DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

DVB Newsbreak ( ဇူလိုင် ၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဧရာဝတီမြစ်ရေကြီးနေလို့ ကချင်ပြည်နယ်မှာ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ ရတဲ့သတင်း - City Mart စီအီးအို အပါအဝင် လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူလိုက်တဲ့သတင်းနဲ့ -ကရင်လူငယ် ၁ ဦး အမေရိကန်ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jul 01, 20245 min

ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်မှုတွေ ပြုလုပ်နေ

ကျောက်မဲမြို့မှာစစ်ကောင်စီတပ်က လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ရှိနေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။ ခွန်ဇော်ဦး ပေးပို့ထားပါတယ်။

Jul 01, 20243 min

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း (WeeklyNewsDigest 29062024)

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း (WeeklyNewsDigest 29062024) ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ၁၀၂၇ ဒုတိယလှိုင်း၊ မြန်မာလူထုနဲ့ ဆန်ဒုက္ခ၊ WFP ဂိုဒေါင်နှင့် ရခိုင်တိုက်ပွဲ၊ ဝီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အက်ဆန့် လွတ်မြောက်မှု စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Jun 30, 202429 min

ဝင်းနိမ္မိတာရုံဆရာတော်ကြီးပျံလွန်သည့်ကိစ္စ အလွယ်တကူပြီးသွားမည် မဟုတ်ဟု သုံးသပ်

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူသွားတဲ့ ကိစ္စဟာ သံဃာထုကြားထဲမှာ ကြီးမားတဲ့သက်ရောက်မှုရှိနေပြီး အလွယ်တကူ ပြီးသွားမယ့် ပြဿနာမျိုးမဟုတ်ဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ် ပါတယ်။ https://burmese.dvb.no/post/658169

Jun 29, 20245 min

DVB Newsbreak ( ဇွန် ၂၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံကို သွားရောက်တဲ့သတင်း -ရှမ်းမြောက် ကျောက်မဲနဲ့ သီပေါမှာ တိုက်ပွဲပြင်းထန်ဆက်ဖြစ်ပြီး ဒေသခံရာချီ စစ်ဘေးရှောင်နေရတဲ့ သတင်းနဲ့ -မြန်မာနိုင်ငံနဲ့ ပုံမှန်မဟုတ်တဲ့ ငွေသွင်းငွေထုတ်မှုတွေမရှိဘူးလို့ ထိုင်းဘဏ်ဘက်က တုံ့ပြန်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Jun 28, 20245 min

မြန်မာရွေ့ပြောင်းအလုပ်သမားများရဲ့ ဘဏ်အကောင့် အလွဲသုံးစားလုပ်ပြီး အွန်လိုင်းလောင်းကစား လုပ်တာရှိနေ

ထိုင်းမှာမြန်မာရွေ့ပြောင်း အလုပ်သမားတွေရဲ့ ဘဏ်အကောင့်တွေကို အလွဲသုံးစားလုပ်ပြီး အွန်လိုင်း လောင်းကစား လုပ်တာတွေ ရှိတာကြောင့် အထူးသတိထားကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေး ပြောပါတယ်။ ဇွဲသစ် သတင်း ပေးပို့ထားပါတယ်။

Jun 28, 20244 min

DVB Newsbreak ( ဇွန် ၂၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ဈာပနကို ထောင်သောင်းချီတဲ့ပြည်သူတွေ လိုက်ပါ ပို့ဆောင်ခဲ့ကြတဲ့သတင်း -မြန်မာစစ်တပ် လက်နက်ဝယ်ယူရာမှာ ထိုင်းဘဏ်တွေက ပံ့ပိုးကူညီနေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်းနဲ့ - ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မှာ တိုက်ပွဲဆက်ဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးသူများလာ တဲ့သတင်းတွေကို နားဆင်ရမှာပါ။

Jun 27, 20245 min

DVB Newsbreak ( ဇွန် ၂၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှုကိစ္စ ကုလသမဂ္ဂညီလာခံမှာ မြန်မာသံအမတ်ကြီးက တင်ပြခဲ့တဲ့ သတင်း -မိုးကုတ်မှာတိုက်ပွဲဖြစ်လို့ ဒေသခံတွေ ပိတ်မိနေပြီး လူနာသွားပို့တဲ့ ပရဟိတသမား ၃ ဦး ပစ်သတ်ခံရတဲ့သတင်း -အိုးဘိုထောင်မှာ အကျဥ်းထောင်အာဏာပိုင်တွေ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား တဦး ကျဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Jun 26, 20245 min

