DVB News - podcast cover

DVB News

Democratic Voice of Burmaburmese.dvb.no
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

DVB Newsbreak 5.5 (၀၁ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဘုရားဖူးတွေမလာမှာစိုးလို့ မာရဝိဇယဘုရား ဝင်ကြေးမကောက်တော့ဘူးလို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း -မန္တလေးတိုင်းကျန်းမာရေးဌာနရုံးရှေ့ ဗုံး ပေါက်ပြီး လက်ထောက်ညွှန်မှူးနဲ့ ဝန်ထမ်း ၄ ဦး ဒဏ်ရာရ သွားတဲ့သတင်းနဲ့ -ရန်ကုန်မှာ စစ်ကောင်စီက ဧည့်စာရင်းတွေစစ်ဆေးနေပြီး ဧည့်စာရင်းမတိုင်သူတွေကို ဖမ်းဆီးကာ ကျပ် ၁ သိန်းနဲ့ပြန်ရွေးခိုင်းနေတဲ့သတင်းတွေ နားဆင်ရမှာဖြစ်ပါတယ်။...

Sep 01, 20236 min

DVB Newsbreak 5.5 (၃၁ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဟင်္သာ​တမြို့နယ်မှာ ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် အကူအညီတွေလိုအပ်နေတဲ့ သတင်း -ကချင်ပြည်နယ်မှာ ဒေသခံပြည်သူ ၂၀ လောက်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းနဲ့ -စစ်ကောင်စီက ဆန်ရည်ညွှန်းဈေး သတ်မှတ်လိုက်လို့ ပြည်တွင်း ဆန်မှောင်ခိုဈေးကွက်ပေါ်လာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ။

Aug 31, 20236 min

ဖူကူရှီးမား နူကလီးယားဓာတ်အားပေးစက်ရုံက ရေဆိုးတွေထုတ်လွှတ်မှုအပေါ် စိုးရိမ်

ဖူကူရှီးမား နူကလီးယားဓာတ်အားပေးစက်ရုံက ရေဆိုးတွေထုတ်လွှတ်မှုအပေါ် တိုကျိုမြို့ခံတွေက စိုးရိမ်နေကြပေမယ့် နိုင်ငံခြားခရီးသွားဧည့်သည်တွေကတော့ ဒီလောက်စိုးရိမ်မကင်း မဖြစ်ဘူးလို့ ဆိုပါတယ်။ နော်နိုရင်း တင်ဆက်ပေးထားပါတယ်ရှင်။

Aug 31, 20233 min

DVB Newsbreak 5.5 (၃၀ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းပြောဆိုနေတာက စစ်ကောင်စီ သက်တမ်းရှည်စေဖို့ ပံ့ပိုးပေးနေသလိုဖြစ်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တဲ့သတင်း -မူဆယ်မှာ တိုက်ပွဲဖြစ်ပြီး နေအိမ်တွေ မီးလောင်၊ ရွာသားများ ထိခိုက်ဒဏ်ရာရ ထွက်ပြေး တိမ်းရှောင်နေရတဲ့သတင်းနဲ့ -လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ဖားကန့် နန်ံယားကျေးရွာသားတွေ ပြန်လွတ်မြောက်လာတဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။...

Aug 30, 20236 min

DVB Newsbreak 5.5 (၂၉ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -နေပြည်တော်ကို အချိန်မရွေးတိုက်ခိုက်လာနိုင်လို့ သတိရှိကြဖို့ စစ်ကောင်စီက လိုက်လံနှိုးဆော်နေတဲ့ သတင်း -တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ မိုးများပြီး ရေကြီးဘေးကြုံရနိုင်တဲ့ သတင်းနဲ့ -ပြည်ပကနေ တင်သွင်းတဲ့ ဆေးဝါးတွေ ဈေးတက်နေပြီး ကုမ္ပဏီတချို့ အရောင်းပိတ်လိုက်ရတဲ့ သတင်းတွေကို နားဆင်ရမှာပါ။

