေကြရတဲ့သတင်း စစ်ကိုင်းတိုင်းမှာ လေပြင်းကြောင့် စေတီ၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အများအပြား ပျက်စီးသွားတဲ့သတင်းနဲ့ ရခိုင်ပြည်နယ် မြို့နယ်တချို့မှာ Non-CDM ကျောင်းဆရာတွေ လစာမရကြတဲ့သတင်း နားဆင်ရမှာပါ

May 02, 20245 min

လူနာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ၁၃၀၀ နီးပါးအထိရှိလာ

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာချိန် မြန်မာနိုင်ငံမှာ ဆေးရုံဆေးခန်းတွေ၊ လူနာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ၁၃၀၀ နီးပါးအထိရှိလာခဲ့ကြောင်း Insecurity Insight သု တေတနအဖွဲ့ကပြောပါတယ်။ စိုးသူအောင် သတင်းပေးပို့ထားပါတယ်။

May 02, 20244 min

DVB Newsbreak ( မေ ၁ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( မေ ၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့မှာ ထိုင်းရောက်မြန်မာအလုပ်သမားတွေ ဆန္ဒပြတဲ့ သတင်း- -ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို ချင်းလက်နက်ကိုင်တပ်တွေက သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ -ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရမှုမှာ ယူကရိန်းပြီးရင် မြန်မာက ဒုတိယအဆိုးဆုံးဖြစ် နိုင်ငံဖြစ်နေတဲ့ သတင်းတွေနားဆင်ကြရမှာပါ

May 01, 20245 min

DVB Newsbreak ( ၃၀ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သီတင်း ၃ ပတ်ကြာ ပျောက်ကွယ်နေတဲ့ ဒုချုပ်စိုးဝင်း လူမြင်ကွင်းကို ပြန်ပေါ်ထွက်လာပြီး အောင်ဇေယျစစ်ဆင်ရေး ဆက်ကွပ်ကဲနေတဲ့ သတင်း -NUG နဲ့ တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်စိုးမိုးထားတယ်လို့ NUGက သတင်းစာရှင်းလင်း ပြောကြားလိုက်တဲ့သတင်းနဲ့ -ချောက်မြို့အပါအဝင် မြန်မာပြည် ဒေသအနှံ့ အပူချိန် စံချိန်တင်မြင့်တက်နေလို့ သေဆုံးသူဦးရေ များလာတဲ့ သတင်းတွေ နားဆင်ရဖိ...

Apr 30, 20246 min

ချောက်မြို့မှာ အပူရှပ်မှုကြောင့် သေဆုံးသူ ဦးရေ မြင့်တက်လာ

စံချိန်တင်အပူချိန်မြင့်တက်နေတဲ့ ချောက်မြို့မှာ အပူရှပ်မှုကြောင့် သေဆုံးသူတွေ ရှိလာပြီး အခုလအတွင်း သေဆုံးသူ ဦးရေ မြင့်တက်လာတယ်လို့ လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။ ဒီသတင်းကို ဖူးအိအိနွယ် ပေးပို့ထားပါတယ်။

Apr 30, 20244 min

MOU စနစ်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ ထိုင်းနိုင်ငံက အလုပ်သမားအရေး ဆောင်ရွက်သူများပြော

ထိုင်းနိုင်ငံကိုMOU စနစ်နဲ့ လာရောက် လုပ်ကိုင်တဲ့ အလုပ်သမားတွေအနေနဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီး MOU စနစ်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ ထိုင်းနိုင်ငံက အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ဒီသတင်းကို ဝေဝေ ပေးပို့ထားပါတယ်။

Apr 30, 20244 min

DVB Newsbreak ( ၂၉ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဆင်ဘိုအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၄၁ ကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်တဲ့သတင်း -စစ်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ၄၀ ရာခိုင်နှုန်း လျော့ကျတဲ့သတင်းနဲ့ -ခရိုနီ တယောက်ရဲ့သမီးကို ဗီဇာပြန်ရုပ်သိမ်းပြီး နိုင်ငံတွင်းမှ နှင်ထုတ်ဖို့ ပြင်သစ်အစိုးရကို တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ

Apr 29, 20246 min

"အမေရိကန်တက္ကသိုလ်ကျောင်းသားသပိတ်" (WeeklyNewsDigest 28042024)

DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ မြဝတီတိုက်ပွဲနဲ့ နယ်စပ်ကုန်သွယ်ရေး ၊ အမေရိကန်တက္ကသိုလ်ကျောင်းသားသပိတ်၊ ဝန်ကြီးဘလင်ကန်ရဲ့ တရုတ်ခရီးစဉ် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Apr 28, 202430 min

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်လျှင် ဓာတ်ပုံပါပေးရ

ရန်ကုန်ရဲ့ တချို့မြို့နယ်တွေမှာ ဧည့်သန်းခေါင်စာရင်းနဲ့ နေထိုင်သူတွေကို ဧည့်စာရင်းတိုင်ရင် ရပ်ကွက်ရုံးမှာ ဧည့်သည်ရဲ့ ဓာတ်ပုံကိုပါ တပါတည်းပေးပြီး တိုင်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လှိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလာမတိုင်ခင်ကတည်းက ဧည့်စာရင်းလာတိုင်သူတွေကို ဓာတ်ပုံပါတောင်းနေတာဖြစ်ပြီး သင်္ကြန်ပြီးတဲ့အချိန်မှာတော့ ပိုပြီး တင်းတင်းကျပ်ကျပ် ကောက်ခံလာတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

Apr 27, 20243 min

DVB Newsbreak ( ၂၆ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးတဲ့ သတင်း -မြဝတီမြို့တောင်ဘက် စွယ်တော်ကုန်းစခန်းအနီးတဝိုက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့ သတင်းနဲ့ -ဗိုလ်နဂါးရဲ့ BNRA တပ်နဲ့ ယင်းမာပင်ခရိုင် PDF တပ်ဖွဲ့တွေအကြား သစ်ကိစ္စနဲ့ အပြန်အလှန် ဖမ်းဆီးမှုဖြစ်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Apr 26, 20245 min

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ထိုးစစ်ဆင်နေ

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အောင်ခန့် ပေးပို့ထားပါတယ်။

Apr 26, 20244 min

DVB Newsbreak ( ၂၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂၅ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ယခင်ဖမ်းဆီးထိန်းသိမ်းထားခဲ့ဖူးတဲ့ နေပြည်တော်ရှိ နေရာဟောင်းမှာ စစ်ကောင်စီက ပြန်ပို့ ဖမ်းဆီးထားတဲ့သတင်း -မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခိုလှုံလာတဲ့ မြန်မာစစ်ဘေးရှောင် ၆၀၀ ကျော် နေရပ်ပြန်သွားတဲ့ သတင်းနဲ့ - မြန်မာနိုင်ငံအနှံ့အပြားမှာ ပြည်သူတွေ အပူဒဏ် ပြင်းထန်စွာခံစားနေရတဲ့သတင်းတွေ နားဆင်ရမှာပါ

Apr 25, 20246 min
For the best experience, listen in Metacast app for iOS or Android