ကော့ကရိတ်- မြဝတီအာရှလမ်းတိုက်ပွဲတွင်း စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားသစ်တွေပါဝင်

ကော့ကရိတ်- မြဝတီ(အာရှ)လမ်းကို စစ်ကောင်စီတပ်ဘက်က ထိုးဖောက်ဖို့ကြိုးစားရာမှာ ထင်သလောက်မထိုး ဖောက်နိုင်တဲ့အပြင် စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားသစ်တွေပါဝင် လာတယ်လို့ နဂါးဖြူ စစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက ပြောပါတယ်။ အောင်ခန့်ပေးပို့ထားပါတယ်။

Jun 26, 20244 min

ရှမ်းမြောက်တွင်တိုက်ပွဲများပြန်ဖြစ်၊ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြီလား

ကျောက်မဲမြို့၊နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ ဇွန်လ ၂၅ ရက်မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။ မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ သဘောတူထားကြတဲ့ ဟိုက်ဂင်သဘောတူညီချက်ရော ပျက်သွားပြီလား။ ဒီအကြောင်းကို စိုးသူအောင် သတင်း ပေးပို့ထားပါတယ်။

Jun 26, 20244 min

DVB Newsbreak ( ဇွန် ၂၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

မိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မောင်တောရှိ WFP သိုလှောင်ရုံ ဖောက်ထွင်းလုယက်ဖျက်ဆီးခံရတဲ့သတင်း -ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့သတင်းနဲ့ -ရန်ကုန်ရှိ စူပါမားကတ်တွေမှာ ဆန်အရောင်းပိတ်ထားလို့ စားသုံးသူတွေ အခက်တွေ့နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Jun 25, 20245 min

DVB Newsbreak ( ဇွန် ၂၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီကို သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်နေကြတဲ့သတင်း -သံတွဲလေဆိပ်ကို AA သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဝန်ထမ်း မိသားစုတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်းနဲ့ -ပုသိမ်မှာ ဆန်စက်ပိုင်ရှင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ဆန်စက် ၆ လုံးကို ချိပ်ပိတ်ထားလိုက်တဲ့သတင်း တွေနားဆင်ရမှာပါ

Jun 24, 20245 min

စားအုန်းဆီတင်သွင်းမှုကို ပိတ်ပင်တော့မယ်လို့ သတင်းထွက်

လတ်တလော အိမ်ထောင်စုသုံးစားအုန်းဆီတွေ အလွယ်တကူ ဝယ်လို့ မရတော့တဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီကတော့ လာမယ့်နှစ်ကစပြီး စားအုန်းဆီတင်သွင်းမှုကို ပိတ်ပင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဟန်န သတင်းပေးပို့ထားပါတယ်။

Jun 24, 20242 min

စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရသည့်ဆရာတော်ကြီး (WeeklyNewsDigest 23062024)

စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော် ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်နိုင်ငံတကာရဲ့အမြင်ပြောင်းလာပြီလား၊ ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Jun 23, 202430 min

ဝင်းနိမ္မိတာရုံဆရာတော်အပါအဝင် စစ်တပ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း သံဃာ ၅၂ ပါး ပျံလွန်

DVB ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း သံဃာ ၅၂ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ သံဃာကိုသတ်ဖြတ်တဲ့အမှုဟာ ပဉ္စာနန္တရိယကံ ထိုက်တဲ့ပစ်မှုဖြစ်ပြီး သံဃာထု တရပ်လုံးက စစ်ကောင်စီကို သပိတ်မှောက်တော်လှန်ကြဖို့ ရွှေဝါရောင် ဆရာတော်တွေက မိန့်ဆိုလိုက်ပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။

Jun 22, 20245 min

DVB Newsbreak ( ဇွန် ၂၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဝင်း နိမ်မိတာရုံ ဆရာတော်ကြီးကို သေနတ်နဲ့ပစ်သတ်ခဲ့သူတွေဟာ စစ်ကောင်စီတပ် ဖြစ်တယ်လို့ မျက်မြင်သက်သေဆရာတော်က မိန့်ကြားလိုက်တဲ့သတင်း -ကရင်နီပြည်နယ် ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်နိုင်ပြီလို့ KNPP က ပြောကြားလိုက်တဲ့သတင်းနဲ့ -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်ကောင်စီ ပြောကြားလိုက်တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်...