Aug 29, 20236 min

ပြည်ပတင်သွင်းဆေးဝါးများ ဈေးတက်၊ ကုမ္ပဏီတချို့ အရောင်းပိတ်

ပြည်ပကနေ တင်သွင်းတဲ့ ဆေးဝါးတွေ အကုန်ဈေးတက်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကုမ္ပဏီတချို့ အရောင်းပိတ်တဲ့အထိ ကြုံခဲ့ တယ်လို့ ရန်ကုန်မြို့ ဆေးဝါးနဲ့ ဆေးပစ္စည်း လက်လီလက်ကား ရောင်းချသူတွေက ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။

Aug 29, 20233 min

DVB Newsbreak 5.5 (၂၈ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -တီမောသံရုံးယာယီတာဝန်ခံကို စစ်ကောင်စီက နှင်ထုတ်လိုက်တာနဲ့ ပတ်သက်လို့ NUG နဲ့ တီမောအစိုးရက တုံ့ပြန်လိုက်တဲ့သတင်း -နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ အကြံပြုချက်များ အလေးထားဆောင်ရွက်မယ်လို့ NUG ဝန်ကြီးက ပြောကြားလိုက်တဲ့သတင်းနဲ့ -ကရင်အပါအဝင် တိုင်းရင်းသားများအခွင့်အရေး တလက်မအလျော့မခံဆောင်ရွက်မယ်လို့ MFP ပါတီဥက္ကဋ္ဌ ထိမ်းဖိထားပြောကြားလိုက်တဲ့သတင်းတွေကို နားဆင်ရမှာပါ။...

Aug 28, 20237 min

နဂါးပူးတဲ့ စစ်အာဏာရှင်ခေတ် သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(27082023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ နဂါးပူးတဲ့ စစ်အာဏာရှင်ခေတ်၊ ပရီဂိုရှင်သေဆုံးမှု။ လုံခြုံရေးကောင်စီ အစည်းအဝေး၊ မြန်မာ့စီးပွားရေးနဲ့ စစ်ကောင်စီရှင်းလင်းပွဲ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Aug 27, 202330 min

ရိုဟင်ဂျာများ တရားမျှတမှုရရှိရေး ကူညီသွားမည်ဟု NUG ဝန်ကြီးပြော

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ် အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ကိုပြန်နိုင်ရေးနဲ့ ရာဇ၀တ်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ NUG အစိုးရအနေနဲ့ ပူးပေါင်း‌ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ https://burmese.dvb.no/post/611666

Aug 26, 20237 min

DVB Newsbreak 5.5 (၂၅ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ် တာဝန်ယူတာဝန်ခံဖို့ အမေရိကန်က ပြောကြားလိုက်တဲ့သတင်း -ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် နန့်ယား KBC ဘုရားကျောင်းမှာ ခိုလှုံနေသူ ၁၀၀ ကျော် ပေါ်တာ ဆွဲခံရတဲ့သတင်းနဲ့ -မြန်မာ့ဦးတော်လှန်ရေး နိုင်ငံတကာညီလာ ခံကျင်းပဖို့ရှိနေတဲ့သတင်းတွေ နားဆင်ရမှာပါ။

Aug 25, 20236 min

ဘတ်ဝယ်စုသူတွေများပြီး ကျပ်ငွေတန်ဖိုးမတည်ငြိမ်

စစ်ကောင်စီက နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေမှာ ထိုင်းဘတ်နဲ့ ဆောင်ရွက်ခွင့်ပြုကြောင်း ဗဟိုဘဏ် ကြေညာပီးနောက်ပိုင်း ဘတ်ဝယ်စုသူတွေများပီး ကျပ်ငွေတန်ဖိုးမတည်ငြိမ်တာတွေဖြစ်နေတယ်လို့ ကုန်သည်တွေနဲ့ ငွေလဲ ဝန်ဆောင်မှုလုပ်ငန်းတွေဆီကနေ သိရပါတယ်။ ဒီသတင်းကို ဝေဝေပေးပို့ထားပါတယ်။

Aug 25, 20233 min

DVB Newsbreak 5.5 (၂၄ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးတဲ့သတင်း -မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ထောက်ပံ့ပေးနေသူတွေကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် လိုက်တဲ့သတင်းနဲ့ -ကျပ်နှစ်သောင်းတန်ငွေစက္ကူများ မသုံးစွဲကြဖို့ NUG က တားမြစ်မိန့်ထုတ်လိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ။

Aug 24, 20238 min

ကုန်ဈေးနှုန်းတက်တာဟာ အာဏာသိမ်းမှုနောက်တွဲကြောင့်လို့ ကုန်သည်နဲ့ပညာရှင်များတုံ့ပြန်

ကုန်ဈေးနှုန်းတက်တာ စီးပွားရေးသမားတွေကြောင့်လို စစ်ကောင်စီဝေဖန်အပြစ်တင်တဲ့အပေါ် ကုန်သည်တွေနဲ့ ပညာရှင်တွေကတော့ အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ တုံပြန်ပြောဆိုပါတယ် ၊ဒီသတင်း ကိုတော့ ဝေဝေပေးပို့ထားတာပါ။

Aug 24, 20233 min

DVB Newsbreak 5.5 (၂၃ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တဲ့သတင်း -ဒေါ်လာဈေးနဲ့ စားအုန်းဆီဈေးတွေ မြင့်တက်နေတဲ့အပေါ် ကုန်သည်တွေကို စစ်ကောင်စီက အပြစ်တင်ပြောကြားလိုက်တဲ့သတင်းနဲ့ -ကရင်ပြည်နယ် ကော့ကရိတ်မှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် တပ်သားတွေ သေဆုံး ဒဏ်ရာရသွားတဲ့သတင်းတွေ နားဆင်ရမှာပါ။...

Aug 23, 20236 min

DVB Newsbreak 5.5 (၂၂ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -တပ်သားသစ် ၁ ဦးကို ကျပ်သိန်း ၃၀ အထိ စျေးပေါက်နေပြီး စစ်တပ်ထဲဝင်မယ့်သူမရှိ ဖြစ်နေတဲ့သတင်း -ရန်ကုန်မြို့လယ်က နောက်ဖေးလမ်းကြားဥယျာဥ်တွေ ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပျက်စီးနေတဲ့သတင်းနဲ့ -ပြည်ပမှာ နှစ်ပေါင်းများစွာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံကို ပြန်ရောက်နေတဲ့သတင်း

Aug 22, 20236 min

NCA စာချုပ်၏အနှစ်သာရကို ဆက်ကိုင်ဆွဲထားပြီး အလျော့အတင်းလုပ်ကာ ဆွေးနွေးဖို့ RCSS ပြော

NCA စာချုပ်ရဲ့ အနှစ်သာရကို ဆက်လက်ကိုင်ဆွဲထားပြီး လက်နက်ကိုင်ပြီး မဖြေရှင်းကြဘဲ အလျော့အတင်း လုပ်ကာ သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးကြဖို့ လိုတယ်လို့ RCSS က ပြောပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားတာပါ။

Aug 22, 20235 min

DVB Newsbreak 5.5 (၂၁ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို မြန်မာအပါအဝင် အိမ်နီးချင်း ၄ နိုင်ငံပူးပေါင်းစစ်ဆင်ရေးလုပ်မယ့်သတင်း -ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ ကိုင်ဆောင်ရင် အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးလိုက်တဲ့သတင်းနဲ့ -နေပြည်တော်ရှိ မာရဝိဇယဘုရား လူစည်ကားဖို့ အမျိုးသားရေးအဖွဲ့တွေက စီစဥ်ပေးနေရတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

Aug 21, 20236 min

NCAနဲ့ ကေအန်ယူ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(20082023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အန်စီအေနဲ့ ကေအန်ယူ၊ တိုက်ပိတ်ရိုက်နှက်ခံနေရတဲ့ နိုင်ကျဉ်းများ၊ ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ထိုင်းနယ်စပ်စီးပွားရေးဂယက် စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Aug 20, 202330 min