Jun 21, 20246 min

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်လူငယ်များရဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက်

ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်အတည်ပြု ပြဌာန်းပြီးတဲ့နောက် ပြည်တွင်းမှာ မနေလိုကြတဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီ တိမ်းရှောင် ရွှေ့ပြောင်းလာကြပါတယ်။ ဒီထဲမှာမှ အိမ်နီးချင်း ထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာကြတဲ့ လူငယ်တွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက်တွေအကြောင်း ဇွဲသစ်က တင်ဆက်ပေးမှာပါ။

Jun 21, 20245 min

DVB Newsbreak ( ဇွန် ၂၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ၁ ပါး ပျံလွန်တော်မူသွားတဲ့သတင်း -ပန်ဝါမြို့ အနီး မြေရှားသတ္တုတွင်း မြေပြိုကျပြီး လူ ၅၀ လောက် နစ် မြုပ်သွားတဲ့သတင်းနဲ့ -အမေရိကန်ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံ ပြန်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံကောင်စီက တောင်းဆိုလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ

Jun 20, 20245 min

DVB Newsbreak ( ဇွန် ၁၉  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပြည်တွင်းပြည်ပမှာ ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့သတင်း -ရိုဟင်ဂျာ ထောင်သောင်းချီ ပြေးစရာနေရာမရှိဖြစ်နေတယ်လို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးက ပြောကြားလိုက်တဲ့သတင်းနဲ့ -ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Jun 19, 20245 min

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွင်း ၄ ကြိမ်မြောက် မွေးနေ့ဖြတ်သန်းရမည့် ဒေါ်အောင်ဆန်းစုကြည်

အကျဉ်းထောင်မှာ ၄ ကြိမ်မြောက် မွေးနေ့ကို ဖြတ်သန်းနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မြို့တော်ဝန်နဲ့ ကောင်စီဝင်တွေနေထိုင်တဲ့ တိုက် ၈ လုံးထဲက တိုက်နံပါတ် ၆ မှာ ထိန်းသိမ်းထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်မှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်အချုပ်ထောင် ပြင်ပကို ပို့ထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ နေရာအတိအကျကို စစ်ကောင်စီက အတည်မပြုခဲ့ဘဲ သတင်းထိန်ချန်ထား...

Jun 19, 20247 min

DVB Newsbreak ( မေ ၂၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ဇွန် ၁၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း) ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားလာလို့ ဆေးကုသမှု ခံယူနေရတဲ့သတင်း -ဖားကန့်မှာ ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာသူ ၁ ဦး သေဆုံးသွားတဲ့သတင်းနဲ့ -လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တော်လှန်အမျိုးသမီးတွေက တောင်းဆိုလိုက်တဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်

Jun 18, 20245 min

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မလား

စစ်ကောင်စီခေါင်းဆောင်က ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ထပ်မံ ပြောဆိုလာပါတယ်။ စစ်ကောင်စီ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပေးထားချက်ကို အသုံးပြုပြီး ကွက်ကြားရွေးကောက်ပွဲနဲ့ ထွက်ပေါက် ရှာလာနိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။

Jun 18, 20245 min

DVB Newsbreak ( ဇွန် ၁၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တော်လှန်ရေးကာလ ၃ နှစ်အတွင်း ကလေးသူငယ် ၈၀၀ ကျော် သေဆုံးခဲ့တဲ့သတင်း -AA က မောင်တောမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ဖို့ရှိလို့ ဒေသခံတွေ ထွက်ခွာသွားဖို့ သတိပေးလိုက်တဲ့ သတင်းနဲ့ -မဏိပူရ အင်ဖာဗဟိုအကျဉ်းထောင်မှာ မြန်မာနိုင်ငံသား ၃၀ လောက် အစာငတ်ခံဆန္ဒပြနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Jun 17, 20246 min

ဂျမ်ဘာကျော်နိုင်တဲ့ Fixed Wing ဒရုန်းတွေ စစ်ကိုင်းတိုင်းထဲမှာ ပြန့်နှံ့နေပြီဖြစ်ပြီး

ဂျမ်ဘာကျော်နိုင်တဲ့ Fixed Wing ဒရုန်းတွေ စစ်ကိုင်းတိုင်းထဲမှာ ပြန့်နှံ့နေပြီဖြစ်ပြီး တိုက်ပွဲဖော်ရာမှာ သိသာတဲ့ အောင်မြင်မှုတွေ ရှိတယ်လို့ မင်းကင်းဒေသခံ PDF Drone သမားတယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ စစ်မှုထမ်းဥပဒေနဲ့ သင်တန်းပေးထားတဲ့ လူငယ်တွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေမှာ စတင် အသုံးပြုနေပါတယ်။ ဒီသတင်းကို သုတချမ်းသာ ပေးပို့ထားပါတယ်။

Jun 17, 20244 min

"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီခရီးကြမ်း "၊ (WeeklyNewsDigest 16062024)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ဒီမိုကရေစီခရီးကြမ်း၊ စစ်ကောင်စီ စီစဉ်နေတဲ့ ဆွေးနွေးပွဲ၊ စစ်အာဏာရှင်လက်ထက် ကလေးလုပ်သား စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Jun 17, 202429 min

မောင်တာတွင် တိုက်ပွဲပြင်းထန်၊ အေအေ မျှော်မှန်းချက်နီးလာပြီလား

မောင်တောမှာစစ်ကောင်စီ လက်ကျန်စခန်းနှစ်ခုပဲ ကျန်တော့ပြီး အေအေက ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေပါတယ်။ အေအေ မျှော်မှန်းတဲ့ Confederate ခရီးဟာလည်း နီးလာပြီလို့ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းကလည်း ပြောပါတယ်။ ထက်အောင်က သတင်းပေးပို့ထားပါတယ်။

Jun 17, 20242 min

DVB Newsbreak ( ဇွန် ၁၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်လုံးကျွတ် သံမဏိနှင်းဆီသပိတ်ဆင်နွှဲကြဖို့ သပိတ်အင်အားစုက နှိုးဆော်လိုက်တဲ့သတင်း -၃ နှစ်အတွင်း ကျန်းမာရေးကဏ္ဍအတွက် ကျပ်ငွေ ၁၅ ဘီလီယံကျော် အသုံးပြုခဲ့တယ်လို့ NUG ကထုတ်ပြန်လိုက်တဲ့သတင်းနဲ့ -ဗန်းမော်မြို့အနီး စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သံချပ်ကာကား ပျက်စီးသွားတဲ့ သတင်းတွေ နားဆင်ရမှာပါ

Jun 14, 20246 min

ဇွန်လ ၁၄ ရက်၊ နေ့လည်သတင်း

- အုတ်ဖိုမှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ။ - စစ်ရေးအခြေနေကြောင့် သိုင်ငင်းလမ်းမကြီးနဲ့ပတ်သက်ပြီး CDF သတိပေး။

Jun 14, 20246 min

DVB Newsbreak ( ဇွန် ၁၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်ရေး ကူညီပေးဖို့ နိုင်ငံတကာကို NLD တိုက်တွန်းလိုက်တဲ့သတင်း -ဖားကန့်မှာ ကျောက်မျက်လုပ်ကွက်ဟောင်း မြေပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး သွားတဲ့သတင်းနဲ့ -မန္တလေးမြို့ရှိ ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုဖြစ်တဲ့သတင်းတွေ နားဆင်ရမှာပါ

Jun 13, 20245 min

ချင်းပြည်နယ်အတွင်း အဓမ္မ စစ်သားစုဆောင်းခြင်းမရှိဟု AA တုံ့ပြန်

အာရက္ခတပ်တော် (AA) အနေနဲ့ စစ်သားစုဆောင်းဖို့လိုတဲ့ အဖွဲ့အစည်းမဟုတ်သလို ဒီကနေ့ အချိန်အထိ အတင်းအကျပ် စစ်သားစုဆောင်းခဲ့တာမရှိဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Jun 13, 20243 min
For the best experience, listen in Metacast app for iOS or Android