H&M အပါအဝင် နာမည်ကြီးကုမ္ပဏီများ မြန်မာအလုပ်သမား၏ အခွင့်အရေး ကာကွယ်ပေးရန်လို

H&M အပါအဝင် နာမည်ကြီး အမှတ်တံဆိပ် အဝတ်အထည်ကုမ္ပဏီတွေအနေနဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အပြည့်အဝအကာအကွယ် မပေးနိုင်ရင် မြန်မာနိုင်ငံကနေ ထွက်သွားတာ အကောင်းဆုံးပဲလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

Aug 19, 20234 min

DVB Newsbreak 5.5 (၁၈ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -စစ်ကောင်စီလက်အောက်ခံ မြန်မာဘဏ် ၂ ခုအပ်ထားတဲ့ ဒေါ်လာ ၁ သန်းကျော်အပ်ငွေတွေကို ဘင်္ဂလားဒေ့ရှ်ဘဏ်က ပိတ်ပြီး ထိန်းချုပ်ထားလိုက်တဲ့သတင်း -မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ထက်ဝက်ကျော်အထိ ကျဆင်းသွားတဲ့ သတင်းနဲ့ -ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဆက်ဖြစ်ေပါ်ေနတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။

Aug 18, 20237 min

DVB Newsbreak 5.5 (၁၇ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံက ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်မယူတော့ဘူးဆိုတဲ့သတင်း -မြန်မာပြည်က အထည်ချုပ်စက်ရုံတွေမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်ပေါင်း ၂၀ ကို H&M က စုံစမ်းစစ်ဆေးနေတဲ့သတင်းနဲ့ -Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဖမ်းဆီးခံရပြီး ကျောင်းချိပ်ပိတ်ခံရတဲ့ သတင်းတွေ နားဆင်ရမှာဖြစ်ပါတယ်။၊...

Aug 17, 20236 min

သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသူများ ကာယိန္ဒြေပျက်ပြားသည်အထိ ပြုမူခံရ

သာယာ၀တီထောင်နဲ့ထောင်တချို့မှာ နိုင်ငံရေးအကျဉ်းသူတွေကို ကာယိန္ဒြေပျက်ပြားတဲ့အထိ ပြုမူ‌ဆက်ဆံနေတယ်လို့ ထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေက ပြောပါတယ်။ ဒီသတင်းကိုမင်းညိုကပေးပို့ထားပါတယ်။

Aug 17, 20235 min

DVB Newsbreak 5.5 (၁၆ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဖားကန်မှာ ကျောက်မျက်လုပ်ကွက် မြေပြိုကျပြီး ပျောက်ဆုံးနေသူတွေထဲက အလောင်း ၃၃ လောင်း ရှာတွေ့တဲ့သတင်း -ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီတပ်က အကြမ်းဖက် သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အယောက် ၄၀ ကျော်ရှိလာတဲ့သတင်းနဲ့ -ကရင် ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်ခံရတဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။...

Aug 16, 20236 min

ရခိုင်တွင်မိုးများပြီး မြစ်ချောင်းရေတက်မှုကြောင့် ရွာပေါင်း ၃၉၀ နှင့် လယ်ဧက သောင်းချီရေလွှမ်း

ရခိုင်မှာ မိုးများပီး မြစ်ချောင်းရေ မြင့်တက်တာတွေကြောင့် ကျေးရွာပေါင်း ၃၉၀ နဲ့ စပါးလယ်ဧကပေါင်း ၇ သောင်းကျော် ရေလွှမ်းခဲ့ရပါတယ်။ ရေနစ်မြှပ်တဲ့ လယ်ယာတွေ ပျက်စီးတာကြောင့် စပါးစိုက်ပျိုးတဲ့ တောင်သူတွေ အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဒီသတင်းကို ဝေဝေပေးပို့ ထားပါတယ်။

Aug 16, 20235 min

DVB Newsbreak 5.5 (၁၅ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ - ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ်ကို ဗဟိုဘဏ် Online Trading အစီအစဉ်အောက်တွင် လုပ်ဆောင်မည် -ငွေလဲကောင်တာ ၁၃ ခုကို စစ်ကောင်စီ ပိတ်သိမ်း၊ ဒေါ်လာစျေး စံချိန်တင်မြင့်တက် -ထားဝယ်အကျဥ်းထောင်အရာရှိ ၁ ဦးကို မူးယစ်ဆေးဝါးများနှင့်ဖမ်းမိ

Aug 15, 20235 min

စစ်အာဏာသိမ်းပြီးနောက် အလုပ်ထုတ်ခံရမှု ၄၁ ရာခိုင်းနှုန်းထိ မြင့်တက်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလာပြီး အလုပ်ထုတ်ခံရမှု ၄၁ ရာခိုင်နှုန်း မြင့်တက်လာ တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က ထုတ်ပြန်ပါတယ်။ ပြည်တွင်း အထည်ချုပ်ကဏ္ဍမှာ အမျိုးသမီးတွေ အလုပ်အကိုင်ဆုံးရှုံးမှု ပိုများလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။

Aug 15, 20233 min

DVB Newsbreak 5.5 (၁၄ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၆သောင်း လောက် နေရပ်စွန့်ခွာ ရေးဘေးဒုက္ခ ခံစားနေရတဲ့သတင်း -အာဆီယံပါလီမန်များညီလာခံ (AIPA) ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုသွားရောက်ဖို့ ရှိနေတဲ့ သတင်းနဲ့ - ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအဓိကကျတဲ့ မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို အဆင်း တရက်၊ အတက် တရက် တလှည့်စီသွားတဲ့စနစ် ပြန်လည်ကျင့်သုံးနေတဲ့သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။...

Aug 14, 20236 min

ရှစ်လေးလုံး ၃၅ နှစ်ပြည့် သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(13082023)

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ရှစ်လေးလုံး ၃၅ နှစ်ပြည့်၊ ရေကြီးရေလျှံသဘာဝဘေး၊ ဘဏ် ဆန်ရှင်နဲ့ မြန်မာ့စီးပွားရေးဂယက်၊ ကနေဒါနဲ့ ဖေ့စ်ဘွတ်ခ် စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Aug 13, 202329 min

လျှပ်စစ်ကား ရောင်းသူဝယ်သူများ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရ

စစ်ခေါင်းဆောင်ရဲ့ လျှပ်စစ်ကားစီမံကိန်းက တစ်နှစ်မပြည့်ခင်မှာပဲ ဒေါ်လာအကျပ်အတည်းနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းတာတွေကြောင့် ရောင်းသူနဲ့ ဝယ်သူတွေအကြား ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Aug 12, 20234 min

DVB Newsbreak 5.5 (၁၁ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ကရင်နီစစ်ဘေး‌ရှောင်တွေအတွက် ဘေးကင်းဇုန်သတ်မှတ်ပြီး လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ထိုင်းလွှတ်တော်အမတ်က လွှတ်တော်မှာတိုက်တွန်းလိုက်တဲ့သတင်း --လိင်တူချင်း ထိမ်းမြားလက်ထပ်မှု ဥပဒေနဲ့ မကိုက်ညီဘူးလို့ ကေအန်ယူက ပြောကြားလိုက်တဲ့ သတင်းနဲ့ -ကမ္ဘာ့ဆေးလိပ်သောက်နှုန်း အမြင့်ဆုံး နိုင်ငံ ၂၀ မှာ မြန်မာနိုင်ငံပါဝင်တဲ့ သတင်းတွေ နားဆင်ရမှာဖြစ်ပါတယ်။

Aug 11, 20237 min
For the best experience, listen in Metacast app for iOS or Android